၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပ င်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင် ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့်  မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်ေ တွ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။
These are the rules that Harvard University library create to motivate student to study:
1. When you feel sleep, you will dream. When you study, you dream come truth.
2. Waste today, you will precisely yesterday to perish your body and implored it.
3. If you think is too late, that just the earlier to start.
4. Don’t make you work postpone on today.
5. Study is the temporary of suffer, if not learn...you will regret your whole life.
6. For this study matter, that no make not enough time, just you not hardworking on you.
7. Happiness may not be ranked, but success must be.
8. Learning not the whole life of us, but since a part of the life - Learning can conquer, so what can we do?
9. To accept that you cannot be escape for the suffer.
10. Only early then others wake up, hardworking than others, then only will feel the success of your life.
11. Nobody can casually succeed; it comes from a thorough self-management and perseverance.
12. The clock is ticking, never stop...
13. Now drips the saliva, will become tomorrow the tear.
14. The dog equally study, the gentleman equally plays.
15. Not walk today, run tomorrow.
16. The investment future person is faithful to reality.
17. Level of education on behalf of income.
18. The day will not come again.
19. Even now, non-stop turning the pages.
20. No pain, No gain
ညီမချေ
ငိုထားမှန်းသိသာရေမျက်လုံးတိနဲ့ ငါ့ညီမ အချေလဲမဟုတ် အမိကိုအောက်မိန့်လို့ ငိုထားရေဆိုဝေါ...
ဖျားလို့ အိမ်ကပီးရေ နွီးထွီးမှုတိကို တောင့်တပြီးကေငိုစွာကို နားလည်မိရေဝေ... အိမ်နဲ့ဝီးရေလူက ညီမချေတစ်ယောက်တည်း မဟုတ်ဆိုစော်ကို ခေါင်းထဲမှာထည့်ထားလိုက်နန်း...
တခြားလူတိ ဒေဝေဒနာကိုကျော်ဖြတ်နိုင်ကေ ညီမချေကလူထဲက လူမဟုတ်လား ရင်ဘတ်ထဲက နာကြင်မှုတိကို ခေါက်ထားလိုက်တစ်ချက်ချေ...
ထောထိုမှာ ညီမချေနိန်ချင်ရေအိမ် တစ်ရက်ပြီးတစ်ရက် နီးကပ်လာယာ အားတင်းထားပါဝေ...
လောကကြီးမှာ ညီမချေထက် ဆိုးရေလူတိအများကြီး မိဖမရှိရေအချေတိ ထမင်းနပ်မှန်အောင်မစားရရေလူတိ
အဘာ အမင်ဇာသူလဲဆိုစော်ကို မသိဘဲနဲ့ ကြီးပြင်လာရေ လူတိလဲ အများကြီး ကိုယ့်ဘ၀ကို ကိုယ်အားမငယ်ပါကေ့ဝေ...
လူတိုင်း ကိုယ်လောင်းချေကို ကိုယ်တတ်နိုင်သမျှ အားတင်းပြီးကေ လှော်နိန်ကတ်စွာမှာ ညီမချေ မလှော်ပဲနဲ့ ရပ်ပနာ ကျန်ဟိခဖို့လား
ကမ်းက မ၀ီးဗျာလ်ညီမချေ အားတင်းထားပါဝေ...
စိတ်ဓါတ်ကျရေ အချိန်တိုင်း အားငယ်ရေ အချိန်တိုင်း နိန်မကောင်းဖြစ်ရေ အချိန်တိုင်း မယ်မယ်နာမည်ကို အော်ပနာငိုဖို့လား အဘောင်ရှင်နာမည်ကို အော်ပနာငိုဖို့လား ငိုပါဝေ... ယကေ့လေ ဆီးသောက်ဖို့ အစာအချိန်မှန်စားဖို့တော့ မပျင်း မကြောက်ကေ့ ယေပြီးနာ အထီးကျန်လို့ ဆိုပြီးကေတော့ မငိုကေ့နန်း...
ချစ်ဖို့ကောင်းရေ မိသားစုက ညီမချေနားမှာ အမြဲတမ်းရှိနိန်စွာကိုတော့ မမိန့်စီချင်ဝေ သူရို့တိလဲ ညီမချေ ဒေ၇ီပြင်ကြီးကို အပြုံးနဲ့ရင်ဆိုင်နိုင်ရေဆိုပနာ တနိန်ရာက စောင့်ကြည့်နိန်ကတ်တေ သူ့ရို့နားကို ရောက်ဖို့ကောင်းမလိုဗျာလ် ညီမချေ အားတင်းထားပါဝေ...
ပြောစရာတစ်ခုကျန်ခသိရေ ညီမချေ ငိုကေအရုပ်ဆိုးရေ မငိုကေ့နန်း... ပန်းတကာ့ပန်းမှာ အပြုံးပန်းက အလှဆုံးပါဝေ... ယင်းပန်းချေကို ငါ့ညီမချေ အမြဲတမ်းပန်းဆင်နိုင်အောင်ကြိုး စား...
အိမ်လွမ်းရေ တေးခြင်းတိကိုဂျေးယာ နားမထောင်ကေ့နန်း... မီးလောင်ရာကို လီမပင့်ပါကေ့ဝေ ညီမချေ...
အားတင်းထားပါဝေ
အားတင်းထားပါဝေ
အားတင်းထားပါဝေ
နန်းစံဖြူ၏ခံစားချက်
ငိုထားမှန်းသိသာရေမျက်လုံးတိနဲ့
ဖျားလို့ အိမ်ကပီးရေ နွီးထွီးမှုတိကို တောင့်တပြီးကေငိုစွာကို နားလည်မိရေဝေ... အိမ်နဲ့ဝီးရေလူက ညီမချေတစ်ယောက်တည်း မဟုတ်ဆိုစော်ကို ခေါင်းထဲမှာထည့်ထားလိုက်နန်း...
တခြားလူတိ ဒေဝေဒနာကိုကျော်ဖြတ်နိုင်ကေ ညီမချေကလူထဲက လူမဟုတ်လား ရင်ဘတ်ထဲက နာကြင်မှုတိကို ခေါက်ထားလိုက်တစ်ချက်ချေ...
ထောထိုမှာ ညီမချေနိန်ချင်ရေအိမ် တစ်ရက်ပြီးတစ်ရက် နီးကပ်လာယာ အားတင်းထားပါဝေ...
လောကကြီးမှာ ညီမချေထက် ဆိုးရေလူတိအများကြီး မိဖမရှိရေအချေတိ ထမင်းနပ်မှန်အောင်မစားရရေလူတိ
အဘာ အမင်ဇာသူလဲဆိုစော်ကို မသိဘဲနဲ့ ကြီးပြင်လာရေ လူတိလဲ အများကြီး ကိုယ့်ဘ၀ကို ကိုယ်အားမငယ်ပါကေ့ဝေ...
လူတိုင်း ကိုယ်လောင်းချေကို ကိုယ်တတ်နိုင်သမျှ အားတင်းပြီးကေ လှော်နိန်ကတ်စွာမှာ ညီမချေ မလှော်ပဲနဲ့ ရပ်ပနာ ကျန်ဟိခဖို့လား
ကမ်းက မ၀ီးဗျာလ်ညီမချေ အားတင်းထားပါဝေ...
စိတ်ဓါတ်ကျရေ အချိန်တိုင်း အားငယ်ရေ အချိန်တိုင်း နိန်မကောင်းဖြစ်ရေ အချိန်တိုင်း မယ်မယ်နာမည်ကို အော်ပနာငိုဖို့လား အဘောင်ရှင်နာမည်ကို အော်ပနာငိုဖို့လား ငိုပါဝေ... ယကေ့လေ ဆီးသောက်ဖို့ အစာအချိန်မှန်စားဖို့တော့ မပျင်း မကြောက်ကေ့ ယေပြီးနာ အထီးကျန်လို့ ဆိုပြီးကေတော့ မငိုကေ့နန်း...
ချစ်ဖို့ကောင်းရေ မိသားစုက ညီမချေနားမှာ အမြဲတမ်းရှိနိန်စွာကိုတော့ မမိန့်စီချင်ဝေ သူရို့တိလဲ ညီမချေ ဒေ၇ီပြင်ကြီးကို အပြုံးနဲ့ရင်ဆိုင်နိုင်ရေဆိုပနာ
ပြောစရာတစ်ခုကျန်ခသိရေ ညီမချေ ငိုကေအရုပ်ဆိုးရေ မငိုကေ့နန်း... ပန်းတကာ့ပန်းမှာ အပြုံးပန်းက အလှဆုံးပါဝေ... ယင်းပန်းချေကို ငါ့ညီမချေ အမြဲတမ်းပန်းဆင်နိုင်အောင်ကြိုး
အိမ်လွမ်းရေ တေးခြင်းတိကိုဂျေးယာ နားမထောင်ကေ့နန်း... မီးလောင်ရာကို လီမပင့်ပါကေ့ဝေ ညီမချေ...
