You Are Here: Home - ပင်မစာမျက်နှာ , ရသစာစု , အတွီးစချေတိ - အားတင်းထားပါဝေ

ညီမချေ
ငိုထားမှန်းသိသာရေမျက်လုံးတိနဲ့ ငါ့ညီမ အချေလဲမဟုတ် အမိကိုအောက်မိန့်လို့ ငိုထားရေဆိုဝေါ...
ဖျားလို့ အိမ်ကပီးရေ နွီးထွီးမှုတိကို တောင့်တပြီးကေငိုစွာကို နားလည်မိရေဝေ... အိမ်နဲ့ဝီးရေလူက ညီမချေတစ်ယောက်တည်း မဟုတ်ဆိုစော်ကို ခေါင်းထဲမှာထည့်ထားလိုက်နန်း...
တခြားလူတိ ဒေဝေဒနာကိုကျော်ဖြတ်နိုင်ကေ ညီမချေကလူထဲက လူမဟုတ်လား ရင်ဘတ်ထဲက နာကြင်မှုတိကို ခေါက်ထားလိုက်တစ်ချက်ချေ...
ထောထိုမှာ ညီမချေနိန်ချင်ရေအိမ် တစ်ရက်ပြီးတစ်ရက် နီးကပ်လာယာ အားတင်းထားပါဝေ...

လောကကြီးမှာ ညီမချေထက် ဆိုးရေလူတိအများကြီး မိဖမရှိရေအချေတိ ထမင်းနပ်မှန်အောင်မစားရရေလူတိ
အဘာ အမင်ဇာသူလဲဆိုစော်ကို မသိဘဲနဲ့ ကြီးပြင်လာရေ လူတိလဲ အများကြီး ကိုယ့်ဘ၀ကို ကိုယ်အားမငယ်ပါကေ့ဝေ...
လူတိုင်း ကိုယ်လောင်းချေကို ကိုယ်တတ်နိုင်သမျှ အားတင်းပြီးကေ လှော်နိန်ကတ်စွာမှာ ညီမချေ မလှော်ပဲနဲ့ ရပ်ပနာ ကျန်ဟိခဖို့လား
ကမ်းက မ၀ီးဗျာလ်ညီမချေ အားတင်းထားပါဝေ...

စိတ်ဓါတ်ကျရေ အချိန်တိုင်း အားငယ်ရေ အချိန်တိုင်း နိန်မကောင်းဖြစ်ရေ အချိန်တိုင်း မယ်မယ်နာမည်ကို အော်ပနာငိုဖို့လား အဘောင်ရှင်နာမည်ကို အော်ပနာငိုဖို့လား ငိုပါဝေ... ယကေ့လေ ဆီးသောက်ဖို့ အစာအချိန်မှန်စားဖို့တော့ မပျင်း မကြောက်ကေ့ ယေပြီးနာ အထီးကျန်လို့ ဆိုပြီးကေတော့ မငိုကေ့နန်း...
ချစ်ဖို့ကောင်းရေ မိသားစုက ညီမချေနားမှာ အမြဲတမ်းရှိနိန်စွာကိုတော့ မမိန့်စီချင်ဝေ သူရို့တိလဲ ညီမချေ ဒေ၇ီပြင်ကြီးကို အပြုံးနဲ့ရင်ဆိုင်နိုင်ရေဆိုပနာ တနိန်ရာက စောင့်ကြည့်နိန်ကတ်တေ သူ့ရို့နားကို ရောက်ဖို့ကောင်းမလိုဗျာလ် ညီမချေ အားတင်းထားပါဝေ...

ပြောစရာတစ်ခုကျန်ခသိရေ ညီမချေ ငိုကေအရုပ်ဆိုးရေ မငိုကေ့နန်း... ပန်းတကာ့ပန်းမှာ အပြုံးပန်းက အလှဆုံးပါဝေ... ယင်းပန်းချေကို ငါ့ညီမချေ အမြဲတမ်းပန်းဆင်နိုင်အောင်ကြိုးစား...
အိမ်လွမ်းရေ တေးခြင်းတိကိုဂျေးယာ နားမထောင်ကေ့နန်း... မီးလောင်ရာကို လီမပင့်ပါကေ့ဝေ ညီမချေ...

အားတင်းထားပါဝေ
အားတင်းထားပါဝေ
အားတင်းထားပါဝေ

နန်းစံဖြူ၏ခံစားချက်
Blogger Widgets