You Are Here: Home - သတင်း - သျှစ်သောင်း ၊ ထုက္ကန့်၊ အံတော်သိမ်း ဘုရားပွဲတော်များအား စည်းကား သိုက်မြိုက်စွာ ကျင်းပမည်


ရခိုင်ပြည်နယ် ၊ ရှေ့ဟောင်းမြို့တော် ဖြစ်သော မြောက်ဦးမြို့တွင် သမိုင်းဝင် အထင်ကရနေရာများဖြစ်သော သျှစ်သောင်း၊ ထုက္ကန့်သိမ်း ၊ အံတော်သိမ်းဘုရားပွဲတော်အား 24.5.2013 ရက်နေ့မှ 28.5.2013 ရက်နေ့ထိ ၅ ရက်တိုင်းတိုင်း စည်းကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဟု ပွဲတော် ကျင်းပရေးကော်မတီများထံမှ သိရှိရပါသည်။ ယခင်နှစ်တွေတုန်းကဆိုရင်ဘုရားပွဲကို ဂေါပက လူကြီးများမှ ဦးဆောင်ပြီးတော့ကျင်းပခဲ့ကြသည်။ ယခုနှစ်တွင်မူ အခြေနေ အကြောင်းအမျိုးမျိုးကြောင့် မြောက်ဦးမြို့ရှိ လုပ်ငန်းရှင်အဖွဲ့စည်းများနှင့်တက်ကြွသောလူငယ်များမှဦးဆောင်ပြီးကျင်းပကြမည်ဖြစ်သည်။
ထို့ပြင်ထူးခြားချက်အနေနှင့် ဘုရားပွဲတွင်ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲကို
ပထမဆုကို ၇ သိန်းကျပ်
ဒုတိယဆုကို ၄ သိန်းကျပ်
တတိယဆုကို ၃ သိန်းကျပ်နှင့်
စတုတ္ထဆုကို ၂သိန်းကျပ်တိတိ ဆုချီးမြှင့်မည်ဟု သိရှိရပါသည်။
ယခုအချိန်ထိ ပြိုင်ပွဲဝင်မည့်ဘောလုံးအသင်းပေါင်း ၅၂ သင်းလာရောက်စာရင်းသွင်းထားကြပြီဟုသိရှိရပါသည်။
ရခိုင်ရိုးရာပြိုင်လောင်းပွဲတော်နှင့် ရိုးရာကျင်ပွဲကို လည်းဆုကြေးများကို ထိုက်ထိုက်တန်တန်ချီးမြှင့်သွားမည်ဟု သိရှိရပါသည်။ ဆုကြေးငွေအတိကျကိုတော့ မသိရှိရသေးပါ။
ဘောလုံးပွဲဆုကြေးငွေကို မြို့ပေါ်ရှိလုပ်ငန်းရှင်များနှင့် စေတနာရှင်များကလည်းကောင်း
ရိုးရာကျင်ပွဲကိုပန်းထိမ်လုပ်ငန်းရှင်များနှင့် စေတနာရှင်များမှလည်းကောင်း ရိုးရာပြိုင်လောင်းပြိုင်ပွဲကို မြောက်ဦးမြို့ရှိ ပညာရေးဝန်ထမ်းများကလည်းကောင်း အသီးသီးဆုချီးမြှင့်သွားကြမည်ဟု သိရှိရပါသည်။
Source : Aung Soe Myin
သျှစ်သောင်း ၊ ထုက္ကန့်၊ အံတော်သိမ်း ဘုရားပွဲတော်များအား စည်းကား သိုက်မြိုက်စွာ ကျင်းပမည်
-----------------------------------------------------------------------------
ရခိုင်ပြည်နယ် ၊ ရှေ့ဟောင်းမြို့တော် ဖြစ်သော မြောက်ဦးမြို့တွင် သမိုင်းဝင် အထင်ကရနေရာများဖြစ်သော သျှစ်သောင်း၊ ထုက္ကန့်သိမ်း ၊ အံတော်သိမ်းဘုရားပွဲတော်အား 24.5.2013 ရက်နေ့မှ 28.5.2013 ရက်နေ့ထိ ၅ ရက်တိုင်းတိုင်း စည်းကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဟု ပွဲတော် ကျင်းပရေးကော်မတီများထံမှ သိရှိရပါသည်။ ယခင်နှစ်တွေတုန်းကဆိုရင်ဘုရားပွဲကို ဂေါပက လူကြီးများမှ ဦးဆောင်ပြီးတော့ကျင်းပခဲ့ကြသည်။ ယခုနှစ်တွင်မူ အခြေနေ အကြောင်းအမျိုးမျိုးကြောင့် မြောက်ဦးမြို့ရှိ လုပ်ငန်းရှင်အဖွဲ့စည်းများနှင့်တက်ကြွသောလူငယ်များမှဦးဆောင်ပြီးကျင်းပကြမည်ဖြစ်သည်။
ထို့ပြင်ထူးခြားချက်အနေနှင့် ဘုရားပွဲတွင်ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲကို 
ပထမဆုကို ၇ သိန်းကျပ် 
ဒုတိယဆုကို ၄ သိန်းကျပ် 
တတိယဆုကို ၃ သိန်းကျပ်နှင့် 
စတုတ္ထဆုကို ၂သိန်းကျပ်တိတိ ဆုချီးမြှင့်မည်ဟု သိရှိရပါသည်။
ယခုအချိန်ထိ ပြိုင်ပွဲဝင်မည့်ဘောလုံးအသင်းပေါင်း ၅၂ သင်းလာရောက်စာရင်းသွင်းထားကြပြီဟုသိရှိရပါသည်။
ရခိုင်ရိုးရာပြိုင်လောင်းပွဲတော်နှင့် ရိုးရာကျင်ပွဲကို လည်းဆုကြေးများကို ထိုက်ထိုက်တန်တန်ချီးမြှင့်သွားမည်ဟု သိရှိရပါသည်။ ဆုကြေးငွေအတိကျကိုတော့ မသိရှိရသေးပါ။
ဘောလုံးပွဲဆုကြေးငွေကို မြို့ပေါ်ရှိလုပ်ငန်းရှင်များနှင့် စေတနာရှင်များကလည်းကောင်း
ရိုးရာကျင်ပွဲကိုပန်းထိမ်လုပ်ငန်းရှင်များနှင့် စေတနာရှင်များမှလည်းကောင်း ရိုးရာပြိုင်လောင်းပြိုင်ပွဲကို မြောက်ဦးမြို့ရှိ ပညာရေးဝန်ထမ်းများကလည်းကောင်း အသီးသီးဆုချီးမြှင့်သွားကြမည်ဟု သိရှိရပါသည်။ 
Source : Aung Soe Myin





















RSV
Blogger Widgets