အားတင်းထားပါဝေ
အားတင်းထားပါဝေ
အားတင်းထားပါဝေ
နန်းစံဖြူ၏ခံစားချက်
အင်တယ်လ် အိုင်တီလရဒက်ကြီး ဘီလ်ဂိတ်
မင်းရာ ဆင်းဆင်းရဲရဲနင့် မွီးလာကေ ယင်းချင့် မင်းအမှားမဟုတ်၊
ယကေလေ့ ချို့ချို့တဲ့တဲံနင့် သီလားကေတော့ခါ ယင်းချင့် မင်းအပြစ်ဗျာလ်ဝေး။
တရားနိန်ထိုင်ခသူ ၀ိဝေကနန္ဒ
အမှန်လို့ ရက်တိုင်းရက်တိုင်းမါ ပြဿနာ တစ်ခုလေ့ မင်းမကြုံခရသိဆိုကေ မင်းစော် လမ်းမှားကိုလျှောက်နိန်ဗျာလ်ဆိုစော် ကဂေါင်းသေချာလားဗျာလ်။
ဇာတ်ဆရာကြီး ၀ီလျှံ ရှိတ်စပီးယား
အောင်ပွဲ ရဖို့ဆိုစော် အကြောင်း သုံးခု ပြည့်စုံရဖို့ ၊
- တခြားလူတိထက် ပိုသိရဖို့
- တခြားလူတိထက် ပို ကြိုးစားရဖို့
- ဆိုခါရေ… အရာလူတိလောက် အယင်မလုပ်စီကေ့ဝေး။
နာဇီစစ်အာဏာရှင် အဒေါ့ဖ် ဟစ်တလာ
စစ်တိုက်လို့ နိုင်နိန်သရွိ မင်းရှင်းပြဖို့မလိုသိ၊ ဆိုကေ...စစ်ရှုံးလာဗျာလ် ဆိုစော်နင့် ဇာကြောင့်ဆိုစော်ကို ရှင်းပြဖို့ မင်းအသက် မရှင်ကေ့ဖိဝေး။
အလန် စထရိုက်
ကမ္ဘာထက်က ဇာလူနင့်ဖြစ်ဖြစ် မင်းကိုယ်နင့် မနှိုင်းမိစီကေ့၊ အမှန်ရာနိုင်းလိုက်ကေ မင်းစော် ကိုယ့်စော်ကို စော်ကားလိုက်စော်ဗျာလ်ဝေး။
ကရုဏာရှင် မာသာထရီဇာ
မြင်နိန်ရရေ ငါရို့ရှေ့ကလူတိကို မချစ်နိုင်သမျှကာလပတ်လုံး ဘုရားကို ကြည်ညိုဖို့ မဖြစ်နိုင်လတ်ထွား။
စကိတ် ချန်ပီယံ ဘော်နီ ဘလဲရ်
အနုင်ရရေ ဆိုစော် အမှန်ဆိုကေ ပြိုင်ပွဲမါ ပထမရစော် မဟုတ်၊ အရင်ကထက် ပိုကောင်းစော်ကို လုပ်လိုက်စော်ရာဖြစ်တယ်လတ်။
တီထွင်ပညာရှင် သောမတ်စ် အက်ဒီဆင်
အခေါက်တစ်ထောင်ကြိုးစားစော် မအောင်မြင်လို့ ငါရို့ မပြောဝေး၊ ရှုံးစီရေ အကြောင်းရင် တစ်ထောင်ကို ငါရို့ တွိလိုက်ဗျာလ်လို့ရာ ကျေညာဖို့ဝေး။
ဂန္တ၀င် စာရွီး ဆရာကြီး လီယိုတော် စတွိုင်း
လူတိစော် ကမ္ဘာကြီးကို ပြောင်းလဲဖို့ ကြိုးစားနိန်ဂတ်တယ်ဝေး၊ ကိုယ့်စော်ကို ပြုပြင်ဖို့ တစ်ယောက်ချေလေ့ မစိုင်းစားဂတ်ထွား။
အမေရိကန် သမ္မတကြီး အေဗရာဟင် လင်ကွန်း
လူတိုင်းကို ယုံလွယ်စော် အန္တရာယ်များရေဝေး၊ တစ်ယောက်ကိုလေ့ မယုံဆိုကေလေ့ ကဂေါင်း အန္တရာယ် ရှိနိန်ဗျာလ်။
ရူပဗေဒ ပညာကျော် အဲလ်ဘတ် အိုင်စတိုင်း ဘဝတစ်လျှောက်လုံးမါ အမှားတစ်ခုလေ့ မပြုဖူးလို့ထင်ထားခကေ ဇာတစ်ခုကိုလေ့ ဆန်းသစ်ဖန်တီးဖူးစော် မရှိလို့ မှတ်ပါဖိ။
မင်းသားကြီး ချားလ်စ်
ဘဝမါ ကျင့်ဝတ်လေးခုကို မဖေါက်မိစီကေ့- ယုံကြည်မှု၊ ကတိ၊ ခင်မင်ခြင်းနင့် နှလုံးသားရို့ပင် ဖြစ်ဂတ်တေ။ အေး ချိုးဖေါင်မိဗျာလ်ဆိုကေ အသံမကျယ်ကေလေ့ နာကြင်မှုဆိုစော် အထွက်အထိပ်ရောက်လီဖို့စော်ဗျာလ်ဝေး။
“ရိယ်ပိယ်မေမေ...ရိယ်”
ခေတ္တရန်ကုန်ရောက် ရခိုင်အဘိုးရှင်တစ်ဦးအနေဖြင့်နှစ်နှစ်ကျော် အရွယ်ရှိမြေးဦး ကလေး ၏စကားကိုကြား ရသည်မှာနားဝင်ပီယံရှိလှပါသည်။ နားဝင်ချိုရုံသာ မက ဦးနှောက်ကွန်ပျူတာထဲက နျူထရွန်ဝါယာများကို လှုပ် ရှားနိုးကြွစေပါသည်။
“ဇာ...ငါ့မြီးသျှေ ပြောနီစွာဇာလေခု”
ရီးလေ့မဟုတ်၊ရေ(ယေ)လေ့မဟုတ်၊ ပီးလေ့မဟုတ်၊ပေးလေ့မဟုတ်ပါကာရာဇာကုမာရ်၏ညီမသျှေလာ ချင့်”
ကျွန်တော်သည် သမိုင်းသုတေသီတစ်ဦးမဟုတ်ပါ။ ဘာသာဗေဒပညာရှင်လည်းမဟုတ်ပါ။ သာမန်စာရေးဆ ရာ တစ်ဦးသာဖြစ်ပါသည်။
ရာဇကုမာရ်သည် ဘုရင့်သားတော်တစ်ပါးပါ။ ကျန်စစ်သားဘုရင်မင်းမြတ်နှင့်အပယ်မိဖုရား သမ္ဘူလတို့မှ ဖွား မြင် သောသားတော်ရာဇကုမာရ်ကို ကျွန်တော့်စိတ်ထဲတွင်ပုဂံပြည်ရောက်၊ပုဂံပြည်ဖွား ရခိုင် အမျိုးသား တစ် ဦးဟု သဘောထားမိပါသည်။
ဤသို့ဆို၍ မြန်မာမှရခိုင်သို့ဆင်းသက်သည်ဟူသည့် အယူကိုကိုင်စွဲထားသူတို့က ရာရာစစ ပြောမှ ပြော ရက်ပလေဟုမသရော်စေလိုပါ။ယနေ့ကမ္ဘာ့အင်အားကြီးအမေရိကန်လူမျိုးသည် ဗြိတိသျှအင်္ဂလိပ်တို့မှ ပေါက် ဖွားဆင်းသက်လာခြင်းဖြစ်သည်။ယနေ့ကာလတွင် အဖထက်သားတစ်လကြီးဆိုသလို ဗြိတိန်ထက် အမေရိ ကန်က တွင်ကျယ်နေသည်ကို မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပါ။
ကျွန်တော့်အနေဖြင့် ရာဇကုမာရ်၏နေရာသို့ဝင်၍ကိုယ်ချင်းစာနာစဉ်းစားကြည့်မိပါသည်။ ရာဇကုမာရ် သည် ဘုရင်ဖြစ်လာသူတစ်ဦး၏ သားတော်အရင်းခေါက်ခေါက်ပါ။ သို့သော်ထီးမွေခံနန်းမွေခံ အိမ်ရှေ့စံ နေရာမ ရခဲ့။အိမ်ရှေ့မင်းသားမဖြစ်ရစေကာမူ မနာလိုဝန်တိုမုန်းထားစိတ်မရှိ၊တိုင်းပြည်နိုင်ငံရေး အတွက် မွန်၊မြန် မာ သွေးပါသူ တူတော်မောင် အလောင်းစည်သူအား ဖခမည်းတော်ကျန်စစ်သားမင်းကြီးက အိမ်ရှေ့ ဥပရာ ဇာ အဖြစ် ခန့်အပ်ပေးနှင်းသည်ကို ကြည်ဖြူခွင့်လွှတ်နိုင်စွမ်းသည်။
ဖခမည်းတော်မင်းကြီး ကွန်လွန်အံ့မူးမူးအချိန်၌ အလုပ်အားဖြင့် တစ်ပိုင်းတစ်စဖော်ကျူးလှစ်ပြခဲ့သည် ထင် ပါသည်။ မိခင်အား ဖခမည်းတော်က ပေးသနားထားရှိသည့် ရွာသုံးရွာကိုလှူ၊ ရွှေဆင်းတုတစ်ဆူသွန်း လုပ် ခဲ့သည်။ ဤသို့လှူဒါန်းပြီး မိမိ၏ကောင်းမှုကိုမှတ်တမ်းရေးထိုးသည့်အခါတွင် ပျူ၊မွန်၊မြန်မာ၊ပါဠိ လေး ဘာ သာဖြင့် ကျောက်စာရေးထိုးခဲ့သည်။ ဤရာဇကုမာရ်၏မြန်မာကျောက်စာသည် မြန်မာစကားကို စာ ထက် အက္ခရာတင်သည့်နေရာ၌ သမိုင်းအထောက်အထားအရ အစောဆုံးဖြစ်နေပါသည်။ ဤကျောက်စာ၌ မိမိ တို့ပြောနေသည့်စကားကို ပြောသည့်လေသံအတိုင်း ရေးထိုးခြင်းပင် ဖြစ်သည်ဟု ယူဆ မိပါသည်။
