You Are Here: Home - ပင်မစာမျက်နှာ , ပီးစာ , အမျိုးသားရီး - ပြည်ထဲပြည်ပက ရခိုင်သားရခိုင်သမတိဘားသို့  ပီးစာ

 
ကျိုင်းမြောင်းရေ ဗမာအမျိုးသားရေးဝါဒနန့် စစ်စနစ်ကိုဆွဲဆန့် ပြီးကေ ဗမာမှုပြုရေးပေါ်လစီ
နန့် ဗမာကိုလိုနီနယ်ချဲ့  မှုပိုလို့ ခိုင်မာအောင် တည်ဆောက်လားဖို့ အတွက် နအဖလို့  နာမေတပ်ထားရေ ရန်သူဗမာဖက်ဆစ်စစ်ဝါဒီတိက ဂိမ်းသစ်တခုကဇတ်ဖို့  ကျားကွက်ရွိလိုက်တေအချိန်မှာ ရခိုင်သားတိကလေ့ နှစ်ပေါင်းရာနန့် ချီပနာ ဆုံးယှုံးနိန်ကတ် ရရေ နိုင်ငံရေးအခွင့်အရေးကို တိုက်ပွဲဝင်အရယူဖို့ အတွက် ပြင်ဆင်သင့်စွာကို ပြင်ဆင်လားကတ်ဖို့  အချိန်ကျရောက်ပါ လတ်တေ။ ယင်းအတွက်
နန့် တာထွက်ကောင်းခကေလေ့ တစစီပြိုကွဲနိန်ရေ ရခိုင်ပြည်အမျိုးသားကောင်စီကို ပြန်ပနာ ဦးမော့ဂေါင်းထောင် လာနိုင်အောင် ၀ိုင်းရံပံ့ပိုးပီးခြင်းက ရခိုင်ရို့  နိုင်ငံရေးအရညီညွတ်မှုကိုတည်ဆောက်ဖို့  အကောင်း ဆုံး နိုင်ငံရေးအဖြေတခုဖြစ်ပါလတ်တေ။ ရခိုင်နိုင်ငံရေးရေရှည်ရှင်သန်လာဖို့  အတွက် ဒေအဖြေကို လက်တွိကျကျ ကျင့်သုံးဖို့  ဒုတိယအကြိမ်မြောက် ရခိုင်အမျိုးသားညီလာခံကို ကျင်းပခြင်းက အဓိကအသက် သွီးကြောဖြစ်ပါ လတ် တေ။ ရခိုင်ရို့ လွတ်လမ်းကို အရောက်လှမ်းလားနိုင်ဖို့  ထွက်ပေါက်တခုဖြစ်ပါလတ်တေ။

ယေဇူးနန့်  ဒုတိယအကြိမ်မြောက်ရခိုင်အမျိုးသားညီလာခံကို အောင်မြင်အောင်ကျင်းပလားကတ်ဖို့  အစပိုင်းကာလ ကပင် အကြံဥာဏ်တိပီးနိန်ခပြီးကေ ညီလာခံဖြစ်မြောက်ရေးကော်မတီဖွဲ့ ကတ်တေ အချိန်မှာလေ့ တာဝန်ဟိရေ လူတ ယောက်အဖြစ်ပါဝင်လာခလို့  ဒေညီလာခံကျင်းပရခြင်း၏ နိုင်ငံရေးဆိုင်ရာမူဝါဒနန့်  ရခိုင်ပြည်အမျိုးသားကောင်စီကို ပြန်လို့ ဖွဲ့ စည်းပြီးရေခါ ရှိဆက်လုပ်လားကတ်
ဖို့ လုပ်ငန်းစိုင်တိနန့် ပတ်သက်တေ အကြောင်းအရာတိကို ရခိုင်လူထုကို အဂုပိုင်ရှင်းလင်းတင်ပြချင်ပါရေ

