You Are Here:
Home -
သတင်း
-
ဘင်္ဂလီအကြမ်းဖက်ရန်ကိုကြောက်၍ မြန်မာနိုင်ငံတွင်း ပြောင်းရွေ့လာရသောရခိုင်တိုင်းရင်းသား လူမျိုးစုများကို ကူညီလုံခြုံမှုပေးသင့်
ဘင်္ဂလီအကြမ်းဖက်ရန်ကိုကြောက်၍ မြန်မာနိုင်ငံတွင်း ပြောင်းရွေ့လာရသောရခိုင်တိုင်းရင်းသား လူမျိုးစုများကို ကူညီလုံခြုံမှုပေးသင့်
Posted by Unknown on 7:34 AM //
မေလအတွင်းကရခိုင်ပြည်နယ် မြောက်ပိုင်း၊ မောင်းတာမြို့နယ်၊ ဝေလာတောင်ကျေးရွာနှင့် နန်းရာကိုင်းကျေးရွာများသို့ ရခိုင်တိုင်းရင်းသား မိသားစု ၁၁ စုနှင့် မြို့ တိုင်းရင်းသား မိသားစု ၁၀ စုတို့ ပြောင်းရွေ့ ၀င်ရောက်လာခဲ့ကြသည်။ သို့ရာတွင် ယနေ့ အထိ ၎င်းတို့၏ စားဝတ်နေရေးမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ထိုသို့ အခက်အခဲကြုံနေရခြင်းမှာ ပံ့ပိုးကူညီမှုနည်းပါးခြင်းကြောင့်ဖြစ်သည်။ မြန်မာဘက် သို့ ရွှေ့ပြောင်းပြေးလာသူများ ယင်းသို့အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရခြင်းသည် အားကိုးရာမဲ့ဖြစ်နေသော လူများကိုကူညီမှု နည်းပါးခြင်းကြောင့်ဖြစ်သည်ဟု ဒေသခံများက ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်သို့ ၀င်ရောက်လာသော မြိုလူမျိုး မိသားစုဆယ်စု သည် နန်းရာကိုင်းကျေးရွာသို့ ပြောင်းရွေ့ရောက်ရှိလာခြင်းသည် ပထမဆုံး မြို မိသား စုများပြောင်းရွှေ့ခိုလှုံလာခြင်းဖြစ်သည် ဟုယင်းဒေသခံများ ၏ အဆိုအရ သိရပါသည်။
ထိုသို့ မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်လာသူများကို နွေးထွေးစွာ ကြိုဆို ရန် လိုအပ်မှုများရှိနေကြောင်းလည်း သိရသည်။
ဘင်္ဂလီများ၏ အကြမ်းဖက်ရန်လိုမှုကို ကြောက်ရွံ့သဖြင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ရသော မြို လူမျိုးနှင့် ရခိုင်တိုင်းရင်းသားမိသားစုများ၏ စားဝတ်နေရေးနှင့်ပတ်သက် ပြီး အစိုးရမှလည်းတာဝန်ယူရမည်ဖြစ်သကဲ့သို့ ရခိုင်တိုင်းရင်းသားများက လည်း တာဝန်ယူသင့်ကြောင်း ဒေသခံများက သုံးသပ်ပြောဆို ခဲ့ကြသည်။
Ref:RSV