ဤမြန်မာကျောက်စာ၌ ရေးထိုးထားသည့်မြန်မာစကားမှာ ယနေ့ တိုင်ရခိုင်ဒေသတွင်ပြောဆိုဆဲ စကားအ သုံးအနှုန်းအတိုင်းဖြစ် နေ ပါသည်။ ကျောက်စာမသင်ဖူးသော ရခိုင်တစ်ဦး လွယ်လင့်တကူ ဖတ်ရှုနိုင်သည်။ သို့သော်ရာဇကုမာရ်သည် ရခိုင်ဒေသဖွား ရခိုင် အမျိုးသားတစ်ဦးတော့မဟုတ်ပါ။သူ၏၀န်းကျင်တွင်ပျူများ၊ မွန်များ၊ အများအပြားရောနှောနေထိုင်လျက် ရှိကြပါသည်။ ကျောက်စာသုံး ဘာသာစကားသည် ပျူ သံ၊မွန် သံ ၀ဲသော ရခိုင်စကားသာ ဖြစ် သည်။ တစ်နည်းအားဖြင့် ယနေ့ခေတ်သုံး မြန်မာစကားအသွင် ပြောင်း လဲစ ပြု သော ရခိုင်ဘာသာစကား သို့မဟုတ် ပုဂံခေတ်အစောပိုင်း မြန်မာစကားဟုဆိုရမည် ထင်ပါသည်။ ယင်း ကာ လ ရာဇကုမာရ်တို့ ပုဂံသားများသည် ရသံ ပီပီသသ ပြော၍မရတော့။ ရ၊ ယ၊ လ တို့ရော ထွေးစပြုပြီး ယခု ခေတ်မြန်မာတို့ကဲ့သို့ ရသံ လုံးဝပျောက်ကွယ်သွားသည့် အဆင့်သို့လည်း မရောက် သေး။ခြောက် ရာ အစားခြောက်ဂျာဟူ၍လည်းကောင်း၊ပုရားအစား ပုရှားဟူ၍ လည်းကောင်း ပြု အစား ပ္လုဟူ၍ လည်း ကောင်း ၊ ဖြစ် အစား ဖ္လစ်ဟူ၍ လည်းကောင်း ရေးထိုးထားသည်ကိုတွေ့နိုင်ပါသည်။
ထို့ပြင်ခေတ်ဦးပုဂံသားတို့သည်ယနေ့ရခိုင်တို့ပြောနေသကဲ့သို့ ရီ၊လီ၊မြီ၊သီ တို့ကိုပီပီသသပြော၍ မရ တော့။
ယနေ့မြန်မာတို့ပြောသလို ရေ(ယေ)၊လေ၊မျေ၊ သေ ဟူ၍လည်း ပီပီသသ မပြောတတ်သေး။ရိတ်၊မြိယ် လိယ်၊ သိယ်၊ ပိယ် ဟူ၍(-ီ) မက (ေ-) မကျသေးသော စကားကိုပြောကြားဟန်တူပါသည်။ ကျောက်စာ၌ ဤသို့ ရေး ထိုးခြင်းသည် စာလုံးပေါင်းမမှန်သေး၍ စမ်းသပ်ရေးသားစဖြစ်၍ ဤသို့ရေးသားသည်ဟုမယူဆ ပါ။ သင်ဂြီ၊ ဗြိ စသည့်(-ီ) သရသံပီပီသသကိုလည်းကောင်း၊ အဆုယ်၊ ရှုယ်၊ပါယ် အစရှိသည့် (ေ-) အသံတို့ကို လည်းကောင်း ပီပီရေးထိုးရသည်ကို တွေ့မြင်နိုင်ပါသည်။
ယင်းကြောင့်ရန်ကုန်မြေးဦးကလေး “ရိယ်ပိယ်မေမေ... ရိယ်” ဟုပြောဆိုသည်ကို ကြားရသောအခါ ရာဇကု မာရ်ညီမငယ်သျှေဟု ကျွန်တော်ရေရွတ်မိခြင်းဖြစ်ပါသည်။
“အာရက္ခဒေသ”နေရခိုင်တို့ ရိုးမတောင်ကိုကျော်၍ မြန်မာပြည်မသို့ ရိယ်ကြည်ရာမြက်နု ဟိယ် ရာ ပြောင်း ရွှေ့နေထိုင်ကြသည်မှာ သက္ကရာဇ်တစ်ထောင်ဝန်းကျင် တစ်ဝိုက်၌သာဖြစ်ဟန် မတူပါ။ နှစ် ဆယ် ရာစု တစ် ခု လုံးတွင်လည်း ရိုးမတောင်ကိုကျော်၍ အရှေ့မြန်မာပြည်မသို့ တစ်စ စ ပြောင်းရွှေ့နေ ထိုင် ကြ ပါ သည်။
ဗြိတိသျှလက်အောက် ရခိုင်ဒေသတွင် ရေမကြည်မြက်မနုခဲ့ပါ။ ဗြိတိသျှတို့ နှစ်တစ်ရာကျော်စိုးမိုးခဲ့စဉ်က ရခိုင်ဒေသတွင် မီးရထား၊မော်တော်ကားလမ်းဟူ၍ စိုးစိမျှမရှိခဲ့ပါ။ လက်ညှိုးထိုးပြစရာဟု တောင်ပြို-ဘူး သီး တောင်မီးရထားလမ်းပိုင်းငယ်တစ်ခုနှင့် ဘူးသီးတောင်-မောင်တောကား လမ်းတိုလေးတစ်ခု သာရှိ ခဲ့ပါ သည်။ ဒေသတစ်ခု၏တိုးတက်မှုတွင် လမ်းပန်းဆက်သွယ်ရေးသည် အဓိကအရေးကြီးလှပါသည်။
ယင်းကြောင့် လည်း မြန်မာ့လွတ်လပ်ရေးမျိုးစေ့ချပေးခဲ့သူ ရှင်ဥတ္တမ၊ ဆာပေါ်ထွန်း၊ ဆာထွန်း အောင်ကျော်၊ ဦးမေအောင်၊ ဦးလှထွန်းဖြူ(ဂေါတမ) အစရှိသောရခိုင်ပညာတတ်ကြီး များသည် မြန်မာပြည်မ သို့ ပြောင်း ရွှေ့ နေထိုင်ခဲ့ ကြပါသည်။ ယင်းတို့၏နောက်တွင် စီးပွားရေးသမားများ၊ ပ ညာတတ်ငယ်များ စသည့် ရခိုင် လူ လတ် တန်း စားအလွှာတို့သည် မြန်မာပြည်မသို့ အသီးသီး ပြောင်းရွှေ့ထွက်ခွာသွားပါသည်။ ယင်းတို့၏ နောက်တွင် ဆင်းရဲသား/သူများ၊ လက်လုပ်လက် စား များကလည်း ရခိုင်မှာနေ၍ ဆင်းရဲလျှင်လူမြင်သည်။ ရန်ကုန်မှာ ဆင်းရဲသည်ကိုလူမသိဟူသော မူ ဖြင့် တစ်စ စ ပြောင်းရွှေ့ သွားကြ ပါသည်။ မြန်မာပြည်တွင် အလုပ်ရ လိုရငြား၊ တိုးတက်ရာ တိုး တက်ကြောင်း ရှေးရှု ထွက် ခွာသွားသူတို့ ဒုနှင့်ဒေးပါ။
ယနေ့ ရခိုင်ဒေသတွင် တစ်ဆယ့်ငါးသိန်းသော ရခိုင်အမျိုးသားတို့ နေထိုင်လျက်ရှိကြပါမည်ထင်ပါသည်။ ယ နေ့ရခိုင်ပြည်နယ်၏မြို့တော်စစ်တွေရှိ လမ်းကြီးလမ်းငယ်အသွယ်သွယ်မှ အိမ်များကို စာရင်းကောက်ယူ ကြည့်ပါ။ ငါးဆယ်ရာခိုင်နှုန်းသော အိမ်တို့မှ မူလပိုင်ရှင်များမှာ မြန်မာပြည်မသို့ ပြောင်းရွှေ့သွား ကြ ပြီ ဖြစ် ကြောင်း တွေ့ရပါမည်။ ကျန်ငါးဆယ်ရာခိုင်နှုန်းသောနေအိမ်တို့မှ မိသားစုအချို့အ၀က် သည် လည်း ပြောင်း ရွှေ့ထွက်ခွာသွားပြီဖြစ်ကြောင်းတွေ့ကြရပါလိမ့်မည်။ စစ်တွေတစ်မြို့တည်းသာမက ကျန်မြို့ များ အားလုံး လည်း ထို့အတူပင်ဖြစ်ပါသည်။
ကားလမ်းမကြီးသုံးသွယ်မှတစ်ဆင့် ရခိုင်နှင့် မြေပြန့်ဒေသကို ဥဒဟိုဆက်သွယ်နိုင်ပါပြီ။ ပြည်နယ်တွင်းရှိ မြို့နယ်အားလုံးလိုလို တစ်နေရာမှ တစ်နေရာ ကုန်းလမ်းခရီး ပေါက်ရောက်နေပါပြီ။ ဖောက်လုပ်ဆဲ အမ်း- ကျောက်ဖြူ-တောင်ကုတ် ကားလမ်းကြီးသာ ပြီးစီးပါက ရခိုင်ဒေသတစ်ခုလုံးသည် တစ်ဆက် တစ် စပ်တည်း ဖြစ်တော့မည်။
နိုင်ငံခြားနှင့် ကုန်သွယ်ရေးအတွက်လည်း ရခိုင်မှ တရုတ်ပြည်၊ရခိုင်မှ ဘင်္ဂလားဒေရှ့် သို့ ပေါက်ရောက်နေ ပြီ ဖြစ်သည်။ ရခိုင်-အိန္ဒိယကားလမ်းမကြီးမှာလည်း လာမည့်တစ်နှစ်၊ နှစ်နှစ်အတွင်း ပြီးစီးတော့မည်။
ပင်လယ်ရေကြောင်းဖြင့် ပြည်နယ်မြို့တော် စစ်တွေကိုနိုင်ငံခြားနှင့်ကုန်ကူးသန်းဆက်သွယ်နိုင်သည့် ဆိပ် ကမ်း မြို့တစ်ခုအဖြစ် သတ်မှတ်ထားပါပြီ။
နောင်လာမည့်နှစ်အစိတ်ခန့်တွင် ကမ္ဘာသည် “ဇီဝစီးပွားခေတ်”သို့ရောက်ရှိမည်ဟု ခန့်မှန်းကြပါသည်။ ယင်း အချိန်တွင် သန်းတစ်သောင်းမျှသော ကမ္ဘာ့လူဦးရေအတွက် စားနပ်ရိက္ခာသည် အဓိကအရေးပါ လာ မည်။
ဓည၀တီတွင်သော ရခိုင်ဒေသတွင် လယ်မြေဧကပေါင်းများစွာရှိပါသည်။ မိုးတွင်းကာလ တစ်သီး မျှသာစပါး စိုက်ပျိုးကြသည်။ စိုက်ပျိုးသော စပါးများမှာလည်း အရည်အသွေးနှင့် ထွက်နှုန်း တိုး မြှင့်ပေး ရန်လို အပ် နေ ပါ သေးသည်။ ဤလယ်မြေများ၌ တစ်ဆောင်း တစ်နွေကာလသည် အလဟ ဿဖြစ်နေပါသည်။ ပဲမျိုးစုံ၊ နှမ်း၊ ပြောင်း၊ဂျပန်သခွား၊ ထိုင်ဝမ်းဖရဲ စသည်တို့ကို စိုက်ပျိုးရန် စောင့် မျှော်နေပါသည်။