လူထုနန့် တသားတည်းဖြစ်ပနာထပ်တူကျရေ နိုင်ငံရေးတော်လှန်ရေးကရာ မျှော်မှန်းထားရေ အောင်မြင်မှုပန်းတိုင် ပန်းဖူးကို အရောက်လှမ်းဆွတ်ခူးနိုင်ရေလို့ အခိုင်အမာယုံကြည်ခြင်းကြောင့် ရခိုင်နိုင်ငံရေးတော်လှန်ရေးနန့်  ရခိုင် လူထုကို ပေါင်းစပ်ပီးလားဖို့ ၊ ရခိုင်တော်လှန်ရေးနိုင်ငံရေးသမားတိနန့်  ရခိုင်လူထုကြားမှာ လစ်ဟာနိန်ရေ သွီးစည်းမှု နန့် ယုံကြည်မှုကွက်လပ်ချေတိကို ဖြည့်ပီးလားဖို့ ၊ ဂေါင်းဆောင်မှုစွမ်းရည်ပြည့်ဝရေ ရခိုင်မျိုးဆက်သစ် လူငယ်ချေတိ မွီးထုတ်ပီးလားဖို့ ၊ ရခိုင်နိုင်ငံရေး မျိုးဆက်သစ်လူငယ်ချေတိ အညွန့် တလူလူတက်လာနိုင်အောင် စင်ခံပီးလားဖို့ ၊ ဗမာဖက်ဆစ်စစ်စနစ်နန့်  ကိုလိုနီကျွန်ပြုနိန်မှုကလွတ်မြောက်ဖို့  လူမျိုးတမျိုးဂုဏ်သိက္ခာ၊ နိုင်ငံရေးစီးပွါးရေးလူမှုရေး အခွင့်အရေးတိနန့်  ရပိုင်ခွင့်တိအတွက်တိုက်ပွဲဝင်လားဖို့  ရခိုင်လူထုကို ဗဟိုပြုထားရေ တော်လှန်ရေးအသွင်သစ် လှုပ်ယှားမှုနန့်  နိုင်ငံရေးသစ်ကို လမ်းကြောင်းဖော်တည်ဆောက်လားဖို့ ၊ ပြည်ထဲပြည်ပမှာဟိကတ်တေ ရခိုင်လူငယ် ကျောင်းသားချေတိ လိုလားတောင့်တဆန္ဒပြင်းပြနိန်ကတ်တေ ပညာရေးဆာလောင်နိန်မှုကို တတ်နိုင်ရေဖက်က တတ်စွမ်းရေလုံ့ လစိုက်ပနာ ကူညီအားဖြည့်ပီးလားဖို့ ၊ ရခိုင်စာပီပြန်လည်ရှင်သန်ထမြောက်လာရေးနန့် ရခိုင်ရို့  မီဒီယာသစ် ပေါ်ထွန်းရေးကိုလုပ်ဆောင်လားဖို့  မဟာဗျူဟာနည်းဗျူဟာ မူဝါဒလမ်းစိုင်လုပ်ငန်းစိုင်တိနန့်  ဒုတိယ အကြိမ်မြောက်ရခိုင်အမျိုးသားညီလာခံကျင်းပရေးကော်မတီကို နိုင်ငံတကာမှာ ဟိကတ်တေ ရခိုင်သားတိနန့်  ပြည်ထဲ ကကိုယ်စားလှယ်တိ အပါအ၀င် တက်ညီလက်ညီဖွဲ့ စည်းခကတ်တေ။ နှစ်ဆယ့်တစ်ရာစု ရခိုင်ရို့  ခေတ်သစ် နိုင်ငံရေး သမိုင်းမှာ နိုင်ငံရေးအရညီညွတ်မှုကို ခိုင်ခိုင်ခန့် ခန့် သက်သီ ထူမော်ကွန်းရွီးထိုးနိုင်ခကေလေ့ အကြောင်းအမျိုးမျိုး ကြောင့် ဖက်ပေါင်းစုံကလူလုံးမလှပျက်စီးနိန်ရေ ရခိုင်ပြည်အမျိုးသားကောင်စီကို ပြဿနာပေါင်းစုံနန့် အရှုပ်တော်ပုံ ထဲ ကဆွဲထုတ်ပြီးကေ ပြန်ပနာ
ဖွဲ့ စည်းလားဖို့  ရည်ရွယ်ချက်ထားပြီးကေ ရခိုင်နိုင်ငံရေးဦးသျှောင်အင်အားသစ်တရပ် ပေါ် ထွန်းလာအောင် ၀ိုင်းဝန်းကူညီပံ့ပိုးထောက်ခံပီးလားဖို့  အတွက် အနစ်နာခံမှုတိနန့် လက်တွိကျရေ လုပ်ငန်းစိုင်တိ ကိုလုပ်ပါလတ်ကတ်စွာ အဂုဆိုကေ ပွင့်လင်းလွတ်လပ်သမာသမတ်ကျပနာ ရခိုင်လူထုလူတန်းစားအလွှာအသီးသီး ပါဝင်ရေ ဒုတိယအကြိမ်မြောက်ရခိုင်ပြည်အမျိုးသားညီလာခံကို သတ်မှတ်ထားရေအချိန်ကာလနန့် နိန်ရာမှာ ကျင်းပဖို့  အဆင်သင့်ဖြစ်နိန်ပါဗျာယ်။

