အဆိုပါ သတင်းတွင် ဖော်ပြချက်အရ ကြံ့ခိုင်ရေး ပါတီမှ ဒုဥက္ကဌဖြစ်သူ ဦးဌေးဦးမှ ဒေါ်အောင်ဆန်း စုကြည် သမ္မတ ရွေးကောက်ပွဲ ၀င်ဖို့ မဖြစ်နိုင်ကြောင်း၊ ကြံ့ခိုင်ရေး ပါတီအနေဖြင့်လည်း အခြေခံဥပဒေကို ပြင်ဆင်ဖို့ အဆိုတင်သွင်းရန် ဆုံးဖြတ်ထားခြင်း မရှိကြောင်း ထိုင်းနိုင်ငံထုတ် ဧရာဝတီသတင်းစာသို့ ပြောကြားခဲ့သည်ဟု သိရသည်။
သို့သော်လည်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းမှ နယူးယောက် မြန်မာ မိသားစုများနှင့် တွေ့ဆုံရာ၌ ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ရေး အခြေခံဥပဒေ ပြင်ဆင်မည်ဟု ပြောကြားခဲ့ကြောင်း The Voice ဂျာနယ်မှ ဖော်ပြ ထားသည်။ ထိုသို့ တာဝန်ရှိသူ နှစ်ဦး၏ ပြောဆိုချက် မတူညီမှုကြောင့် မည်သူ၏ ပြောဆိုချက်မှာ အမှန် ဖြစ်မ လဲ ဆိုသည်ကို လူအများက စိတ်ဝင်စားလျှက် ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မောင်နှမ၊ ယောက်ျားနှင့် သားသမီးများ အားလုံးသည် နိုင်ငံခြား တိုင်းပြည်၏ ကျေး ဇူး သစ္စာကို စောင့်သိသူများ ဖြစ်နေပြီး အခြေခံ ဥပဒေပါ သမ္မတ အရည်အချင်းနှင့် ကိုက်ညီမှု မရှိဟု သိရ သည်။ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှ အခြေခံဥပဒေ သည် သူမတစ်ယောက်ကို ရည် ရွယ် ရေးဆွဲပြီး တားမြစ် ထားသည်ဟု ဂျပန်နိုင်ငံသို့ ရောက်စဉ် ပြောကြားခဲ့သော်လည်း လူသန်း ၆၀ တွင် မြန်မာနိုင် ငံသား စစ်စစ်ဖြစ်သည့် လူ ၅၉ သန်းကျော် သမ္မတဖြစ်နိုင်ပြီး သူမ တစ်ေ ယာက် သာ မဖြစ်နိုင်သည့် အတွက် ပြင်ဆင်မည်ဆိုမှသာ တစ်ဦးတစ်ယောက် အတွက် ရေးဆွဲရသည့် အခြေခံဥပဒေ ဖြစ်နေမည် ဖြစ်ကြောင်း ပြောဆိုလျှက် ရှိသည်။

Oppositeyes