လယ်မြေကိုကျော်လျှင် ဧကပေါင်းများစွာသော တောင်ကုန်း၊ တောင်စွယ်၊ တောင်တန်းတို့မှာ လည်း မြန် မာ နိုင်ငံတစ်ဝန်းနှင့် ကမ္ဘာ့အနှံ့ပျံ့နေသော ရခိုင်နွယ်ဖွားတို့အား ရခိုင်ပြည်နယ်သို့ အ တည်တကျ ပြန် လည် ပြောင်းရွှေ့နေထိုင်ကြပါမည်ဟု မပြောဆိုလိုပါ။ GLOBALIZATION သဘောအရ ကမ္ဘာ့ရွာကြီးတွင် မိမိ တို့ ကြိုက်နှစ်သက်ရာ နေရာ၌ မိမိနေထိုင်နိုင်ကြပါသည်။ သို့ သော် မိမိတို့တတ်ကျွမ်းသည့် အတတ် ပညာနှင့် မိမိတို့စုဆောင်းသိုမှီးထားသော အရင်းအနှီး များကို တောရိုင်းမြေ အာရက္ခဒေသ ၌ လာရောက် ရင်းနှီးကြ ပါ ဟု ဖိတ်ခေါ်ချင်ပါသည်။
နှစ်ဆယ့်တစ်ရာစု၏ ဒုတိယဆယ်စုနှစ်အကုန်တွင် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ စီးပွားရေးဗဟိုချက် မ ဖြစ်လာမည်ဟု မျှော်လင့်နိုင်ပါသည်။
ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)မှထုတ်ဝေသည့် မြတ်ပန်းသဇင် မဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။

ကျွန်တော့်မျက်စိအာရုံမှာ လွန်ခဲ့သည့် နှစ်တစ်ထောင်ကျော်က“အာရက္ခဒေသ”၏ ပုံရိပ်ကလေးများ ထင် လာပါ သည်။ ကုလားတန်မြစ်ကမ်းခြေ ဝေသာလီ တစ်ဝိုက်တစ်ဝန်း၌ စိုးစုံအုပ်ချုပ်မင်းလုပ်နေသော ဝေသာ လီဘုရင် များကလည်း “အာရက္ခဒေသ”တစ်ဝန်းလုံးကို မလွှမ်းခြုံမအုပ်ချုပ်နိုင်။လေးမြို့မြစ်ကမ်းပဉ်ဇာ နန်း တော်အ သိုက်အမြုံထဲက ရှင်ဘုရင်ဆိုသူများကလည်း “အာရက္ခဒေသ” တစ်ဝန်းလုံးကို မခြုံငုံမစိုးမိုး နိုင်၊ ယင်းအချိန်၊ ယင်းကာလမှာ ရခိုင်ဒေသ၏အစွန် အမ်းနယ်မြေနှင့် ရေပြင်ညီတိုင်း မိုင်(၃၀)မျှမကွာဝေး သည့် နေရာ၌ မင်းဘူး ခြောက်ခရိုင်၊ယင်းမှကျော်၍ ဧရာဝတီမြစ်ကိုဖြတ်ကူးလျှင် ကျောက်ဆည်တစ်ဆယ့် တစ် ခရိုင်၊ ယင်းတို့၏အထက်၌ ပေါက္ကံရာမ ပုဂံပြည်၊ဤဒေသဤနေရာ၌ အေးချမ်းသာယာနေပါသည်။ မတည် ငြိမ် မအေး ချမ်းရာ“အာရက္ခဒေသ”နေသူတို့ ရေကြည်ရာမြက်နုရာသို့ တစ်စတစ်စပြောင်းရွှေ့ နေ ထိုင်ကြ မည်မှာ သဘာဝပါ။ ဤသို့ ပြောင်းရွှေ့နေထိုင်ကြသူများထဲတွင် ရာဇာကုမာရ်၏ အဖ၊အဘိုး၊ အဖီး တို့လည်း ပါကောင်းပါရှိလေမည်လား။
ဤသို့ဆို၍ မြန်မာမှရခိုင်သို့ဆင်းသက်သည်ဟူသည့် အယူကိုကိုင်စွဲထားသူတို့က ရာရာစစ ပြောမှ ပြော ရက်ပလေဟုမသရော်စေလိုပါ။ယနေ့ကမ္ဘာ့အင်အားကြီးအမေရိကန်လူမျိုးသည် ဗြိတိသျှအင်္ဂလိပ်တို့မှ ပေါက် ဖွားဆင်းသက်လာခြင်းဖြစ်သည်။ယနေ့ကာလတွင် အဖထက်သားတစ်လကြီးဆိုသလို ဗြိတိန်ထက် အမေရိ ကန်က တွင်ကျယ်နေသည်ကို မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပါ။
ကျွန်တော့်အနေဖြင့် ရာဇကုမာရ်၏နေရာသို့ဝင်၍ကိုယ်ချင်းစာနာစဉ်းစားကြည့်မိပါသည်။ ရာဇကုမာရ် သည် ဘုရင်ဖြစ်လာသူတစ်ဦး၏ သားတော်အရင်းခေါက်ခေါက်ပါ။ သို့သော်ထီးမွေခံနန်းမွေခံ အိမ်ရှေ့စံ နေရာမ ရခဲ့။အိမ်ရှေ့မင်းသားမဖြစ်ရစေကာမူ မနာလိုဝန်တိုမုန်းထားစိတ်မရှိ၊တိုင်းပြည်နိုင်ငံရေး အတွက် မွန်၊မြန် မာ သွေးပါသူ တူတော်မောင် အလောင်းစည်သူအား ဖခမည်းတော်ကျန်စစ်သားမင်းကြီးက အိမ်ရှေ့ ဥပရာ ဇာ အဖြစ် ခန့်အပ်ပေးနှင်းသည်ကို ကြည်ဖြူခွင့်လွှတ်နိုင်စွမ်းသည်။
ဖခမည်းတော်မင်းကြီး ကွန်လွန်အံ့မူးမူးအချိန်၌ အလုပ်အားဖြင့် တစ်ပိုင်းတစ်စဖော်ကျူးလှစ်ပြခဲ့သည် ထင် ပါသည်။ မိခင်အား ဖခမည်းတော်က ပေးသနားထားရှိသည့် ရွာသုံးရွာကိုလှူ၊ ရွှေဆင်းတုတစ်ဆူသွန်း လုပ် ခဲ့သည်။ ဤသို့လှူဒါန်းပြီး မိမိ၏ကောင်းမှုကိုမှတ်တမ်းရေးထိုးသည့်အခါတွင် ပျူ၊မွန်၊မြန်မာ၊ပါဠိ လေး ဘာ သာဖြင့် ကျောက်စာရေးထိုးခဲ့သည်။ ဤရာဇကုမာရ်၏မြန်မာကျောက်စာသည် မြန်မာစကားကို စာ ထက် အက္ခရာတင်သည့်နေရာ၌ သမိုင်းအထောက်အထားအရ အစောဆုံးဖြစ်နေပါသည်။ ဤကျောက်စာ၌ မိမိ တို့ပြောနေသည့်စကားကို ပြောသည့်လေသံအတိုင်း ရေးထိုးခြင်းပင် ဖြစ်သည်ဟု ယူဆ မိပါသည်။
ဤမြန်မာကျောက်စာ၌ ရေးထိုးထားသည့်မြန်မာစကားမှာ ယနေ့ တိုင်ရခိုင်ဒေသတွင်ပြောဆိုဆဲ စကားအ သုံးအနှုန်းအတိုင်းဖြစ် နေ ပါသည်။ ကျောက်စာမသင်ဖူးသော ရခိုင်တစ်ဦး လွယ်လင့်တကူ ဖတ်ရှုနိုင်သည်။ သို့သော်ရာဇကုမာရ်သည် ရခိုင်ဒေသဖွား ရခိုင် အမျိုးသားတစ်ဦးတော့မဟုတ်ပါ။သူ၏၀န်းကျင်တွင်ပျူများ၊ မွန်များ၊ အများအပြားရောနှောနေထိုင်လျက် ရှိကြပါသည်။ ကျောက်စာသုံး ဘာသာစကားသည် ပျူ သံ၊မွန် သံ ၀ဲသော ရခိုင်စကားသာ ဖြစ် သည်။ တစ်နည်းအားဖြင့် ယနေ့ခေတ်သုံး မြန်မာစကားအသွင် ပြောင်း လဲစ ပြု သော ရခိုင်ဘာသာစကား သို့မဟုတ် ပုဂံခေတ်အစောပိုင်း မြန်မာစကားဟုဆိုရမည် ထင်ပါသည်။ ယင်း ကာ လ ရာဇကုမာရ်တို့ ပုဂံသားများသည် ရသံ ပီပီသသ ပြော၍မရတော့။ ရ၊ ယ၊ လ တို့ရော ထွေးစပြုပြီး ယခု ခေတ်မြန်မာတို့ကဲ့သို့ ရသံ လုံးဝပျောက်ကွယ်သွားသည့် အဆင့်သို့လည်း မရောက် သေး။ခြောက် ရာ အစားခြောက်ဂျာဟူ၍လည်းကောင်း၊ပုရားအစား ပုရှားဟူ၍ လည်းကောင်း ပြု အစား ပ္လုဟူ၍ လည်း ကောင်း ၊ ဖြစ် အစား ဖ္လစ်ဟူ၍ လည်းကောင်း ရေးထိုးထားသည်ကိုတွေ့နိုင်ပါသည်။
ထို့ပြင်ခေတ်ဦးပုဂံသားတို့သည်ယနေ့ရခိုင်တို့ပြောနေသကဲ့သို့ ရီ၊လီ၊မြီ၊သီ တို့ကိုပီပီသသပြော၍ မရ တော့။
