ဒေါက်တာအေးမောင်
ဥက္ကဋ္ဌ
ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ

အစိုးရတက်ပြီးနောက် နိုင်ငံရေးအနေနဲ့တော့ ပြောင်းလဲမှုအနည်းငယ်ရှိပါတယ်။ အထူးသဖြင့် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံ ဆွေးနွေးပြီးနောက် အမျိုးသားရင်ကြားစေ့အောင်လုပ်ဖို့ဆိုတဲ့ခြေလှမ်းကို တက်ပြီးတော့လှမ်းတယ်။ နောက် နိုင်ငံရေးပါတီတွေကိုလည်း အသိအမှတ်ပြုလာတဲ့သဘောကိုတွေ့လာတယ်။ ဆန္ဒထုတ်ဖော်တာတွေကိုလည်း အတိုင်းအတာတစ်ခုထိခွင့်ပြုလာတာကိုတွေ့ရတယ်။ ပြီးတော့ အတိုက်အခံပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာကိုလူထုယုံအောင်လုပ်လာတယ်။ လူထုဆန္ဒကိုလိုက်လျောပြီးတော့ ဖွဲ့စည်းပုံ ကိုတောင်ပြင်ဖို့ဆိုတဲ့စကားကို သူတို့ဘက်ကစတင်ပြီးတော့ကမ်းလှမ်းလာတယ်။ ဒါတွေက နိုင်ငံရေးအားဖြင့် ပြောင်းလဲလာမှုတွေပါ။ နောက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာတွေ၊ နိုင်ငံရေးအကျဉ်းသားဆိုပြီးတော့ အသိအမှတ်ပြုတာတွေ တွေ့လာရပါတယ်။ နိုင်ငံရေး အဲဒီလိုတွေ့ဆုံကြိုးစားတာတွေက ဘာတွေကိုရအောင် သူတို့ကြိုးစားလဲဆိုရင် ပိတ်ဆို့မှုတွေကို အတိုင်းအတာ တစ်ခုထိထွက်ပေါက်ရအောင် သူတို့ကြိုးစားနိုင်ခဲ့တယ်။အထူးသဖြင့် အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေပါ။ အဲဒီမှာ အစိုးရရဲ့ အအောင်မြင်ဆုံးလို့ပြောနိုင်တဲ့အရာက အတိုက်အခံပါတီခေါင်းဆောင်အပါအ၀င် လူပုဂ္ဂိုလ်တချို့ကို ကြားဖြတ်ရွေးကောက်ပွဲနဲ့ လွှတ်တော် ထဲကိုဆွဲတင်နိုင်ခဲ့တယ်။ ဒါတွေက သူတို့ရဲ့ နိုင်ငံရေးအောင်မြင်မှုလို့ အကြမ်းအားဖြင့်ပြောလို့ရတယ်။
တိုက်ရိုက်အကျိုးသက်ရောက်မှုက လူထုအပေါ်ရောက်တယ်လို့ မတွေ့ ရဘူး။ အစိုးရရဲ့ပြောင်းလဲမှုတွေဟာ တိုက်ရိုက်အကျိုးသက်ရောက်သွားတာက တော့ လူထုက အငြိုးအတေးထားတဲ့အခွင့်ထူးခံတွေ၊ တစ်နည်းအားဖြင့် ပြီးသွားတဲ့ အစိုးရလက်ထက်က နည်းမျိုးစုံနဲ့ ငွေကြေးရှာဖွေထားနိုင်ခဲ့တဲ့ပုဂ္ဂိုလ်တွေကို အတိတ်မှာချန်ထားနိုင်ခဲ့အောင်၊ တစ်နည်းအားဖြင့် မေ့ပျောက်နိုင်အောင် ဒီလိုအပြောင်းအလဲတွေက ဖန်တီးနိုင်ခဲ့တယ်။ အဓိကပြုပြင်ဖို့လိုတာတွေက နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုပတ်ဝန်းကျင်ပါ။ အစိုးရဟာ အထူးသဖြင့် ယခင်က နိုင်ငံခေါင်းဆောင်လုပ်တဲ့လူတွေက လူထုကို တိုက်ရိုက်စကားမပြောဘူး။ လက်ရှိ အစိုးရ ပြည်သူကြောက်နေတဲ့ယခင်ခေတ်ကို ပြောင်းပြန်လှန်ဖို့ကြိုးစားတယ်။ နိုင်ငံတော်အခြေပြမိန့်ခွန်းတွေမှာ သူတို့ရဲ့ဆောင်ရွက်ချက်တွေကို ပြည်သူကို တင်ပြတာတွေကိုတွေ့ရတယ်။
အဲဒီပြောင်းလဲမှုလုပ်တာတွေက တချို့တစ်ဝက်တွေက အောင်မြင်နိုင်တယ်။ တချို့ကျတော့လည်းအောင်မြင်ဖို့ခက်တယ်။ သူတိုရဲ့ စီးပွားရေး၊ လူမှုရေးပြောင်းလဲမှု၊ နိုင်ငံရေးပြောင်းလဲမှုတွေကိုကြည့်တဲ့အခါ နိုင်ငံရေးပြောင်းလဲမှုတွေနည်းနည်းတွေ့လာရတယ်။ အတိုက်အခံ တွေအပေါ်မှာလေးစားမှုနဲ့ သူတို့ပြောတဲ့တွေ့ဆုံဆွေးနွေးရေး နိုင်ငံရေးယဉ်ကျေးမှုသစ်ဆိုတာတွေကို သူတို့ကြိုးစားတယ်။ ဒါပေမဲ့ အာဏာကို ရတဲ့နည်းနဲ့လက်လွှတ်မခံဘဲနဲ့ရတဲ့နည်းနဲ့ယူသွားမယ်ဆိုတဲ့ သူတို့ရဲ့ရည်မျော်ချက်တွေကိုလည်းတွေ့ရတယ်။ လူမှုရေးပိုင်းတွေကိုတော့ သူတို့က ကြိုးစားတည်ဆောက်နေတယ်လို့ယူဆတယ်။ အထူးသဖြင့် လူမှုအဖွဲ့အစည်းတွေ ခိုင်ခိုင်မာမာ၊ ကျယ်ကျယ်ပြန့်ပြန့်ရှိမှပဲ ဒီမိုကရေစီစနစ်ကို အထောက်အကူပြုဖို့ဆိုတာကို သူတို့သဘောပေါက်တယ်။ စီးပွားရေးအနေနဲ့ကျတော့ သူတို့မျော်မှန်းတဲ့အဆင့်ကိုရောက်ဖို့အတွက် တော်တော် အလှမ်းဝေးနေသေးတယ်။ အထူးသဖြင့် စီးပွားရေးမှာ ယခင်ခေတ်ကအခြေအနေနဲ့ အခုအခြေအနေမတူဆိုတာကို သူတို့သဘောပေါက် ပါတယ်။ ယခင်ကငွေကြေးကို ပုဂ္ဂိုလ်တစ်ဦးရဲ့အမိန့်နဲ့ အတိုင်းအဆမဲ့သုံးစွဲနိုင်တယ်။ အဲဒီလိုသုံးစွဲပြီးနောက် ဖြစ်လာတဲ့စီမံကိန်းမအောင်မြင် မှုတွေ၊ လူထုထောက်ခံမှု၊ လူထုပြဿနာတွေကို နားလည်စပြုတယ်။ အဲဒါအတွက် သူတို့ကြိုးစားတယ်။ သို့သော်လည်းပဲ သူတို့ရဲ့အတွင်း ပဋိပက္ခရှိတယ်။ အထူးသဖြင့် ဦးစားပေးတည်ဆောက်မှုပြဿနာပေါ့။ အဲဒီပြဿနာမှာ ကျွန်တော်တို့ အသက်ပေးတာဟာ နိုင်ငံတော် ကာကွယ်ရေးဆိုတဲ့ဦးတည်ချက်ကို သွားနေတုန်းပါ။ အဲဒီတော့ အခြေခံကျန်းမာရေး၊ ပညာရေးတည်ဆောက်မှု၊ အထူးသဖြင့် ကျေးလက် လူများစုဖြစ်တဲ့ လယ်သမားတွေရဲ့ဖွံဖြိုးတိုးတက်မှုကို ဦးစားပေးကူညီမှုအပိုင်းမှာ စိတ်ကူးယဉ်မှုအပိုင်းပဲရှိသေးတယ်။ မြေယာပြုပြင်ပြောင်း လဲမှုနဲ့ပတ်သက်လို့ သူတို့ ကြိုးစားဖို့လုပ်တယ်။ အထူးသဖြင့် စက်မှုလယ်ယာကို သူတို့သွားဖို့လုပ်နေတယ်။ လုပ်တဲ့ကာလမှာလည်း ပွင့်ပွင့် လင်းလင်းပြောရင် တာဝန်ယူရတဲ့ဝန်ကြီးတွေရဲ့အမြင်ကျယ်မှုမရှိတဲ့အခါမှာ ဒီဟာတွေဖြစ်တယ်။ ကျွန်တော်တို့ကတော့ မြေယာပြုပြင်မှု အပိုင်းကိုလက်ခံတယ်။ ဒါပေမဲ့ ဟိုးခေတ်အဆက်ဆက်ကလုပ်လာတဲ့ ပြည်ပဗဟိုပြုတဲ့ ဖွံဖြိုးတိုးတက်မှုဆိုတဲ့ ပြည်မဗဟိုပြုတဲ့ စိုက်ပျိုးရေး ၀ါဒပေါ့။ အဲဒီလိုမျိုးသွားနေတုန်းပဲ။အဲဒါကြောင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်လို့ ထည့်သွင်းတဲ့ဘတ်ဂျက်အားလုံးနီးပါးလောက်ကို ပြန်ကြည့်ရင် မြေယာပြုပြင်ပြောင်းလဲမှုအားလုံးဟာ ပြည်မပတ်ဝန်းကျင်လောက်မှာပဲရှိတယ်။ ပြည်နယ်၊ တိုင်းဒေသတချို့တွေကို ဖွံ့ဖြိုးအောင် မလုပ်ပေးနိုင်သေးဘူး။
ဒါကြောင့် လယ်ယာကဏ္ဍမြှင့်ဖို့အတွက် အစိုးရမှာ အဓိကပေါ်လစီတစ်ခုလိုပါမယ်။ လယ်ယာမြေနဲ့ပတ်သက်ပြီးတော့ အဓိက ပေါ်လစီတစ်ခုကိုမလုပ်နိုင်ရင် ၇၀ ရာခိုင်နှုန်းရှိတဲ့ လယ်သမားတွေရဲ့ဘ၀ကို မမြှင့်တင်နိုင်ရင် မြန်မာ့စီးပွားရေးတစ်ခုလုံးရဲ့ဖွံ့ဖြိုးတိုးတက် မှုကို အနှောင့်အယှက်ပေးတယ်လို့ယူဆတယ်။ လာမယ့်အစိုးရတိုင်းလည်း မြန်မာ့စီးပွားရေးကို ပြန်လည်မြှင့်တင်ချင်တယ်၊ သင့်တင့်တဲ့ ငွေကြေးသုံးစွဲမှုကို လည်ပတ်မှုများစေချင်တယ်ဆိုရင် လယ်ယာကဏ္ဍကိုမြှင့်ဖို့လိုပါမယ်။ လယ်သမားတွေလက်ထဲကို ငွေရောက်ဖို့လိုပါတယ်။ လယ်သမားတွေနဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ ထုတ်ကုန်အပေါ်မှာ အကျိုးခံစားခွင့်နဲ့အချိုးတစ်ခု မြင့်မြင့်မားမားရအောင်လုပ်ဖို့လိုပါမယ်။ ပိုလျံတဲ့ ငွေကြေးတွေနဲ့ လယ်သမားတွေ ၀ယ်ခြမ်းသုံးစွဲလာတာတွေကိုမြှင့်တင်နိုင်မယ်။ အဲဒါကြောင့် လက်ရှိသုံးစွဲနေတဲ့ငွေကြေးကို အဆင့်မြှင့်ပြီးတော့ စီးပွားရေးကိုဖွံ့ဖြိုးအောင်လုပ်နိုင်တယ်။ အစိုးရရဲ့အဓိကအားနည်းချက်က လယ်ယာကဏ္ဍမှာလည်းရှိတယ်။ တခြားဟာတွေကတော့ အောင်မြင်မြင်ရှိတယ်ဆိုတာ ပြောရခက်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကဏ္ဍကိုကြည့်တဲ့အခါမှာလည်း ပြီးခဲ့တဲ့ ၂၀၁၂-၂၀၁၃ မှာ သုံးဆလောက်ရင်းနှီး မြှုပ်နှံမှုကိုမြှင့်တင်နိုင်တယ်လို့ကြားရတယ်။ ဒါပေမဲ့ အလားအလာက နည်းပါသေးတယ်။
ခြုံပြီးပြောရရင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတွေကိုတည်ငြိမ်အောင်တော့ထိန်းထားနိုင်တယ်။ ဒါပေမဲ့ မြေယာပြဿနာတွေ၊ ပြီးခဲ့တဲ့အစိုးရလက်ထက်က မြေယာသိမ်းဆည်းမှုတွေ၊ နောက်အခြေခံဝန်ထမ်းတွေရဲ့လစာနှုန်းထားပြဿနာ၊ အငြိမ်းစားဝန်ထမ်းတွေရဲ့ အိုးမဲ့အိမ်မဲ့ပြဿနာတွေကို ရေရှည်မဖြေရှင်းနိုင်ရင် ကျွန်တော်ထင်ပါတယ်။ မြန်မာ့စီးပွားရေးနာလန်ထဖို့ကတော့ အတော်လေးကို ကြိုးစားရဦးမယ်။
(Myanmar B2B Management Magazine,July 2014)
Coming soon...
""ဘယ် ဘင်္ဂလီ၊ တရုပ်၊ အိန္ဒိယ၊ ဂေါ်ရခါး တို့ကမှ တိုင်းရင်း သား ဖြစ် ခွင့် ဘယ်တော့မှ မရှိဘူး။
(ဒေါက်တာ ရင်ရင်နွယ်၊ Ph.D ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင်)""
တရားမဝင် ခိုးဝင်လာခဲ့သော စိမ့်ဝင် ပြန်ပွား ဘင်္ဂလီများ ကို လူ ဟုတ် မဟုတ် အငြင်းပွား နေသော ပြသနာ မဟုတ်ပါ။ ထို စိမ့်ဝင်ပြန့် ပွား ဘင်္ဂလီ များအား တိုင်းရင်း သား အဖြစ် မြန်မာ တိုင်းရင်းသား အားလုံး က လက် မခံ နိုင်ခြင်း သည် လူ့ အခွင့်အရေး ချိုးဖောက်ခြင်း မရှိ ပါ။ လူသားတယောက်အား လူသားတယောက်အဖြစ် သတ်မှတ် ၍ ရှင်သန်ခွင့် ပေးနိုင်သော်လည်း နိုင်ငံတခု ၏ နိုင်ငံသား တယောက် အဖြစ် သတ်မှတ်နိုင်ရန် သတ်မှတ် ပြဌာန်း ထားသော ဥပဒေ များ နှင့် ညီ ညွတ်ရန် လိုပါသည်။
အစ္စလာမ်က (မွတ်စလင်က) လူ့ အခွင့်အရေး တို့ လွတ်လပ်ရေး တို့ တရားမျတရေး တို့ ဆိုတဲ့ စကား များများပြော လာပြီဆိုရင် သတိသာ ထားပါတော့။ ဆင်ကြံကြံ နေပါပြီ။ ဘယ်လို အစ္စလာမ် မိုက်ဇေးရှင်း၊ မူစလင် မိုက်ဇေးရှင်း၊ လုပ်လို့ ရမလဲ ချောင်းနေ တုန်း ပြောနေ တာပါ။
အစ္စလာမ် မိုက်ဇေးရှင်းက အစ္စလာမ် ဘာသာဝင် က တခြား ဘာသာဝင်ကို နည်းမျိုးစုံနဲ့ ရအောင်ယူပြီး ရပြီ ဆိုတာနဲ အစ္စလာမ် ဘာသာ မ၀င်ဝင်အောင် လုပ် တာ ပါ။ မွတ်စလင်မိုက်ဇေးရှင်းက အစ္စလာမ် ဘာသာဝင် မွတ်စလင် တွေ အလုံးအရင်း ၀င်ရောက် အခြေချနေ ထိုင်တာပါ။ လက်ရှိ ဘင်္ဂလီ ကိစ္စဟာ ဘင်္ဂလီ ကို တိုင်းရင်းသားဇာတ် သွင်းပြီး ရခိုင်ပြည်နယ်ကို ဖဲ့ဘို့ ကြိုးစား တာပါ။
အစ္စလာမ်က (မွတ်စလင်က) သူတို့ နိုင်ခြေ ရပြီ ဆိုရင်တော့ လူ့ အခွင့်အရေး တို့ လွတ်လပ်ရေး တို့ တရားမျတရေး တို့ ဆိုတဲ့ စကား တွေ အပြော မခံ တောပါဘူး။ အစ္စလာမ် ကိုရမ် ကျမ်းနဲ့ အညီ စီရင်ခံရပြီ သာမှတ်ပါ။ အစ္စလာမ် ဘာသာဝင် အများဆုံး ရှိနေတဲ့ မူစလင်နိုင်ငံ ခံယူထားတဲ့ ဘယ်နိုင်ငံမှာ လူ့အခွင့် အရေး စကား သွားပြောလို့ ရလို့လဲ။
မြန်မာတွေလည်း တခြားနိုင်ငံတွေ တရားမ၀င် သွား အလုပ်လုပ် ရလို့ အဲဒီ့ အိမ်ရှင် နိုင်ငံသား ခံယူ ခွင့်ပြုဘို့ ဘယ်သူမှ တောင်းဆို မပေး ပါဘူး။ တောင်း ဆိုသူ ကို လဲ မြန်မာနိုင်ငံ သား မို့ ဗုဒ္မ ဘာသာ ချင်း မို့ဆိုပြီး ဘယ် မြန်မာ ကမှ ထောက်ခံ မပေးပါဘူး။ မရလို့ မ တရား ဘူး လို့လဲ မြန်မာချင်း မပြောပေး ပါဘူး။ အိမ်ရှင်နိုင်ငံ ရဲ့ ဥပဒေ အရ ခွင်ပြုလို့ နိုင်ငံ သားပြု ခွင့်ရတာ၊ မရတာ သူနိုင်ငံ သူ့ ဥပဒေ အရ သူ့သဘောပါပဲ။ တည်ဆဲ ဥပဒေ နဲ့ ဘောင် ၀င်ရင် နိုင်ငံသား ပြုခွင့်ရ ကြ ပါ တယ်။ ဘောင် မ၀င် ရင် မရကြ ပါဘူး။ အိမ်ရှင် နိုင်ငံတွေ ကလည်း ဥပဒေ ခွင့်ပြုချက်မရှိပဲ အကန်အသတ်မဲ့ လက်ခံ တာ မဟုတ် ပါဘူး။ ဘယ်နိုင်ငံမှ တည်ဆဲ ဥပဒေ ခွင်ပြုချက် မရှိပဲ နိုင်ငံခြားသားကို အကန့် အသတ်မဲ့ လက်ခံတာ မရှိဘူး။ တရား မ၀င် မြန်မာရွှေ့ပြောင်း သူတွေကို လည်း သက်ဆိုင်ရာ အိမ်ရှင် နိုင်ငံ က ပြန်ပို့ လိုက် ရင် မြန်မာပြည် မှာ ပြန် လက်ခံ ရပါတယ်။ တရားဝင် ဥပဒေ အရ နိုင်ငံ သားဖြစ် ခွင့် ရှိလို့ မြန် မာ နိုင်ငံ သား ဖြစ်နေကြ တဲ့ ဘင်္ဂလီတွေ မြန်မာပြည် မှာ အများကြီး ပါ။ ဘယ် သူ မှ ဥပဒေ မရှိပဲ ကိုယ်လိုရာ ဆွဲပြီး လူ့ အခွင့် အရေး စကားပြော၊ အခွင့်အရေး ယူချင် လို့ မရပါဘူးဗျာ။
၁၉၈၂ နိုင်ငံသား ဥပဒေ ကို ဘင်္ဂလီ (မွတ်စလင်) အကြိုက် လိုက်ပြင်ဆင်ပေးဘို့ ပြည်ထောင်စု လွှတ်တော်မှာ နောက် အနှစ် တရာ အတွင်း အစီအစဉ် မရှိပါဘူး။
၁၉၈၂ နိုင်ငံသား ဥပဒေကို မကြိုက်လို့ အနှိမ်ခံရတယ် လို့ထင်ရင် မြန်မာပြည်မှာ မနေချင်ရင် မွတ်စ လင် တွေ မြန်မာပြည်က ထွက်သွားလို့ ရပါတယ်။
မြန်မာနိုင်ငံတွင်း တရားမဝင်
ဝင်ရောက်နေထိုင်သူ ဘင်္ဂလီများ၏ လိမ်ညာလှည့်ဖြားမှုအောက်တွင် နိုင်ငံတကာနှင့်
ပြည်တွင်း/ပ မှ ရခိုင်ပြည်အရေး စိတ်ဝင်စားသူတို့အား ၎င်းတို့၏ သရုပ်သဏ္ဍန်
အမှန်အား လက်တွေ့ကျကျ သိရှိလေ့လာနိုင်စေရန် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့်
အစဉ်တစိုက် ရေးသားဖော်ပြနေသော ရခိုင်လူငယ် စာရေးဆရာ မြတ်သိန်းထွန်း၊
ကလောင်ခွဲ – ငချွန်းယေ၊ (အယ်ဒီတာချူပ် – ဝံသာနု သတင်းဌာန) နှင့် တွေ့ဆုံစဉ်
စာဖတ်ပရိတ်သတ်များ စိတ်ဝင်စားစေမည့် အကြောင်းအရာတချို့အား ရွေးချယ်ပြီး Arakan Review မှ ဆက်သွယ် မေးမြန်းခဲ့ပါသည်။ စာဖတ်ပရိသတ်များ အားလုံး ဖတ်ရှုလေ့လာနိုင်ရန် ဖော်ပြအပ်သည်။
Arakan Review
မကြာခင်လပိုင်းအတွင်းပြုလုပ်မဲ့ ရခိုင်ဘက်က သမိုင်းပညာရှင်
ဒေါက်တာအေးချမ်းနဲ့ ဘင်္ဂလီလူမျိုး ဦးဌေးလွင်ဦးတို့ရဲ့စကားစစ်ထိုးပွဲကို
အကို့အနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲခင်ဗျား။ တကယ်လိုအပ်တယ်လို့မြင်ပါသလား။
ဝံသာနု
ဘင်္ဂလီတွေအနေနဲ့ သူတို့ရဲ့ သမိုင်းတုတွေကို ပရိုမိုးရှင်းလုပ်ဖို့
ရခိုင်သမိုင်းပညာရှင်တွေကို ခုတုံးလုပ်ဖို့ ကြိုးစားတာလို့ပဲ မြင်မိပါတယ်။
လိုအပ်သလားဆိုတော သူတို့ဖက်က အသည်းအသန် လိုအပ်နေပါတယ်။ ကျွန်တော်တို့
ဖက်ကတော့ မလိုအပ်ပါဘူး။ ကျွန်တော့်အမြင်ပြောရရင် သမိုင်းဆိုတာမျိုးက
အထောက်အထား အကိုးအကားနဲ့ တွဲလျှက်တင်ပြရတာပါ။ စကားနဲ့ပြောရုံနဲ့ မလုံ
လောက်ပါဘူး။ ခက်တာက သူတို့စိန်ခေါ်တာကို မထွက်ပဲနေပြန်ရင်လည်း ကိုယ့်ဖက်က
မမှန်လို့၊ လိပ်ပြာမလုံလို့ မထွက်ပဲနေတယ်။ သတ္တိမရှိဘူးဆိုပြီး
ရခိုင်သမိုင်းပညာရှင်တွေကို ရှုံ့ချ အောင်ပွဲခံကြလိမ့်မယ်။ ထွက်ပြန်တော့လည်း
အထောက်အထားမရှိ၊ စိတ်ထင်ရာလျှောက်ပြောမယ့် ပညာရှင် နာမည်ခံ
ပုဂ္ဂိုလ်မျိုးကို ဘယ်လိုမှတန်းမတူပဲ လက်သင့်ခံ စကားစစ်ထိုးရအုန်းမယ်။
ဘင်္ဂလီတွေဟာ ဒီလိုမျိုး သူတို့ဖက်က အရှုံးမရှိတဲ့ ရလာဒ်တွေကို မျှော်ကိုးပြီး
ဒီ စိန်ခေါ်မှုကို ပြုလုပ်ခဲ့တာလို့ပဲ ကျွန်တော်အနေနဲ့ သုံးသပ်မိပါတယ်။
ပုဂ္ဂိုလ်ရေးအနေနဲ့ ပြောရရင် ဦးဌေးလွင်ဦးဟာ ဒီသမိုင်းကြောင်း
