၁၂/၀၇/၁၂ မှာ သမ္မတဦးသိန်းစိန်က "(၁၉၄၈) ခုနှစ်၊ လွတ်လပ်ရေးမရခင် အင်္ဂလိပ်နယ်ချဲ့များက လယ်ယာ လုပ်ကိုင်ရန် ခေါ်သွင်းလာခြင်းဖြစ်ကြောင်း၊ ထိုစဉ်က အလုပ်အကိုင် ကောင်းမွန်သဖြင့် မပြန်တော့ဘဲ အခြေချနေထိုင်သူများလည်းရှိကြောင်း၊" ပြတ်ပြတ်သားသားပြောကြားခဲ့ပါပြီ။
အင်္ဂလိပ်ရဲ့ လူ့အခွင့်အရေးဆိုသည်မှာ
ပထမနဲ့ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ နီပေါရဲ့တိုင်းရင်းရင်းသားမျိုးနွယ်စုတစ်ခုဖြစ်တဲ့ Gurkha လူမျိုးစုစုပေါင်း ၂သိန်းကျော်ဟာ အင်္ဂလိပ်စစ်တပ်မှာ အမှုထမ်းခဲ့ပြီး Gurkhas တွေရဲ့ အသက်ပေါင်း ၄၃၀၀၀ ကျော်ကို ဗြိတိသျှအင်ပါယာကြီးအတွက်ပေးလှူခဲ့ပါတယ်။ ဒီလိုလူမျိုးတွေကို ၂၀၀၈မှာ အင်္ဂလန်မှာတရားဝင်နေထိုင်ခွင့်မပေးပဲ၊နိုင်ငံတွင်းကနေ မောင်းထုတ်ဖို့ အင်္ဂလိပ်အစိုးရဟာ ကျေးဇူးတရားသိတတ်စွာ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါကိုမခံမရပ်နိုင်တဲ့ မင်းသမီး Joanna Lumley ကနေ Gurkha တွေဘက်ကနေပြီး "We owe them a debt of honour - a debt that will now be paid" ဆိုပြီး အင်္ဂလိပ်အစိုးရရဲ့ ကျေးဇူးသိတတ်မှုအတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။ ၂၀၀၉ မှာတော့အင်္ဂလိပ်အစိုးရဟာ အင်္ဂလိပ်စစ်တပ်မှာ အမှုထမ်းခဲ့တဲ့ Gurkha တွေကိုတရားဝင်နေထိုင်ခွင့်ပေးခဲ့တယ်။ ဒါပေမယ့် Gurkha တွေရတဲ့ pension ဟာတခြား British Commonwealth နိုင်ငံသားတွေရတဲ့ ၃ပုံ၁ပုံသာရရှိနေဆဲဖြစ်ပြီး၊ တန်းတူအခွင့်အရေးရဖို့ Gurkha တွေဟာ court မှာယနေ့ထိတိုင်ကြိုးစားနေဆဲပါ။ ဒီအကြောင်းကတော့ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီကို လက်တွေ့ကျင့်သုံးနေတဲ့ အင်္ဂလန်နိုင်ငံရဲ့ Gurkha နဲ့ British Commonwealth နိုင်ငံသားတွေနဲ့ခွဲခြား ဆက်ဆံမှုပါ။
သမိုင်းမှာလုံးဝ လိမ်လို့မရတဲ့အချက်ကတော့ ရိုဟင်ဂျာဟုပြောနေသူတွေကို ခေါ်လာတာအင်္ဂလိပ်ပါ။ အင်္ဂလိပ်ရဲ့ ဝေလျာဝစ္စတွေအကုန်လုံးလုပ်ပေးခဲ့ကြတဲ့ ဒီလူတွေကိုလက်ရှိအင်္ဂလိပ်အစိုးရက ဘယ်လောက်တာဝန်ယူစိတ် အပြည့်နဲ့အင်္ဂလန်ပြည်ကို ခေါ်ထားမလဲဆိုတဲ့ အင်္ဂလိပ်ရဲ့ ကျေးဇူးသိတတ်မှုကို စောင့်ကြည့်ရပါလိမ့်မယ်။
Ref: http://www.bbc.co.uk/news/uk-10782099
http://www.telegraph.co.uk/news/uknews/5214665/Government-has-betrayed-us-say-Gurkhas.html
http://www.gurkhajustice.org.uk
You Are Here: Home - ပင်မစာမျက်နှာ , သတင်း , ဆောင်းပါး - ရိုဟင်ဂျာဟုပြောနေသူတွေကို ခေါ်လာသောအင်္ဂလိပ်ရဲ့ တာဝန်ယူစိတ်ဘယ်လောက်ရှိပါ့မလဲ