You Are Here: Home - သတင်း , အရေးကြီးသတင်းများ - လူ့အခွင့်အရေး အစီရင်ခံစာ ၈၈ ပြတ်သားစွာ တုံပြန်

လူ့အခွင့်အရေးစောင့်ကြည့်သူများအဖွဲ့ (Human Rights Watch) ၏ ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ပက်သတ်သော အစီရင်ခံစာသည် တစ်ဖက်သက်ဖော်ပြခြင်းဖြစ်သဖြင့်ပြဿနာကို ဖြေရှင်းရာတွင် အထောက်အကူမပြုကြောင်း ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က HRW အဖွဲ့ကို ယနေ့ ပြတ်ပြတ်သားသား တုံ့ပြန်လိုက်သည်။

 ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှ ရန်ကုန်မြို့၌ ရောက်ရှိနေသော HUMAN RIGHTS WATCH အဖွဲ့၏ Deputy Director Asia မှ Phil Robertson နှင့် Matthew Smith တို့နှင့် ယနေ့ တွေ့ဆုံစဉ် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

အဆိုပါအစီရင်ခံစာ၌ ညွှန်းဆိုဖော်ပြမှုများသည် ဒေသခံရခိုင်တိုင်းရင်းသား တို့၏ ဆုံးရှုံးမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအပေါ် ထင်ဟပ်ဖော်ပြထားခြင်း မရှိသည်ကိုတွေ့ရှိရကြောင်း ၈၈ အဖွဲ့က ဆိုသည်။

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ၏ လူအခွင့်အရေးကိစ္စ၊ နိုင်ငံသားကိစ္စရပ်များ၌ တရားဥပဒေစိုးမိုးမှု၊ နယ်မြေလုံခြုံမှုတို့သည် အလေးအနက် ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ၈၈ အဖွဲ့က ထုတ်ပြန်ထားသည်။

ကိုးကား - 88 Generation Students


Blogger Widgets