ဒေပိုင်အရေးကြီးရေ အလှည့်အပြောင်းကာလမှာ ပြင်ပ၀န်းကျင်အပြောင်းအလဲနန့် ကိုက်ညီမှုဟိရေ ရခိုင်ရို့  နိုင်ငံရေးအခင်းအကျင်းကို ပြုပြင်ပြောင်းလဲမှုလုပ်ရဖို့ ဆိုစွာကို နိုင်ငံရေးတော်လှန်ရေးနယ်ပယ်ထဲမှာ ဟိနိန်ကတ်တေ ရခိုင်သားရခိုင်သမတိုင်းက အခြီခံကျကျနားလည်သိဟိထားသင့်ပါရေ။ လူတိုင်းမှာ မတူကွဲပြားရေ အိုင်ဒီယာတိ ဟိတတ်စွာက လူ့ သဘာဝဖြစ်ကေလေ့ နိုင်ငံရေးလုပ်ကတ်တေခါ အတူတူလက်တွဲပြီးကေ လုပ်ကတ်ရဖို့ ဆိုရေ အခြီခံ နိုင်ငံရေးအသိကို နှလုံးသားထဲမှာစူးစူးနစ်နစ်သိထားကတ်ရပါဖို့ ။ အမျိုးသားအကျိုးစီးပွါးနန့်  အမျိုးသားဂုဏ် သိက္ခာကို ထိခိုက်စီရေ လုပ်ဆောင်ချက်တိကို ရှောင်ပနာ အမျိုးသားနိုင်ငံရေးစည်းဝိုင်းထဲမှာ ဟန်ချက်ညီညီလက်တွဲ လားကတ် ခါမှရာ တူညီရေဘုံမျှော်မှန်းချက်ကို အကောင်အထည်ဖော်လားနိုင်ဖို့ လို့  ယုံကြည်ပါရေ။

အဂုပိုင် အဟောင်းကနိန်အသစ် ပြိုပျက်နိန်ခြင်းကပြုပြင်ပေါင်းစပ်တည်ဆောက်ဖို့ ကြိုးပမ်းနိန်ကတ်တေ အချိန်မှာ အတိုက်အခံလုပ်ခြင်းတိ ဝေဖန်ခြင်းတိ ဟိလာကတ်စွာက နိုင်ငံရေးဖြစ်စိုင်တခု၏ ရှောင်လွဲလား
လို့ မရနိုင်ရေ စိန်ခေါ်မှု တိလို့  ယူဆမိပါရေ။ ပွင့်လင်းရေ ကမ္ဘာကြီးနန့် ခေတ်သစ်နိုင်ငံရေးနယ်ပယ်တိထဲမှာ ဝေဖန်ခြင်းရေ မဟိမဖြစ်လိုအပ် တေ အလှတရားတခု၊ နိုင်ငံရေးဖြစ်စိုင်ကို လူထုနန့် မကင်း ကွာလားအောင်ထိန်းကျောင်းပီးထားရေ အင်အားတခု၊ လူထုက ပီးအပ်ထားရေ အလုပ်တိကို နိုင်ငံရေးသမားတိက တာဝန်ကျေပွန်အောင်ထမ်းဆောင်နိုင်မှု ဟိမဟိကို စစ်ဆေးပီးနိန်ရေ မမြင်နိုင်သောကိရိယာတခုပင် ဖြစ်တေ။ အမေရိကန်စာရွီးဆရာ အလ်ဘာတ်ဟူဘားဒ် (Elbert Hubbard (1856-1915)) က ဝေဖန်ခြင်းကို ရှောင်ရှားချင်ကေ တခုလေ့မပြောကေ့၊ တခုလေ့မလုပ်ကေ့၊ တခုလေ့ မဖြစ်ချင်ကေ့ (To avoid criticism do nothing, say nothing, be nothing.) လို့ တောင် ပြောခရေ စကားတခွန်း ဟိပါရေ။