ယနေ့မြန်မာတို့ပြောသလို ရေ(ယေ)၊လေ၊မျေ၊ သေ ဟူ၍လည်း ပီပီသသ မပြောတတ်သေး။ရိတ်၊မြိယ် လိယ်၊ သိယ်၊ ပိယ် ဟူ၍(-ီ) မက (ေ-) မကျသေးသော စကားကိုပြောကြားဟန်တူပါသည်။ ကျောက်စာ၌ ဤသို့ ရေး ထိုးခြင်းသည် စာလုံးပေါင်းမမှန်သေး၍ စမ်းသပ်ရေးသားစဖြစ်၍ ဤသို့ရေးသားသည်ဟုမယူဆ ပါ။ သင်ဂြီ၊ ဗြိ စသည့်(-ီ) သရသံပီပီသသကိုလည်းကောင်း၊ အဆုယ်၊ ရှုယ်၊ပါယ် အစရှိသည့် (ေ-) အသံတို့ကို လည်းကောင်း ပီပီရေးထိုးရသည်ကို တွေ့မြင်နိုင်ပါသည်။
ယင်းကြောင့်ရန်ကုန်မြေးဦးကလေး “ရိယ်ပိယ်မေမေ... ရိယ်” ဟုပြောဆိုသည်ကို ကြားရသောအခါ ရာဇကု မာရ်ညီမငယ်သျှေဟု ကျွန်တော်ရေရွတ်မိခြင်းဖြစ်ပါသည်။
“အာရက္ခဒေသ”နေရခိုင်တို့ ရိုးမတောင်ကိုကျော်၍ မြန်မာပြည်မသို့ ရိယ်ကြည်ရာမြက်နု ဟိယ် ရာ ပြောင်း ရွှေ့နေထိုင်ကြသည်မှာ သက္ကရာဇ်တစ်ထောင်ဝန်းကျင် တစ်ဝိုက်၌သာဖြစ်ဟန် မတူပါ။ နှစ် ဆယ် ရာစု တစ် ခု လုံးတွင်လည်း ရိုးမတောင်ကိုကျော်၍ အရှေ့မြန်မာပြည်မသို့ တစ်စ စ ပြောင်းရွှေ့နေ ထိုင် ကြ ပါ သည်။
ဗြိတိသျှလက်အောက် ရခိုင်ဒေသတွင် ရေမကြည်မြက်မနုခဲ့ပါ။ ဗြိတိသျှတို့ နှစ်တစ်ရာကျော်စိုးမိုးခဲ့စဉ်က ရခိုင်ဒေသတွင် မီးရထား၊မော်တော်ကားလမ်းဟူ၍ စိုးစိမျှမရှိခဲ့ပါ။ လက်ညှိုးထိုးပြစရာဟု တောင်ပြို-ဘူး သီး တောင်မီးရထားလမ်းပိုင်းငယ်တစ်ခုနှင့် ဘူးသီးတောင်-မောင်တောကား လမ်းတိုလေးတစ်ခု သာရှိ ခဲ့ပါ သည်။ ဒေသတစ်ခု၏တိုးတက်မှုတွင် လမ်းပန်းဆက်သွယ်ရေးသည် အဓိကအရေးကြီးလှပါသည်။
ယင်းကြောင့် လည်း မြန်မာ့လွတ်လပ်ရေးမျိုးစေ့ချပေးခဲ့သူ ရှင်ဥတ္တမ၊ ဆာပေါ်ထွန်း၊ ဆာထွန်း အောင်ကျော်၊ ဦးမေအောင်၊ ဦးလှထွန်းဖြူ(ဂေါတမ) အစရှိသောရခိုင်ပညာတတ်ကြီး များသည် မြန်မာပြည်မ သို့ ပြောင်း ရွှေ့ နေထိုင်ခဲ့ ကြပါသည်။ ယင်းတို့၏နောက်တွင် စီးပွားရေးသမားများ၊ ပ ညာတတ်ငယ်များ စသည့် ရခိုင် လူ လတ် တန်း စားအလွှာတို့သည် မြန်မာပြည်မသို့ အသီးသီး ပြောင်းရွှေ့ထွက်ခွာသွားပါသည်။ ယင်းတို့၏ နောက်တွင် ဆင်းရဲသား/သူများ၊ လက်လုပ်လက် စား များကလည်း ရခိုင်မှာနေ၍ ဆင်းရဲလျှင်လူမြင်သည်။ ရန်ကုန်မှာ ဆင်းရဲသည်ကိုလူမသိဟူသော မူ ဖြင့် တစ်စ စ ပြောင်းရွှေ့ သွားကြ ပါသည်။ မြန်မာပြည်တွင် အလုပ်ရ လိုရငြား၊ တိုးတက်ရာ တိုး တက်ကြောင်း ရှေးရှု ထွက် ခွာသွားသူတို့ ဒုနှင့်ဒေးပါ။
ယနေ့ ရခိုင်ဒေသတွင် တစ်ဆယ့်ငါးသိန်းသော ရခိုင်အမျိုးသားတို့ နေထိုင်လျက်ရှိကြပါမည်ထင်ပါသည်။ ယ နေ့ရခိုင်ပြည်နယ်၏မြို့တော်စစ်တွေရှိ လမ်းကြီးလမ်းငယ်အသွယ်သွယ်မှ အိမ်များကို စာရင်းကောက်ယူ ကြည့်ပါ။ ငါးဆယ်ရာခိုင်နှုန်းသော အိမ်တို့မှ မူလပိုင်ရှင်များမှာ မြန်မာပြည်မသို့ ပြောင်းရွှေ့သွား ကြ ပြီ ဖြစ် ကြောင်း တွေ့ရပါမည်။ ကျန်ငါးဆယ်ရာခိုင်နှုန်းသောနေအိမ်တို့မှ မိသားစုအချို့အ၀က် သည် လည်း ပြောင်း ရွှေ့ထွက်ခွာသွားပြီဖြစ်ကြောင်းတွေ့ကြရပါလိမ့်မည်။ စစ်တွေတစ်မြို့တည်းသာမက ကျန်မြို့ များ အားလုံး လည်း ထို့အတူပင်ဖြစ်ပါသည်။
“ရိုးတောင်ခြီကိုပြန်လာ
ရိုးတောင်ခြီမှာပြန်ဆုံ
အနာဂတ်ကိုရောင်စုံအလှချယ်ကတ်မေ” ဟုကဗျာရေး၍ ဖိတ်ခေါ်ဖူးသော ကျွန်တော်၏မိသားစုဝင် အချို့ သည်ပင် မြို့တော်ရန်ကုန်၌ အခြေချပြီးနေကြပါပြီ။
ယနေ့ “အာရက္ခဒေသ” ရခိုင်ပြည်နယ်တွင်
ရေပြန်၍ကြည်စပြုနေပါပြီ။
မြက်ပြန်၍ နုစပြုနေပါပြီ။
သားမွေးမြက်နု စိမ်းရည်စုပါပြီ။
ကားလမ်းမကြီးသုံးသွယ်မှတစ်ဆင့် ရခိုင်နှင့် မြေပြန့်ဒေသကို ဥဒဟိုဆက်သွယ်နိုင်ပါပြီ။ ပြည်နယ်တွင်းရှိ မြို့နယ်အားလုံးလိုလို တစ်နေရာမှ တစ်နေရာ ကုန်းလမ်းခရီး ပေါက်ရောက်နေပါပြီ။ ဖောက်လုပ်ဆဲ အမ်း- ကျောက်ဖြူ-တောင်ကုတ် ကားလမ်းကြီးသာ ပြီးစီးပါက ရခိုင်ဒေသတစ်ခုလုံးသည် တစ်ဆက် တစ် စပ်တည်း ဖြစ်တော့မည်။
နိုင်ငံခြားနှင့် ကုန်သွယ်ရေးအတွက်လည်း ရခိုင်မှ တရုတ်ပြည်၊ရခိုင်မှ ဘင်္ဂလားဒေရှ့် သို့ ပေါက်ရောက်နေ ပြီ ဖြစ်သည်။ ရခိုင်-အိန္ဒိယကားလမ်းမကြီးမှာလည်း လာမည့်တစ်နှစ်၊ နှစ်နှစ်အတွင်း ပြီးစီးတော့မည်။
ပင်လယ်ရေကြောင်းဖြင့် ပြည်နယ်မြို့တော် စစ်တွေကိုနိုင်ငံခြားနှင့်ကုန်ကူးသန်းဆက်သွယ်နိုင်သည့် ဆိပ် ကမ်း မြို့တစ်ခုအဖြစ် သတ်မှတ်ထားပါပြီ။
နောင်လာမည့်နှစ်အစိတ်ခန့်တွင် ကမ္ဘာသည် “ဇီဝစီးပွားခေတ်”သို့ရောက်ရှိမည်ဟု ခန့်မှန်းကြပါသည်။ ယင်း အချိန်တွင် သန်းတစ်သောင်းမျှသော ကမ္ဘာ့လူဦးရေအတွက် စားနပ်ရိက္ခာသည် အဓိကအရေးပါ လာ မည်။
ရခိုင်ကမ်းရိုးတန်းသည် မိုင်(၃၀၀) ရှည်လျားပါသည်။ စီးပွားရေးဇုန်နယ် ရေပြင်ပိုင်နက်မှာ ဧရိယာ စတု ရန်း မိုင် (၆၀၀၀၀)ရှိမည်။ ဤမျှကျယ်ပြန့်သော ရေပြင်၌ နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်း သ င်္ဘောတစ်စီးမျှ မရှိ သေးပါ။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရေငံစပ်ဒေသ(Brackish Water) ငါး/ပုစွန်မွေးကန်တစ် သိန်းကျော် ရှိ သည့် အ နက် ရခိုင်ဒေသတွင် ဧက (၆၀၀၀၀)ကျော်ရှိပါသည်။ အိမ်နီးချင်းနိုင်ငံတို့၌ တစ်နှစ်လျှင် တစ်ဧကမှ ပုစွန် ကျား (Tiger Prawn) ပိဿာ(၄၀၀)ကျော်ထွက်ရှိသည်ဟု သိရသည်။ ရခိုင်ဒေသ၌ တစ်ဧကပျမ်းမျှ ငါးပိ ဿာပင် မထွက်နိုင်သေးပါ။ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုကို စောင့်မျှော်နေ ပါသည်။
