You Are Here:
Home -
ပင်မစာမျက်နှာ
,
သတင်း
,
အရေးကြီးသတင်းများ
-
ရခိုင်တိုင်းရင်းသားများ၏ အသုဘများကို ဤ နေရာတွင် မီးသင်္ဂြိုလ်နေကြရသည်
ရခိုင်တိုင်းရင်းသားများ၏ အသုဘများကို ဤ နေရာတွင် မီးသင်္ဂြိုလ်နေကြရသည်
Posted by Unknown on 9:23 AM //
လွန်ခဲ့သော ဇွန်လ ၁၀ ရက်နေ့က စစ်တွေမြို့တွင် ရခိုင်လူမျိုးများနှင့် ဘင်္ဂလီလူမျိုးများအကြား ပဋိပက္ခမှုများ စတင် ဖြစ်ပွါးခဲ့ရာ ယခုအချိန်တွင် တည်ငြိမ်မှုများ စတင် ရရှိလာပြီဖြစ်သည်။ ဘင်္ဂလီ လူမျိုးများမှာ သက်ကေပြင်၊ မန်ဇီ ၊ သဲချောင်း နှင့် ဘုမေ ၇ွာများများရှိ အိမ်များ၊ အစိုးရက ပြုလုပ်ပေးထားသော ရွက်ဖျင်တဲများ၊ ကယ်ဆယ်ရေးစခန်းများတွင် စုဝေးနေကြသလို ရခိုင်လူမျိုးများမှာ စစ်တွေမြို့တွင်းရှိ နေအိမ်များ ဘုန်းတော်ကြီးကျောင်းများရှိ ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်လျှက် ရှိကြသည်။
စစ်တွေမြို့၏ အထင်ရက အဆောက်အဦးများ ဖြစ်သော စစ်တွေ တက္ကသိုလ်၊ GTC တို့မှာ ဘင်္ဂလီများ နေထိုင်ရာ ဒေသအတွင်း ရှိနေသောကြောင့် တက္ကသိုလ်ကျောင်းများ ပြန်လည် ဖွင့်ရေး အခက်အခဲ ၇ှိနေသလို လွန်ခဲ့သော နှစ်က စတင်ဆောက်လုပ် ဖွင့်လှစ်ခဲ့သော စစ်တွေ သုသာန်ကြီးမှာလည်း ဘင်္ဂလီများ ရှိနေရာ မန်ဇီရွာအတွင်း ရှိနေသောကြောင့် ဒေသခံ ရခိုင်လူမျိုးများ အနေဖြင့် အသုဘချရန်အတွက် အဆိုပါ မီးသဂြိုလ်စက်ကို အသုံးမပြုနိုင်တော့ဘဲ စစ်တွေမြို့တွင်းရှိ ဓည၀တီ ရပ်ကွက် မင်္ဂလာ သုခ ပရိယတ္တိ စာသင်တိုက် ရှေ့ အမှိုက်ပုံလမ်းမတွင် မီးသဂြိုလ်နေကြရကြောင်း သိရသည်။
"အဲ့ဒီ သချိုင်းမှာ အသုဘ သွားချရင် ကျွန်တော်တို့ ရခိုင်တွေ အသေခံသလို ဖြစ်သွားမှာပေါ့။ အဲ့ဒီတော့ အခုနေရာလေးမှာဘဲ လုပ်နေကြတာ" ဟု ဒေသခံ ရခိုင်တိုင်းရင်းသား လူငယ် တစ်ဦးက ပြောသည်။
https://www.facebook.com/photo.php?fbid=255784291198572&set=a.255784171198584.50840.100003010084019&type=3&theater