ယေကေလေ့ ဝေဖန်ခြင်းကို သူ့ ပင်ကိုယ်အနှစ်သာရ ဂုဏ်သတ္တိ အဓိပ္ပါယ်ဖွင့်ဆိုချက်နန့် ကိုက်ညီမှု ဟိအောင် လုပ်ဆောင်ရဖို့ ဆိုရေ အသိကို လူတိ၏ကိုယ်ပိုင်ဆင်ခြင်တုံတရားကရာ ဆုံးဖြတ်ပီးရေလို့  ထင်ပါရေ။ ဝေဖန်မှုတခုက လူတိအတွက် ဇာလောက်အကျိုးဟိမှုကို ညွန်ပြပီးနိုင်ဖို့ လဲ ဆိုရေ အခြီခံပေတံ
နန့် တိုင်းတာပြီးခါမှ ယင်းဝေဖန်မှု၏ တန်ဖိုးကို သတ်မှတ်ပီးလို့ ရနိုင်ပါဖို့ ။

ရခိုင်ပြည်အမျိုးသားကောင်စီကို ပြန်ပနာဖွဲ့ စည်းနိုင်ဖို့ အတွက် ဒုတိယအကြိမ်မြောက်ရခိုင်အမျိုးသားညီလာခံကို ကျင်းပဖို့ အားသွန်ခွန်စိုက်လုပ်နိန်ကတ်တေအချိန်မှာ ထွက်ပါလတ်ကတ်တေ ပြည်ပရခိုင်နိုင်ငံရေးနယ်ပယ်ထဲက ဝေဖန်မှုတိကို လေ့လာဆန်းစစ်ကြည့်ရဖို့ ဆိုကေ အပြုသဘောဆောင်ဝေဖန်ခြင်းအဆင့်ကိုမမှီပဲ ပုဂ္ဂိုလ်ရေးတိုက်ခိုက် မှုတိကို ဇောင်းပီးပနာ ပစ်စာအဆင့်လောက်ရာဟိစွာကို တွိလာရပါရေ။ မွီးရာပါလူ့ တန်ဖိုးနန့် လူ့ ဂုဏ်သိက္ခာကို စော်ကားပနာ လူတိနာမေတပ်ပြီးကေ အသရေဖျက်ထားရေ ဒေပိုင်အခြင်းအတင်းအီးမေးလ်တိက ရခိုင်နိုင်ငံရေး သမားတိလို့  မိမိကိုယ်ကိုထင်နိန်ကတ်တေ လူတချို့ ၏ အခြီခံလူ့ ကျင့်ဝတ်နန့် စိတ်ဓါတ်ပိုင်းဆိုင်ရာ ညံ့ဖျင်းအောက် တန်းကျမှုကို ဖော်ပြနိန်ပါရေ။ ပိုဆိုးနိန်စွာက ရခိုင်နန့် ရခိုင်ကြားထဲမှာ ဖြစ်နိန်ရေ နိုင်ငံရေးအငြင်းပွားမှုကို ဗမာပိုင်ရွီး ပနာ တခြားလူမျိုးခြားတိကိုလားပြီးကေ သတော်ဦးတင်စာဖြန့် နိန်ကတ်ခြင်းက ရခိုင်သားတိ လူတောမတိုးရဲအောင် လူပုံအလယ်မှာ သိက္ခာကျမျက်နှာမဖော်ပြရဲအောင် ရန်သူဗမာစစ်အုပ်စု တိုက်နိန်ကျပုံစံမျိုး စိတ်ဓါတ်ရေးရာစစ်ဆင်ရေး လုပ်နိန်ကတ်ခြင်းပင်ဖြစ်တေလို့ ယူဆရပါရေ။