စကားစစ်ထိုးပွဲမှာ အထင်ရှားဆုံး ရခိုင်သမိုင်းပညာရှင် ပါမောက္ခ
ဒေါက်တာအေးချမ်းလို ပုဂ္ဂိုလ်မျိုးနဲ့ ယှဉ်ပြိုင်ခွင့်ရလို့
ဘင်္ဂလီအသိုင်းအ၀ိုင်းမှာ သူရဲကောင်း တစ်ယောက်အဖြစ် နာမည်ကြီးသွားမှာ
သေချာသလောက်ရှိပါတယ်။ အဲဒါကြောင့် ဘင်္ဂလီတွေဟာ ရခိုင်သမိုင်းပညာရှင်တွေကို
ခုတုံးလုပ်ဖို့သက်သက် စိန်ခေါ်တာလို့ ကျွန်တော် သုံးသပ်ခဲ့တာဖြစ်ပါတယ်။
Arakan Review
အဲဒီစကားစစ်ထိုးပွဲ ပြုလုပ်တဲ့အခါမှာ ဘင်္ဂလီတွေဘက်က သူတို့ဟာရိုဟင်ဂျာ
လူမျိုးတွေပါ။ ရခိုင်ပြည်မှာနေလာခဲ့တာ ကြာပါပြီ။ ရခိုင်ဒေသဟာ သူတို့
ရိုဟင်ဂျာတွေရဲ့ ဘိုးစဉ်ဘောင်ဆက် နေလာခဲ့တဲ့ နေရာဖြစ်တယ် ဆိုပြီးတော့
ပြောနေကြတယ်။ အဲဒါကို သူတို့ဘက်က ဆွေးနွေးလာခဲ့ရင် လွယ်လွယ်ကူကူနဲ့
ချေပနိုင်ခြေရှိပါ့မလား။
ဝံသာနု
သမိုင်းတစ်ခုကို ပြုစုတဲ့နေရာမှာ ရာဇ၀င်တွေထဲကနေ
အမှန်တကယ်ဖြစ်နိုင်ခြေရှိတဲ့ အချက်အလက်တွေကိုပဲ ယုတ္တိကျကျစီစစ်ပြီး
ရွေးထုတ်ပြုစုရပါတယ်။ ရခိုင်အပါအ၀င် အရှေ့တောင်အာရှ ဒေသ တော်တော်များများဟာ
ဗုဒ္ဓဘာသာယဉ်ကျေးမှု မ၀င်ရောက်ခင် ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးခံခဲ့ရပါတယ်။
ဘာသာစာပေတွေဟာလည်း ဟိန္ဒူယဉ်ကျေးမှုစာပေတွေကနေ ဆင်းသက်လာခဲ့တာပါ။
အဲဒီအချက်ကိုကြည့်ပြီး ဟိန္ဒူဘာသာဝင်တွေ ထီးနန်းစိုးစံခဲ့လို့
အဲလူမျိုးတွေဟာ အိန္ဒိယတိုက်ငယ်ကနေ ၀င်ရောက်လာတဲ့ ကုလားတွေလို့
သုံးသပ်လို့မရပါဘူး။ နောက်တချက်က သူတို့အမြဲပြောပြောနေတဲ့
အာရပ်သင်္ဘောပျက်ပုံပြင် ဆိုတာကလည်း တကယ်တမ်း
လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာပါပဲ။ အာရပ်တွေ ကုန်ကူးလို့ အင်ဒိုနီးရှားမှာ
အစ္စလာမ်ဘာသာ ပြန့်နှံ့ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ နှိုင်းယှဉ်ပြီး ရခိုင်မှာလည်း
ဒေသခံတွေနဲ့ အာရပ်တွေ သွေးနှောပြီး အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာတွေ
ဖြစ်ပေါ်လာတယ်ဆိုတဲ့ တင်ပြချက်မျိုးက ယုတ္တိမရှိလှပါဘူး။
လူမျိုးစုတစ်ခုဟာ ဒေသတစ်ခုရဲ့ ဌာနေတိုင်းရင်းသားဖြစ်ကြောင်း သက်သေပြနိုင်ဖို့ ယဉ်ကျေးမှုအဆောက်အအုံတွေ စာပေလက်ရာတွေ
သမိုင်းကြောင်းအထောက်အထားတွေ ရှိရပါမယ်။ သူတို့မှာ ရခိုင်တွေထက်စောပြီး
နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားက ဘာမှ မယ်မယ်ရရပြစရာမရှိပါဘူး။
မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေဟာ
မျိုးနွယ်အလိုက် ရုပ်အမျိုးမျိုး မဆိုစလောက် ကွဲပြားကြပေမယ့်
ဘင်္ဂလီရုပ်ထွက်တဲ့လူတော့ မရှိသလောက်ရှားပါတယ်။ သူတို့ပြောပြောနေတဲ့
အာရပ်တွေနဲ့ ရခိုင်ဒေသခံအမျိုးသမီးတွေ သွေးနှောပြီး ရိုဟင်ဂျာမျိုးနွယ်စု
ဘင်္ဂလီရုပ်တွေ ထွက်လာတယ်ဆိုတဲ့ကိစ္စဟာ ဒီလူမျိုးတွေသာ ကျွန်တော်တို့
ရခိုင်တွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ခေတ်အဆက်ဆက် ရန်မပြုခဲ့ဘူးဆိုရင်
အင်မတန်ရယ်ရတဲ့ ဟာသပြက်လုံးတစ်ခု ဖြစ်နေမှာပါ။ အခု ကျွန်တော်အကြမ်းဖျဉ်း
ပြောသွားတဲ့ အချက်အလက်တွေကို ကြည့်ရင် ချေပဖို့ လွယ်ကူသလား၊
မလွယ်ကူဘူးလားဆိုတာကို ရှင်းရှင်းလင်းလင်း သိနိုင်ပါလိမ့်မယ်။
Arakan Review
ရခိုင်ပြည်ထဲကို တရားမ၀င် ၀င်ရောက်နေထိုင်ကြတဲ့ ဘင်္ဂလီလူမျိုးတွေဟာ
သူတို့အခုပြောနေကြတာကို ကြည့်ခြင်းအားဖြင့် ဒါဟာ သမိုင်းအထောက်အထားမရှိတဲ့
လုပ်ကြံမှုတစ်ခုဖြစ်တယ်။ အဲဒီ လုပ်ကြံချက်တွေကို ဘာ့အတွက် အခုလို
ကြိုးစားပမ်းစား လုပ်နေတယ်လို့ မြင်ပါသလဲ။
ဝံသာနု
အဲဒါနဲ့ ပတ်သက်ပြီးပြောရရင် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူဦးရေ အဆမတန်
ဖောင်းပွနေတဲ့ အခြေအနေရယ်၊ နှစ်စဉ် ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး
သဘာဝဘေးအန္တရာယ်ကို ခံစားနေရတဲ့အတွက် သူတို့ရဲ့ ဇစ်မြစ်ဖြစ်တဲ့ ဒီနိုင်ငံကို
ပြန်လည်အခြေချဖို့ လုံးဝ မဖြစ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ခု
မြန်မာနိုင်ငံ ဧရိယာထက်ပိုသေးငယ်တဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေဟာ
မြန်မာထက်နှစ်ဆ သုံးဆပိုများပါတယ်။ နောက်တချက်က အဲဒီအခြေအနေကြောင့်တင်မကပဲ၊
ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေးအခြေအနေကလည်း သူတို့ကို လက်သင့်ခံဖို့
အခက်အခဲတွေ ရှိနေပါတယ်။ နောက်တချက်က များသောအားဖြင့် မူဆလင်တွေဟာ
ဘယ်နေရာကိုပဲ ရောက်ရောက် လူ့အဖွဲ့အစည်းတစ်ခု
ခိုင်ခိုင်မာမာတည်ဆောက်မိပြီဆိုတာနဲ့ နိုင်ငံရေးကို ဘာသာရေးနဲ့
ထိုးဖောက်ဖို့ကြိုးစားတတ်ကြပါတယ်။ ခုလည်း အဲဒီသဘောပါပဲ။
လွတ်လပ်ရေးကြိုးပမ်းမှုမတိုင်ခင် ဖြစ်ပွားခဲ့တဲ့ မြေယာပိုင်ဆိုင်မှု
အငြင်းပွားခြင်းတွေကနေ စတင်ခဲ့တဲ့ အဓိကရုဏ်းတွေ နောက်ပိုင်း
မူဂျာဟစ်သူပုန်ထမှုကိုကြည့်ရင် သိနိုင်ပါတယ်။ ဘာသာရေးအစွန်းရောက်တဲ့
ဒီဘင်္ဂလီတွေဟာသူတို့ရဲ့ ဘာသာရေး ခေါင်းဆောင်တွေက ဟောပြောသမျှကို
မျက်စိမှိတ်ယုံကြည် တတ်ကြပါတယ်။ အဲဒီစာတတ်တဲ့ လက်တစ်ဆုပ်စာ ဘာသာရေး၊
လူမျိုးစု ခေါင်းဆောင်တွေကနေ မှိုင်းတိုက်ပြီး တီထွင်ခဲ့တဲ့
ရိုဟင်ဂျာသမိုင်းတုကို ခုချိန် မျိုးဆက်နှစ်ဆက်လောက်
ဖြတ်သန်းပြီးတဲ့အချိန်မှာ ဘင်္ဂလီအများစုက အမှန်တရားအဖြစ် ယုံကြည်နေကြပါပြီ။
နောက်ပြန်လှည့်လို့ မရတော့တဲ့ အခြေအနေမျိုးမှာ ဘင်္ဂလီတွေအနေနဲ့
ဗုဒ္ဓဘာသာအများစုနေထိုင်တဲ့ မြန်မာနိုင်ငံမှာ မူဆလင်ကြီးစိုးတဲ့
ခြေကုပ်စရာနယ်မြေတစ်ခု အပိုင်ရဖို့ ရိုဟင်ဂျာဆိုတဲ့ နာမည်တစ်ခုကို
တီထွင်ဖန်တီးပြီး တကယ့်ကိုဗျူဟာကျကျ ဆယ်စုနှစ်နဲ့ချီ လက်ဆင့်ကမ်း
အကောင်အထည်ဖော်ခဲ့ကြတာပါ။ နောက်တစ်ချက်က နိုင်ငံတကာကို
နိုင်ငံမဲ့ဒုက္ခသည်တွေအဖြစ် လှေစီးခိုးဝင်ဖို့ အများဂရုဏာသက်စရာ
ခေါင်းစဉ်လှလှတစ်ခုအဖြစ် အသုံးချခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။
Arakan Review
စကားစစ်ထိုးပွဲ ပြုလုပ်ဖို့အတွက် ရခိုင်ဘက်က ဒေါက်တာအေးချမ်း လက်မခံခင်မှာ
ကိုမြတ်သိန်းထွန်းက ဆွေးနွေးလိုကြာင်း ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီစကားစစ်ထိုးပွဲမှာ အကို့ကို ပါဝင်ခွင့်ပေးခဲ့ရင် ပြောဖို့ အစီအစဉ်
ရှိပါသလား။ ပြောဖို့လိုမယ်လို့ ထင်ပါသလား။
ဝံသာနု
ကျွန်တော်ကတော့ စကားနဲ့ဆွေးနွေးဖို့ စိတ်မ၀င်စားပါဘူး။
အထောက်အထားခိုင်ခိုင်လုံလုံနဲ့ စာရေးသားဆွေးနွေးဖို့ပဲ ဆန္ဒရှိ ပါတယ်။
အဲအတိုင်းပဲ ဦးဌေးလွင်ဦးကို စိန်ခေါ်ထားပါတယ်။ ခုလောလောဆယ် မူဆလင်
သမိုင်းပညာရှင် ဦးရဲရင့်သစ္စာနဲ့ ကျွန်တော် ဘင်္ဂလီ-ရခိုင်သမိုင်းအကြောင်း
ဆွေးနွေးနေတုန်းပါပဲ။ အဲလိုမျိုး အပြန်အလှန်စာရေးသားပြီး ဆွေးနွေးမယ်ဆိုရင်
ကျွန်တော့်ဖက်က အချိန်မရွေး အဆင်သင့်ရှိပါတယ်။ ခု ဒေါက်တာအေးချမ်းက
ဂျပန်နိုင်ငံမှာပြုလုပ်ဖို့ လက်ခံလိုက်တဲ့အချိန်မှာ မလေးရှားက မူဆလင်
အဖွဲ့အစည်းတစ်ခုက ဒီပွဲကို အကူအညီပေးဖို့ အသည်းအသန် ကမ်းလှမ်းလာပါတယ်။
အဲဒီအချက်ကိုကြည့်ရင် မြန်မာ-မူဆလင် နာမည်ခံ ဘင်္ဂလီမျိုးနွယ်စုအချို့ဟာ
ဒီရိုဟင်ဂျာဆိုတဲ့ နာမည်နဲ့ ဘင်္ဂလီတွေကို တိုင်းရင်းသား၊
နိုင်ငံသားဖြစ်ခွင့်ရဖို့ ဘယ်လောက်ထိ နိုင်ငံရေး ရည်မှန်းချက်
ကြီးကြီးမားမားရှိနေတယ် ဆိုတာကို သိနိုင်ပါတယ်။ အဲဒီအဖွဲ့က
ဒေါက်တာအေးချမ်းကို အဲဒီပွဲမဖြစ်မြောက်ခဲ့ရင် သူတို့ကုန်ကျထားတဲ့
စရိတ်တွေကို ပြန်ပေးလျော်ဖို့ အာမခံ လက်မှတ်ထိုးပေးရမယ်လို့ တောင်းဆိုထားတာ
တွေ့ရပါတယ်။ အဲဒီလိုမျိုး အသည်းအသန်ဖြစ်နေတာကို ကြည့်ရင် သူတို့အတွက်
ဒီပွဲဖြစ်မြောက်ရေးဟာ ဘယ်လောက်ထိ အရေးကြီးနေသလဲဆိုတာကို ရှင်းရှင်းလင်းလင်း
သိနိုင်ပါတယ်။ ဒေါက်တာအေးချမ်းအနေနဲ့ သူတို့ဖြစ်စေချင်သလို
လိုက်လုပ်ပေးဖို့ မအားပါဘူး။ အဲဒါကြောင့် ပွဲဖြစ်မြောက်ရေးအတွက်
ဒေါက်တာအေးချမ်းရဲ့ ကိုယ်စားလှယ်အဖြစ် ကျွန်တော်တို့ ၀ံသာနုအဖွဲ့ကပဲ
အစစအရာရာ တာဝန်ယူဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်။ ဦးဌေးလွင်ဦး ဂျပန်ကို
ရောက်လာတဲ့အချိန်မှာ ဒေါက်တာအေးချမ်းက သူ့ကို တက္ကသိုလ်ဧည့်ရိပ်သာမှာ
တည်းခိုနိုင်အောင် စီစဉ်ပေးမယ်လို့ ပြောသွားပါတယ်။ တခြားတက်ရောက်လာမယ့်
ဘင်္ဂလီအဖွဲ့တွေအတွက်တော့ ကျွန်တော်တို့မှာ တာဝန်မရှိပါဘူး။
ကျွန်တော်တို့ဖက်က တက်ရောက်လာမယ့် ဧည့်သည်တော်တွေ အတွက်ပဲ ကျွန်တော်တို့
တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဦးဌေးလွင်ဦးတို့အဖွဲ့အနေနဲ့
ပွဲနဲ့ပတ်သက်ပြီး တိုင်ပင်ညှိနှိုင်းချင်ရင် ၀ံသာနုကိုပဲ ဆက်သွယ်ဖို့ ဒီနေရာ
Arakan Review ကနေပြီးတော့ အသိပေးချင်ပါတယ်။
Arakan Review အခု အကိုက ဦးရဲလွင်ဦးကို အဲလိုစိန်ခေါ်လိုက်တဲ့အခါမှာ သူ့ဘက်က ဘာတွေများတုန့်ပြန်မှုမျိုးကို ပြုလုပ် ပါသလဲခင်ဗျား။
ဝံသာနု
ဦးဌေးလွင်ဦးဖက်ကတော့ လူထုပရိသတ် မီဒီယာရှေ့မှာ မျက်နှာချင်းဆိုင်
စကားစစ်ထိုးချင်တယ်လို့ တုန့်ပြန်လာပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပါပဲ။
သမိုင်းဆိုတာ စကားပြောကောင်းတိုင်း လျှောက်ပြောလို့ရတဲ့
ပုံပြင်မျိုးမဟုတ်ပါဘူး။ ကိုယ်ပြောတဲ့အကြောင်း အရာတစ်ခုချင်းအတွက်
အထောက်အထား ခိုင်ခိုင်လုံလုံချပြနိုင်ဖို့လိုပါတယ်။ အဲဒါကြောင့်
အထောက်အထား၊ အကိုးအကားတွေ ယှဉ်တွဲဖော်ပြနိုင်တဲ့
စာရေးသားယှဉ်ပြိုင်တာမျိုးကိုပဲ ကျွန်တော်ပိုပြီး လိုလားပါတယ်။
လောလောဆယ်တော့ သူဒေါက်တာအေးချမ်းနဲ့ စကားစစ် ထိုးပြီးမှ ကျွန်တော်ကို
အလှည့်ပေးမယ်လို့ ပြောသွားပါတယ်။ အကယ်၍ အပြင်မှာသာ ဦးဌေးလွင်ဦးနဲ့
မျက်နှာချင်းဆိုင် Debate လုပ်ရမယ်ဆိုရင် သူတင်ပြမယ့်
စိတ်ကူးယဉ်ကွန့်မြူးထားတဲ့ ပုံပြင်ဆန်ဆန် သမိုင်းဆိုတာတွေကို နားထောင်ရင်း
ကျွန်တော် ထိုင်ရယ်နေရလို့ ပွဲကတော်ရုံနဲ့ပြီးမှာ မဟုတ်ပါဘူး။
Arakan Review
ဟုတ်ကဲ့ ဘင်္ဂလီတွေကအခုလို လုပ်နေတာဟာ ရခိုင်တစ်ခုတည်းမဟုတ်ပါဘူး
တကမ္ဘာလုံးကို လိမ်နေတာပါပဲ။ အဲဒါကို သိသိကြီးနဲ့ ဘင်္ဂလ်ီတွေပြောသမျှကို
ယုံနေကြတာကို ဘယ်လိုမြင်ပါသလဲခင်ဗျား။ နိုင်ငံတကာ အပေါ်မှာ။
ဝံသာနု
ဘင်္ဂလီတွေပြောသမျှယုံတာ လူတိုင်းတော့မဟုတ်ပါဘူး။ အာဏာရှင်အစိုးရတွေရဲ့
ဖိနှိပ်မှုအောက်မှာ သူတို့တွေက မြန်မာလူမျိုးတွေထဲက လူမျိုးစုတစ်ခုအဖြစ်
ရောနှောဂရုဏာသက် ခံခဲ့ရတဲ့သဘောပါပဲ။ အရင်စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု
တွေနဲ့အတူစစ်အစိုးရ အပေါ် ဖိအားပေးဖို့ အနောက်အုပ်စုက
နည်းမျိုးစုံနဲ့ကြိုးပမ်းတဲ့အချိန်မှာ ဒီဘင်္ဂလီတွေဟာ ခေါင်းစဉ်တပ်စရာ
အကြောင်းအရာတစ်ခု ဖြစ်လာပြီး နာမည်ကြီးလာခဲ့တာပါ။
လူ့အခွင့်အရေးလှုပ်ရှားသူတွေကြားထဲမှာ အဖိနှိပ်ခံလူမျိုးစုအဖြစ်
နည်းလမ်းမျိုးစုံသုံး ပုံဖော်ခဲ့ကြလို့ တချို့
လုပ်စားလူ့အခွင့်အရေးသမားတွေအတွက် မျောက်ပြဆန်တောင်းဖို့
အခွင့်အရေးတစ်ခုဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့ ရခိုင်လူမျိုးတွေအနေနဲ့
သူတို့လောက် မီဒီယာလောကမှာ မထိုးဖောက်နိုင်ခဲ့တာကြောင့်လို့လည်း
ပြောလို့ရပါတယ်။
Arakan Review
ဟုတ်ကဲ့ပါ နောက်ဆုံးအနေနဲ့
မြန်မာအစိုးရအပေါ်မှာဖြေရှင်းနေတဲ့ပုံစံတွေကိုဘယ်လိုမြင်ပါသလဲ။ နိုင်ငံသား
ဖြစ်ခွင့်ပေးမယ်ဆိုပြီးတော့ ရခိုင်ပြည်ထဲမှာဘဲ ပြန်လည်နေရာချထားဖို့
လုပ်နေတဲ့လုပ်ရပ်အပေါ်မှာပေါ့လေ။
ဝံသာနု
ဒီလူမျိုးစုတွေ ရခိုင်ပြည်နယ်မှာ ရှိနေခြင်းဟာ
ကင်ဆာရောဂါဖြစ်ပွားနေသလိုပါပဲ။ အချိန်ကြာလာလေ၊ ပိုဆိုးလာလေ ဖြစ်လာ မှာပါ။
မဖြစ်သင့်ပါဘူး။ ဆယ်စုနှစ်ပေါင်းများစွာ ရခိုင်ပြည်သူတွေ ခံစားခဲ့ရတဲ့
လူမျိုးရေးပဋိပက္ခတွေကို အစိုးရအနေနဲ့ကိုယ်ချင်းစာ သင့်ပါတယ်။
ဒီလူမျိုးတွေရဲ့ စရိုက်ကြောင့် မြန်မာနိုင်ငံ ဘယ်နေရာမှာပဲ
စုစည်းနေရာချထားပါစေ ဒေသခံတွေနဲ့ ပြဿနာတက်မှာ သေချာပါတယ်။ တလောကမှ
ဖြစ်သွားတဲ့ အာသံဒေသအရေးအခင်းကို ကြည့်ရင် သိနိုင်ပါတယ်။
Arakan Review ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုမြတ်သိန်းထွန်း။
ဝံသာနု ကျနော့်အနေနဲ့လည်း Arakan Review မှာ ခုလို ပြောခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
By Narinara
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာ အေးမောင် ဟာ ဒီဇင်္ဘာလ ၄ ရက်နေ့က စစ်ကိုင်းတိုင်း မုံရွာမြို့ကို
ရောက်ရှိနေပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိသွားတဲ့ ရဟန်း တော်တွေကို
ကိုယ်တိုင်ကိုယ်ကျ အားပေးနိုင်ရန်နဲ့ ရခိုင်က လှူဒါန်းကူညီတဲ့ ငွေတွေကို
ကိုယ်တိုင်ကိုယ်ကျ ပေးအပ် လှူဒါန်းနိုင်ရန် အတွက် ဖြစ်တယ်လို့ ဆ
ိုပါတယ်။ မုံရွာရောက်နေခိုက် ဒေါက်တာ အေးမောင်ကို ဒီခရီးစဉ်ရဲ့
မျှော်မှန်းချက်က ဘာတွေပါလဲလို့ ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါ သူက အခုလို
စပြောပါတယ်။
Dr အေးမောင်။ ။ လက်ပံတောင်းတောင် ကိစ္စနဲ့ပတ်သတ်လို့
ဖြစ်သွားပြီးတဲ့နောက်မှာ ကျွန်တော်တို့ ပါတီ အနေနဲ့လည်း ကြေငြာ ချက်လေး
ထုတ်ထားတာ ရှိပါတယ်။ နောက်တဘက်မှာ မီဒီယာတွေမှာလည်းဘဲ ပဋိပက္ခနဲ့ ပတ်သတ်လို့
ထိခိုက် အနာတရ ဖြစ်တဲ့ ဓါတ်ပုံပြန့်နှံ့ လာတာကို တွေ့ရပါတယ်။ အဲဒါကြောင့်
ကျွန်တော်တို့ ရခိုင်ပြည်နယ်လိုဘဲ ပဋိပက္ခ ဖြစ်တဲ့ နေရာလေးကိုသွားပြီး
ပဋိပက္ခကြောင့် ဒဏ်ရာ ဒဏ်ချက်တွေ ရပြီး ဆေးရုံ တက်နေကြတဲ့ သံဃာတော်တွေ