ဓည၀တီတွင်သော ရခိုင်ဒေသတွင် လယ်မြေဧကပေါင်းများစွာရှိပါသည်။ မိုးတွင်းကာလ တစ်သီး မျှသာစပါး စိုက်ပျိုးကြသည်။ စိုက်ပျိုးသော စပါးများမှာလည်း အရည်အသွေးနှင့် ထွက်နှုန်း တိုး မြှင့်ပေး ရန်လို အပ် နေ ပါ သေးသည်။ ဤလယ်မြေများ၌ တစ်ဆောင်း တစ်နွေကာလသည် အလဟ ဿဖြစ်နေပါသည်။ ပဲမျိုးစုံ၊ နှမ်း၊ ပြောင်း၊ဂျပန်သခွား၊ ထိုင်ဝမ်းဖရဲ စသည်တို့ကို စိုက်ပျိုးရန် စောင့် မျှော်နေပါသည်။
လယ်မြေကိုကျော်လျှင် ဧကပေါင်းများစွာသော တောင်ကုန်း၊ တောင်စွယ်၊ တောင်တန်းတို့မှာ လည်း မြန် မာ နိုင်ငံတစ်ဝန်းနှင့် ကမ္ဘာ့အနှံ့ပျံ့နေသော ရခိုင်နွယ်ဖွားတို့အား ရခိုင်ပြည်နယ်သို့ အ တည်တကျ ပြန် လည် ပြောင်းရွှေ့နေထိုင်ကြပါမည်ဟု မပြောဆိုလိုပါ။ GLOBALIZATION သဘောအရ ကမ္ဘာ့ရွာကြီးတွင် မိမိ တို့ ကြိုက်နှစ်သက်ရာ နေရာ၌ မိမိနေထိုင်နိုင်ကြပါသည်။ သို့ သော် မိမိတို့တတ်ကျွမ်းသည့် အတတ် ပညာနှင့် မိမိတို့စုဆောင်းသိုမှီးထားသော အရင်းအနှီး များကို တောရိုင်းမြေ အာရက္ခဒေသ ၌ လာရောက် ရင်းနှီးကြ ပါ ဟု ဖိတ်ခေါ်ချင်ပါသည်။
နှစ်ဆယ့်တစ်ရာစု၏ ဒုတိယဆယ်စုနှစ်အကုန်တွင် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ စီးပွားရေးဗဟိုချက် မ ဖြစ်လာမည်ဟု မျှော်လင့်နိုင်ပါသည်။
ရိယ်ကြိုင်မြက်နု ဟိယ်ရာမှ-
စစ်တွေ-စောနောင်
ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)မှထုတ်ဝေသည့် မြတ်ပန်းသဇင် မဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။
စာရွီးဆရာသိန်းဖေမြင့်က “ကျောက်တော်မှပလက်ဝ”ကိုလားရေ အတွိအကြုံချေတစ်ခုကို ရွီးဖူးလီရေ။ ယင်း ထဲ မှာ “ရခိုင်တိရေတေးခြင်းဆိုရေခါ ဗမာပိုင်ဆိုရေ” လို့မှတ်ချက်ချရွီးထားရေ။ ဧစွာကိုတစ်ဖက်က ကြည့် ကေ ဟုတ်နီရေ။ ရခိုင်တိရေ ဗမာတေးခြင်းတိကို ဆိုတတ်တေဆိုစွာ။
နောက်....ဆရာတော်၊သမားတော်တိရေ တရားဓမ္မဟောရေခါ ဗမာပိုင်ရွီးထားစွာကို ရခိုင်ပိုင်ဟောကတ်စွာ တိ တွိရရေ။
ဧမှာပြောစရာဖြစ်လာစွာက ရခိုင်က ဗမာတေးခြင်းကို ဗမာပိုင်ဆိုစွာက ကိစ္စမဟိ။ဗမာအရွီးအသားကို ရခိုင် ပိုင် ပြောရေခါမှာ ဘာသာစကားနှစ်ခုလုံးပျက်ကျလားရေ အဖြစ်ပါယာ။
ရခိုင်ဓမ္မကထိက ကိုယ်တော်တစ်ပါး တရားဟောစွာနာမိရေ။တရားနာစွာမဟုတ်ဘဲ ဘာသာစကားနာ စွာ ဖြစ်လားရေ။ယင်းကိုယ်တော်က“ဒါနကိုလီးပြုလုပ်ပါ၊သီလကိုလီးလုံခြုံအောင်စောင့်ထိန်းပါ.......”လို့ ဟောစွာ ကိုသတိကျပ်မိပါရေ။
ဗမာအရွီးအသားနန့်ဆိုကေ-
“ဒါနကိုလည်းပြုလုပ်ပါ။သီလကိုလည်းလုံခြုံအောင်စောင့်ထိန်းပါ ............” လို့ဟိနီပါလိမ့်မေ။ ဧဟောပြော ချက်ကို မိမိရို့လိလာကြည့်ကတ်ပါမေ။
၁း၁။ ဒါနကိုလည်း........
၁း၂။ ပြုလုပ်ပါ။
၂း၁။ သီလကိုလည်း........
၂း၂။ လုံခြုံအောင်
၂း၃။ စောင့်ထိန်းပါ။
ဝါကျနှစ်ခုကို အပြိုင်တွိနိုင်ပါရေ။ဧမှာနားမလည်စရာ တစ်ခုလေ့သွင့်မပါ။ နားလည်နိုင်ရေ စကားချည်း ယာ။ ယေကေအစွာဖြစ်လို့ အဆံရှည်နီရရောင်လို့ စောဒကတက်စရာဟိလာပါရေ။
“ဒါနကိုလည်း” ကိုရခိုင်က “ဒါနကိုလဲ”လေ့မဟုတ်။“ဒါနကိုလီး”လေ့မဟုတ်။ “ဒါနကိုလေ့(လေး)” လို့ရာပြော တတ်ကတ်စွာကိုသတိပြုမိကတ်ဖို့စွာပါရာ။ ဗမာမှာ “-ည်”ကိုရခိုက်က“ေ-”မဟုတ်ကေ “-ိုင်”အသံထွက် တတ်ပါရေ။အဂုနောက်ပိုင်းမှာတော့ ဗမာဂတိလိုက်ပနာ“-ည်” ကို “-ီ”သံထွက်စွာရေ ထိန်းကွပ်မရ လောက် အောင်ထိများလားပါယာ။ ယေခါ မိမိရို့တိုင်းရင်းသားတိရေ ကိုယ့်ဘာသာစကား ကို ပြောရေခါမှာ ကိုယ့်ဘာ သာစကားဂတိမဟုတ်ဘဲနန့် ဗမာဂတိဖက်ကိုလိုက်ပြောလား တတ်ပါရေ ။ဖော်ပြရေ နမူနာဝါကျမှာ “လည်း” ကို“လီး” အထိပြောချလိုက်တေခါ သီလကိုလည်းက”လည်း” ကိုလေ့ ထိုအတိုင်းပါယာ။ ဒုတိယ၀ါကျ ၏ ကြိ ယာက“စောင့်ထိန်း”ဖြစ်တေ။
စောင့်ထိန်းရှိက ဟိရေ”လုံခြုံအောင်”ကိုကြည့်ကတ်ပါမေ။ “လုံခြုံ”ဆိုစွာမှာ “လုံ+ခြုံ”ပေါင်းစပ်ထားရေ စကား မဟုတ်ပါလား။ “လုံ”ကို ကြည့်။ “အဖုံးအပိတ်အကာအရံ ကောင်းမွန်ရေ။အကာအကွယ်ကောင်းရေ။ မိမိမှာ အပြစ်တစ်စုံတစ်ရာမဟိလို့ စိတ်ချရေ”လို့ တွိနိုင်ရေ။ အသံထွက်မှာလေ့ ဗမာနန့် ရခိုင် အတူတူယာ။ အနက် အဓိပ္ပါယ်အရလေ့တူရေ။ အသံထွက်အားဖြင့်လေ့ တူရေ့”လုံ”။
“ခြုံ” ကိုကြည့်ကတ်ပါမေ။
မြန်မာအဘိဓါန် ဖွင့်ဆိုချက်မှာ ဂုပိုင်-
“ခြုံ၊ ကြိ-အပေါ်ကလွှမ်းအုပ်သည်။ ကြိဝိ-စုစည်း သိမ်းရုံးလျက်၊ ခြုံငုံလက်။” ဆိုပြီးတွိရရေ။ ဧဖွင့်ဆိုချက်ရေ မိမိရို့ရခိုင်တိနန့် ကိုက်ညီပါယင့်လား။ မိမိရို့က မြန်မာမီဒီယာ အမြဲစိမ်းသစ်တောအောက် မှာ ပေါက်ရောက် နီရရေ သစ်ပင်ချေတစ်ပင်ဖြစ်တေ။ ယေခါ အမြဲစိမ်းသစ်တော၏ သစ်စက်ကျမှုကြောင့် ပေါက်ရောက် နီရေ့သစ်ပင်ချေရေ သိမ်ကလိန်ချေဖြစ်ကျန်နီရေ သဘော တွိရရေ။ ဟုတ်ပါယင့်။ “ခြုံ”ဆိုစွာကို မိမိရို့က ဗမာဂတိလိုက်ပြီးကေ ကိုယ့်စကားအသံထွက်အမှန်လို့ ယူပစ်လိုက်တေ။
စဉ်းစားကြည့်ပါ။ “အပေါ်ကလွှမ်းအုပ်သည်”ဆိုစွာကို။
“ချမ်းရေ ပုဆိုးခြုံပီးပါ”လို့ ပြောလာ။ မဟုတ်ဘဲ“ ချမ်းရေ ပုဆိုးချုံပီးပါ” လို့ပြောလာလို့။ “ချုံပီးပါ”ပါ ရာပြော ပါရေ။“ခြုံပီးပါ” လို့မပြောပါ။ “ခြုံပီးပါ”လို့ဆိုကေ ကောင်းဟာသမြောက်တေ အသွန့်စကား ရာ ဖြစ်ပါဖို့။ ခြုံပီး၊ ဇာခြုံကိုပီးရဖို့လဲ မီးဖို့ကျပြန်လိမ့်မေ။
ဟုတ်ယာ....။“ခြုံ”ဆိုရေ ရွီးထုံးကို ဗမာဂတိအသံလိုက်ပါနာ / ချုံ/လို့ အသံထွက်စွာက မဖြစ်နိုင်လာ။ ယင်း ပိုင်ဆိုကေ“ချုံ”ရွီးထုံးကို ကြည့်ကတ်ပါမေ။မြန်မာအဘိဓါန်မှာ-