ရခိုင်သားအချင်းချင်း တယောက်ကိုတယောက်ယုံကြည်မှုကင်းမဲ့နိန်ကတ်အောင် တယောက်ကတခုခုလုပ်ကေ တယောက်ကမနာလို ၀န်တိုပြီးကေ မစ္ဆရိယစိတ်တိဖုံးလွှမ်းနိန်ကတ်အောင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု (Personal attacks) ၊ အသရေဖျက်မှု (Defamation)၊ နာမေဖျက်မှု (Character assassination) တိ ရခိုင်သားရခိုင်သမတိ ဦးနှောဏ်ထဲကို စိမ့်ဝင်နိန်ကတ်အောင် ဗမာစစ်အုပ်စုက ပရိယာယ်မာယာအပြည့်နန့် မဟာဗျူဟာကျကျ မှိုင်းတိုက် ထားပါရေ။ ရခိုင်သားအချင်းချင်းတယောက်ကိုတယောက် မယုံကြည် မနာလိုမှုတိဖြစ်ပနာ တိုက်ခိုက် နိန်ကတ်ကေ ညီညွတ်ရေးကို တည်ဆောက်လို့ မရ နိုင်ငံရေးသီးခြားရပ်တည်မှု (Political Identity) ကို ဖန်တီးလို့ မရနိုင်ဆိုစွာကို နှစ်ပေါင်းရာနန့် ချီပနာ ရခိုင်သားတိကို ကိုလိုနီကျွန်ပြုဂုတ်သွီးစုပ်လာရေ ဗမာစစ်အုပ်စုက ထဲထဲဝင်ဝင်နားလည် သဘောပေါက်ထားကတ်တေ။

အေပိုင် ဗမာကိုလိုနီစနစ်ဆိုးကပီးထားရေ အမွီဆိုးစရိုက်ဆိုး ၀ါဒမှိုင်းအဆိုးတိကြောင့် ရခိုင်သားရခိုင်သမတိမှာ လူ့  အဖွဲ့  အစည်းတခုလုံးကိုခြုံပနာ စိုင်းစားသုံးသပ်တတ်တေစိတ် ကျယ်ပြန့် ရေအတွေးအခေါ်နန့်  အမျိုးသားနိုင်ငံရေး သဘောတရားတိပျောက်ပနာ “မောင်ဖြူက ဇာပိုင် မောင်ညိုက ဇာဖြစ်တေ” ဆိုရေ ပုဂ္ဂိုလိကပဋိပက္ခမုန်တိုင်းထဲမှာ ထွက်ပေါက်ရှာမရ ဖြစ်နိန်ကတ်ရရေ။ သစ်ပင်တပင်တည်းကိုရာ ကြည့်နိန်ကေ တောပျောက်လားတတ်တေ ဆိုရေ စကားပုံချေတခုပိုင် ပုဂ္ဂိုလိက မနာလိုတိုက်ခိုက်မှုတိကို အာရုံစိုက်ထားကတ်တေခါ ရခိုင်လူ့ အဖွဲ့ အစည်းတခုလုံးနန့်  သက်ဆိုင်ရေ နိုင်ငံရေးစွာ ဆိတ်သုဉ်းပျောက်ကွယ်နိန်ကတ်ရရေ။

နိုင်ငံရေးအသိဟိကေ အေနိန့် ကာလစွာ ရခိုင်သားအချင်းချင်းတိုက်ခိုက်နိန်ကတ်ဖို့ အချိန်မဟုတ်လို့ ထင်ရေ။ နအဖဗမာဖက်ဆစ်စစ်ဝါဒီတိ စနစ်တကျဖိနှိပ်ဂုတ်သွီးစုပ်မှုတိကို ခံနိန်ရလို့  ဇာခေတ်ဇာကာလနန့် မတူ ဆိုးရွားရေ နိုင်ငံရေးလူမှုရေးစီးပွါးရေးဒုက္ခအကျပ်အတည်းတိကို ကျော်လွှားလားနိုင်ဖို့  ရခိုင်သားတိ နိုင်ငံရေးအဖြေရှာဖို့  အရေးကြီးရေ အချိန်ပင် ဖြစ်တေ။ အိတ်ပေါက်နန့် ဖားကောက်တေပိုင် လုပ်သမျှအရာမထင်ဖြစ်နိန်ကတ်ရခြင်းကို သင်ခန်းစာယူပနာ ရှိဆက်ပြီးကေ ဇာပိုင်အကောင်းဆုံးဖြစ်အောင်လုပ်လားကတ်ဖို့ လဲလို့  ဆွေးနွေးညှိုနှိုင်းဆုံးဖြတ်ရဖို့  ကာလဖြစ်နိန်ရေ။