အပါအ၀င် လူပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ ရခိုင်ပြည် သူလူထုနောက်
ရခိုင်ပြည်နယ်သံဃာတွေရဲ့ လှူဒါန်းမှု တွေ ကို ကျွန်တော်တို့ သွားပြီးခါမှ
ကျွန်တော်တို့ တတ်နိုင်တာလေးနဲ့ ထောက်ပံ့နိုင်အောင် ကူညီနိုင်အောင် ဆိုတဲ့
ရည်ရွယ်ချက်ပါ။ အဲဒါကြောင့်လည်း ကျွန်တော်တို့ ဒီနေ့ မနက်စောစောကဘဲ
မုံရွာကိုရောက်ပါ တယ်။ မဟာ ဇောတိကာရုံ ကျောင်းကို သွားပြီးခါမှ
ဆရာတော်ကြီးကို ဖူးပါတယ်။ သံဃာလည်း ၁၂၀၀ ခန့်ရှိတဲ့ကျောင်း ကြီးပါ။ အဲဒီ
ကျောင်းမှာဘဲ ကျွန်တော်တို့ နေထိုင်ကြပါတယ်။ ထိခိုက်မှုရှိတဲ့ သံဃာ ၈၈ ပါး
အနက် ၇၉ ပါးက မန္တလေး ဆေးရုံးကို ပြောင်းရွေ့ ဆေးကုသမှုခံယူနေတယ်။ ဒီမှာ
အနည်းကျဉ်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သံဃာ ၉ ပါးပေါ့နော်။ နှစ်ပါးကတော့ ဒီနေ့
ဆွမ်းခံကြွသွားတယ်။ ကျွန်တော်တို့ လာရတဲ့အကြောင်းကို ဆရာတော်ကို
လျှောက်ထားပြီးမှ ၀တ္ထု ပစ္စည်း တချို့ကို ကျွန်တော်တို့ ကပ်လှူပါတယ်။
မနက်ဖန်ကျတော့ ကျွန်တော်တို့ ပါတီနဲ့ စစ်တွေမြို့မှာရှိတဲ့ ရဟန်းပျို
စည်းကမ်းထိမ်းသိမ်းရေးလို့ ခေါ်တဲ့ ရခိုင်ရဟန်းပျိုသမဂ္ဂမှ လှူဒါန်းလိုက်တဲ့
ငွေ ၁၀ သိန်းအပါအ၀င်ပေါ့လေ။ ကျွန်တော်တို့ ထိခိုက်ဒဏ်ရာရတဲ့ သံဃာတွေအပါအ၀င်
လူပုဂ္ဂိုလ်တွေကို တစ်ဦးစီကို ငွေကျပ် ၅၀၀၀၀ ခန့် မနက်ဖန်သွားပြီးခါမှ
လှူဒါန်းဖို့ စီစဉ်ထားပါတယ်။
မေး။ ။ ဟုတ်ကဲ။ လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းနဲ့ပတ်လို့ ဒီလို ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ရဟန်းတော်
အပေါ်မှာ အကြမ်းဖက် နှိမ်နှင်းလိုက်တဲ့ အပေါ်မှာ ရခိုင်တိုင်းရင်း သားများ
တိုးတက်ရေး ပါတီဘက်က အမြင် ဘယ်လိုရှိပါလဲ။
Dr အေးမာင်။ ။
ကျွန်တော်တို့ ကြေငြာချက်မှာလည်း ဖော်ပြထားပြီးဖြစ်ပါတယ်။ ပဋိပက္ခဖြစ်လာပြီ
ဆိုရင် ပဋိပက္ခမဖြစ်ခင် ဖြေရှင်းနည်းရှိပါတယ်။ အဲဒီတော့ ပြေလည်အောင်
ဖြေရှင်းနိုင်မှုရှိဖို့ လိုအပ် ခဲ့ပါတယ်။ ဖြေရှင်းဖို့ ကြိုးစားခဲ့တဲ့
ပုဂ္ဂိုလ်တွေ မဖြေရှင်းနိုင်ခဲ့တဲ့ သဘောကို ကျွန်တော်တို့နားလည်း
သိရှိနိုင်ခဲ့ပါတယ်။ အဲဒီတော့ ပဋိပက္ခဖြစ်သွား ပြီးတဲ့နောက် သံဃာထု-
လူထုအနေနဲ့ ထိခိုက် ဒဏ်ရာ ရမှုက အင်မတန် များပြားတယ်။ အင်အား
အလွန်အကျွံသုံးတဲ့ ပုံသဏ္ဍာန် လေးကို တွေ့တဲ့အခါမှာ ကျွန်တော်တို့
ကိုယ့်ဒေသမှာ ဖြစ်သွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ နှိုင်း ယှဉ်ပြီးတော့
ကိုယ်ချင်းစာနာ စိတ် ဖြစ်မိပါတယ်။ ကျွန်တော်တို့ ဒေသမှာလည်း ဒုတိယအကြိမ်
ဖြစ်တဲ့အခါမှာ အထူးသဖြင့် ကျောက်တော်၊ ရမ်းဗြဲ ၊ ရသေ့တောင် ဒေသတွေမှာ
ဒါမျိုး ပစ်ခတ်မှုတွေကြောင့် ၁၁ ဦးသေဆုံးတာ ဖြစ်ခဲ့ပါတယ်။ ဒါအပြင် ဇွန်လ ၃
ရက်နေ့ အမှတ် ၁ ရဲစခန်း ပဋိပက္ခမှာလည်း အင်အား အလွန် အကျွံသုံးတာမို့လို့
ထိခိုက်မှုတွေနဲ့ ဆေးရုံ တက်ပြီးခါမှ ခြေထောက်တွေ ဖြတ်ပစ်ရတာ ရှိခဲ့ပါတယ်။
အဲဒီလို ကိုယ်ချင်း စာနာပြီးခါမှ ပြဿနာ တစ်ခုကို ဖြေရှင်းတဲ့အခါမှာ အင်အား
အလွန်အကျွံ မသုံးဖို့။ ဒီလိုပြဿနာကို ဖြေရှင်းတဲ့အခါမှာ ဖြေရှင်းနည်း အစစ်
အမှန်ကို ရှာဖွေဖို့။ ဒီမိုကရေစီလို နိုင်ငံတိုင်းမှာ လူထုရဲ့တင်ပြချက်တွေ
ဆန္ဒပြ တောင်းဆို တာတွေရှိမှာ ဖြစ်သလို အစိုးရက ဖြေရှင်းတဲ့ ပဋိ ပက္ခကတော့
အမြဲတမ်းဖြစ်နေကြမှာဘဲ ။ ဒါကြီးကို ဖြေရှင်းတဲ့အခါမှာ လူထုရဲ့ဆန္ဒသဘောထားကို
အလေးအနက်ထားတဲ့ အစဉ်အလာဖြစ်သွားဖို့ရယ်။ ဒီ လက်ပံတောင်းတောင် အဖြစ်
အပျက်နဲ့ ပတ်သတ်လို့ မြန်မာနိုင်ငံ တ၀န်းလုံးမှာရှိ တဲ့ ပြည်သူလူထု နဲ့အတူ
ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရခိုင်လူထုက လည်း စောင့်ကြည့် နေ
တယ်။ ထောက် ခံနေတယ်ဆိုတာကို ပြဖို့ရယ် ကိုယ်ချင်း စာနာတဲ့စိတ်နဲ့
နိုင်တဲ့ဘက်က ငွေတွေကို ပံ့ပို့ပေးတဲ့ ပြည် သူလူထုကိုယ်စား သွားရောက်ခဲ့တာ
ဖြစ်ပါတယ်။ လက်ပန်တောင်းတောင် စီမံကိန်းနဲ့ပတ်သတ်လို့ရှိ ရင် ဒါမျိုး
စီမံကိန်းတွေ ရှေ့ခေတ်က စီမံကိန်းတွေ ဖြစ်ခဲ့ကောင်း ဖြစ်ခဲ့ပါလိမ့်မယ်။
ဒါပေမဲ့ ကျွန်တော် တို့ရဲ့ ခုခေတ်ကာလမှာ ပွင့်လင်း မြင်သာမှု၊ အများသိအောင်
တင်ပြမှု၊ လူထုရဲ့ လက်ခံနိုင်မှု၊ ဒီ စီမံကိန်း စီမံချက်နဲ့ပတ်သတ် လို့
လူထုရဲ့ ပူးပေါင်းပါဝင်မှု အပါအ၀င် လူထုရဲ့ဆန္ဒကို အလေးအနက် ထားရမဲ့
ကာလမို့လို့ လက်ပန်တောင်းတောင် စီမံ ကိန်းမျိုးတွေကို ကျွန်တော်တို့က
ပြန်လည် သုံး သပ်ပေးဖို့ လိုတယ်။ လက်ရှိ အစိုးရအဖွဲ့မှာရော ပြည်သူမှာရော
နိုင်ငံရေး ပါတီမှာရော တာဝန်ရှိတဲ့ အတွက် တာဝန်ရှိတယ်ဆိုတာကို
ကျွန်တော်တို့ တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီစံမံကိန်းနဲ့ ပတ် သတ်ပြီး
နိုင်ငံတော်နဲ့ တခြားမိမိ ပတ်ဝန်းကျင်မှာ ရှိတဲ့ နိုင်ငံများရဲ့ အတူယှဉ်တွဲ
နေထိုင်ကြ မဲ့ ရေရှည် ရပ်တည်ချက်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနဲ့
ပတ်သတ်လို့ နိုင်ငံတော်မှာ ထားအပ်တဲ့ ရင်းနှီး မြှုပ်နှံမှုနဲ့ ပတ်သတ်လို့
ပေါ်လစီ၊ အဲဒါတွေ အားလုံးကို ခြုံငြုံ ပြီး သုံးသပ်ဖို့လိုပါတယ်။
ကျွန်တော်တို့ရဲ့ လက်ရှိဖြတ်သန်းမဲ့ ပြည်ထောင်စုရဲ့ဖွံ့ဖြိုးတိုး
တက်မှု လမ်းကြောင်း၊ ဒီမိုကရေစီဖွံ့ဖြိုး တိုးတက်မှုရဲ့ အနှစ်သာရ
အပိုင်းတွေကိုလည်း လက်ရှိတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ လူထုသဘောပေါက် လက်ခံ
လာနိုင်အောင် စံနမူကောင်းတွေနဲ့ ဖြေရှင်းတတ်ဖို့ လိုပါတယ်။ အခုလက်ရှိ
ဖြေရှင်းတဲ့နည်းက သမိုင်းအတွက် မကောင်းဘူးဆိုတာကို ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇
ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ကျွန်တော် တို့ရဲ့ တက္ကသိုလ် သမဂ္ဂ အဆောက် အဦးကို
ဖြိုခဲမိတဲ့ သမိုင်းအမှားက သက်သေပြနေပါတယ်။ အဲဒီနောက်မှာ ကျွန်တော်တို့
ပြောပြောနေတဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့
သမိုင်းမှန်ကိုရေးခဲ့ပါ။ သမိုင်းမှာ အမှန်တခုကို ကျန်ရစ်ခဲ့စေချင်တဲ့
စေတနာ၊ အဲဒီကာလနောက်မှာ ကျန်ရစ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ရဲ့ လွန်ပြီးတဲ့နောက်
မှာ သမိုင်းအမှန်ဟာ ကျန်ရစ်ခဲ့မှာ မဟုတ်တာမို့လို့ ခုဖြစ်ပျက်တဲ့
အခုဖြစ်ခဲ့တဲ့ အရင်ဖြစ်ခဲ့တဲ့ ကောင်းမွေ ဆိုးမွေ အမှားအမှန် သုံးသပ်ချက်လေး
တွေကို ဒီနေ့ ပြသနာကို အထူးသဖြင့် နိုင်ငံတော်က တာဝန်ပေးထားတဲ့ အဖွဲ့
အစည်းတွေမှာ နောင်မဖြစ်ဖို့ အတွက် ဘယ်လိုကိုင်တွယ်သင့်တယ်။ ဒီပြသနာကို
ဘယ်လို သုံးသပ် သင့်တယ်ဆိုတာလေး ကို ထောက်ပြနိုင်အောင် ကျွန်တော်တို့
ဒီဘက်ကိုလာခဲ့တာ ဖြစ်ပါတယ်။
မေ။ ။ အခုဒီကြေးနီစီမံကိန်းကို
ဥက္ကဌတို့အနေနဲ့ ဆက်လုပ်သင့်သလား- ရပ်တန့်သင့်သလား ဘယ် လို မြင်ပါသလဲ။
အခုလူတွေကလည်း ဒီစီမံကိန်း ရပ်တန့်ရေး အတွက် တောင်းဆိုနေတယ်။ အစိုးရ
လက်အောက်ခံ ဦးပိုင် လီမိတက်ကလည်း ဆက်လုပ်မယ်ဆိုပြီး ပြောနေတယ်။ လူထုက
တောင်းဆိုတာနဲ့ အစိုးရပြောနေတာက ဆန့်ကျင်ဘက် ဖြစ်နေတဲ့ အတွက် ဥက္ကဌတို့
ပါတီတွေအနေနဲ့ ဒီကိစ္စကို ဆက်လုပ်သင့်သလား။ ရပ်တန့်သင့် သလား
ဘယ်လိုမြင်ပါသလဲ။ အဲဒါ နည်းနည်းပြောပြပေးပါ။
Dr အေးမောင်။ ။
စီမံကိန်း တစ်ခုဆိုတာက နိုင်ငံတော်အတွက် နိုင်ငံတော်ရဲ့ နောင်းလူတွေအတွက်
ဘယ်လောက် အကျိုးရှိတယ်ဆိုတာကို လူထုသဘောပေါက်ဖို့လိုပါတယ်။
လူထု သဘောပေါက်လို့ ဆက်လုပ် သင့်တယ်။ နိုင်ငံတော်အတွက် အကျိုးရှိတယ်ဆို
ရင်တော့ နိုင်ငံတော်နဲ့ပတ် သတ်လို့လူထု နဲ့ ပတ်သတ်လို့ တခြား ပယောဂတွေ
မဖြစ်နိုင်ဘူး ဆိုရင်တော့ စီမံကိန်းကို ဆက်လုပ်တာဟာ ကျွန်တော်တို့က
မှားတယ်လို့မပြောလိုပါဘူး။ ဒါပေမဲ့ စီမံကိန်းတစ်ခု ကိုလုပ်တဲ့အခါမှာ
ဒီစီမံကိန်း နဲ့ပတ်သတ်လို့ ခုနကလို ရည်မှန်းချက် ရည်ရွယ်ချက်တွေ
ပေါက်မြောက် အောင်မြင်မှုမရှိဘဲနဲ့ လူတစ်စု သို့မဟုတ် အဖွဲ့တစ်ခုက ဒီဟာနဲ့
ပတ်သတ်လို့ အကျိုးအမြတ်တွေ ရယူ ခံစား သွား မယ်။ နိုင်ငံတော်ရဲ့ တည်ဆောက်မဲ့
တည်ဆောက်ဆဲ လုပ်ငန်းတွေမှာ ဘာတစ်မှလည်း အကျိုးမရှိ ဘူး။ နောက် သဘာဝ
ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မယ်။ လူမှုပတ်ဝန်းကျင်ကိုလည်း ထိခိုက် ပျက်စီး
မယ်ဆိုတဲ့ အမြင်မျိုးရှိခဲ့ရင်တော့ ဒီစီမံကိန်းနဲ့ပတ်သတ်လို့
ပြန်သုံးသပ်စေချင် ပါတယ်။ ဒီလို သုံးသပ်စေချင်တဲ့ အတွက်လည်း
အခုကျွန်တော်တို့ နားလည် သလောက်ဆိုရင် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့
စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းတယ်လို့ မြင်ပါတယ်။ ဖွဲ့စည်းတယ်
ဆိုတဲ့အခါမှာ ကော်မရှင်ရဲ့ လုပ်ငန်းဆောင်ရွက်မှုကို ကျွန်တော်တို့ အနီးကပ်
လေ့လာနေကြ ရမှာ ဖြစ်ပါတယ်။
နိရဉ္စရာ
“ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု
တည်ဆောက်ခြင်း” ဆိုတဲ့ အစည်းအဝေးတရပ်ကို သျှမ်းလူမှုအဖွဲ့အစည်း တွေက
ဦးဆောင်ပြီး ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ ခန်းမမှာ
နိုဝင်ဘာ ၂၆ ရက်ကနေ ၂၈ ရက် အထိ ၃ ရက်ကြာ ကျင်းပခဲ့ပါတယ်။
နိုင်ငံရေးပါတီ ၃ ဖွဲ့ကကိုယ်စားလှယ်တွေ၊ သျှမ်းလက်နက်ကိုင် အဖွဲ့ အစည်း ၎
ဖွဲ့ ကိုယ်စား လှယ်များ၊ ပြည်တွင်းပြည်ပအခြေစိုက် သျှမ်းလူမှု အခြေပြု
အဖွဲ့ အစည်း ၁၁ ဖွဲ့မှ ကိုယ်စားလှယ်များ၊ မြို့နယ်ပေါင်း ၄၂ မြို့နယ်မှ
ကိုယ်စားလှယ်များနှင့် အထူး ဖိတ်ကြားထားသည့် ပညာရှင် ၁၇ ဦး စုစုပေါင်း ၁၇၀
ဦး တက်ရောက်တဲ့ ဒီအစည်းအဝေးမှာ ဘာတွေအထူးပြောဆိုဆွေးနွေးခဲ့ကြသလဲဆိုနဲ့ ပတ်သက်ပြီး ပြောခွင့်ရပုဂ္ဂိုလ် နန်းဝိုးဆိုင် ကို သျှမ်းသံတော်ဆင့် သတင်းဌာနက ဆက်သွယ်မေးမြန်းထား ပါတယ်။
မေး။ ။ နိုဝင်ဘာ ၂၆ ရက်ကနေ ၂၈ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပသွားတဲ့ အစည်းအဝေးက ဘာအစည်းအဝေးလဲ။ ဘာကြောင့် ပြုလုပ်ရပါသလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်တဲ့ အစည်းအဝေးပါ။
တိုင်းရင်းသားဒေသတွေမှာ ဘာကြောင့် မငြိမ်းချမ်းသေးသလဲ။ ကျမတို့
သျှမ်းတိုင်းရင်းသားဒေသမှာလည်း မအေးချမ်းသေးဘူး။ ဘာကြောင့်လဲဆိုတာ
ပြန်သုံးသပ်ကြည့်လိုက်ရင် လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ ပဋိပက္ခတွေ
ဖြစ်လာတယ်။ ဆူပူမှုတွေ ဖြစ်လာတယ်။ နှစ် ၆၀ ကျော်ပြီ မငြိမ်းချမ်း သေးဘူး။
ငြိမ်းချမ်းရေး ဆွေးနွေးတာလည်း မအောင်မြင်ဘူး။
ဘာကြောင့်မအောင်မြင်သလဲဆိုရင် တယောက်နဲ့တယောက်၊ လူမျိုးတမျိုးနဲ့တမျိုး၊
အဖွဲ့တဖွဲ့ နဲ့တဖွဲ့ ယုံကြည်မှု မရှိကြသေးလို့ဘဲ။ ဒါကြောင့် ငြိမ်းချမ်းရေး
ရဖို့ ယုံကြည်မှု တည်ဆောက်ရမယ်။ ယုံကြည်မှု မရှိရင် ဘယ်လိုဘဲ
ဆွေးနွေးဆွေးနွေး မအောင်မြင်နိုင်ဘူး။ လက်နက်ကိုင်အဖွဲ့တွေလည်း စာချုပ်မှာ
အပစ်ရပ်ဖို့ လက်မှတ်ထိုးပြီးပြီ။ ဒါပေမဲ့ တိုက်ပွဲတွေ ဖြစ်နေတုန်း။
ယုံကြည်မှု မရှိလို့။ ယုံကြည်အောင်လည်း လုပ်ဆောင်တာ မရှိသေးလို့။
ယုံကြည်မှု တည်ဆောက်ပြီး ငြိမ်းချမ်းရေရယူဖို့ ဘယ်လိုလုပ်ကြမလဲဆိုတာ
ဆွေးနွေးဖို့ ပြုလုပ်ရတာပါ။
မေး။ ။ ယုံကြည်မှု တည်ဆောက်ဖို့အတွက် ဆွေးနွေးတယ်ဆိုတော့ ဘယ်လိုဆွေးနွေးပါသလဲ။ ကျေနပ်အားရမှု ရှိပါသလား။
ဖြေ။ ။ စစ်တပ်၊ ပါတီ၊ လူမှုအဖွဲ့၊ အမျိုးသမီးအဖွဲ့၊ စာပေ/ယဉ် အဖွဲ့၊
ပြည်သူ စတဲ့ အဖွဲ့ပေါင်းစုံ က လာကြတယ်။ အားလုံးကိုရောပြီး အုပ်စုလိုက်
ဆွေးနွေးကြတယ်။ ယုံကြည်မှု တည်ဆောက်ဖို့ အတွက် အဖက်ဖက်က ပါဝင်ရမယ်။
နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ ကျန်းမာရေး၊ ပညာရေး စသဖြင့် ဒါတွေနဲ့
ပတ်သက်တာကို ဆွေးနွေးတယ်။ အတွေ့အကြုံရင့်ကျက်တဲ့ အသိပညာရှင် အတတ်ပညာ
ရှင်တွေလည်း သူတို့ရဲ့ အတွေ့အကြုံတွေကို ပြောပြတယ်။ အဖြစ်မှန် အမြင်မှန်
ကိုသိပြီး ယုံကြည်မှုရအောင် ဘယ်လို လုပ်သင့်သလဲဆိုတာ ဆွေးနွေးကြတယ်။
ယုံကြည်မှုရှိရင် ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လွယ်သွားမယ်။
မေး။ ။ အစည်းအဝေးမှာ အဆင်မပြေတာတွေ နားလည်မှု မရတာတွေ ရှိလား။
ဖြေ။ ။ မရှိပါဘူး။ သျှမ်းပြည်က သျှမ်းတိုင်းရင်းသားတွေ သာမက ကချင်ပြည်၊
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းက သျှမ်းတိုင်းရင်းသားတွေ၊ ပြည်ပက
သျှမ်းတိုင်းရင်းသားတွေလည်း လာတက်ကြတယ်။ ဆွေးနွေးရတာ အားလုံး အဆင်ပြေပါတယ်။
အတွေ့အကြုံတွေက ခပ်များများ ဆင်တူနေကြတော့ ပြောရဆိုရတာ နားလည်မှုရှိကြတယ်။
နားလည်လွယ်တယ်။
မေး။ ။ အာဏာပိုင်တွေ နှောင့်ယှက်တာတွေ ရှိလား။
ဖြေ။ ။ မရှိပါဘူး။ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းလည်း
လာတက်ပြီး ဒီလိုအစည်းအဝေးမျိုး ရှိသင့်တာကြာပြီ။ နောက်နောင်လည်း
ဒီလိုအစည်းအဝေးရှိမယ်ဆိုရင် ကူညီပေးမယ် လို့ ပြောသွားတယ်။
မေး။
။ ၁၉၆၂ ခုနှစ်နှောင်ပိုင်းမှာ ဒီလိုအစည်းအဝေးဟာ ပထမဆုံးအကြိမ်လို့
ပြောနိုင်တယ်။ သျှမ်းတိုင်းရင်းသားတွေ တွေ့ဆုံတဲ့ ပထမဆုံးအကြိမ်လို့လည်း
မမှားဘူး။ ဒါကြောင့် အမျိုးသားရေး အတွက် ဘာတွေများ ဆုံးဖြတ်ခဲ့ကြပါသလဲ။
ဖြေ။ ။ ဘယ်လိုလုပ်ပြီး ယုံကြည်မှု တည်ဆောက်မလဲဆိုတာ နည်းလမ်းရှာဖွေတဲ့
တွေ့ဆုံဆွေးနွေးပွဲ ဖြစ်တာကြောင့် ဘာမှမဆုံးဖြတ်ပါဘူး။ အချက်အလက်တွေ
ယူလာပြီး ဘယ်လိုလုပ်မလဲဆိုတာ ဆွေးနွေးတာပါ။ အဖက်ဖက်က လာရောက်ဆွေးနွေးပြီး