“ချုံ၊ န-အကိုင်း၊အခက်၊ အရွက်၊ အနွယ်ရို့ ထွေးယှက်ပေါက်ရောက်နီသော အပင်စု။”လို့ ဖွင့်စွာကိုတွီရပါရေ။ မိမိရို့တိရေ “ရ၊ယ၊ရရစ်၊ ယ-င့်” ကိုပီသစွာပြောတတ်သူလို့ ဗမာတိက အထွတ်တင်ပြောခရရေလူမျိုး။ “ပင့် ရစ်မနိုင်ရခိုင်မီး” လို့ စံပြုခံရေလူမျိုးမဟုတ်လားလေ။ အဂု စဉ်းစားကြည့်ပါချက်။ အကိုင်း၊အခက်၊ အရွက်၊ အနွယ်ရို့ထွီးယှက်ပေါက်ရောက်နီရေအပင်စုကို “ခြုံ” ခေါ်ကတ်လာ။ “ချုံ”ခေါ်ကတ်လာလို့။ အ၀ ပိုင်းချောင်း ကမ်းနားတိမှာ ခြူခြာသတ်ပေါက်နီရေ အပင်စုကို တွိကတ်ပါဖို့ရာ။ အစူးတိ ချွန်ရေ။ ထက်တေ နန့်လေ။ အရွက်က ချင်းယားရွက်ပိုင်ဟိရေအပင်စု။ ယင်းဟင့်ကို မိမိရို့ခေါ်စွာက “ဆလီခြုံ”လတ်။ “ဆလီချုံ” မခေါ် ကတ်။ “ခြုံ”လို့ရာခေါ်စွာကို မသိသူမဟိဆိုရဖို့။
ယေကေ “ချုံ” နန့်“ခြုံ” အသံထွက်မတူ။ အဓိပ္ပါယ်လေ့မတူ။ ရွီးထုံးလေ့မတူ ဆိုစွာကို သတိပြုကတ်ပါဖို့။ ဗမာမှာရွီးထုံးမတူ။အသံထွက် အတူတူဖြစ်တေ။ ယေဒါလေ့ ရွီးထုံးကိုလိုက်ပနာ အဓိပ္ပါယ်ခွဲယူရရေ။
ဗမာက- “ချုံထဲမှာ ပုဆိုး ခြုံအိပ်ပါ---” လို့ရွီးကေ။
ဖတ်တေခါ- “ချုံဒဲမှာ ပဆိုးချုံအိပ်ပါ---” လို့ဖတ်တေ။
ရခိုင်က- “ခြုံထဲမှာ ပုဆိုးချုံအိပ်ပါ---”လို့ရွီးကေ။
ဖတ်တေခါ-“ခြုံထေးမှာ ပဆိုးချုံအိပ်ပါ---” ဖတ်တေ။
“ပုဆိုး”ဆိုရေ ဝေါဟာရကတော့ အသံထွက်တူရေ။ စကားလုံးကတော့ အဓိပ္ပါယ်လုံးဝကွဲရေ။ ဗမာမှာ ပုဆိုး ဆိုစွာ ယောက်ျားဝတ်တေ ဒယော(ခယောက်)ကိုဆိုရေ။ ရခိုင်မှာ အိပ်တေခါ အချမ်းကို ကာကွယ်ဖို့ ချုံရေ အထည်ကြီးကြီးလို့ အဓိပ္ပါယ်ရရေ။ မတူ။
ဧမှာ ဗမာဂတိလိုက်သူဆိုကေတော့ “ချုံထဲမှာ ပုဆိုးခြုံအိပ်ပါ” လို့ဆိုစွာကို ဒယောခြုံအိပ်လို့ အဓိ ပ္ပါယ် ကောက်ယူမေ။ ဗမာစကားကို ဟုတ်ရူပရူရာသိရေ ရခိုင်ကတော့ “ခြုံထဲမှာ မချမ်းရအောင် (ဗမာ က စောင် လို့ခေါ်ရေ) ပုဆိုးကို ချုံအိပ်” ခိုင်းစွာလို့နားလည်လိမ့်မေ။
အဓိက ပြောချင်စွာကတော့ ဗမာကရရစ်“ခြုံ”ကို ရခိုင်က ယပင့်”ချုံ” ရေ။ ဗမာက ယပင့်“ချုံ” ကို ရခိုင်က ရရစ်“ခြုံ” ရေ။ ဧမှာ အသံထွက်ကွဲရေပိုင် အဓိပ္ပါယ် လေ့လွဲရေ။
ယေနန့်အထက်မှာ ရခိုင်ဓမ္မကထိက ကိုယ်တော်ရေ“သီလကို လုံခြုံအောင်စောင့်ထိန်းပါ” ဆိုစွာရေ ရခိုင် စကားပျက် အဖြစ်လို့ဆိုရမေပင်။
ယပင့် ရရစ် ကိစ္စရေ ဧလောက်တည်းရာလာဆိုကေ ဇာဟုတ်ပါဖို့ရောင်။ ရတတ်သမျှစာရင်းပြုစုကြည့်ကေ-
ဗမာ ရခိုင်
၁။ ကျောကုန်း------------------------------ကြောကုန်း
၂။ ကျောခိုင်း-------------------------------ကြောခိုင်း
၃။ ကျပ်ခိုး----------------------------------ကြပ်ခိုး
၎။ ကျပ်ခိုးစင်-------------------------------ကြပ်ခိုးစင်
၅။ ကျွတ်မျှော့----------------------------- ကြွတ်မျှို့
၆။ ကျွတ်ကျွတ်မြည်-----------------------ကြွတ်ကြွတ်မြည်
၇။ ကြော်ချက်----------------------------ကျောက်ချက်
၈။ ကြော်လှော်---------------------------ကျော်လှော်
၉။ ချဲ(ကျဲအောင်ချဲ)-----------------------ခြဲ(ကြဲအောင်ခြဲ)
၁၀။ ချိုး(ချိုးငှက်)--------------------------ခြိုး(ခြိုးငှက်)
၁၁။ချိုး(ထမင်းချိုး)------------------------ခြိုး(ထမင်းခြိုး)
၁၂။ချိုးကူ--------------------------------ခြိုးကူ
၁၃။ချိုးကပ်------------------------------ခြိုးကပ်
၁၄။ချင်း(ဧချင်း)--------------------------ခြင်း(ဧခြင်း)
၁၅။ချောင်းခြောက်ဆိုး-------------------ခြောင်းခြောက်ဆိုး
၁၆။ချောင်းဆိုးရောဂါ--------------------ခြောင်းဆိုးရောဂါ
၁၇။ချောင်းဟန့်--------------------------ခြောင်းဟန့်
၁၈။ချည်ခင်စွပ်ငှက်----------------------ခြည်ခင်စွပ်ငှက်
၁၉။ချည်ငင်------------------------------ခြည်ငင်
၂၀။ချည်မျှင်------------------------------ခြည်မျှင်
၂၁။ချည်ဝင်------------------------------ခြည်ဝင်
၂၂။ချိပ်----------------------------------ခြိပ်
၂၃။ချိပ်တံဆိပ်---------------------------ခြိပ်တံဆိပ်
၂၄။ချိပ်တောင့်---------------------------ခြိပ်တောင့်
၂၅။ချိပ်ပိတ်စာအိတ်---------------------ခြိပ်ပိတ်စာအိတ်
၂၆။ချိပ်ပင်-------------------------------ခြိပ်ပင်
၂၇။ချုပ်စပ်(အထည်ချုပ်စပ်)-------------ခြုပ်စပ်(အထည်ခြုပ်စပ်)
၂၈။ချုပ်ရိုး-------------------------------ခြုပ်ရိုး
၂၉။ခြောင်းခြောင်း(ဒေါသထွက်)---------ချောင်းချောင်း(ဒေါသထွက်)
၃၀။ခြုံလွှမ်း------------------------------ချုံလွှမ်း
၃၁။ခြုံမိ---------------------------------ချုံမိ
၃၂။ခြုံထည်-----------------------------ချုံထည်
၃၃။ခြုံပြော------------------------------ချုံပြော
၃၄။ခြယ်(ဆေးခြယ်)--------------------ချယ်(ဆီးချယ်)
၃၅။ခြယ်မှုန်း--------------------------ခြီမှုန်း
၃၆။ခြယ်လှယ်-------------------------ချယ်လှယ်
၃၇။ချွေးမ-----------------------------ခြမ(ခြုပ်မ)
၃၈။ပြက်ချော်ချော်--------------------ပျက်ချော်ချော်
၃၉။ပြက်ရယ်ပြု-----------------------ပျက်ရယ်ပြု
၄၀။ပြက်လုံးထုတ်---------------------ပျက်လုံးထုတ်
၄၁။ပြင်(ပျက်လို့ပြင်)------------------ပျင်(ပျက်လို့ပျင်)
၄၂။ဖြားယောင်း-----------------------ဖျားယောင်း
၄၃။မျက်(ခါးမျက်)---------------------မြက်(ခါးမြက်)
၄၄။မျက်(နို့မျက်)----------------------မြက်(နို့မြက်)
၄၅။မျောက်ဥပင်----------------------မြောက်ဥပင်
