You Are Here: Home - ပင်မစာမျက်နှာ , သတင်း - စစ်တွေမြို့ မြောက်ဘက်ကမ်းပါးများအား လှိုင်းကာကျောက်စီနံရံ တည်ဆောက်

 
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၏ မြောက်ဘက် ကမ်းပါးများအား လှိုင်းကာကျောက်စီနံရံများ တည်ဆောက်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါကမ်းပါးများမှာ ကုလားတန်မြစ်ကမ်းဘေး ရေတိုက်စားမှုကြောင့် ပျက်စီးနေမှုနှင့် ကြုံနေကြရသည့်အတွက် ယင်းနေရာများ ပျက်စီးမှုမှ ကာကွယ်နိုင်ရန် ယခုကဲ့သို့ လှိုင်းကာ ကျောက်စီန...ံရံတည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လှိုင်းကာကျောက်စီနံရံကို စစ်တွေမြို့၊ မြို့လယ်ချောင်း(ဘီလူးမတံတားမှ) ခေါင်းလောင်းကျောင်း လမ်းဆုံအထိ အလျား ၂၆ဝဝ ပေ၊ အကျယ်အားဖြင့် အနံ ၄ ပေ၊ အမြင့်(ထု) ၆ ပေ နီးပါးခန့်ပြုလုပ်ပေးသွား မည်ဖြစ်ပြီး ထိုသို့ပြုလုပ်ရာတွင် စုစုပေါင်းကုန်ကျမည့် ခန့်မှန်းငွေပမာဏမှာ ငွေကျပ် ၁ဝ၄.၃၆ သန်းဖြစ်ကြောင်း။ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် စည်ပင် သာယာဦးစီးဌာနမှ အကုန်အကျ ခံတည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

''ပြုပြင်ဖို့ လျာထားတဲ့ လမ်းအရှည်က အားလုံးမိုင်ဝက်ရှိပါတယ်။ အလျားပေ ၂၆ဝဝ အထိပြုလုပ်ပေးသွားမှာပါ။ ခုတော့ အလျား ၁ဝဝဝ နီးပါးလောက်ပြီးစီးနေပါပြီ။ စည်ပင်သာယာရေး ဦးစီးဌာနက အကုန်အကျခံပြုလုပ် ကြတာပါ''ဟု လုပ်ငန်းခွင်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

ယခုပြုပြင် တည်ဆောက်နေသည့် လှိုင်းကာကျောက်စီနံရံအား ယခင်နေရာဟောင်းမှ ပေ ၃ဝခန့်အကွာတွင် အသစ်ပြန်လည် ပြုပြင်ခြင်းပြီး ၆ လက်မ x ၉ လက်မ ကျောက်တုံးများကို အသုံးပြုထားကြောင်း။ ယင်းအပြင် ခေါင်းလောင်းကျောင်းလမ်းနှင့် ဘီအိုစီအကြား ယခင်ပြုလုပ်ထားသည့် လှိုင်းကာနံရံ ပေါက်ပြဲနေမှုကိုလည်း စည်ပင်သာယာရေး ဦးစီးဌာနမှ ငွေကျပ် ၂.၂ သန်း အကုန်အကျခံကာ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိကြပြီး ၄င်းလှိုင်းကာနံရံ၏ အရှည်မှာ ပေ ၁၇ဝဝ ကုဗပေရှိကြောင်း သိရသည်။
မာန်ယုကျော်(ရွှေဝမြေ)
Blogger Widgets