ဒီလိုလုပ်သင့်တယ်၊ ဒီလိုပြုပြင်သင့် တယ်ဆိုပြီး အကြံပေးတာကို
နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ တိုင်းပြည်ငြိမ်းချမ်းဖို့၊
တိုးတက်ဖို့ ယူသုံးနိုင်အောင်ပါ။ ဒါပေမဲ့ နောက်နောင်မှာလည်း ဒီလိုအစည်းအဝေး
လုပ်ပါအုံးမယ်။ ပထမဆုံးအကြိမ် ဖြစ်တာကြောင့် ဆွေးနွေး
ရမဲ့ခေါင်းစဉ်တွေလည်း များတယ်။ အချိန်လည်း သိပ်မရတော့ ဆုံးဖြတ်ချက်ချတဲ့
အဆင့်ထိတော့ မရောက်ဘူး။ နောက်နောင်ဆိုရင် ဆုံးဖြတ်နိုင်တဲ့အဆင့်ထိ
ရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မေး။ ။
သျှမ်းတပ်ဖွဲ့ဆိုလည်း ၂ဖွဲ့ ၃ ဖွဲ့ရှိတယ်၊ သျှမ်းပါတီဆိုရင်လည်း ၂ ဖွဲ့ ၃
ဖွဲ့ရှိတယ်။ ပြည်သူ တွေက သူတို့ကို ပေါင်းစည်းစေချင်ကြတယ်။ ဒီကိစ်စနဲ့
ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။
ဒါလည်းဆွေးနွေးဖြစ်ပါတယ်။ အစည်းအဝေးမတိုင်ခင် အလုပ်အမှုဆောင်အဖွဲ့လည်း
သျှမ်းတိုင်းရင်းသားတွေ နေထိုင်တဲ့ဒေသကို သွားရောက်ပြီး
ဆန္ဒကောက်ယူခဲ့ကြပါတယ်။ ၉၀ ရာခိုင်နှုန်း လောက်က လက်နက်ကိုင်တပ်ဘဲဖြစ်ဖြစ်၊
နိုင်ငံရေးပါတီဘဲဖြစ်ဖြစ် သူတို့ကို ပေါင်းစည်း စေချင်ကြတယ်။
မပေါင်းစည်းနိုင်ရင်လည်း ပူးပေါင်းလုပ်ဆောင်ကြဖို့၊ နေရာ၊ တာဝန်ခွဲဝေကြဖို့
ပြောကြတယ်။ ဒါကတော့ ပြည်သူတွေရဲ့ဆန္ဒပါ။
မေး။ ။ ဒီအစည်းအဝေးကနေ သျှမ်းတိုင်းရင်းသားခေါင်းဆောင်တွေရဲ့ စကားကို ပြည်သူတွေ သိရှိအောင် ဘာများမှာကြားချင်ပါသလဲ။
ဖြေ။ ။ ဒီအစည်းအဝေးမှာ ဒေသအသီးသီးက လူငယ်အဖွဲ့လည်း ပါဝင်တယ်။
ကိုယ်စားလှယ် အသီးသီးလည်း လာတက်ကြတယ်။ ဒါကြောင့် သူတို့လည်း
အချက်အလက်တွေကို ပြန်ပြောကြမှာပါ။ ပြည်သူတွေလည်း ကိုယ့်တိုင်းပြည်ကို
ချစ်ကြဖို့၊ စိတ်ရှည်ရှည်ထားကြဖို့၊ မာနတွေ လျှော့ကြဖို့၊
တကိုယ်ကောင်းမဆန်ဘဲ အများအကျိုးအတွက် သယ်ပိုးဖို့၊ ပြည်ပမှာ ရောက်နေတဲ့
လူငယ်တွေလည်း ကိုယ့်တိုင်းပြည်ကို ပြန်လာပြီး
တိုင်းပြည်အကျိုးသယ်ပိုးကြဖို့ အစည်းအဝေး တက်ရောက် ကြသူတွေအားလုံးက
တောင်းဆိုကြပါတယ်။
၃ ရက်တာကာလ ဆွေးနွေးပွဲမှာ
ငြိမ်းချမ်းရေးဖြစ်စဉ်၊ လက်ရှိ သျှမ်းနိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊
စာပေ ယဉ်ကျေးမှု၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာများ၊
သျှမ်းလူမျိုးများနေထိုင်ရာဒေသများတွင်
ရာစုနှစ်တဝက်ကြာ ခံစားနေရသော နိုင်ငံရေးပြဿနာများ ပကတိအခြေအနေများကို
စာတမ်း ၂၃ စောင်ဖြင့် တင်ပြခဲ့ပါတယ်။ အဲဒီ စာတမ်း ၂၃ စောင်အပေါ်
အခြေခံပြီးတော့ အစည်းအဝေးတက်ရောက်တဲ့လူတွေက ခေါင်းစဉ်အလိုက်အုပ်စုခွဲပြီး
သဘောထားပေး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာပြီးဆုံးတဲ့ရက်မှာဘဲ လူထုထံက ကောက်ယူထားတဲ့ ဆန္ဒသဘောထားစစ်တမ်းတွေရဲ့ အဖြေကို စုစည်းပြီး တင်ပြဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
သျှမ်းသံတော်ဆင့်
ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ပြုလုပ်တဲ့ (၂၁) ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲကို စက်တင်္ဘာလ ၁၇ ရက်နေ့က တက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်ကို နိရဉ္စရာက တွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပါတယ်။ အဓိက ဆွေးနွေးပွဲမှာ ဘာတွေကို တင်ပြ ဆွေးနွေးခဲ့သလဲဆိုတာကို ဒေါက်တာ အေးမောင်က ခုလို ပြောပြပါတယ်။
မေး ။ ။ ဥက္ကဌ မနေ့က တက်ရောက်ခဲ့တဲ့ အစည်းအဝေးမှာ ယေဘူယျအားဖြင့် အဓိက ဘာတွေကို ဆွေးနွေးခဲ့ကြသလဲ ဆိုတာကို နည်းနည်း ပြောပြပေးပါ။
- – ယေဘူယျ ပြောရရင် အဓိက ဆွေးနွေးခဲ့ကြတာကတော့ National identity နဲ့ ၂၁ ရာစုမြန်မာနိုင်ငံရဲ့ Citizenship မြန်မာနိုင် ငံ၏ တိုင်းရင်းသားတော့ မဟုတ်ဘူး။ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သတ်တဲ့ ကိစ္စပါ။
မေး။ ။ အဲဒီ ဆွေးနွေးပွဲမှာ ဥက္ကဌလည်း တက်ရောက်ဆွေးနွေးခဲ့တယ်လို့ကြားပါတယ်။ ဥက္ကဌက ဘာ တွေကို ဆွေးနွေးခဲ့ပါလဲ။
- - ကျွန်တော်တို့က အထူးသဖြင့် အမျိုးသားလက္ခဏာ မပျောက်ပျက်ဖို့ အတွက် ဘာတွေကို လုပ်သင့် တယ်ဆိုတာကို ဆွေးနွေးပါတယ်။ နောက်ပြီး နောက် နိုင်ငံသားဖြစ်မှုနဲ့ ပတ် သတ်လို့ ဘယ်လောက် အရေးကြီးတယ် ဆိုတာကို ဆွေးနွေးပါတယ်။ ဘာကြောင့်လည်းဆိုရင် ဆော်ဒီဘက်က လာတဲ့ စပ်ကြောင်းနဲ့ အထူးသဖြင့် တူရကီဘက်ကလာတဲ့ စပ်ကြောင်းနဲ့ အထူးသဖြင့် အစ္စလာမ်မစ် စက်ကြောင်း၊ အဲဒီ စပ်ကြောင်းနဲ့ အရှေ့တောင်အာရှ ယိုးဒယားအ ထိ ရောက်နေတဲ့ စပ်ကြောင်း အကြားမှာ ကျွန်တော်တို့ မြန်မာနိုင်ငံတည်ရှိမှု အဲဒီတည်ရှိ မှု အဓိက အရေးပါတဲ့ အနောက်ဘက် ရခိုင်ပြည်၏ တံခါးဟာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေ အဲဒီအခြေ အနေ ယင်းအခြေအနေ မတိုင်မီကဆိုရင် ပြည်ထောင်စုကို ဒီမိုကရေစီလမ်းကြောင်းကို သွားကြမယ်ဆိုပြီး တနှစ်ခွဲခန့် လုပ်နေတဲ့ကာလ အဲဒီကာလမှာ ဖြစ်နေတဲ့ ငြိမ်းချမ်းမှု၊ မငြိမ်းချမ်းမှု အဲဒီကာလတွေကို ပြန်သုံးသပ်တဲ့အခါ မှာ ဒီပြည်ထောင်စုကြီး မစစ်မှန်တဲ့အတွက် အမျိုးသား အသွင်လက္ခဏာတွေ ပျောက်လုနီးပါး အခြေ အနေကို အဲဒီနှစ်ပေါင်း ၆၀ ရဲ့ အတွေ့အကြုံကိုယူပြီး ကျွန်တော်တို့ ငြိမ်းချမ်းရေးကို တည်ဆောက် နိုင်မှ တိုင်းရင်းတမျိုးချင်းရဲ့ identity ကိုဖော်ထုတ်နိုင်မှ ပြည်ထောင်စုရဲ့ identity ပေါ်လာမယ်။ အဲဒီလို ပေါ်လာပြီးမှ ငြိမ်းချမ်းတည်ငြိမ်တဲ့ ပြည်ထောင်စုကြီးဖြစ်မယ်ဆိုရင် တနိုင်ငံလုံး တမျိုးသားလုံး ရဲ့ ခုနက identity မပျောက်ဖို့ အရေးကြီးတဲ့ ကာလဟာ ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်နေတဲ့ ပြဿနာ အဲဒီပြဿနာ နဲ့ ယင်းပြဿနာ နိုင်ငံသားပြုမှုဆိုတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ၏ ခိုင်ခန့်တိကျ၊ သမာသမတ်ကျကျ တည်ရှိနေမှု အကြောင်းကို ကျွန်တော်တို့ အကြမ်း အားဖြင့် ဆွေးနွေးပါတယ်။ ကျွန်တော်တို့ ၁၀ မိနစ်လောက်ဘဲ ကျွန်တော်တို့ အချိန်ရပါတယ်။
မေး။ ။ အဲဒီဆွေးနွေးပွဲမှာ တခြားလူတွေက ရခိုင်ကိစ္စနဲ့ပတ်သတ်ပြီး ဘာတွေကိုဆွေးနွေးကြပါသလဲ။ သိသလောက် နည်းနည်း ရှင်းပြပေးပါ။
- - ကျွန်တော်တို့က ရခိုင်ကိစ္စကို အမြည်းသဘော ဆွေးနွေးပါတယ်။ အမြည်းသဘောဆိုတာက ဗမာပြည်နဲ့ ခြုံပြီး ဆွေးနွေးပါတယ်။ ဦးကိုကိုကြီးတို့ကလည်း National identity နဲ့ပတ်သတ် ပြီး စုံစမ်းမှုတွေကို တင်ပြပါတယ်။ တော်တော်လေးကို ဆွေးနွေးပါတယ်။ အထူးသဖြင့် သူဆွေးနွေးတဲ့ အချက်မှာဆိုရင် ဘင်္ဂလီဆိုတာ လူမျိုးစု တစုပေါ့။ နယ်စပ် ဒေသမှာရှိ တဲ့ လူမျိုးစုတစုပေါ့။ သတ်မှတ် ထားတဲ့ ဘောင်ဒရီ (Boundary) အတွင်းမှာ ဟိုဘက်ဒီဘက် နယ်စပ်မှာ ခွပြီး နေထိုင်ကြတယ်။ ဥပမာ ရှမ်းနယ်စပ်မှာလည်း ရှမ်းဆိုတာ ဟိုဘက် ဒီဘက်မှာ ရှိတယ်။ အပေါ်ပိုင်းက ချင်း နယ်စပ် မှာလည်း ရှိတယ်။ အဲဒီလို ရခိုင် နယ်စပ် မှာလည်းရှိရမယ်။ ရခိုင်မျိုးနွယ်စုဆိုလို့ရှိရင် ကျွန်တော်တို့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲမှာရှိသလို ဘင်္ဂလာဒေ့ခ်ျ ဘက်က သက်ထောင်၊ ဖလံထောင်၊ ဗိုလ်မင်းထောင်နဲ့ Cox”s bazar နယ်တွေမှာရှိတာကို ထောက်ပြ တယ်။ အဲဒီလို ဒီဘက်က မျိုးနွယ်စု တစုဟာ ဒီဘက်မှာသာ ရှိပြီး ဟိုဘက်မှာလည်း ရှိပါတယ်။ ဘင်္ဂလာဒေခ်ျ့ နယ်စပ်မှာတော့ ဒီမျိုးနွယ်စုက ဒီဘက် မြန်မာဘက်မှာ ရှိနေပြီး ဘင်္ဂလာဒေခ်ျ့ဘက်မှာ လုံးဝမရှိဆိုပြီးပြောနေတဲ့ ငြင်းပယ်နေတဲ့ ကိစ္စတွေကို ထောက်ပြပါတယ်။ ဘင်္ဂလီဆိုတဲ့ မျိုးနွယ်စုကလည်း အင်မ တန်ကြီးမားတယ်။ တဂိုးလ်က စပြီး သူပြောတယ်။ ဒီဘက်မှာ ဒီဘက်မှာလည်း မျိုးနွယ်စုရှိသလို ဘင်္ဂလာဒေ့ခ်ျ ဘက်မှာ လည်း ဒီမျိုးနွယ်စု ရှိရမယ်ဆိုတဲ့ သဘောနဲ့ သူဆွေးနွေး ပါတယ်။ ဒါကြောင့် သူတို့ဖန်တီးထားတဲ့ မျိုးနွယ်စုတစုက ရခိုင်ပြည်ဘက်မှာသာ ရှိပြီး ဘင်္ဂလာဒေ့ခ်ျ ဘက် မှာလုံးဝ မရှိ။ အဲဒီနိုင်ငံကလည်း သူတို့နိုင်ငံဘက်က လူမျိုးနွယ်စု မဟုတ်လို့ပြောတာဟာ ယုတ္တိဗေဒ အားဖြင့် သူလက် မခံနိုင်ဘူး ဆိုပြီး သူဆွေးနွေးပါတယ်။ ပြီးတော့ မြန်မာနိုင်ငံသား ဥပဒေနဲ့ ပတ်သတ်ပြီး ဘယ်လိုလိုအပ် တယ်ဆိုတာကို ဆွေးနွေးပါတယ်။ ဇာကနာကလည်း ပြောပါတယ်။ ဆရာ ဦးကျော်ဝင်းတို့ကလည်း ခေတ်စနစ်ကို ချိန်ပြီး ဆွေးနွေးပါတယ်။ နောက် တိုင်းရင်းသား ရေးရာဝန်ကြီး ဖြစ်တဲ့ ဦးစောထွန်းအောင်မြင့်ကလည်း သူ့အမြင်ကို ဆွေးနွေးပါတယ်။ နောက်ကျွန်တော်တို့ ဦးအေးသာအောင် နောက် NDPD က ဦးကျော်လှထင်ပါတယ်။ သူကတော့ သူ့ဟာသူ ကုလားလို့ ပြောပါတယ်။ သူတို့ရဲ့ ဒီနိုင်ငံမှာ နှစ် ပေါင်းများစွာတည်ရှိတဲ့ သမိုင်းတည်ရှိမှု၊ ရခိုင် ဘုရင်လက်ထက် ကတည်းက အစ္စလာမ်ဘာသာရှိ မှု တွေကိုသူဆွေးနွေးပါတယ်။ နောက်ပြီး သူတို့ရဲ့ ရပ်တည်မှုတွေကို တော်တော်လေး အာပေါင် အာရင်း သံသံနဲ့ ဆွေးနွေးသွားတာ တွေ့ရပါတယ်။ တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ နောက်ပါတီပေါင်းစုံက ကိုယ်စားလှယ်တွေ၊ နောက်တက်ရောက်လာကြတဲ့ ပညာရှင်တွေကလည်း ထောက်ပြီး မေးမြန်းတာတွေ အများကြီး ရှိပါတယ်။ အဲဒါကို Panelists တွေက တာဝန်ယူပြီး ရှင်းပြကြပါတယ်။
မေး။ ။ ဒီဆွေးနွေးပွဲက ရခိုင်လူမျိုးတွေအတွက် အကျိုးရှိတယ်လို့ မြင်ပါလား။ ဥက္ကဌအနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။
- - ဆွေးနွေးပွဲ တစ်ခုဆိုတာက အကျိုးရှိတယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လည်းဆို ရင် ဗမာပြည်သူလူထုရဲ့အမြင်၊ တိုင်းရင်းသားပေါင်းစုံရဲ့အမြင်၊ နောက်ပြီး နိုင်ငံရေးပါတီပေါင်းစုံ ရဲ့အမြင်တွေကို ဒီဆွေးနွေးပွဲမှာ တစုံတခုသော အတိုင်းအတာအထိ ထင်ဟပ်ပါတယ်။ အားလုံးက တော့ ရခိုင်ပြည်အရေးဟာ ဗမာနိုင်ငံတခုလုံးရဲ့ အရေးဆိုပြီး သူတို့ ယူဆပါတယ်။ ဗမာတမျိုးသားလုံး ရဲ့ identity မပျောက်ဖို့ အတွက် လိုအပ်ကြောင်းကိုလည်း သူတို့သဘောပေါက်ပါတယ်။ ဒါကြောင့် လူဦးရေ ဖောင်းပွမှုကြီးတဲ့ နိုင်ငံနှစ်ခုအကြားမှာ အင်မတန်မှ မြန်ဆန်စွာနဲ့ ပေါက်ကွဲနေတဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံရဲ့ လူဦးရေပေါက်ကွဲမှု အဲဒီ ဒဏ်ရာဒဏ်ချက်တွေ ကျွန်တော်တို့ဒေသကို လွှမ်းမိုး လာနိုင်မှုတွေကိုလည်း ဆင်ခြင်စဉ်းစားပါတယ်။ နောက် နိုင်ငံတကာရဲ့ Globalization နဲ့လည်းတွေးပါ တယ်။ နောက် ၁၉၈၂ ခုနှစ်ရဲ့ ဥပဒေလိုအပ်မှု ဒါတွေကိုလည်း ထဲထဲဝင်ဝင် ဆွေးနွေးကြပါတယ်။ သို့သော်လည်း ဒီလိုဆွေးနွေးမှုတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ယူတချက်တစ်ခုကို ကျနော်တို့ ဆုံးဖြတ်ချက် ချနိုင်အောင်အထိ တော့ ရချင်မှ ရပါမယ်။ သို့သော်လည်း ဖြေရှင်းချက် တခုကို ရဖို့အတွက် ဆွေးနွေးပွဲများစွာကိုဖြတ် သန်းပြီး အမြင်များကိုရရှိပြီးမှ တကယ့်လက်တွေ့ ဖြစ်ပျက်မှုနဲ့ မကင်းကွာတဲ့ အယူအဆတွေကို သုံးသပ် ဆုံးဖြတ် ထည့်သွင်း နိုင်ရင်တော့ ကျွန်တော်တို့လက်ရှိ ဖြစ်နေတဲ့ ပြဿနာအားလုံးကို လိုအပ်တဲ့ ကာလတခုမှာတော့ ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်။
မေး။ ။ အဲဒီဆွေးနွေးပွဲကို နိုင်ငံခြားသားတွေတက်ရောက်ပါလား။ ဥပမာ သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းတို့ တက်ရောက်တာတွေ ရှိပါလား။
- – ဒေါက်တာအေးချမ်းတို့ ဒေါက်တာ ဒေါ်ယဉ်ယဉ်နွယ်တို့ တရက်စောပြီး ဆွေး နွေးကြတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဆရာအေးချမ်းကတော့ ဂျပန်ကို မနေ့ကတည်းက ပြန်သွား ပါပြီ။ အဲဒီနေ့က ကျွန်တော် ရခိုင်မှာဘဲ ရှိနေပါတယ်။
Narinjara
September 18, 2012
ရခိုင်ကျောင်းသား သမဂ္ဂပေါ်ပေါက်ရေးအတွက် အကြံပြုတင်ပြချက်နှင့် ပတ်သက်၍ Arakan Review မှ ကိုဇော်လှိုင်ထွန်း အား မေးမြန်းခဲ့ရာ-
ကျွန်တော်တို့ ပြည်တော်ပြန် ရောက်ရှိနေတဲ့ တောခို ရခိုင်ကျောင်းသားလူငယ်ရဲဘော်များ၊ အကျဉ်းထာင်အသီးသီးမှ ပြန်လည် လွှတ်မြောက်လာတဲ့ ရခိုင်ကျောင်းသားလူငယ်များအဖွဲ့အစည်းမှရဲဘော်များ ဦးဆောင်လျှက် ရခိုင်ကျောင်းသားသမဂ္ဂကို မကြာမှီ တရားဝင် မှတ်ပုံတင်ပြီး ဖွဲ့စည်းတည်ထောင်သွားမှာ ဖြစ်တဲ့အပြင် ရခိုင်ပြည်ရှိ ကျောင်းသားလူငယ်တွေရဲ့ ပညာရေး အခွင့်အလမ်းများ၊ လူ့အခွင့်အရေးများ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ဦးတည်ပြဌာန်း၍ ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီ (ရ၊တ၊ပ)ရှိ ကျောင်းသား လူငယ်အခန်းကဏ္ဍကို ဆောင်ရွက်နေတဲ့ လူငယ်တွေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမှာဖြစ် ပါတယ်။
ဆက်လက်ပြီး ပြောကြားသွားတာကတော့ “ရခိုင်ကျောင်းသားသမဂ္ဂ ပေါ်ပေါက်ရေးသည် ရခိုင်ကျောင်းသူ/သားတိုင်း တာဝန်ဖြစ်တယ်လို့ ခံယူပါတယ်။ ရခိုင်ကျောင်းသား သမဂ္ဂအဖွဲ့သည် အမျိုးသားရေးနာမည်ခံပြီး လုပ်စားနေတဲ့ အန်ဂျီအို (NGO) ဆန်ဆန် အမျိုးသားနိုင်ငံရေးအဖွဲ့များ၊ ကွန်ယက်များ၊ ပါတီများနှင့် အလုပ်မလုပ်လိုပါ။ ပြည်သူများအတွက် အမှန် တကယ် လက်တွေ့ကျကျ အနစ်နာခံပေးဆပ်နေတဲ့ ပြည်တွင်း၊ ပြည်ပ ရခိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနှင့် တရားဝင် ကူးလူးဆက်သွားမည် ဖြစ်ပါတယ်။” လို့ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေးအတွက် စည်းရုံးလှုံ့ဆော်နေသူ တစ်ဦး ဖြစ်သူ ကိုဇော်လှိုင်ထွန်းက ပြောပြသွားပါတယ်။
ဦးဇော်အေးမောင် ( RNDP ) ၏ သဘောထား....
ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ 
" ကျွန်တော်ပြောချင်တာက ဒါဟာ ကျူးကျော်စစ်ပွဲတစ်ခုပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ဗြိတိသျှတွေ သေနတ်နဲ့ လာရောက်တိုက်တာမှ ကျူးကျော်တာ မဟုတ်ဘူး။ အခု ဟိုဘက်က ဘင်္ဂလီတွေ ကျူးကျော်အခြေချ နေထိုင်လာပြီး အကျင့်ပျက်ဝန်ထမ်းတွေနဲ့  ပေါင်းပြီး မှတ်ပုံတင်တွေ ထုတ်တယ်။ အိမ်ထောင်အများကြီးပြုပြီး၊ ကလေးတွေ သောက်
သောက်လဲမွေးတယ်။ ဒီတော့ လူဦးရေတွေ တိုးပွားလာတယ်။ ဒေသခံတွေကို နှင်ထုတ်တယ်။ အိမ်တွေ မီးရှို့ တယ်။ သတ်တယ်။ ဒါဟာ ရခိုင်နဲ့  အစ္စလာမ်ဖြစ်တဲ့ ပြဿနာလို့  ပြောလို့ မရတော့ဘူး။ အဲ့ဒီနယ်မြေကို သူတို့ နယ်မြေလို့  ကျူးကျော်တောင်းဆိုလာတယ်။
ဒီကျူးကျော်စစ်ပွဲဟာ မြန်မာနိုင်ငံ တိုင်းရင်းသားတွေ အားလုံးနဲ့  သက်ဆိုင်တယ်လို့  သတ်မှတ်ပြီး အစိုးရနဲ့  ပူးပေါင်း ဖြေရှင်းမှ အောင်မြင်မယ်လို့ ထင်တယ်။ ဒါ့အပြင် ကမ္ဘာ့ အချို့ နိုင်ငံများက လူ့ အခွင့်အရေးကို အရေခြုံပြီး ဇာတ်နာခန်းတွေ ဖွင့်ပြပြီးတော့ ကျွန်တော်တို့ ရခိုင်တွေကပဲ နှိပ်စက်နေသလို ပြောနေတာကိုလည်း ကျွန်တော်က ရှုတ်ချတယ်။
လူ့ အခွင့်အရေးကို အများဆုံး ကြွေးကြော်နေတဲ့ အမေရိကန်နိုင်ငံမှာ ကျွန်တော်တို့  ရခိုင်လူမျိုးတွေ တရားမ၀င် သွားရောက်နေထိုင်ပြီးတော့ တိုင်းရင်းသားပါ၊ အမေရိကန် တိုင်းရင်းသားပါလို့ တောင်းဆို လာရင် သူတို့ က ကျွန်တော်တို့ ကို ဘာလုပ်ပေးမလဲ။ အမေရိကားမှာ ရခိုင်ပြည်နယ်ပေးပါ။ အာရကန် ဒေသသတ်မှတ်ပါလို့  ပြောလို့ လည်း မရဘူ။ အဲ့ဒီတော့ နိုင်ငံတကာကိုလည်း မျှမျှတတဝေဖန်ဆုံးဖြတ်ပါလို့  ပြောချင်ပါတယ်။
အဆိုပါ ဘင်္ဂါလီများကို ၄င်းတို့  နိုင်ငံများသို့  ခေါ်ယူထိမ်းသိမ်း စောင့်ရှောက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်.........။"
( လျှပ်တပြက် အင်တာဗျူးမှ / အက်ရှင် ဘဘဒီမို )
နိုင်ငံ ရိုဟင်ဂျာများအရေးနှင့်ပတ် သက်၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်း စိန်မှ ရိုဟင်ဂျာများအား တတိယနိုင်ငံသို့ ပို့မည်။ လာခေါ်မည့်သူမရှိပါက ခြံခတ် ထားမည်ဟုဆိုကာ မြန်မာနိုင်ငံအတွင်း နေ တိုင်းရင်းသားများ၌ လုံးဝပတ်သက် ခြင်းမရှိသော ရိုဟင်ဂျာများနှင့်ပတ်သက် မိမိ၏ သဘောထားအား
အတိအလင်း ထုတ်ပြန်ခဲ့ပြီးနောက် သမ္မတကြီး၏ ရပ် တည်ချက်အပေါ် ပြည်သူများမှ လွန်စွာ အားရဖြစ်လျက်ရှိပြီး အချို့သော ဒေသ များ၌မူ သမ္မတကြီး၏ သဘောထား ထုတ်ပြန်မှုအပေါ် ထောက်ခံကြိုဆိုသော အားဖြင့် နိုင်ငံတော် အလံများပါလွှင့်ထူ ခဲ့ကြသည်။
ထိုသို့ နိုင်ငံတော်သမ္မတကြီး၏ ရို ဟင်ဂျာကိစ္စအပေါ် ပြတ်ပြတ်သားသား ရပ်တည်ခဲ့ခြင်းနှင့် နိုင်ငံမဲ့ရိုဟင်ဂျာများ အကြောင်းအား သမ္မတကြီး တပ်မ တော်၌ တာဝန်ထမ်းဆောင်ခဲ့စဉ်က သမ္မတ ကြီး၏ ဆရာတစ်ဦးဖြစ်ခဲ့သူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ(ခ) စာရေး ဆရာကြီး နောင်စစ်သည်အား မေးခွန်း အနည်းငယ် မေးမြန်းခဲ့ရာ-
မေး- ကျွန်တော်တို့ ပြည်တွင်းမှာ ဂရက် ရိုက်နေတဲ့ ရိုဟင်ဂျာအရေးကိစ္စနဲ့ပတ် သက်ပြီးသမ္မတကြီး ဦးသိန်းစိန်ရဲ့ ရပ် တည်မှုနဲ့ သဘောထား ထုတ်ပြန်ခဲ့မှုအ ပေါ် ပြည်သူတွေအနေနဲ့ အလွန်နှစ် ထောင်းအားရဖြစ်ကြပါတယ်။ သမ္မတကြီး ဦးသိန်းစိန် တပ်မတော်မှာ တာဝန်ထမ်း ဆောင်ခဲ့စဉ် ဘဘဟာ သမ္မတကြီးရဲ့ ဆရာတစ်ယောက်ဖြစ်ခဲ့တယ်လို့သိရပါ တယ်။ တစ်ချိန်က သမ္မတကြီးရဲ့ ဆရာ ဖြစ်ခဲ့သူတစ်ယောက်အနေနဲ့ ရိုဟင်ဂျာ ပြဿနာနဲ့ပတ်သက်ပြီး သမ္မတကြီးရဲ့ သဘောထား ထုတ်ပြန်ခဲ့မှု အပေါ် ဘယ် လို မြင်မိပါသလဲ။
ဖြေ- ကိုသိန်းစိန်ကMan of Principal ပဲ။ သူက ဟိုးအရင်ထဲက စည်းစနစ်နဲ့ နေတဲ့သူ။ ပြီးတော့ ရောင့်ရဲတင်းတိမ်မှု လည်း ရှိတယ်။ လောဘဇောတိုက်မယ့် သူလည်းမဟုတ်ဘူး။ ကိုသိန်းစိန်အ ကြောင်းပြောရရင် အရင်နိုင်ငံတော် ၀န် ကြီးချုပ်လိုပေါ့နော်။ သူက သူအငြိမ်း စားသွားတဲ့အခါကြလို့ ငွေတစ်ပြားတစ် ချပ်ပိုလာရင် ကျွန်တော်ကို ဆဲကြပါ၊ ဆို ကြပါ၊ ထောက်ပြစမ်းပါဆိုတာမျိုးပါ။ ကို သိန်းစိန်အနေနဲ့ကလည်း ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်တဲ့ ခေါင်းဆောင်တစ်ယောက် မဟုတ်ပါဘူး။ ရခိုင်ကရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ကိုသိန်းစိန်ရဲ့ သဘောထား အပေါ် အမြင်ကိုပြောရမယ်ဆိုရင်For Most People Near Enough is Good Enough. အဲ့ဒါက လူအများစုကတော့ ရိုး ရိုးသားသားနဲ့ ကျေကျေနပ်နပ်လေးရရင် ရောင့်ရဲတင်းတိမ်ကြတာပဲ။ နောက်တစ်ခု For few people good enough is never enough. ဒါကတော့ လူနည်းစု တွေက လောဘဇောတွေမသက်နိုင်ဘူး ဆိုတာမျိုးပါ။ ကိုသိန်းစိန်ကတော့ ပထမ ပုဂ္ဂိုလ်မျိုးပါ။ ကိုသိန်းစိန် ပြောတာတွေ ကလည်း ဒီရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ရင် အားလုံး လမ်းမှန်ကမ်းမှန်တွေပါပဲ။
မေး- နိုင်ငံမဲ့ ရိုဟင်ဂျာတွေ ကိစ္စနဲ့ပတ် သက်ပြီးတော့ရော ဘဘ အနေနဲ့ ဘယ် လို ရှုမြင်သုံးသပ်မိပါသလဲ။
ဖြေ- ရိုဟင်ဂျာဆိုတာ ဘဘတို့ရဲ့ တိုင်း ရင်းသားမဟုတ်ဘူး။ ဧည့်နိုင်ငံသားအနေ နဲ့ပဲ သူတို့ကို လက်ခံထားတာ။ တစ်ခြား နိုင်ငံတွေမှာဆိုရင် လှေကလေးနဲ့ အတင်း ကမ်းလိုကပ်ပြီး လာကြတာ။ အဲ့သလို လာတဲ့အခါကြတော့လည်း ဥပမာ ယိုးဒ ယားဆိုပါဆို့။ သူတို့တွေက လှေတွေနဲ့ ၀င်လာပြီး ကမ်းကပ်ဖို့လုပ်တယ်။ အဲ့ဒါ ထိုင်းရေတပ်ကနေပြီးတော့ အတင်းကြိုးနဲ့ ပြန်ဆွဲသွားပြီး ပင်လယ်ထဲရောက်တဲ့ အခါ ကြိုးကို လွှတ်ပေးလိုက်ရော။ ဒါ တွေကို CNN တို့ BBCတို့ စတဲ့သတင်း တွေမှာ တွေ့ရတယ်။ ခု ရိုဟင်ဂျာဆိုတာ ကလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပျက် ယွင်းလာတာပဲ။ ဟိုတုန်းက အိန္ဒိယက မွတ်စလင်ထဲမှာ ဗုဒ္ဓဘာသာကတော့ စောစောစီးစီးကွဲသွားတယ်။ အဲ့ဒီတော့ မွတ်စလင်ထဲမှာရိုဟင်ဂျာဆိုတာဘင်္ဂလား ဒေ့ရှ်နဲ့ပဲ ဆိုင်တယ်။ ဒါပေမယ့် သူ့ဟာက ခုဒီထဲကိုတောင် ရောက်နေပြီ။
မေး- ရခိုင်ဒေသမှာဆိုရင် တိုင်းရင်းသား ဦးရေထက် ဘင်္ဂါလီဦးရေက အဆမတန် ပိုများနေပါတယ်။ ဘဘအနေနဲ့လည်း တပ်မတော်မှာ အဆင့်ဆင့် တာဝန်တွေ ထမ်းဆောင်ခဲ့ဖူးတာ့ အဲ့သလို တာဝန် ထမ်းဆောင်ခဲ့စဉ်အတွင်း ရခိုင်ဒေသနဲ့ ပတ်သက်ပြီး အတွေ့အကြုံလေးတွေရှိ ရင် ပြောပြပေးပါလား။
ဖြေ- ဘဘရဲ့ အတွေ့အကြုံကို ပြောရ မယ်ဆိုရင် ဘဘနဲ့ ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ ရခိုင်ဘူးသီးတောင်မောင်းတောဘက် ရောက်သွားတဲ့အခါ ရခိုင်တိုင်းရင်းသား က ၃ ရာခိုင်နှုန်းပဲရှိတယ်။ ဘင်္ဂါလီက တော့ (၉၇)ရာခိုင်နှုန်းလောက်ရှိနေတယ်။ သူတို့က ရခိုင်တိုင်းရင်းသူလေးတွေကို လက်ထပ်ယူထားကြတယ်။ အဲ့ဒါကိုကြည့် ပြီး ဗိုလ်ချုပ်ကြီး တင်ဦးရော၊ ဘဘရော စိတ်ဆင်းရဲလိုက်တာ။ ဒါမေပယ့် အချိန် က တော့်တော့်ကို လွန်နေပြီ။ ပြောရရင် လူမြိုတာပေါ့နော်။ လူမြိုတဲ့အခါမှာ လည်း သဘာဝနဲ့ တူညီတဲ့ပုံစံမဟုတ်တဲ့ အခါကြတော့ သိပ်ကိုသိသာထင်ရှားတဲ့ သဘောဖြစ်သွားတာပေါ့။ ဘဘတို့ နိုင်ငံ ရဲ့ မြောက်ဖက်ခြမ်းမှာဆိုရင်လည်း တရုတ် ပြည်၊ အဲ့ဒီဘက်မှာလည်း သူတို့မြိုထား တာတော်တော်များတယ်။ အဲ့ဒီတုန်းက ဘဘတို့ စစ်ဆင်ရေးဝင်တဲ့အခါ ဘဘက ဗိုလ်ချုပ်မှူးလောက်ပဲရှိဦးမယ်။ မူဆယ်၊ နမ့်ခမ်းရဲ့ ဒီဘက် ပလောင်တောဝေါ ရောက်လို့ မြေပြင်ပေါ်ကြည့်လိုက်ရင် ရွာတွေက အစက်အပြောက်လေးတွေပဲ မြင်ရတယ်။ အဲဒီအစက်အပြောက်လေး တွေက မြေပြင်မှာတော့ တကယ့်ရွာကြီး တွေပဲ။ အဲဒီရွာရောက်ပြီး သေချာကြည့် လိုက်တော့လည်း တရုတ်တွေကြီးပဲ။ မှတ်ပုံတင်ကြည့်ပြန်တော့လည်း အမျိုး သားမှတ်ပုံတင်တွေဖြစ်နေပြန်ရော။ ဒါ တွေ နားလည်မှု တွေပေါ့နော်။ အဲ့သလို အောက်ခြေမှာ ဖြစ်နေတဲ့ နားလည်မှု လေးတွေကြောင့် တရုတ်ကြီးတွေက မုတ်ဆိတ်ကြီးတွေနဲ့ အမျိုးသားမှတ်ပုံတင် ကိုင်ထားတာတွေ့ရတယ်။
မေး- ခု ရိုဟင်ဂျာတွေအပြင် အနီးစပ်ရာ နိုင်ငံအလိုက် လူမျိုး မြိုမှုတွေတွေ့နေရပါ တယ်။ အဲ့သလိုမြိုလာမှုတွေရဲ့ ရေရှည် အကျိုးဆက်က ဘာများဖြစ်နိုင်ပါသလဲ။
ဖြေ- ခုလွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့အခါ ခုမန္တလေးလို နေရာမျိုး မှာတောင် တရုတ်တွေ မြိုနေပြီ။ အဲ့ဒါအ ပြင် ဟိုဖက်ကလည်းတစ်မျိုး။ ခု ရိုဟင်ဂျာ ကိစ္စမှာစစ်တကောင်းဟိုဘက်မှာဆိုရင် ဒါသူတို့နိုင်ငံပဲ။ ဒါပေမယ့် သူတို့က အချိန်အစောကြီးကတည်းက ဒီဘက် ရောက်လာတယ်။ အဲ့သလို ရောက်လာ ပြီးခုတော့ အသားတော်တော် ကျနေပြီ။ ဒါတွေကို တိုင်းရင်းသားလို့ တွက်ဆလို့မ ရဘူး။ ဟိုတုန်းကတော့ ဧည့်နိုင်ငံသား တွေ လုပ်တာပေါ့။ အဲ့ဒါကြီးကို ကိုယ့် နိုင်ငံနဲ့ လူမျိုးပါလို့ ဆိုလိုက်ရင် သမိုင်းပါ ပျက်သွားမယ်။
မေး- ဒီရိုဟင်ဂျာတွေဟာ လူဦးရေသိပ် သည်းစီးဝင်မှုသီအိုရီ(Population Density)နဲ့ ကျွန်တော်တို့ နိုင်ငံထဲစိမ့်ဝင်ဝါးမြို ခဲ့ပါတယ် အဲ့ဒီသီအိုရီအပေါ်မှာရော ဘဘလို တပ်မတော် ရဲ့ ခေါင်းဆောင်ပိုင်းမှ တာဝန်ထမ်း ဆောင်ခဲ့သူ တစ်ဦးအနေနဲ့ ဘယ်လိုရှုမြင် မိပါသလဲ။
ဖြေ- ကုလအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့မြေး သက်မြင့်ဦးရဲ့ စာအုပ်ထဲ မှာ မြန်မာနဲ့ တရုတ်ဆက်ဆံရေး၊ အိန္ဒိယ မြန်မာဆက်ဆံရေးကို ရေးထားတယ်။ အဲ့ဒီထဲမှာ ဘာပါသလဲဆိုတော့ မြန်မာ နိုင်ငံဟာ ကြားနေနိုင်ငံတစ်နိုင်ငံဖြစ်နေ တာကြောင့် အဲ့ဒီနိုင်ငံကြီးတွေရဲ့ Population Density m Best ဖြစ်လာပြီး ဒီိနိုင်ငံဒုက္ခဖြစ်မယ်ဆိုတာလေးကိုတွေ့ရ ပါတယ်။ ပြီးတော့ လူးဝစ်ဆင်းဘက်ရဲ့ တရုတ်မြန်မာဆက်ဆံရေးစာအုပ်မှာလည်း မြန်မာနိုင်ငံနဲ့ ထိပ်စပ်နေတဲ့ တရုတ်နိုင်ငံ ကြီးဘက်ကလည်း တော်တော်အန္တရာယ် များလာတယ်လို့ ရေးထားတယ်။ အဲ့ဒါ ကဘာလည်းဆိုရင် တပ်မတော်ရဲ့ အကြောင်းကို ကောင်းကောင်းနားမလည် တဲ့အခါကျတော့ တရုတ်ကိုသွားပြီးအကူ အညီတောင်းရတာပေါ့။ အဲ့ဒီမှာ တရုတ် နဲ့ပိုပြီးတော့ စီးပွားရေးတွေအားလုံးက တရုတ်ဘက်ပါကုန်ရော။
မေး- ဘဘအနေနဲ့ နောက်ဆုံးအနေနဲ့ ဒီသမ္မတကြီး ဦးသိန်းစိန်ရဲ့ တိုင်းရင်းသား ပြည်သူတွေဘက်က ရပ်တည်မှုနဲ့ ရိုဟင် ဂျာ ပြဿနာအပေါ် ဘာများပြောကြား ချင်ပါသလဲ။
ဖြေ- မကြာသေးခင်က ဂျွန်ဟောကင်း တက္ကသိုလ်က ပါမောက္ခ ကားလ်ဂျက် ဆင်နဲ့အဖွဲ့တွေ အိမ်ကိုရောက်လာပြီး ဘဘကို မေးတယ်။ ကျွန်တော်တို့ နေ ပြည်တော်က ပြန်ဆင်းလာတာ ဟိုမှာ တရုတ်တွေကြီးပဲတဲ့။ အဲဒါဘာပြောချင် သလဲလို့မေးတယ်။ အဲ့ဒီသဘောမျိုးပါပဲ။ ဒီ ရိုဟင်ဂျာကိစ္စက ဘင်္ဂလားနဲ့မြန်မာ ကြားမှာ ဖြစ်တာလေ။ ကိုသိန်းစိန်တောင် ဘင်္ဂလားဒေ့ရှ်ကို သွားဖို့ခရီးစဉ်ကိုရပ်ဆိုင်း ထားတယ်လေ။ ဒါမျိုးလေးတွေရှိတော့ တော်တော့်ကို ချိန်ဆရတယ်။ နိုင်ငံတွေ ကလည်း လူလည်လုပ်တာတွေအများ ကြီး။ အဲ့ဒီဟာတွေကိုရှိတော့ တော်တော့် ကိုချိန်ဆရတယ်။ နိုင်ငံတွေကလည်း လူ လည်လုပ်တာတွေအများကြီး။ အဲ့ဒီဟာ တွေကို ကိုင်တွယ်ဖို့ဆိုရင်တော့ ကိုသိန်း စိန်အနေနဲ့ အပြည့်အ၀ကို ကိုယ်တွယ် နိုင်မယ်လို့ယုံကြည်ပါတယ်။ ကိုသိန်းစိန် က ဘယ်တော့မှ လက်လွတ်စပယ်လုပ် တဲ့လူမျိုးလည်းမဟုတ်ဘူး။ ဟိုးအရင်ထဲ က အရမ်းကို ရိုးရိုးသားသားနေခဲ့တာ။ သူရော သူ့မိသားစုရောပေါ့နော်။ အား လုံးက ဟိတ်ဟန်မရှိဘူး။ ဒီကိစ္စနဲ့ပတ် သက်ပြီးတော့ ကိုသိန်းစိန်က ပညာရှင် တွေနဲ့တိုင်တိုင်ပင်ပင် လုပ်သွားမှာပါ””ဟု ဒုတိယဗိုလ်ချုပ်ကြီး ချစ်ဆွေ(ခ)စာရေး ဆရာကြီး နောင်စစ်သည်မှ ၁၉၅၂ ခုနှစ် မှစတင်ကာ မြန်မာ့တပ်မတော်၌ တာဝန် အဆင့်ဆင့် ထမ်းရွက်ခဲ့ပြီး ၁၉၉၇ဒီဇင် ဘာ(၇)ရက်နေ့၌ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် တပ်မတော်မှ အငြိမ်းစား ယူရာ ယခုတွင် နောင်လာနောင်သား မျိုးဆက်သစ်များအတွက် အကျိုးဖြစ်စေ ရန် ရည်ရွယ်၍ စာပေရေးသားခြင်းများ ပြုလုပ်နေလျက်ရှိသည်။
ခန့်ခန့် (မောရ၀တီ
from - Hotnews Journal
မေလ ၂၉ ရက်နေ့က စစ်တွေ ဟိုတည်မှာ ရခိုင်ကုန်သည်ကြီးအသင်းက တာဝန်ရှိသူတွေနဲ့ ဘင်္ဂလာဒေခ်ျ့ ကုန်သည်တွေ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဓိက ဘယ်ကိစ္စတွေကို ဆွေးနွေးခဲ့ပါသလဲလို့ ရခိုင်ပြည်နယ် ကုန်သည်ကြီးများ အသင်းရဲ့ အတွင်းရေးမှူး ဦးစောခန့်ကို နိရဉ္စရာက မေးတဲ့ အခါ သူက အခုလို စပြောပါတယ်။

အစည်းအဝေး ပြုလုပ်ရာ စစ်တွေ ဟိုတည် (ဓါတ်ပုံ- နိရဉ္စရာ)
ဦးစောခန့်။ ။ အဓိကတော့ ကျွန်တော်တို့ နယ်စပ်ကုန်သွယ်ရေးမှာ စစ်တွေဘက်က ကုန်သွယ်တွေရဲ့ အခက်အခဲ လေးတွေနဲ့ နစ်နာမူ တချို့ကို အခု ပြုလုပ်တဲ့ နယ်စပ်ကုန်သွယ်ရေး အရာရှိအဆင့် အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
-
ဟုတ်ကဲ့။ ။ မြန်မာဘက်က နယ်စပ်ကုန်သွယ်ရေးမှာ ဘာတွေနစ်နာမှု ရှိနေပါလဲခင်ဗျား။
ဖြေ။ ။ ကျွန်တော်တို့ ဒီဘက်ကသွားတဲ့ သင်္ဘောတွေဟာ ဟိုဘက်မှာ ရာသီဥတု အခြေအနေကြောင့် သင်္ဘောတွေ ၀င်ကပ်ရတဲ့ အခါ တစ်ခါ တစ်ခါ စက်သုံးဆီပြတ်တာတို့၊ အစားအစာနဲ့ သောက်ရေ ပြတ်တာတွေ ရှိပါတယ်။ ဒါပေမယ့် သင်္ဘောသားတွေကို သူတို့ဘက်က ကုန်းပေါ် တက်ခွင့် မပေးတာတို့ ရှိတဲ့အတွက်ကြောင့် အခက်အခဲတွေ ဖြစ်ကြရတယ်။ ဒါကြောင့်မို့ အဲဒီ (ဘင်္ဂလာ) ဘက်မှာ ဆက်သွယ်ရေး အရာရှိတွေ ထားရှိဖို့ ကျွန်တော်တို့ဘက်က တောင်းဆိုခဲ့ပါတယ်။
-
တခြားဘယ် အကြောင်းအရာတွေကို ဆွေးနွေးခဲ့ပါလဲ ခင်ဗျား။
ဖြေ။ ။ တခြား ငွေရေးကြေးရေး အာမာခံမှုအနေ အထားတွေနဲ့ ဘဏ်နဲ့ ပတ်သက်တာတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။
-
ဘင်္ဂလားဒေ့ခ်ျ ဘက်ကဘာတွေကို ဆွေးနွေးခဲ့ပါလဲ ခင်ဗျား။
ဖြေ။ ။ သူတို့ဘက်ကတော့ ဆောင်လုပ်ရေးမှာ အသုံးပြုတဲ့ ပစ္စည်းတွေ၊ ဆီမန်းတွေ၊ နောက် လူသုံးကုန်ပစ္စည်း တွေ၊ သယ်ယူတင်သွင်းဖို့အတွက် တောင်းဆိုခဲ့ပါတယ်။
-
ဟုတ်ကဲ့ ဗမာပြည်နဲ့ ပတ်သက်ပြီး ရေကြောင်းဆက်သွယ်ရေး သင်္ဘောတွေ ၀င်ထွက်ခွင့် တွေကိုတောင်း ဆိုတယ်လို့ကြားတယ် အဲဒါကိုဆွေးနွေးတာရှိပါလား။ ဘယ်လိုအခြေအနေရှိပါလဲ။
ဖြေ။ ။ အဲဒါက သူတို့ဆီက ၀င်ခွင့်တောင်းပါတယ်။ ကျွန်တော်တို့ ဘက်ကလည်း ၀င်ခွင့်ပြုပါတယ်။
-
ဒီဆွေးနွေး ပွဲနဲ့ပတ်သက်ပြီး အဆိုး အကောင်း ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အကောင်းမြင်ပါတယ်။ ကျွန်တော်တို့ အချင်းချင်း ထိတွေ့ဆက်ဆံမှုများလာရင် အခက်အခဲတွေ အားလုံး အဆင်ပြေ သွားမယ့် အနေအထားမြင်ပါတယ်။
-
ခုလက်ရှိ မြန်မာဘက်က ဘယ်ပစ္စည်းတွေကို ဘင်္ဂလာကို တင်ပို့ပြီးတော့ ဘင်္ဂလားဒေ့ခ်ျဘက်က ဘယ်ပစ္စည်းတွေကို မြန်မာဘက်ကို ပြန်တင်ပို့နေပါလဲ ခင်ဗျား။
ဖြေ။ ။ မြန်မာဘက်ကတော့ ဇီးယိုထုပ်တွေ၊ ပဲတွေ၊ နောက်ရေချိုငါးကို အဓိကထား တင်ပို့ပါတယ်။ ဘင်္ဂလားဒေ့ခ်ျဘက်ကတော့ ဆီမန်း (ဘိလပ်မြေ) ရယ်၊ သံချောင်းရယ်၊ ဆံပင်ရယ်တို့ သွင်းပါတယ်။
-
အခုအစိုးရ သစ်လက်ထက်မှာ နယ်စပ် စီးပွားရေးအခြေအနေက ဘယ်လိုရှိပါလဲ ခင်ဗျား။
ဖြေ။ ။ အရင်နှစ်တွေထက် ဘင်္ဂလာကို ရေချိုငါး တင်ပို့မှု ( နည်းနည်း) နည်းနေတဲ့အတွက် ကုန်သည်တွေအတွက် သိပ်အဆင် မပြေတဲ့ အခြေအနေမှာ ရှိနေပါတယ်။
-
ရခိုင်ဘက်က ပုဇွန်တွေ ဘင်္ဂလားဒေ့ခ်ျကို တင်ပို့တာကော ရှိပါလားခင်ဗျား။
ဖြေ။ ။ လောလောဆယ်မှာတော့ ဘင်္ဂလားဒေ့ခ်ျဘက်က ဈေးပေးတဲ့ဟာ နည်းနေတဲ့အတွက်ကြောင်းမို့လို့ ရန်ကုန် ဘက်ကို ဘဲ အဓိက တင်ပို့ နေပါတယ်။
-
နောက်တခုကတော့ မြန်မာကနေ ဘင်္ဂလားဒေ့ခ်ျဘက်ကို ဆန်တွေတင်ပို့ဖို့ အခြေအနေကော ရှိပါလား ခင်ဗျား။
ဖြေ။ ။ ကျွန်တော်တို့ ဘက်က တင်ပို့ဖို့ တော့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ဈေးနှုန်းမကိုက်တဲ့အတွက် ကျွန်တော်တို့မတင်ပို့ နိုင်သေးပါဘူး။
-
ဟုတ်ကဲ့ အနာဂတ်မှာ ဘင်္ဂလားဒေ့ခ်ျနဲ့ မြန်မာ နယ်စပ် ကုန်သွယ်ရေးက တိုးတက်လာမယ့် အခြေအနေရှိပါလား။ ဘယ်လိုအခြေအနေမျိုးရှိပါလဲ။