၄၆။မြော်(ဖူးမြော်)---------------------မျှော်(ဖူးမျှော်)
လေးဆယ်ကျော်လောက်ရဟိပါရေ။ ဝေါဟာရထောင်သောင်းဟိစွာမှာ ဝေါဟာရလေးဆယ်ကျော် ရွီးထုံး မ တူစွာရေပြဿနာတော့မဆိုသာပါ။ ယေဒါလေ့ ပြောလာရေအခါမှာ နားကြားခက်စွာကတော့ အမှန် ပါ ယာ။ ဗမာရွီးထုံးအတိုင်းမိမိရို့အသံထွက်ပြောကြည့်ကေ ကြားရရေရခိုင်သားတိအဖို့ ရယ်စရာဖြစ်နိုင် ပါရေ။ စာရင်း ပြုစုထားရေ စကားလုံးတစ်လုံးကို စာလုံးပေါင်းအတိုင်းအသံထွက်ကေ ရခိုင်စကားမဖြစ်ပါယာ။ ဇာဖြစ် ဆို ကေ ရခိုင်စကားဆိုစွာ ဗမာစကားနဲ့မျိုးတူသံကွဲစကားဖြစ်နီလို့ဖြစ်ပါရေ။ ရခိုင်ဆိုစွာ အဖဘုရား သခင်က “ရ”နန့်“ယ” ကိုပီအောင်ပြောလီ၊ “ရရစ်၊ယပင့်” ကိုကွဲအောင်ပြောလီလို့ ဖန်ဆင်းခြင်းခံ ထားရသူတိမဟုတ် ပါလာ။ ယင်းဟင့်ကိုမှ အလီးမမူ၊ ဂရုမစိုက်ဘဲပြောကတ်(ရွီးကတ်)ဖို့ဆိုကေ အဖဘုရား သခင်၏ဒဏ်ခတ် ခြင်းကို ခံရပါလိမ့်မေလို့ ဆိုချင်ပါယင့်ထော။
နောက် ဟိပါသီးရေ။ “ေ-”သရ၊“-ီ”သရကွဲရေကိစ္စ။ ဟင့်မှာလေ့ စာရင်းပြုစုပြီးကေ ကြည့်ဖို့လိုပါလိမ့်မေ။ ဧမှာလေ့ ကိုယ်ရို့က “ေ-” သရသံထွက်လာ၊ “-ီ”သရသံထွက်လာ ဆိုစွာကို ယောင်ဝီယောင်ဝါးဖြစ်နီကတ်ပါ ယာ။ ဂုပိုင်ဖြစ်ရစွာလေ့ ဧနိမှဖြစ်လာရစွာက မဟုတ်ပါကိုး။သမိုင်းကိုချီပြီး ဖြစ်လာရစွာပါကိုး။ ဧကိစ္စဖြေ ရှင်း နိုင်ဖို့ကိုထား။ယိမ်းယိုင်နိန်ရေဘာသာစကားကို ကျားကန်ပီးဖို့ကတော့ အမှန်လိုအပ်တေ။ ယေနန့် ရ၊ ယ မှန်အောင်ရရစ်၊ ယပင့် မှန်အောင် သဝေထိုး၊လုံးကြီးတင်မှန်အောင် ဂရုတစိုက်ပြောလားဖို့(ဂရုတစိုက် ရွီး လားဖို့) ဆိုကေ ရခိုင်ဘာသာစကား၏ချုပ်ငြိမ်းမှုကာလရေ ဧထက်စကေရှည်လျားနိုင်သိရေလို့ ယူဆ ပါရေ။
သာစွလေ...
ငြိမ်းချမ်းဦးဖ
၃၀၁၈၀၇/၉/၀၃
၁၃၆၅၊ကျွတ်လဆန်း ၅ ရက်၊ ၃င်္ဂါ။
အောင်တံခွန်ဝံသရက္ခိတမဂ္ဂဇင်းအတွဲ(၄)၊အမှတ်(၃) မှကူးယူဖော်ပြသည်။
စာလုံးပေါင်းသတ်ပုံများမှာ မဂ္ဂဇင်းပါ အာဘော်အတိုင်းဖြစ်ပါသည်။
တန်ရာ တန်ရာ
သိကြားမင်း ။ ။ ငါပြောရေ စကားကို မင်းနားလည်လား မာတလိ၊
မာတလိ ။ ။ နားလည်ပါရေ သိကြားမင်း ။ အခုပြောနီရေ စကားက ရခိုင်စကားရာ ပါ မနား။
မာတလိ ။ ။ ဟုတ်တယ် - ဒေစကားတိကို ပြောတတ်အောင် ဇါပိုင် လုပ်ရဖို့ လဲ ဆိုစွာကို သင်တန်းတက်ဖို့  အတွက် ငါလူ့ ပြည်ကို တနားချေ လားလိုက်ရဖို့ ဗျယ်ဒေ။
မာတလိ ။ ။ သိကြားမင်းက ရခိုင်လူမျိုး ဖြစ်ယင့်သားနင့် ရခိုင်ပြည်မှာ ရခိုင်စကားပြော သင်တန်းတက်ဖို့  လားပါဖို့ လား ။ လူတိ ရယ်နီကတ်ပါမေယေ ။
သိကြားမင်း။ ။ မင်းနားမလည် ပါသိဝေ ၊ ငါ့စကားကို ငါ့သားသမီး နားမလည်လို့  ပြသနာယေဝေ ။ သူရို့ က ရခိုင်စကား မပြောလေဝေ ။။။။။
×××××× ××××××× ××××××××× ×××××××× ×××××× ++++++++++
ရခိုင် ညီလာခံ
ဥက္ကဌ ။ ။ ဒေနိ ညီလာခံ ဗြီးလို့  ဟိကေ အစီးအ၀ီး တက်ရောက်သူ ကိုယ်စားလှယ်တော်ကြီးရို့  မိတ်ဆုံတွိဆုံ ညဇါစားပွဲ တက်ကတ်ရပါဖို့ ယေ ။
အခန်းအနားမှူး ။ ။ ယေကေ ဒေချင့်ကို ညီလာခံမှာ ကြော်ငြာပီးလိုက်ရပါဖို့ လား ။
ဥက္ကဌ ။ ။ ဟုတ်ပါရေ - ကြော်ငြာပီးလိုက်ပါ - ယေမှရာ အသင်းသူ အသင်းသားရို့  ဥက္ကဌ တိ အတွင်းရီးမှူးတိနင့် ရင်းနှီးမှူ ရလားကေ လုပ်ငန်းတိ အောင်မြင်လားဖို့  အခြီအနီ ဟိပါရေ လေ ။
အခန်းအနားမှူး ။ ။ ဥက္ကဌ ရို့  မယားတိနင့် အသင်းသူ အသင်းသား မယားတိနင့် မိတ်ဆုံတွိဆုံ ညဇါစားပွဲမှာ တခါတည်း ဖိတ်လိုက်ရပါဖို့ လား ။
ညီလာခံခမ်းမအတွင်းမှာ -၁၅-မိနစ် ခန့်  အသံမကြားရပါ ။ တိတ်လားခပါရေ ။
ဥက္ကဌ ။ ။ အခုသက ညီလာခံ တနားချေ ရပ်လားစွာကို တောင်းပန်ပါရေ ၊ အခန်းနားမှူး ပြောရေအတိုင်း မိတ်ဆုံတွိဆုံ ညဇါ စားပွဲမှာ မယားတိက မတက်ရောက်နိုင်ပါယေ- ဇါဖြစ်လို့ ဆိုကေ
ဥက္ကဌ မယားရို့  အတွင်းရီးမှူး မယားရို့  က အောက်သားလူမျိုးတိ တခြားလူမျိုးတိ ဖြစ်နီရေအခါ အသင်းသူ အသင်းသားရို့  မယား စကားတိကို နားလည်ဖို့  မထင်လို့  မဖိတ်ကြောင်း ကြော်ငြာပီးလိုက်ပါ လေ ။။။
+++++++++ ++++++++++ +++++++++ ++++++++++ ++++++++++ +++++++++ ++++++++ ++++++++++
ဘောလုံးပွဲ
မောင်ဖြူချေ ။ ။ အမှန်ရာ ဆိုကေ ယင်းသူရို့  နိုင်ဗြီးသား ပါရာ ယေ ။ ကျွန်တော်ကတော့ခါ ယင်းသူရို့  ဖက်ကို အားပီးစွာပါဒေ ။ ဒိုင်လူကြီး မကောင်းလို့ ပါရာ ။
မောင်နီချေ ။ ။ ထားလိုက်ပါ အကို - ယင်းသူရို့  အကြောင်း ၊ အကို က ဇါလောက် သိလို့ လဲ - ဒေကောင်တိက ညစ်ပတ်တေ- ယေဇူးနင့် ရှုံးလိုက်ရစွာ ယေ ။
မောင်ဖြူချေ ။ ။ နှစ်ဖက်စလုံး ညစ်ပတ်ကတ်စွာရာ ဝေ- တဖက်လဲ ကောင်းစွာကား မဟုတ်ကာ ၊
မောင်နီချေ ။ ။ ယေချင့်ဗျယ် - ဒိုင်လူကြီးလဲ ညစ်ပတ်စွာ ကမ်းကုန်ရေ ။ ရခိုင်သားပွဲပါရာ အကို ။ နှစ်ဖက်စလုံး ညစ်ပတ်ရေပိုင် ဒိုင်လူကြီးတိကပါ ညစ်ပတ်တေဆိုစွာကို သိထားကေ သူရို့ ဘောလုံးပွဲကို ကြည့်ရစွာ
ကောင်းစွာဗျယ်ကား ယေ ။
------------------------------- ------------------------- ===================== ------------------------
ကန်တော့ပွဲ
ကျောင်းဆရာ ။ ။။။ ဒေနိခါ တပည့်ရို့  ဆရာကန်တော့ပွဲ လုပ်ဖို့  ဆိုကေ ဆရာက တခုအကြံပီးချင်ရေ ။
ကျောင်းသား ။ ။။။ ဟုတ်ပါယင့် - ဆရာကန်တော့ပွဲ အစီအစဉ်မှာ ဖျော်ဖြေပွဲရို့  လုပ်ဖို့  စီစဉ်ထားပါရေ ။
ကျောင်းဆရာ ။ ။။။ ဖျော်ဖြေပွဲ လုပ်ဖို့  စွာထက် မင်းရို့  ဆရာကတော်ကိုပါ ကန်တော့ပွဲ လုပ်ဖို့  ပြောချင်ရေ ဝေ။ လေးဝတီ