ဖြေ။ ။ကျွန်တော်တို့ ဘက်ကတော့ တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။
-
အဲဒီတော့ ခုလက်ရှိ ဘင်္ဂလားဒေ့ခ်ျနဲ့ မြန်မာအကြား နယ်စပ်ကုန်သွယ်ရေးမှာ ဘာတွေအခက်အခဲရှိ နေပါလဲ။
ဖြေ။ ။ ကြီးကြီးမားမားတော့ မရှိပါဘူး။ Capacity Building ကိုတည်ဆောက်ပြီး အရည်အသွေး quality တို့ကို မြန်မာဘက်က မြင့်ဖို့ လိုပါတယ်။ ပစ္စည်းအရည်အသွေးတွေ တိုးတက် လာရင်တော့ ဒီထက် ပို့ကုန် ပမာဏ မြင့်တက်လာနိုင်ပါတယ်။ ဒါကြောင့် ကုန်ပစ္စည်းတွေ အရည်အသွေး တိုးတက်အောင် မြန်မာနိုင်ငံက ကြိုးစားနေပါတယ်။
-
ဟုတ်ကဲ့ အဲဒီ အစည်းအဝေးက ဘယ်နေ့ကနေ ဘယ်နေ့အထိ လုပ်ခဲ့ပါလဲ ခင်ဗျား။
ဖြေ။ ။ ကျွန်တော်တို့ မေလ ၂၉ရက်နေ့ ညနေ ၅ နာရီကနေ ညနေ ၇နာရီအထိ လုပ်ဖြစ်ပါတယ်။ မေလ ၃၀ ရက် နေ့မှာ ဘင်္ဂလားဒေ့ခ်ျဘက်က စီးပွားရေး အဖွဲ့တွေဟာ စစ်တွေကနေ ထွက်ခွာသွားပါတယ်။
-
အဲဒီအစည်းအဝေးမှာ ဘင်္ဂလားဒေ့ခ်ျဘက်က ဘယ်နှစ်ဦးတက်ပြီးတော့ မြန်မာဘက်က ဘယ်နှစ် ဦးတက်ပါလဲ ခင်ဗျား။
ဖြေ။ ။ အစိုးရ၀န်ထမ်းတွေရဲ့ တရားဝင် ဆွေးနွေးပွဲဖြစ်တဲ့အတွက် သူတို့ဘက်က ကုန်သည်က ၄ဦးပါ ပါတယ်။ မြန်မာ ဘက်ကတော့ ဌာနဆိုင်ရာအပြင် ကုန်သည် အယောက် ၂၀ တက်ပါတယ်။ (ပြီး)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က မဒေးကျွန်းဟာ ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းရဲ့ အဓိက ပင်မ အချက်အချာကျတဲ့ နေရာ ဖြစ်ပါတယ်။ အခုအခါ အဲဒီကျွန်းပေါ်မှာ တရုတ်က ရေနံတင် သင်္ဘောတွေ ၀င်ထွက်နိုင်တဲ့ ဆိပ်ကမ်းတစ်ခုကို တည်ဆောက်နေသလို ဆီသိုလှောင်မယ့် ရေနံကန်ကြီးတွေ၊ သင်္ဘောတွေကို ဖြန့်ဖြူးမယ့် သောက်ရေကန်ကြီးတွေ။ သဘာဝဓါတ်ငွေ့ပို့လွှတ်မယ့် စက်ရုံတွေ၊ ဓါတ်ငွေ့နဲ့ ရေနံပိုက်လိုင်းတွေ၊ တရုတ်အင်ဂျင်နီယာတွေ နေထိုင်ဖို့ တိုက်တာ အဆောက်အဦးတွေ ကိုလည်း ဆောက်လုပ်နေပါတယ်။ အခုလို ကျွန်းပေါ်မှာ စီမံကိန်းကြီးတွေကို တည်ဆောက်နေတဲ့ အတွက် ဘိုးစဉ် ဘောင်ဆက် အဲဒီကျွန်းပေါ်မှာ နေထိုင်လာတဲ့ ဒေသခံ ရခိုင် ပြည်သူတွေရဲ့ အခြေအနေက ဘယ်လို ရှိနေပါသလဲ။ ကျွန်းပေါ်က အရပ်လူကြီးတစ်ဦးကို နိရဉ္စရာက ဖုံးထဲကနေ မေးမြန်းခွင့်ရခဲ့ပါတယ်။ သူက သူတို့ နေထိုင်တဲ့ မဒေးကျွန်း အကြောင်းက စပြီး ခုလို ပြောပါတယ်။
( မဒေးကျွန်းပေါ်မှာ ရွာပေါင်း ဘယ်နှစ်ရွာရှိပြီး လူဦးရေက ဘယ်လောက်ရှိပါသလဲ)
-မဒေးကျွန်းမှာ ရွာကြီး သုံးရွာရှိတယ်။ ရွာမရွာ၊ ပြိန်ရွာ၊ ကျောက်တန်းရွာ ဖြစ်ပါတယ်။ အဲဒီရွာကြီး သုံးရွာမှာ အိမ်ခြေ ၇၀၀ လောက်ရှိပါတယ်။ လူဦးရေက ၂၀၀၀ ကျော်ရှိမယ်ထင်တယ်။
(အများစု ဘယ်လို အသက်မွေးဝမ်းကျောင်းကြပါသလဲ)
-ကျွန်းပေါ်မှာ နေထိုင်တဲ့ ဒေသခံတွေ အများစုကတော့ တံငါ လုပ်ငန်းနဲ့ အသက်မွေးကြပြီး တချို့လည်း လယ်ယာစိုက်ပျိုးတာတို့၊ ဥယျာဉ်ခြံမြေ စိုက်ပျိုးတာတို့၊ နွားမွေးတာတို့နဲ့ အသက်မွေးကြပါတယ်။ ဒါကအရင်က အခြေအနေပါ။ အခုတော့ အဲသလို အသက်မွေးဝမ်းကျောင်း အလုပ်တွေ မရှိသလောက် ဖြစ်သွားပါပြီ။
(ဘာကြောင့်ပါလဲ)
-ကျွန်တော်တို့ မဒေးကျွန်းမှာ ရှိနေတဲ့ လူတွေက တံငါလုပ်ငန်းနဲ့ အသက်မွေး ကြတာပါ။ အဲဒီ တရုတ်တွေ က ဆိပ်ကမ်းကြီးတွေ ဆောက်တယ်။ အဲဒီ ဆိပ်ကမ်း ဆောက်တဲ့နေရာက ထွက်လာတဲ့ ကျောက်တွေ၊ ရွံ့နွံတွေကို မြစ်ချောင်း အနှံ့ စည်းကမ်းမရှိ လွင့်ပစ်တော့ ကျွန်တော်တို့အတွက် ငါးဖမ်းလို့ မရတော့ဘူး။ ငါးတွေ လည်း မရှိတော့ဘူး။ ငါးဖမ်းရင်လည်း သူတို့ သင်္ဘောကို ရှောင်ရတာက တမျိုး၊ သူတို့ တူးနေတဲ့ ရွှံနွံ့တွေ၊ ကျောက်တွေ အောက်ကို ရောက်သွားတဲ့ အတွက် ပိုက်တွေ ဆုံးရှုံးတာ တမျိုး၊ ကျွန်တော်တို့အတွက် လုပ်စားစရာ အခွင့်အရေး မရှိတော့ဘူး။
(လယ်ယာလုပ်ငန်းတွေက ဘယ်လိုရှိပါသလဲ)
-ကျွန်တော်တို့ ဒေသမှာက အယင်တုန်းကဆိုလို့ရှိရင် နွားစားကျက်တွေ အများကြီးရှိတယ်။ တရုတ်တွေ က မြေတွေညှိတယ်။ တောင်တွေ ဖြိုလိုက်တော့ နွားတွေကိုလည်း လွတ်ထားလို့ မရတော့ဘူး။ နွားတွေ နေစရာတွေ၊ စားစရာတွေ ပျောက်သွားတယ်။ နောက်ပြီးတော့ စိုက်ပျိုးမြေတွေ အကုန်ပျက်တယ်။ တောင်တွေကို ဖြိုလိုက်တော့ အောက်မှာရှိတဲ့ လယ်မြေတွေဟာ သဘာဝမြေသြဇာဆိုတာ လုံးဝ မရှိဘဲ ဖြစ်သွားပါတယ်။ တောင်ကျချောင်းတွေကို ပိတ်ပြီးဆည်လိုက်တော့ အောက်မှာ ရှိတဲ့ လယ်တွေလည်း အားလုံး ဆုံးရှုံးသွားတယ်။ ကျွန်တော်တို့ ဒေသကတော့ အားလုံးပျက်စီးဖို့ အနေအထား ရှိပါတယ်။
(ဒေသခံတွေကို အလုပ်ပေးတာတွေကော ရှိတယ်မဟုတ်ဘူးလား)
-ဒေသခံတွေကို တရက်ကို ၆၀၀၀ နဲ့ အလုပ်ပေးဖို့ ခေါ်ယူပြီးတော့ ဖြတ်စားတဲ့လူတွေက ဖြတ်စားလိုက် တော့ ၂၀၀၀ လောက်ဘဲ ရတယ်။ သူတို့ဆီမှာ လူတိုင်းလည်း အလုပ် မရဘူး။ ရတဲ့ အလုပ်တွေကလည်း ဘယ်သူမှ မလုပ်ချင်တဲ့ အလုပ်တွေ။ အနိုင်ကျင့်တာတို့၊ တစ်နေ့လုံး မနားမနေ ခိုင်းတာတွေလည်း ရှိတယ်။ သူတို့ဆီက အလုပ်နဲ့ ဒေသခံတွေက ထမင်းဝအောင် မစားရတဲ့ အဆင့်ဘဲ ရှိပါတယ်ခင်ဗျား။ အလုပ်သမား တော်တော်များများက အဲဒီ အခက်အခဲတွေ ကြုံနေရပါတယ်။
(အဲဒီမှာ ပြည်သူတွေအတွက် စာသင်ကျောင်းတွေ၊ ဆေးခန်းတွေ ဆောက်ပေးတယ်ဆို)
-အခုတော့ ဆေးခန်းတခန်း ဆောက်ပေးတယ်။ အဲဒီဆေးခန်းမှာ ဆရာဝန်ထိုင်မလား။ ကျန်းမာရေးမှူး ထိုင်မလား ကျွန်တော်တို့လည်း မသိဘူး။ နောက်ပြီးတော့ ကျောင်းဆောင် တစ်ဆောင် ဆောက်ပေးတယ်။ အဲဒီကျောင်းမှာတောင် နေမယ့် ကျောင်းသား မရှိဘူး။ သူတို့ ဆောက်ပေးတဲ့ ကျောင်းဆောင်သစ်တွေက ဒေသခံတွေအတွက် အကျိုးစီးပွား ဖြစ်လာဖို့မရှိဘူး။ ပညာရေးလည်း မြင့်တက်လာဖို့ အခြေအနေ မရှိဘူး။ ဘာလဲ ဆိုလို့ရှိရင် ကျွန်တော်တို့ ဒေသမှာက စားဝတ်နေရေး တော်တော့ကို အခက်အခဲ ရှိတယ်။ အဲဒီ တရုတ်တွေ လုပ်လိုက်တဲ့အတွက် ပတ်ဝန်းကျင်တခုလုံးမှာ ရှိတဲ့ မြစ်တွေမှာလည်း ပျက်စီးသွားပြီ။ ငါးဖမ်းလို့လဲ မရတော့ဘူး။ ဒေသခံ ထက်ဝက်ကျော်ဟာ စားဝတ်နေရေး အခက်အခဲ ကြုံနေရတယ်။ ဒါကြောင့် သူတို့ ဆောက်ပေးတဲ့ ကျောင်းတွေကို မြင်လေ ကျွန်တော်တို့က ဒေါသပိုလေဘဲ။ စားစရာ မရှိတဲ့ နေရာမှာ အဲဒီကျောင်းတွေ ဘာလုပ်မှာလဲ။
( ဒီလို အခွင့်အရေးတွေ ဆုံးရှုံးနေတာကို အထက် အာဏာပိုင်တွေကို တင်ပြတာတွေ မလုပ်ဘူးလား ခင်ဗျား)
-ကျွန်တော်တို့က ကြိုးစားတုန်းဘဲ ရှိပါသေးတယ်။ ကျွန်တော်တို့ကို အကူအညီပေးမယ့်သူ မရှိသေးလို့ ဘယ်လို လုပ်ရမယ်ဆိုတာ မသိဘူး။ ဒါကြောင့် အဲဒါကို အခုအချိန်ထိ မလုပ်ဖြစ်သေးဘူး။ ပီးရင် ဒေသခံတွေက အထက်ကို တင်ပြရင်လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူးလို့ ပြောကြတယ်။ ယုံကြည်မူလည်း မရှိ ဖြစ်နေကြတယ်။
(ကိုယ်အစိုးရဘဲ။ တိုင်းတန်းရင် သူတို့သိလာမှာပေါ့။ သိရင် ဖြေရှင်းပေးမှာပေါ့။ မဟုတ်ဘူးလား)
-ကျွန်တော်တို့က ဒီလို မထင်ဘူး။ အခုကျွန်တော်တို့ကို ဘ၀ပျက်အောင် လုပ်နေတာမှာ တရုတ်တွေသာမကဘူး။ အုပ်ချုပ်တဲ့ လူကြီးတွေလည်း ပါတယ်။ ကျွန်တော်တို့ ဒေသမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသန္တရ အမိန့်ဆိုပြီး ကန်ပေါင်တလျှောက်လုံးမှာ၊ ရွာအနီး တ၀ိုက်မှာ အနီရောင်နောက်ခံမှာ အဖြူရောင်စာတန်းနဲ့ စည်းကမ်းချက်တွေ အများကြီး ရေးပြီး ကျွန်တော်တို့ ရွာသူရွာသားတွေကို အသိပေး ကန့်သတ်ထားပါတယ်။ စာရေးထားတာက အများကြီးဘဲ။ အဲဒီမှာ အဓိက အကြောင်းရင်းကတော့ ကျွဲနွား တိရိစ္ဆာန်တွေ မမွေးမြူရဘူး၊ ပေါင်းမရှင်းရဘူး၊ မီးမရှို့ရဘူး၊ နောက်ပြီး ဥယျာဉ် အသစ်မချရဘူး၊ ရေမကူးရဘူး၊ ငါးမမျှားရဘူးဆိုပြီး ရေးထားပါတယ်။ ဒါကြောင့် သူတို့ကို တိုင်ရင်လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး။
( အဲသလို တားမြစ်တဲ့ အတွက် ဒေသခံတွေမှာ အခက်အခဲတွေရှိလား)
-ကျွန်တော်တို့ ဒေသက နွားတွေကို လွှတ်ပြီး မွေးတယ်။ အခု နွားမွေးလို့ မရတော့ဘူး။ ခုလို ကန့်ထားတဲ့ အတွက် ဥယျာဉ်ခြံမြေတွေကိုလည်း မလုပ်ရတော့ဘူး။ ဥယျာဉ်ထဲမှာ ပေါင်း မခုတ်ရ။ မီးမရှို့ရဘူးဆိုရင် ကျွန်တော် ဥယျာဉ်တွေက ပေါင်းထပြီး ပျက်စီးသွားတာပေါ့။ နောက်တစ်ခါ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေရယ်၊ နောက်ပြီးတော့ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်မရတဲ့ ကန့်သတ်ချက် ရှိတဲ့အခက်အခဲ၊ နောက်ထပ် ဥယျာဉ် အသစ် ထပ်မချရဘူး။ ကျွဲ နွားတိရိစ္ဆာန်တွေ မွေးမြူလို့ မရဘူး။ အဲဒီမှာ အတည်တကျ နေဖို့အတွက်တဲတွေနဲ့ အိမ်တွေလည်း ဆောက်ခွင့်မပေးဘူး။ အဲဒါတွေကြောင့် အခက်အခဲ ဖြစ်နေရပါတယ်။
( ဒေသခံတွေ တိုးတက်ရာ တိုးတက်ကြောင်း သူတို့က တစ်ခုတလေတောင် လုပ်ပေးတာမျိုး မရှိဘူးလား )
-ဒေသခံပြည်သူတွေအတွက် ဘာမှ လုပ်ပေးတာ မရှိသေးဘူး။ အဲဒီမှာ ရေကန်ကြီးတစ်ခုတော့ ဆည်ဖို့ထားတယ်။ ဒေသခံတွေကို ရေပေးမယ်ဆိုပြီး ပြောတယ်။ ကျွန်တော်တို့ ဒေသက အယင်တုန်းကတည်းက သောက်ရေ သုံးရေ အပြည့်အစုံရတဲ့ဒေသ ဖြစ်တယ်။ အဲဒီ ရေတခုပေးတာနဲ့ ကျွန်တော်တို့ ဒေသက ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး။
( အဲဒီ ဆည်ကန်ကြောင့် ဒေသခံတွေ ထိခိုက်နစ်နာမူတွေ ရှိနေတယ်ဆိုပြီး အသံတွေထွက်နေတယ်။ အဲဒါဘာကြောင့်ပါလဲ)
-ကန်ကြီးတခုလုံး ရေပြည့်သွားတော့ အဲဒီမှာ ကန်ရဲ့ တောင်ဖက်ခြမ်းမှာ ပါသွားတဲ့ ဥယျာဉ် ခြံမြေတွေကို သွားလာရခက်ခဲသွားတယ်။ အဲဒီ ဥယျာဉ်ခြံမြေကို အယင်တုန်းက ၁၀ မိနစ်ဘဲ သွားရတယ်။ အခု ၂ နာရီ လောက် သွားနေရတယ်။ ဥယျာဉ်ရောက်ဖို့အတွက် မနည်း ကြိုးစားပြီး သွားနေရပါတယ်။ အဲဒီ ဥယျာဉ်ခြံကို ပြန်ပြီး လုပ်စားဖို့ဆိုတာ အခြေအနေ လုံးဝမဖြစ်တော့ဘူး ဖြစ်နေတယ်။ ဥယျာဉ်ကထွက်တဲ့ ကွမ်းသီးတွေ၊ ခြံထွက် အသီး အနှံတွေကို တခြားနေရာတွေကို သွားရောင်းဖို့အတွက် သယ်ယူဖို့ လုံးဝအခက်အခဲ ဖြစ်သွားပါတယ်။
(ဒီလို ကန်ဆည်တဲ့အတွက် အဲဒီကန်အောက်မှာ ပါသွားတဲ့ မြေတွေက ခင်ဗျားတို့ ပိုင်တဲ့ မြေတွေလား၊ အဲဒီအထဲမှာ ဥယျာဉ် ခြံမြေတွေ ပါသွားတာ ရှိပါသလား)
-ဟုတ်ကဲ့ ပါသွားပါတယ်။ အဲဒီမှာ ပါသွားတာတွေအတွက် သူတို့ သတ်မှတ်ထားတဲ့ လျော်ကြေးကိုတော့ လျော်ပေးသွားပြီ။ ဒါပေမယ့် ဟိုလူကြီးက ဟိုအကြောင်းပြဖြတ်၊ ဒီလူကြီးက ဒီအကြောင်းပြဖြတ်နဲ့ ဒေသခံတွေက နည်းနည်းလေးဘဲ ရလိုက်ပါတယ်။
(ပြီး)
.........................
နိရဉ္စရာ

ရခိုင်ရိုးမသတင်းဌာန၏ တင်ဆက်မှု တစ်ခုအဖြစ် ရခိုင်အမျိုးသားနိ အကြောင့်တစိတစောင်းကို ရခိုင်သမိုင်းပညာရှင်တိဖြိုက်ကတ်တေ ဆရာကြီး ဦးကျော်ထွန်းအောင်(တက်ထွန်းနီ-မြောက်ဦး) ဆရာဦးဦးလှမြင့် အပါ အ၀င် ရခိုင်းရိုးမ အယ်ဒီတာ အဖွဲ့ဝင်တစ်ဦးနန့် တွိဆုံးမီးမြန်းဆွေးနွေးထားစွာတိကို တင်ဆက်ပီးလိုက်ပါရေ။
ရခိုင်ရိုးမ။ အဂုရခိုင်ပြည်နယ် မှာ အမျိုးသားနိ ဆိုပြီးကေ ဖြစ်ပေါ်လာဖို့ အတွက် ပြည်တွင်းပြည်ပညာရှင်တိ ဆွေးနွေးထားစွာတိ အကြံပီးထားစွာတိလည်း ပေါ်ပေါက်လာကတ်ပါဗျာယ်၊ ဒေပိုင် အမျိုးသားနိ တရပ်ဖြစ်လာဖို့ကို ဆရာကြီး အနိနန့် ဇာနိကိုသတ်မှတ်ကေ အကောင်းဆုံးဖြစ်လာဖို့လို့ မျှော်လင့်ပါလဲ။
ဦးကျော်ထွန်းအောင်။ အမျိုးသားနိကို တစ်ချို့ကရခိုင်ပြည်နယ်ကျဆုံးရေနိကို သတ်မှတ်ချင်ကတ်တေ သို့သော် ယင်းချင့်ရေ အမင်္ဂလာနိဖြစ်တေအတွက်နန့် အမျိုးသားနိဆိုစာက မင်္ဂလာနိမှ၊ အမင်္ဂလာနိတနိကို မင်္ဂလာနိ အဖြစ် သတ်မှတ်စွာ မကောင်းလို့ယူဆရေ၊ ယင်းချင့်ကိုယ့် အတွေး အခေါ်နန့်ပြောစာလေ။
ရခိုင်ရိုးမ။ ဆိုပါကေ ဆရာ ဒေ အမျိုးသားနိ ဆိုစွာမှာ ဇာအင်္ဂါရပ်တိ ရှိမှ ကောင်းပါဖို့လို့ထင်ပါလဲ။
ဦးကျော်ထွန်းအောင်။ အဓိကကတော့ကေ ဇာဘဲ ဖြစ်ဖြစ် အမျိုးသားနိဆိုစာမှာ၊ အမျိုးသား အသွင်သဏ္ဍာန် လက္ခဏာ ပေါ်လာရေနိကို သတ်မှတ်ရဖို့၊ ကြက်သရေ မင်္ဂလာရှိရေနိကို သတ်မှတ်ရဖို့ ဆိုကေ ငါရို့ အနီနန့်ကတောကေ အမျိုးသားနိကို ဖြစ်စီချင်ရေပါ့ အားလုံးကို ဥပမာ ရခိုင်ဆိုစာ မာရယုမင်းလက်ထက်က ဆင်းသက်တေလို့ယူဆရေ၊ မာရယုမင်းက စပြီးကေ ရခိုင်လို့ပေါ်ပေါက်ကေ မာရယုစရေနိရေ ငါရို့ရခိုင်ပြည် အမျိုးသားနိ၊ ယင်းပိုင်ရာဆိုခကေ နှစ်ကာလအားဖြင့်လည်း ရခိုင်အမျိုးသားတိရေ ထိုမှာနှစ်နန့်ချီ၊ ရှည်ကြာပြီးကေဆင်းသက်လာရေ ဆိုခါ သရုပ်လဲပေါ်လာဖို့လေ တစ်ချိုတစ်ချို့တစ်ချို့လူမျိုးတိက အမျိုး သားနိဆိုပြီး ပေါ်ပေါက်လာစွာရေ လွတ်လပ်ရေးရခါမှ ပေါ်လာစွာကိုး အမျိုးသားနိအဖြစ် သတ်မှတ်ခံရစွာကိုး၊ ငါရို့မှာက နှစ်နန့်ချီခရေ တကယ်လဲရှိခရေ တကယ်ဖြစ်ခရေ ခေတ်ကာလကို ကျော်ဖြတ်လာခါ ယင်းချင့်ရေ အမျိုးဂုဏ်ဇာတိဂုဏ်နန့် ရှိဖို့ တကယ့်တကယ်လည်း ယင်းနိရေ အမျိုးသားနိ ဖြစ်သင့်ရေနိတနိလို့ တစ်ယောက်တည်း ယူဆရေအနိန်နန့် အကြံပြုစာပါ။
ရခိုင်ရိုးမ။ ခုနားကဆရာပြောခစွာအထဲမှာပါလားရေပိုင် အားလုံး ရခိုင်ပြည်သူတစ်ရပ်လုံး၏ ဆန္ဒဖြစ်ဖြစ်၊ ပညာရှင်ရို့၏ ဆန္ဒဖြစ်ဖြစ် မတူရေ အမြင်သဘောထားတိကိုစုပနာ ပုံဖော်ကေ အောင်မြင်လာဖို့လို့ ကျနော် ယူဆမိပါရေ ဆရာအနိနန့်ဇာပိုင်မြင်ပါမသိ။
ဦးကျော်ထွန်းအောင်။ အမျိုးသားနိ ပုံဖော်မှုကတော့ကေ ရှိရှိသမျှ ရခိုင်တပြည်လုံးမှာ ၁၇ မြို့နယ်ရှိရေ၊ ၁၇ မြို့နယ်က ပညာရှင်တိသော်လည်းကောင်း ကိုယ်စီကိုယ်စီသော်လည်းကောင်း ခေါ်လာပြီး၊ သို့တည်းမဟုတ် မခေါ်ဘဲ အမျိုးသားနိကို ဒေနိကိုသတ်မှတ်ပီးဖို့အတွက် ကျနော်ရို့ရေ မျှော်လင့်ထားရေ၊ ဆုံးဖြတ်ဖို့လုပ် ထားပေါ့၊ ယင်းချင့်နန့် ပတ်သက်ပြီးကေ ဆွေးနွေးပီးပါဆိုပြီးကေ ဖြန့်ချလိုက်ကေ မြို့နယ်တိုင်းမှာ ရှိရှိသမျှ ရခိုင်သားတိုင်းကို ဖြန့်ချလိုက်တေ ဆိုခါ ရခိုင်သားတိုင်းမှတ်ချက် ပီးလို့ရရေ၊ ဥပမာအားဖြင့် ဆန္ဒကောက်ယူစာရို့ မတွိဆုံဘဲနန့် ဆန္ဒကောက်ယူလို့လဲရရေ ဆိုခါ ရခိုင်သားမှန်သမျှရေ ဒေချင့်ရေ မသင့်တော်ကား တစ်ယောက်က ပီးချင်ပီးဖို့ အရာတစ်ယောက်က ယင်းအပေါ်မှာ အရာထပ်ထပ်ပြီးကေ အ ကျဉ်းချုပ်ပြီးကေ ဖော်သင့်ဖော်ထုတ်ပြီးကေ သင့်မသင့်ကိုဆုံးဖြတ်ပြီးကေ အများသဘောတူဆုံးဖြတ်လားဖို့ ဖြစ်တေ။
ရခိုင်ရိုးမ။ ဆရာအနိန်နန့် ခုနားက ဆရာကြီးဦးကျော်ထွန်းအောင် ပြောလားခပိုင် မာရယု နိကိုဘဲ သတ်မှတ်ဖို့လား သို့တည်းမဟုတ် တခြားနိကိုကား သတ်မှတ်ဖို့ အနိန်အထားရှိပါလား။
ဦးဦးလှမြင့်။ အမျိုးသားနိကို အားလုံးအထဲကိုရောက်တေနိ ပေါင်းစည်းရေနိကို သတ်မှတ်ချင်ရေ ကိုကျော်ထွန်းအောင် ပြောစာမငြင်း၊ ယေကေလည်းသော့ တစ်စုံတခုအောင်မြင်မှု ရရေနိကို တနိနိချီတက်ပြီးမှ ယင်းနိကိုသတ်မှတ်စွာ အဆင်ပြေဖို့လားလို့ စိုင်းစားရေ ခံစားမှုလေ၊ ခံစားစာပြောစာ အခင်အနီနန့် မာရယုကိုစတည်ရေနီကိုလည်း အခင်က မငြင်း၊ သို့သော် ဂုနားကပြောရေပိုင် ရခိုင်လူထုတရပ်လုံးက တခုခုကို အောင်မြင်မှုရ ရေနိပေါ့ ဇာချင်လို့မဆိုလို တခုခုကို အောင်မြင်မှုရရေနိ ယင်းချင့်ကို သတ်မှတ်စွာ ပိုကောင်းရေလို့ထင်ရေ၊
(ဒေစကားဝိုင်းရေ ရခိုင်ရိုးမ၏ မူပိုင်ဖြစ်ပါရေအတွက် ထပ်ဆင့် ဖော်ပြလိုသူတိ အနိန်နန့် သတင်း ရင်းဇာတ်မြစ် နိန်ရာမှာရခိုင်ရိုးမအမည်ကိုအသုံးပြုစီလိုပါသည်။ အသံဖိုင်ကို အသုံးပြုလိုသူတိ
rakhaingroma 2011 @ gmail.com သို့ ဆက်သွယ်နိုင်ပါသည်။ )
တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီးတွေ့ဆုံခဲ့မူအပေါ် ဦးအေးသာအောင်နှင့်တွေ့ဆုံမေးမြန်းခန်း
အဲဒီမှာ ၀ီလျံဟိတ်နဲ တွေ့တဲ့ အခါ တိုင်းရင်းသား ခေါင်းဆောင်တွေက ဘာတွေကို အဓိကထားပြီး တင်ပြခဲ့ကြသလဲ ဆိုတာ နည်းနည်းလောက်ရှင်းပြပေးပါ။
အဓိက ကတော့ ကျနော်တို့ အခုဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့ ပတ်သတ်ပြီး ပြည်တွင်းစစ်ကို အမြန် ရပ်စဲဖို့ရယ်။ နောက်ပြီး ပြည်တွင်းစစ်ဖြစ်ရတဲ့ အကြောင်းနဲ့ ပြည်တွင်းစစ်ဖြစ်နေတဲ့ အခြေအနေ တွေကို တင်ပြ ပြောဆိုကြတယ်။ ပြည်တွင်းစစ်ကို ရပ်စဲနိုင်ဖို့ ဆိုရင် တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို ပေးပြီးတော့ ပြည်ထောင်စုကို တည်ဆောက်ဖို့ လိုပါတယ်။ အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မှသာ အခုဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို ရပ်စဲနိုင်မယ် ဆိုတာ တွေကို တင်ပြခဲ့ပါတယ်။ နောက်တစ်ချက်က အထူးသဖြင့် ဦးခွန်ထွန်းဦး တို့လို တိုင်းရင်းသား ခေါင်းဆောင်တွေ၊ မင်းကိုနိုင်တို့လို ကျောင်းသား ခေါင်းဆောင်တွေကို လွှတ်ပေးမှသာ အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်နဲ့တကွ အမျိုးသားပြန်လည် သင့်မြတ်ရေး တည်ဆောက်နိုင်ဖို့ ဆိုတဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ထို့အတူ ဒီနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကိုလည်းပဲ ဆွေးနွေးပါတယ်။
ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်က ဘာတွေ ပြန်ပြောခဲ့ ပါသလဲ။
သူက ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေ အပေါ် အထူးစိတ်ဝင်စားပြီးတော့ ပြည်တွင်းစစ် ရပ်စဲမယ့်ကိစ္စ၊ ပြီးတော့ အကျဉ်းသားတွေကို လွှတ်ပေးဖို့ ကိစ္စတွေကိုလည်း အလေးနက်ထားပြီးတော့ ပြောပါတယ်။ ဒီကိစ္စရပ်တွေကို နေပြည်တော်မှာ ဆွေးနွေးတင်ပြခဲ့တယ်ဆိုတဲ့ အကြောင်းတွေကိုလည်း ပြောပြပါတယ်။
ဦးအေးသာအောင် အနေနဲ့ ၀ီလျံဟိတ် မြန်မာနိုင်ငံကို လာတဲ့ ခရီးစဉ် အပေါ်မှာ ဘယ်လို သဘောအမြင်ရှိပါသလဲ။
ဗြိတိန် နိုင်ငံ အပါအ၀င် နိုင်ငံတကာက မြန်မာနိုင်ငံရဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ဖြစ်စဉ်တွေ အပေါ်မှာ အထူး စိတ်ဝင်တစား ရှိနေတယ်။ ဒါကြောင့် နှစ်ပေါင်း ၅၀ ကျော်အတွင်း နိုင်ငံခြားရေး ၀န်ကြီး တစ်ဦး ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူ့ခရီးစဉ်ဟာလည်း ထူးခြားမူ၊ တိုးတက်မူတွေ ရှိလာမှာ ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စိတ်ဝင်တစားနဲ့ မေးမြန်းတယ်။ ဆွေးနွေးတယ်ဆိုကတည်းက တစ်စုံတစ်ရာ နိုင်ငံရေးအရ ဖြစ်ပေါ် ပြောင်းလဲမူတွေ ဖြစ်ဖို့ သူတို့ လိုလားနေတယ်ဆိုတာကတော့ သေချာပါတယ်။ ဒါကြောင့်လည်း လာတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အဲဒီလို ပြောင်းလဲ တိုးတက်ဖို့ အတွက်လည်းဘဲ သူတို့ အနေနဲ့ ဆက်လက်ပြီး မြန်မာ အစိုးရကို တွန်းအားပေးသွားမယ်ဆိုတဲ့ အကြောင်းတွေကို ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ လိုတယ်။ ပြီးတောပြည်တွင်းစစ်ကို ရပ်စဲဖို့ လိုတယ်လို့ မြန်မာ အစိုးရကို သူက တွန်းအားပေး ပြောဆိုသွားတယ်။ ဒါတွေကို ဦးသိန်းစိန် အစိုးရက လိုက်လျော ပေးမယ်လို့ကော မြင်မိပါသလား။
လောလောဆယ် အခြေမှာကတော့ မမြင်သေးပါဘူး။ ဒါပေမဲ့ အတိုင်းအတာတစ်ခုထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေက တဆင့် ဖြစ်လာနိုင်စရာတွေတော့ တွေ့နေရပါတယ်။ NLD ကလည်း တရားဝင်ပါတီ မှတ်ပုံတင်တယ်။ ကြားဖြတ် ရွေးကောက်ပွဲလည်း ၀င်မယ်။ အဲဒီရွေးကောက်ပွဲက တဆင့် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပါလီမန်ထဲကို ရောက်လာမဲ့ အနေအထားတွေ ရှိနေတယ်။ အဲဒီကနေ တိုးတက် ဖြစ်ပေါ်လာမယ့် အလားအလာတွေတော့ ရှိနေတယ်လို့တော့ သုံးသပ်လို့ရပါတယ်။
ဝီလျံဟိတ်နဲ ဦးအေးသာအောင်တို့နဲ ဘယ်မှာတွေ့ကြပါသလဲ။
တိုင်းရင်းသား ညီနောင် (၅) ပါတီ အပါအ၀င် တစ်ခြား တိုင်းရင်းသား အဖွဲ့တွေ ကျွန်တော် အပါအ၀င် တွေ့တာကတော့ ဗြိတိသျှ သံအမတ်ကြီး အိမ်မှာ ဖြစ်ပါတယ်။ ညနေ ၅နာရီကနေ ၆ နာရီထိ ဖြစ်ပါတယ်။
CRPP နဲ တွေ့တယ်လို့ သိရပါတယ်။ ဘယ်မှာ တွေ့တာပါလဲ။
ဒေါ်အောင်ဆန်းစုကြည်ရဲအိမ်မှာ တွေ့ပါတယ်။ ညနေ ၁၀ နာရီ ၁၅ မိနစ်ကနေ ၁၁ နာရီထိတွေ့ပါတယ်။ (ပြီး)
-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ
သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်ပြည့် နှစ်ပတ်လည် ကာလအတွင်းမှာပဲ ရခိုင်ပြည်နယ် စစ်တွေမြို့ က သက်တော် ၅၇ နှစ်၊ ၀ါတော် ၃၇ ၀ါ ခန့်ရှိ ဆရာတော် အရှင်ပညာစာရကို စစ်အာဏာပိုင်များက နှစ်ရှည် ထောင်ဒဏ် ချမှတ်ခဲ့ သည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓ၀ိဟာရကျောင်းတိုက်မှ ရခိုင်သမိုင်း သုတေသီ အရှင်ပညာစာရကို ဇူလိုင်လ ၂၇ ရက်နေ့ တွင် အာဏာပိုင်များက လာရောက် ဖမ်းဆီးခဲ့ပြီး ကျောင်းတိုက်ကိုပါ ချိပ်ပိတ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဆရာတော် စောင့်ရှောက်ထားသော မိဘမဲ့ကလေး ၁၅၀ ကျော်ကို အာဏာပိုင်များက အစိုးရ လူမှုဝန်ထမ်း ဦးစီးဌာန များသို့ ပို့ဆောင်ခဲ့ပြီး ဆရာတော် စုဆောင်းထားသော ရခိုင် ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကိုလည်း သိမ်းယူခဲ့သည်။
ဆရာတော်ကို စစ်တွေ ခရိုင်တရားရုံးတွင် ပုဒ်မ ၇ ခုနှင့် တရားစွဲဆို စစ်ဆေးခဲ့ကာ စက်တင်ဘာ ၂၉ ရက်နေ့တွင် နှစ်ရှည် ထောင်ဒဏ် ချမှတ်ခဲ့ ခြင်းဖြစ်သည်။
ဆရာတော် အရှင်ပညာစာရ ၏ တရားခွင် လွတ်လပ် မျှတမှု နှင့် စပ်လျဉ်း၍ ဆရာတော်၏ ရှေ့နေ ဒေါ်အေးနုစိန်ကို ဧရာဝတီ သတင်းထောက် မင်းနိုင်သူက ဆက်သွယ် မေးမြန်း ထားပါသည်။
မေး။ ။ ပြီးခဲ့တဲ့လ ၂၉ ရက်နေ့က အရှင်ပညာစာရကို ထောင်ဒဏ် ၈ နှစ် ၃ လ နဲ့ ဒဏ်ငွေ ကျပ် ၁ သောင်း ချမှတ်လိုက်ပြီ ဆိုတော့ ဘာတွေဆက်လက် ဆောင်ရွက်ပေးသွားဖို့ ရှိပါသလဲ။
ဖြေ။ ။ ဒဏ်ငွေ တသောင်းကိုတော့ ပေးဆောင်လိုက်ပါပြီ။ နောက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၂ ၊ ၂၉၅ ၊ ၄၀၆ နဲ့ နိုင်ငံခြား ငွေကြေး လက်ဝယ် ကိုင်ဆောင်တယ် ဆိုတဲ့ ပုဒ်မ ၂၄(၁) အမှုတွေအတွက်ကို အယူခံတင်သွင်းသွားဖို့ ရှိပါတယ်။
မေး။ ။ ဆရာတော်ကို မာတေဇ လူမှုရေး အဖွဲ့အစည်းက လူတချို့က တိုင်တန်းခဲ့တယ်လို့ ကြားထားရပါတယ်။ တကယ်တမ်း တရားစွဲဆိုတဲ့အခါမှာ ဘယ်သူက တရားလိုအဖြစ်နဲ့ စွဲခဲ့တာပါလဲ။
ဖြေ။ ။ အမှုတမှုမှာ ဦးထွန်းသိန်း ဆိုတဲ့ နာမည်နဲ့ အမှုစွဲတင်ပြီးတော့၊ နောက်တမှုမှာတော့ ဦးထွန်းသိန်းရဲ့ တိုင်တန်းမှုကို မူတည် ပြီး အမှတ် ၁ ရဲစခန်းမှူး ဦးမြို့ဆွေက တရားလိုအနေနဲ့ ၂ မှုခွဲပြီး စွဲပါတယ်။
ဦးထွန်းသိမ်းရဲ့ ပထမတိုင်စာအရ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀၊ ၂၉၂၊ ၂၉၅၊ ၄၀၆၊ ၅၀၅ (ခ) နဲ့ ပြစ်မှုဆိုင်ရာ မူလအမှု အမှတ် ၆၁/ ၂၀၁၀ နဲ့ စွဲဆိုခဲ့ပြီး ရဲအုပ်ဦးမြို့ဆွေကတော့ ပြစ်မှုဆိုင်ရာ မူလအမှုအမှတ် ၆၂/ ၂၀၁၀မှာ နိုင်ငံခြားငွေ လဲလှယ်ခြင်းဆိုင်ရာ စည်းမျဉ်း သတ်မှတ်မှု ဥပဒေပုဒ်မ ၂၄ (၁)နဲ့ တမှုစွဲဆိုပါတယ်။ နောက် ပြစ်မှုဆိုင်ရာ မူလအမှုအမှတ် ၆၃/၂၀၁၀ မှာ စည်ပင် အက် ဥပဒေ ပုဒ်မ ၆၁ (ဂ) နဲ့လည်း ဦးမြို့ဆွေကပဲ တရားလို ပြုလုပ်ပါတယ်။
မေး။ ။ ဆရာတော်နဲ့ စွပ်စွဲခံရတဲ့ ဒေါ်မာလာက တရားရုံးမှာ သူနဲ့ ငြိစွန်းမှုမရှိပါဘူးလို့ ထွက်ဆိုခဲ့တယ်လို့ ကြားသိထားရပါတယ်။ ဟုတ်ပါသလား။
ဖြေ။ ။ ဟုတ်ပါတယ်။
မေး။ ။ တရားခွင်အတွင်းမှာ တရားလိုဘက်က သက်သေ ဘယ်နှဦး တင်သွင်းခဲ့တာပါလဲ။
ဖြေ။ ။ အမှုအမှတ် ၆၁/ ၂၀၁၀အတွက် တရားလိုပြသက်သေ ၂၅ ဦးတင်သွင်းပါတယ်။ နောက်ထပ် ၂ ဦးတင်သွင်းတဲ့အခါ ၁ ဦး ကိုပဲ စစ်မေးပြီး ၁ ဦးကို ပယ်ခဲ့ပါတယ်။ တရားလိုပြသက်သေ ၂၆ ဦး စစ်မေးခဲ့ရပါတယ်။
မေး။ ။ ဆရာတော်ဘက်က သက်သေ ၃၄ ဦးတင်ခဲ့တယ်။ ဒီသက်သေတွေကို ရဲက ဖိအားလိုက်ပေးတာတွေရှိခဲ့ပြီး နောက်ပိုင်းမှာ သက်သေတချို့ကို မတင်သွင်းတော့ဘူးလို့ သိရပါတယ်။ ဘယ်လိုကြောင့် မတင်သွင်းခဲ့တော့တာပါလဲ။
ဖြေ။ ။ ကျမက အမှုတွေအတွက် သက်သေ ၃၄ ဦး တင်ပြခဲ့ပါတယ်။ ဒါပေမယ့် ၆၁/ ၂၀၁၀ အတွက် ဆရာတော်က စွဲချက်ကို မကျေနပ်လို့ ပြင်ဆင်နေတဲ့ အချိန်မှာပဲ ပြည်နယ်တရားရုံးက အကျဉ်းနည်းနဲ့ ပလပ် လိုက်တယ်။ အဲဒီအချိန်မှာပဲ ဆရာတော်ကို စစ်တယ်ဆိုတော့ ဆရာတော်က ကိုယ်တိုင်ပဲအစစ်ခံပြီး ကျန်သက်သေတွေကို မပြတော့ဘူးဆိုပြီး ရပ်တည်ခဲ့တာပါ။ အဲဒီလို ပြည်နယ်က အကျဉ်းနည်းနဲ့ ပြင်ဆင်မှုကို ပလပ်လိုက်တဲ့အပေါ် တရားရုံးချုပ်ကို ပြင်ဆင်မှုဆက်တင်ပါတယ်။ ဒါပေမယ့် ဒီမှာတော့ ဒီပုဒ်မနဲ့ပဲ ဆရာတော်ကို စစ်ဆေးပြီး အမိန့်ချလိုက်တဲ့ အဆင့်ကို ရောက်သွားခဲ့ပါတယ်။
မေး။ ။ တရားခွင် မစတင်မီကစပြီး တရားလိုပြသက်သေအဖြစ် ထွက်ဆိုမယ့် ဒေါ်မာလာတို့လို အရေးကြီး သက်သေတွေကို တရားလိုပြုလုပ်မယ့် ရဲစခန်းထဲမှာ ခေါ်ထားခဲ့တာဟာ တရားဥပဒေနဲ့ လျော်ညီပါရဲ့လား။
ဖြေ။ ။ ကျမ အဲဒီအကြောင်းအချင်းအရာတွေ ပေါ်လွင်အောင် စစ်မေးခဲ့ပါတယ်။ သူတို့ကလည်း ၀န်ခံခဲ့ကြပါတယ်။ ဥပဒေနဲ့ ညီ၊ မညီ သုံးသပ်ဖို့က တရားရုံးရဲ့ အပိုင်းပါ။ ကျမတို့ကတော့ သူတို့ရှိနေခဲ့တဲ့ အနေအထားတွေကို ရုံးရှေ့သက်သေခံချက်တွေမှာ ပေါ်လွင်အောင် စစ်မေးထားခဲ့ပါတယ်။
မေး။ ။ စောစောပိုင်းက ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၇ ခုနဲ့ စွဲဆိုတယ်လို့ ကြားပါတယ်။ နောက်ပိုင်းမှာ ပုဒ်မ ၂ ခု မပါတော့ဘူး ဆိုတာ ဘယ်လိုကြောင့်ပါလဲ။
ဖြေ။ ။ ၆၁/ ၂၀၁၀ အတွက် မူလစွဲဆိုတဲ့ ပုဒ်မက ၅ ခုပါ။ တရားလိုပြသက်သေ ၂၆ ဦးကို စစ်ပြီးတဲ့အခါ ဒီ ပုဒ်မတွေနဲ့ စွဲသင့်၊ မစွဲသင့် ကျမတို့က လျှောက်လဲချက် ပေးရပါတယ်။ အဲဒီလို ပေးတဲ့အချိန်မှာ ဥပဒေ အကြံပြုရုံးကလည်း ပုဒ်မ ၄၂၀ နဲ့ ၅၀၅ (ခ) ၂ ခုဟာ မစွဲသင့်ကြောင်း အကြံပြုတဲ့အတွက် တရားရုံးက ဒီပုဒ်မ ၂ ခုကို ဖြုတ်လိုက်တာပါ။ ကျန်ပုဒ်မတွေနဲ့ စွဲချက်တင်တာကိုလည်း ကျမတို့ မကျေနပ်တဲ့အတွက် ပြည်နယ်ရုံးကို ပြင်ဆင်မှုအမှတ် ၁၁၃/ ၂၀၁၀ နဲ့ တက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနေ့ ချက်ချင်း ပါပဲ ပလပ်ခံခဲ့ရတယ်။ ဒါနဲ့ ၂၉ ရက်နေ့မှာပဲ နိုင်ငံတော်တရားရုံးချုပ်ကို ပြင်ဆင်မှု ဆက်တက်ပါတယ်။ အဲဒီလို ပြင်ဆင်မှု တက် ရောက်ထားဆဲ ကာလမှာပဲ ခရိုင်တရားရုံးက ဆရာတော်ကို စစ်ဆေးပါတယ်။ ဒါကြောင့် မူလက တင်ပြထားတဲ့ သက်သေ ၃၄ ဦး ကို မတင်ပြတော့ဘဲ ဆရာတော် ကိုယ်တိုင်ပဲ အစစ်ခံပါတယ်။ အဲဒီနောက် နှစ်ဘက် လျှောက်လဲချက်တွေ ကြားနာပြီး ပြစ်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။
မေး။ ။ ဆရာတော်ရဲ့ ရှေ့နေတဦးအနေနဲ့ ဆရာတော် အထိန်းသိမ်းခံနေရစဉ် အတွင်းမှာ အမှုအတွက် ပြင်ဆင်နိုင်ဖို့ ဘယ်နှကြိမ် တွေ့ဆုံခွင့် ရခဲ့ပါသလဲ။
ဖြေ။ ။ ကျမနဲ့ တွဲဖက်လိုက်ပါတဲ့ ရှေ့နေမလေး ၂ ဦးနဲ့အတူ ဆရာတော် အထိန်းသိမ်းခံထားရတဲ့ ထောင်အတွင်းမှာ ၂ ကြိမ် တွေ့ခွင့်ရပါတယ်။
မေး။ ။ ဒီအမှုအတွက် ၂ ကြိမ်ပဲတွေ့ခွင့်ရတာဟာ လျှောက်လဲချက်တွေ ပြင်ဆင်ဖို့ လုံလောက်တဲ့အချိန်ရခဲ့တယ်လို့ ပြောနိုင် ပါ့မလား။
ဖြေ။ ။ ဒီအမှု တခုလုံးရဲ့ အနေအထားကို ကြည့်မယ်ဆိုရင်တော့ ပထမ တရားလိုပြသက်သေ ၂၆ ဦးကို စစ်ဆေးတဲ့ အဆင့်မှာ တော့ တရက်ခြား စစ်ဆေးပါတယ်။ ဆရာတော်ကို စွဲချက်တင်ပြီးတဲ့နောက်မှာတော့ နေ့စဉ်ရက်ဆက် စစ်ဆေးတဲ့ အနေအထားကို ကျမ ကြုံခဲ့ရပါတယ်။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ တောက်လျှောက်ကြီးပဲ စစ်တာပါ။ ဒီလို စစ်နေတဲ့ ရုံးချိန်း ၆ ချိန်း လောက် ကျော်ပြီး နောက်ပိုင်းမှာမှ ကြားမှာ ၁၅ မိနစ် နားခွင့်ပေးခဲ့ပါတယ်။ အဲဒီလို အနေအထားမျိုးမှာ ကျမတို့ဘက်က အမှု အတွက် ပြင်ဆင်ချိန် လုံလောက်မှု ရှိတယ်၊ မရှိတယ်ဆိုတာကို ပြောစရာမလိုဘဲနဲ့ ဘယ်သူမဆို ချင့်ချိန်ပြီး သုံးသပ်နိုင်တယ်လို့ပဲ ကျမ ပြောချင်ပါတယ်။
ဧရာဝတီတွင် ဖတ်ရှုရန် ...
အင်္ဂလိပ် ဘာသာဖြင့် ဖတ်ရှုရန် ...
ဆရာတော် အရှင်ပညာစာအား နောက်ဆုံး တရားစီရင်သည့်နေ့က တရားရုံးသို့ ကိုယ်တိုင် သွားရောက်ခဲ့သူ ရဟန်းတော်နှင့် အင်တာဗျူး
မေး။ ။ ဆရာတော် အရှင် ပညာစာရ တရားစီရင်တဲ့နေ့က ဦးဇင်း မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းလေးကို ပြောပြပါလား အရှင်ဘုရား။
ဖြေ။ ။ အဲဒီနေ့က ဦးဇင်းနဲ့ ဦးဇင်းတို့ကျောင်းက ရဟန်း သုံးပါး အခြေအနေ ဘယ်လိုရှိတယ် ဆိုတာကို သိချင်တဲ့ စစ်တွေ ခရိုင်တရားရုံးကို သွားခဲ့ကြပါတယ်။ ဘယ်သူ့ကိုမှ တရားရုံးထဲကို ၀င်ခွင့်မပြူဘူး။ ရဲသားတွေကို တရားရုံး အပြည့်ချထားတယ်။ ရဲဆိုင်ကယ်တွေရော၊ ကားတွေရော အပြည့်ဘဲ။ စရဖတွေရော၊ SB တွေရော အပြည့်ဘဲ။ တရားရုံးရှေ့ ပတ်ပတ်လည်မှာ လူတွေ အပြည့်ဘဲ။
မေး။ ။ အပြည့်ဆိုတော့ ပြည်သူလူထုက ဘယ်လောက်များလဲ အရှင်ဘုရား။
ဖြေ။ ။ ၁၀၀ ကျော်မယ်ထင်တယ်။
မေး။ ။ ရဟန်းတော်တွေက အရှင်ဘုရားတို့ ကျောင်းက လေးပါးတည်းလား ဘုရား။
ဖြေ။ ။ ရဟန်း အပါး ၂၀ လောက်ရှိမယ် ထင်တယ်။ ဝေသာလီ ဘုန်းတော်ကြီး စာသင်ကျောင်းက ဆရာတော်လည်း လာပါတယ်။ သူ့ကိုလည်း ရဲတွေက တရားရုံးထဲကို ၀င်ခွင့် မပြုဘူး။
မေး။ ။ နောက်ထပ်ဘယ်သူတွေ လာသေးလဲ အရှင်ဘုရား။
ဖြေ။ ။ ဆရာတော် ပညာစာရရဲ့ ဆွေမျိုးတွေနဲ့ ဆရာတော်ကို လေးစားကြည်ညိုကြတဲ့ တပည့် တကာ တကာမတွေ ဖြစ်ကြပါတယ်။ မြင်ရတာကတော့ တော်တော် ၀မ်းနည်း စရာကောင်းပါတယ်။ ဆရာတော်ရဲ့ ဆွေမျိုးတွေကိုလည်း တရားရုံးကို တက်ရောက်နားထောင်ခွင့် မပြုဘူး။ အပြင်ကဘဲ စောင့်နေကြရတယ်။ ဆရာတော်ကို ထောင် ၈ နှစ်နဲ့ ၃ လ ချလိုက်တယ်ဆိုတဲ့ သတင်း ထွက်လာတာနဲ့ ဆရာတော်ရဲ့ ဆွေမျိုးတွေနဲ့ တပည့် တကာ တကာမ တွေ ငိုလိုက်ကြတာ ဦးဇင်းတောင် မျက်ရည် လည်မတတ် ဖြစ်သွားခဲ့ရတယ်။
မေး။ ။ တရားစီရင်ပီးတဲ့ နောက်မှာ ဆရာတော်ကို ဆွေမျိုးတွေက တွေ့ခွင့်ရပါသလား အရှင်ဘုရား။
ဖြေ။ ။ ဆရာတော်ရဲ့ ဆွေမျိုး တစ်ဦးဘဲ တွေ့ခွင့်ရတယ်လို့ သိရပါတယ်။ ကျန်တဲ့သူ ဘယ်သူမှ တွေ့ခွင့်မရဘူးလို့ သိရပါတယ်။
မေး။ ။ ရဲတွေက တရားရုံးထဲကို ဘာကြောင့် ၀င်ခွင့် မပြုတာလဲ အရှင်ဘုရား။
ဖြေ။ ။ ဦးဇင်းတို့လည်း မသိဘူး။ မ၀င်ရဘူးဆိုတော့ ဦးဇင်းတို့လည်း အပြင်ကဘဲ စောင့်ကြည့် နေကြတယ်။ ရဲတွေက တရားရုံးနား ကပ်လာတဲ့ သူတွေကို ဓါတ်ပုံတွေ လိုက်ရိုက်တော့ လူတွေက ရုံးနားကို သိပ်မကပ်ကြဘူး။ ပီးရင် ရဲတွေက လာတွေသူတွေကို ဘာကြောင့်လာတာလဲ။ ဆွေမျိုးတော်လား စသဖြင့် မေးမြန်းတာတွေ ရှိတယ်။ လူတွေ အနေနဲ့ ရဲက ဓါတ်ပုံတွေ လိုက်ရိုက်တော့ ကြောက်ကြတယ်လေ။ ရုံးနာကို လာတော့ လာကြတယ်။ ဓါတ်ပုံ လိုက်ရိုက်တော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာကို စိုးရိမ်ပြီး လူတွေက လာကြတယ်။ ချက်ချင်း ပြန်သွား ကြတယ်။
မေး။ ။ ဆရာတော်ကို ဘယ်အမူတွေနဲ့ ထောင်ချတယ်လို့ သိရပါသလဲ အရှင်ဘုရား။
ဖြေ။ ။ ထောင်ချတာက ၈ နှစ်နဲ့ သုံးလ၊ အလုပ်ကြမ်း၊ ငွေ တစ်သောင်း ဒဏ်တပ် တယ်လို့ သိရ ပါတယ်။ နိုင်ငံခြားက လူတွေရဲ့ အကူအညီနဲ့ ကျောင်းကို ရပ်တည်ထားတော့ နိုင်ငံခြားသားတွေ လှူတဲ့ နိုင်ငံခြားငွေကို ကိုင်ဆောင်တဲ့ အတွက် ထောင် သုံးနှစ် အပါအ၀င် သာသနာညိုးနွမ်းစေမူ စတဲ့ အမူတွေနဲ့ ထောင်ချလိုက်တာ ဖြစ်ပါတယ်။
မေး။ ။ ဆရာတော်ကို ခုလို ထောင်ချလိုက်တဲ့ အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ လူမျိုးရေးအရ အနိုင်ကျင့်တယ်လို့ မြင်တယ်။
မေး။ ။ ဘာကြောင့်ပါလဲ အရှင်ဘုရား။
ဖြေ။ ။ ဆရာတော်ဟာ ရခိုင်သမိုင်းသုတေသီ တစ်ဦးဖြစ်တဲ့ အတွက် ရခိုင်လူမျိုးတွေအတွက် အထူ တန်ဖိုးရှိတဲ့ ဆရာတော် တပါးဖြစ်တယ်။ ပီးရင် ဆရာတော်ဟာ ပရဟိ ဆရာတော် တစ်ပါး ဖြစ်ပြီး လူအများကို ကူညီတဲ့ ရဟန်း တစ်ပါး ဖြစ်တယ်။ ရခိုင်သမိုင်း ဗမာသမိုင်းကို ကောင်းမွန်စွာသိသူ တစ်ဦး ဖြစ်တယ်။ ပီးရင် ကာယကံရှင် အမျိုးသမီးတွေက သူတို့နဲ့ ကျူးလွန်တာ မရှိပါဘူးလို့ အတိအလင်း ထွက်ဆိုထားပေမယ့် ထောင် ၈ နှစ်နဲ့ ၃ လ ချတယ်ဆိုတော့ သက်သက် မတရား သဖြင့် အနိုင်ကျင့် တယ်လို့ မြင်တယ်။
( အင်တာဗျူးကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် ထုတ်လွှင့်မည့် လွတ်လပ်သော အာရှသံ (မြန်မာပိုင်း) ရခိုင်အစီအစဉ်တွင် နားထောင်နိုင်ပါသည်။)
နိရဉ္စရာတွင် ဖတ်ရှုရန် ...
အမေရိကန် နိုင်ငံမှာ နေထိုင်တဲ့ ဒေါက်တာ အေးကျော်က ၂၂၇ နှစ်ပြည့်မြောက်တဲ့ ရခိုင်ဘုရင်နိုင်ငံတော်နဲ့ အချုပ်အချာအာဏာကျဆုံးတဲ့ နေ့မှာ ခုလို အမှတ်တရ စကားတွေ လက်ဆောင်ပါးထားပါတယ်။
ရခိုင်ဘုရင့် နိုင်ငံတော် ဘာကြောင့် ကျဆုံးခဲ့ရသလဲ။ အနှစ်ချုပ် ပြောပြပေးပါ။
ရခိုင် ဘုရင့် နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခဲ့ရတာဟာ ရခိုင် အမျိုးသားတွေ စည်းလုံးညီညွှတ်မူ ပြိုကွဲသွားတဲ့ အတွက် ကျဆုံးရတာ ဖြစ်တယ်။ အထူးသဖြင့် ရခိုင် အချင်းချင်း အာဏာလုကြပြီး ခေါင်းဆောင်တွေက မိမိတို့ အာဏာရရှိရေး ကိုဘဲ ကြည့်ခဲ့ကြတယ်။ အရေးကြီးဆုံးက မိမိ အမျိုးသားရေး ပြဿနာကို မိမိအတွင်းမှာ မဖြေရှင်းဘဲ သူတစ်ပါးကို သွားခေါ်ရာကနေ ခုလို ထီးကျိုးစည်ပေါက် ကျွန်သဘောက်ဘ၀ကို ရောက်ခဲ့ကြရတာ ဖြစ်ပါတယ်။
ရခိုင်လူငယ်တွေ အတွက် ဘယ်လို သင်္ခန်းစာမျိုး ယူသင့်တယ်လို့ ထင်ပါသလဲ။
သင်္ခန်းစာ ယူသင့်တာက ခုဆိုရင် နှစ်ပေါင်း နှစ်ရာကျော်ရှိပြီ။ နှစ်ပေါင်း နှစ်ရာကျော်မှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေ အရပ်ရပ်ကို သင်္ခန်းစာ မယူနိုင်ကြသေးဘူးဆိုရင်၊ ယူဖို့ မထိုက်တန်ဘူးလို့ မြင်နေ ပြောနေကြမယ်ဆိုရင် ကျွန်တော်တို့ ရခိုင် တပြည်လုံး သိပ်မကြာခင် ပျောက်သွား လိမ့်မယ်လို့ ပြောလိုပါ တယ်။
ထိမ်းသိမ်း စောင့်ရှောက်မူ အပိုင်းတွေမှာကော ဘယ်လို မြင်ပါသလဲ။
ရခိုင်သားတိုင်း ရခိုင်သားတိုင်းဟာ အချင်းချင်း ညီညွတ်စွာနဲံ လက်တွဲ လုပ်ဆောင် ကြရမယ်။ ကြိုက်တာရှိတယ်။ မကြိုက်တာ ရှိတယ်။ ဒါပေမယ့် ဆရာကြီးတို့ရဲ့ ရည်မှန်းချက်သည် ဘာပါလဲဆိုလို့ရှိရင် ကိုယ်ပိုင်ဆုံးဖြတ်နိုင်ခွင့်၊ ရည်မှန်းချက်ဟာ အဓိက အချက်ပါ။ အဲဒီအ ချက်နဲ့ ပတ်သက်လို့ ဦးသာဘန်းကလည်း ဆရာကြီးကို ပြောဖူးပါတယ်။ အဲဒီလမ်းစဉ်လည်း အင်မတန် မှန်ပါတယ်။ နောက်တချက်က ကျွန်တော်တို့ ရခိုင်ပြည်မှာ ကိုယ့်ပြည်၊ ကိုယ့်ရွာ၊ ကိုယ့်နိုင်ငံကို တိုးတက်အောင် တည်ထောင်ခြင်းဟာ ဘယ်သူ့ကိုမှ နစ်နာစရာ အကြောင်းမရှိပါဘူး။
နိုင်ငံတကာမှာ ရခိုင်နိုင်ငံတော် ကျဆုံးနေ့ အခမ်းအနားတွေ လုပ်နေ ကြတဲ့ အပေါ်ကို ကို ဘယ်လိုမြင်ပါသလဲ။
ရခိုင်ပြည်မှာ ရှိတဲ့ ရခိုင်လူငယ်တွေအားလုံး၊ နိုင်ငံခြားမှာ ရောက်နေတဲ့ ရခိုင်လူငယ်တွေ အားလုံးဟာ ခုလို နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးတဲ့နေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပသွားရမယ်။ သမိုင်းမှာ ကိုယ့်လူမျိုးနဲ့ သက်ဆိုင်ပီး အရေးကြီးတဲ့ နေ့ တစ်နေ့ကို ကျင်းပ ဖေါ်ထုတ်တာဟာ လုပ်ရမယ့် အလုပ် ဖြစ်တယ်။ ဘယ်သူ့ကိုမှ စော်ကားတာ မဟုတ်ပါဘူး။ ဒါ့ပြင် ဒီလို ကျင်းပတာဟာ ရခိုင်ရဲ့ သတ္တိ၊ ရခိုင်ရဲ့ ဇွဲ၊ ရခိုင်ရဲ့ ၀ိရိယ ကို သမိုင်းစဉ်နဲ့ ချီပြီး ဖေါ်ပြတာဖြစ်ပါတယ်။
မြန်မာ လွတ်လပ်ရေး ရပြီးခေတ်မှာ ရခိုင်တွေ လက်ရှိ အခြေအနေကို ဘယ်လို မြင်ပါသလဲ။
၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရလို့ ပြောပေမယ့် တကယ့် ပြည် ထောင်စု အစစ်အမှန်မဟုတ်။ ဗမာနိုင်ငံရဲ့ အခြေခံဥပဒေကို အသေအချာ လေ့လာကြည့်၊ ပြည်ထောင်စု စနစ် မဟုတ်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့မှာ တဖြည်းဖြည်း ဖွတ်ကျောကို ပြာစုသလို ဆင်းရဲလာတာဟာ အခုထိ ဆင်းရဲလာတုန်း ဖြစ် တယ်။ ထွက်ပေါက် မရှိသေးဘူး။
စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင်ကော
တကယ်တန်း စစ်မှန်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ တည်ထောင်ကြမယ်ဆိုလို့ရှိရင် ညီအစ်ကို မောင်နှမ မခွဲဘဲ ရခိုင် စကားကို ကချင်က ပြောတတ်ရမယ်။ မွန်စကားကို ရခိုင်က ပြောနိုင်ရမယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေဟာ တလမ်း မောင်း စနစ်မဖြစ်ရအောင် အစိုးရက ညွန်ပြပေးရမယ်။ အစိုးရက ဒီကိစ္စတွေမှာ ရခိုင်နိုင်ငံမှာ ရခိုင်သမိုင်း အကျဉ်းချုပ်တွေ ကို သင်ပေး၊ ရခိုင်စာကို သင်ပေး၊ အဲဒီလို စာပေတွေကို သင်ကြားပေးတဲ့အတွက်ကြောင့် ရခိုင်သားတွေဟာ စာပေမှာ ပိုမို ကြွယ်ဝ လာမယ်။ ကချင်ပြည်မှာလည်း ပိုမိုကြွယ်ဝလာမယ်။ အဲဒီလမ်းကို ပိတ်ထားတဲ့အတွက်ကြောင့် တဆင့် ခံအနေနဲ့ စစ်မှန်သော ပြည်ထောင်စု မြန်မာနိုင်ငံကို လမ်းပိတ်ထားတယ်လို့ ဆရာကြီးက မြင်တယ်။ အဲဒါ သမိုင်း ရှု့ထောင့်က ပြော တာ။ ဒီလို လမ်းပိတ်ထားတာဟာ ၁၉၄၈ ခုနှစ်က စပြီး ပိတ်ထားခဲ့တာဟာ ခုချိန်ထိ ပိတ်ထားတုန်း ဖြစ်တယ်။
( မောင်ရမ္မာ မေးမြန်း တင်ပြသည်)
-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ
မြန်မာနိုင်ငံကို သုံးရက်ကြာ အလည်အပတ် ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စက် ဟီလာရီ ကလင်တန်ဟာ ၂၀၁၁ ခုနှစ် ဒီဇင်္ဘာလ ၁ ရက်နေ့က အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် အပါအ၀င် လွှတ်တော် ကိုယ်စားလှယ် (၃၃) ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီအထဲမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်လည်း ပါဝင်ခဲ့ပါတယ်။ ဒေါက်တာအေးမောင်ကို တွေ့ဆုံ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အဲဒီနေ့မှာ ဆက်သွယ် မေးမြန်းခွင့်ရခဲ့ပါတယ်။ နိရဉ္စရာက ခုလို စတင်မေးမြန်းပါတယ်။
မေး။ ဥက္ကဌတို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံတဲ့အထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။ ဘယ်လို ပုံစံနဲ့ တွေ့ဆုံခွင့် ရခဲ့တယ်ဆိုတာကို နည်းနည်း ရှင်းပြပေးပါလား။
ဖြေ။ ကျွန်တော်တို့ တွေ့ဆုံတာက အမျိုးသားလွှတ်တော်မှာပါ။ အမျိုးသားလွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ အပါအ၀င် လွှတ် တော်အမတ် ၃၃ ဦးနဲ့ တွေ့ပါတယ်။ တွေ့တဲ့အခါမှာ လွှတ်တော် ဥက္ကဌက ဟေလာရီကလင်တန် မရောက်ခင် သူတွေ့ ချင်တဲ့ လူ ၄ယောက်စာရင်းကို ပြောပါတယ်။ အဲဒီအထဲမှာ ကျွန်တော်အပါအ၀င် ဦးညွန့်တင်၊ ဒေါက်တာ မြဥာဏစိုးနဲ့ ဦးကျယ်ယုတ်အူ ၄ယောက်နဲ့ တွေ့ချင်တယ်လို့ သူက ကြိုတင်ပြီး ပြောထားတယ်လို့ ပြောပါတယ်။ ဟေလာရီ ကလင်တန်နဲ့ တွေ့ခွင့် မိနစ် ၅၀ ဘဲရပါတယ်။ မိနစ် ၅၀ ရတဲ့အချိန်မှာ လွှတ်တော်ဥက္ကဌက ဟေလာရီကလင်တန်ကို ကြိုဆိုတဲ့အကြောင်းနဲ့ အခုလို အပြောင်းအလဲ ကာလမှာ ရောက်လာတာ ကောင်းပါတယ်။ ဟေလာရီရဲ့ နိုင်ငံရေး အတွေ့ အကြုံကိုလည်း လေးစားပါတယ်။ ဗမာပြည်ထဲကို ခုလို လာတဲ့အတွက်လည်း ၀မ်းသာပါတယ်။ လွှတ်တော် နှစ်ရပ်ရဲ့ ဆက်ဆံရေးကိုလည်း ပြောပြပါတယ်။ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေကိုလည်း ရှင်းပြတယ်။ အဲဒီအထဲမှာ ပါလာတဲ့ အချက်ကတော့ခါ ကျွန်တော်တို့ လွှတ်တော်အမတ် အားလုံးနီးပါးလောက်ဟာ ဒီမိုကရေစီဖက်ကို သွားဖို့ သံဓိဌာန် ချထားပြီ ဖြစ်တယ်။ စစ်တပ်ကလည်း နောက်တကြိမ် အာဏာသိမ်းဖို့ အခြေအနေ ဖြစ်လာနိုင်စရာ အကြောင်းမရှိ တော့ဘူး ဆိုတာကို လွှတ်တော် ဥက္ကဌက ရှင်းပြပါတယ်။
မေး။ ။ နောက်ထပ် ဘာတွေကို ပြောဆို ဆွေးနွေးတာတွေ ရှိပါသလဲ။
ဖြေ။ ။ နောက်ထပ် ပြောဆို ဆွေးနွေးတာက လက်ရှိ ဒီမိုကရေစီလမ်းကြောင်းကို သွားဖို့အတွက် အချက် သုံးချက်ကို တင်ပြပါတယ်။ (၁) တိုင်းပြည်အခြေအနေ ငြိမ်းချမ်းဖို့လိုတယ်။ (၂) အချက်က နိုင်ငံသား တဦးချင်းရဲ့ ၀င်ငွေ တိုးတက်ဖို့လိုတယ်။ ၃။ ပညာတတ် ကြီးစိုးတဲ့ တိုင်းပြည်တခု ဖြစ်ဖို့ လိုတယ်ဆိုပြီး ၃ ချက်တင်ပါတယ်။
အချက်(၁) ဖြစ်တဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်လို့ အကျယ်ရှင်းပါ တယ်။ အဲဒီအထဲမှာ တိုင်းပြည် တည်ငြိမ် အေးချမ်းဖို့ အတွက် နိုင်ငံရေး နယ်ပယ် အသီးသီးက ပါဝင်လာဖို့လိုတယ်။ အဲဒီကိစ္စ အတွက်လည်း လွှတ်တော် အဆင့်ဆင့်မှာ NLD ပါဝင်ဖို့ မှတ်ပုံတင်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံရေး ရင့်ကျက်ပြီး နိုင်ငံရေး အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်တွေ လွှတ်တော်ထဲ ၀င်လာဖို့ဆိုတာကို ကြိုဆိုတယ်။ နိုင်ငံရေး အခင်းအကျင်းတွေ အားလုံးမှာ NLD ပါဝင်လာမှာ ဖြစ်တဲ့ အတွက် တိုင်းပြည် အေးချမ်းလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
အချက်(၂) ဖြစ်တဲ့ နိုင်ငံသားတဦးချင်းစီ တိုးတက်ဖို့ဆိုတာမှာလည်း ကျွန်တော်တို့ နိုင်ငံသားတွေ တခြားနိုင်ငံက အထောက်အပံ့တွေနဲ့ မကြီးပွား မတိုးတက်လိုပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ ဈေးကွက် ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အမေရိကန်တို့၊ ဥရောပတို့မှာ ဈေးကွက် ဖြစ်လာနိုင်အောင်လုပ်ပေးဖို့ သူက တိုက်တွန်းပါတယ်။
အချက် (၃) သုံးအချက်ကတော့ အမေရိကတို့လို နိုင်ငံ တွေမှာ ကျွန်တော်တို့ တိုင်းပြည်က ကျောင်းသားတွေ ပညာ သွားသင်နိုင်ဖို့ အတွက် တောင်းဆိုတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံတကာရဲ့ နည်းပညာ အကူ အညီတွေ မရရှိသေးပါ။ နည်းပညာ အကူအညီတွေ ရအောင် ပူးပေါင်းပါဝင် ကူညီဖို့ တိုက်တွန်းပါတယ်။ ကျွန်တော်တို့ ပါလီမန် ဒီမိုကရေစီ လမ်းကြောင်းကို စပြီးသွားနေပြီဖြစ်လို့ ဒီလမ်းကြောင်းဟာ ကျွန်တော်တို့အတွက် အကောင်းဆုံးဖြစ်တယ်လို့ ရှင်းလင်းချက်ပေးပါတယ်။
မေး။ ။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက ဘာတွေကို ပြန်ပြောပါလဲ။
ဖြေ။ ။ ဟေလာရီကလင်တန်က ပြန်ပြောတဲ့အခါမှာ အမေရိကမှာ အထက်လွှတ်တော် အမတ်အနေနဲ့ ၈ နှစ်ကြာ တာဝန်ထမ်း ဆောင်ဖူးတယ်။ အတွေ့အကြုံလည်း ရှိသင့်သလောက် ရှိပါတယ်။ အဲဒီအတွေ့အကြုံတွေကို ဖလှယ်သွားဖို့ သူ့မှာ အစီအစဉ်ရှိတယ်။ ပြီးတော့ အမေရိကန်လွှတ်တော်မှာ အာဏာ သုံးရပ်ဖြစ်တဲ့ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ ဥပဒေပြုရေး အာဏာတွေကို သီးသန့်စီ အာဏာ ပါဝါညှိပြီးမှ တိုင်းပြည်ကို တိုးတက်အောင် လုပ်တယ်။ ဒီမှာလည်းဘဲ အာဏာသုံးရပ်ဟာ မျှမျှတတရှိဖို့လိုတယ်ဆိုပြီးတော့ တိုက်တွန်းသွားပါတယ်။ နောက်တချက်က ပြည်တွင်းမှာ တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်ပြီး မငြိမ်းချမ်းတဲ့နေရာတွေကို ငြိမ်းချမ်းအောင် အချင်းချင်း ညှိနှိင်း တိုင်ပင်ပြီးတော့ လုပ်ဖို့ကို တိုက်တွန်းပါတယ်။ အဲဒီနေရာတွေကိုလည်း လေ့လာသူတွေအဖြစ် သတင်းယူဖို့၊ လေ့လာဖို့ ခွင့်ပြုဖို့အတွက်လည်း တိုက်တွန်းပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ပေးဖို့လည်း တိုက်တွန်းသွားပါတယ်။
ဒါတွေ အပြင် သူမက (၁) မကြာခင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်အောင် စီစဉ်ပေးဖို့ (၂) အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုဖြစ်အောင်၊ ထင်သာမြင်သာရှိပြီးတော့ အခန်းကဏ္ဍအလိုက် အာမခံချက်ရှိအောင် တိုက်တွန်းပါတယ် (၃) နောက်တချက်က နိုင်ငံရေးထဲမှာ ပါတဲလူတွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးဖို့ ပြောပါတယ်။ ဒါ့အပြင် လွှတ်တော်မှာ ဥပဒေပြုတဲ့ ကဏ္ဍတချို့ လေ့လာထားတာတွေ ရှိတယ်လို့ ပြောပါတယ်။ နိုင်ငံရေးပါတီနဲ့သက်ဆိုင်တဲ့ ဥပဒေ၊ အလုပ်သမား ဥပဒေ၊ လွတ်လွတ်လပ်လပ် ဆန္ဒပြခွင့်ရှိတဲ့ ဥပဒေတွေကို ကြည့်တဲ့ အခါမှာ ထောက်ခံတဲ့သဘောမျိုး ပြောသွားပါတယ်။
မေး။ ဒီနေ့ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ဥက္ကဌ အမြင်က ဘယ်လိုရှိပါသလဲ။ အားရ ကျေနပ်စရာ ရှိပါသလား။
ဖြေ။ ဒီနေ့ ဆွေးနွေးပွဲကတော့ အားရကျေနပ်ဖို့ ကောင်းပါတယ်။ ကျွန်တော်တို့ကလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါတယ်။ တဖက်ကလည်း နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်နိုင်အောင် ကြိုးစားမယ်။ ဟိုဖက်ကလည်း ဗမာပြည် ဒီမိုကရေစီလမ်းကြောင်း ပိုမိုဖြောင်းဖြူးအောင် ရှောင်ရန်၊ ဆောင်ရန်တွေကို စိတ်ရှည်ရှည်နဲ့ ပြောသွားပါတယ်။ အစိုးရအချင်းချင်း ချစ်ကြည်မှု လိုသလို ပြည်သူတွေ အချင်းချင်း ချစ်ကြည်မှုရှိမှ ခိုင်မြဲဖို့ ဖြစ်တယ်။ နောက်ပြီးတော့ ရန်ကုန်က ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ပြုစုထားတဲ့ စာတန်းတွေကိုလည်း သူရဲ့လက်ထဲကို ထည့်ပေးလိုက်နိုင်ပါ တယ်။ သူလည်း ၀မ်းပန်းတသာ လက်ခံသွားပါတယ်။
မေး။ ။ နောက်ထပ် ဘာတွေ ပြောစရာရှိပါသေးသလဲ။
ဖြေ။ ။ နောက်ထပ် ကျွန်တော်ပြောချင်တာက နှစ်ပေါင်း ၅၀ကျော်ကြာ အမေရိကန်နှင့် ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး ကြဲနေရာကနေ အခုတော့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးတဦး အနေနဲ့ ပထမဆုံးလာတဲ့ ခရီးစဉ် ဖြစ်တယ်။ အခုလို အမေရိကန်နှင့် ဆက်ဆံရေး အဆင်ပြေဖို့ လိုသလို ကြားနေရေး မူဝါဒကို ကျင့်သုံးပြီး အိမ်နီးချင်း ပတ်ဝန်းကျင်က တရုတ်၊ အိန္ဒိယ အပါအ၀င် အာစီယံ နိုင်ငံတွေ အားလုံနဲ့လည်း ဆက်ဆံရေး အဆင်ပြေပြီးတော့ ပြည်သူတွေကိုလည်း ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်အောင် နိုင်ငံတော်အစိုးရ၊ လွတ်တော်တွေက ဦးဆောင် ချီတက် နိုင်ဖို့လိုတယ်လို့ ကျွန်တော် ထင်ပါတယ်။ မကြာတဲ့ ကာလတခုမှာ အပြောင်းအလဲတခုကို မြင်ရမယ်လို့ ထင်ပါတယ်။ ဘာဖြစ် လို့လည်းဆိုတော့ ဟီလာရီ ကလင်တန် လာတဲ့ ခရီးစဉ်လို ခုလို ပွင့်လင်းလာလိမ့်မယ်လို့ နှစ်ပေါင်းများစွာက မထင်ခဲ့ပါဘူး။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးကလည်း ပွင့်ပွင့်လင်လင်းနဲ့ စကား ပြောပါတယ်။ အထက်လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌနဲ့ ပါလီမန် အမတ်တွေကလည်း ၀မ်းပန်းတသာ လက်ခံတယ်။ ထိုနည်းတူ အစိုးရ အဖွဲ့ကလည်း လက်ခံတယ်။ ကျွန်တော် တို့ တိုင်းပြည်တိုးတက်ရေး အတွက် အမေရိကန်က ပါဝင်လာရင် အားအများကြီး ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ သမ္မတကြီးကို ကတိပေး ပြောကြားတဲ့ အထဲမှာလည်း အမေရိကန် ဂျွန်းဟုတ်ကိန်း တက္ကသိုလ်တွေလို တက္ကသိုလ်တွေမှာ ကျောင်းသားတွေကို တက်ခွင့်တွေ ပြုမယ်သွားမယ်ဆိုတာတွေကို ကြားသိရပါတယ်။ အားလုံးကို ခြုံပြီး ပြောရရင် အနာဂတ်မှာ အမေရိကန် နဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ဖြောင့်ဖြူးသွားနိုင်တယ်လို့ မြင်မိပါတယ်။