လူမျိုးတမျိုးစွာ လူမျိုးတမျိုးပိုင် စိတ်ဓါတ်ဟိခါမှရာ တင့်တယ်ရေ တန်ဖိုးပြည့်စုံရေ။ လူမျိုးတမျိုးက လူမျိုးတမျိုးပိုင် စကားပြောခါမှရာ ယင်းလူမျိုးစွာ ဂုဏ်သိက္ခာဟိရေ တခြားလူမျိုးတိကလေ့ လေးစားရေ အသိအမှတ်ပြုရေ ဆိုရေ ခံယူချက်အသိတရားကို လက်ကိုင်ထားပြီးကေ ရခိုင်စွာ ယိုင်ကျေးမှုထွန်းကားပြီးသားလူမျိုးတမျိုးဆိုစွာကို ပြသနိုင်ဖို့  ရခိုင်သားတိုင်းကလုံ့ လစိုက်ကတ်ရဖို့  အချိန်ပင်ဖြစ်တေ။ ရခိုင်သားရခိုင်သမတိုင်းက ရခိုင်နိုင်ငံရေးကို ပိုင်ဆိုင်ရေ ရခိုင်နိုင်ငံရေးနန့် သက်ဆိုင်ရေ ဆိုရေ နိုင်ငံရေးနိုးကြားမှု မြင့်မားလာအောင် နိုင်ငံရေးတော်လှန်ရေးနယ်ပယ်ထဲမှာ ဟိနိန်ကတ်တေ ရခိုင်သားတိုင်းက အပြုံးပန်းနန့် လက်ကမ်းလို့ ကြိုဆိုပြီးကေ နိုင်ငံရေးတံခါးဖွင့်ဝါဒကို ကျင့်သုံးကတ် ရဖို့  အချိန်လို့ ထင်ရေ။ မျိုးဆက်သစ်လူငယ်ချေတိကို ပြုစုပျိုးထောင်ပီးပြီးကေ အေသူရို့ အညွန့်  တလူလူတက်နိုင် အောင် စင်ခံပြီးဖို့  ပက်ခုံးခံပီးဖို့  မျိုးဆက်ဟောင်းနိုင်ငံရေးသမားတိမှာ တာဝန်ဟိပါလတ်တေ။

နိဂုံးချူပ်ပြောရဖို့ ဆိုကေ ရခိုင်နိုင်ငံရေးကို ရခိုင်လူထုလက်ထဲကိုအပ်လားဖို့  နိုင်ငံရေးမျိုးဆက်သစ်တရပ် မွီးထုတ် နိုင်ရေးနန့်  နိုင်ငံရေးပလက်ဖောင်း တခုတည်ဆောက်လားရေးအတွက် ရခိုင်အမျိုးသားညီလာခံကို ကျင်းပဖို့ ပြင်ဆင် နိန်ကတ်ခြင်းရေ ရခိုင်နိုင်ငံရေးသမိုင်း၏တောင်းဆိုချက်ကိုဖြည့်ပီးနိန်ခြင်း ဖြစ်တေပိုင် ရခိုင်လူ့ ဘောင်၏လိုလားချက်ကို အကောင်အထည်ဖော်ပီးနိန်ခြင်းလေ့ ဖြစ်တေ။ ယင်းအတွက်နန့်  ဒေညီလာခံကိုအောင်မြင်အောင် ကျင်းပနိုင်ရေးနန့်  ရခိုင်ပြည်အမျိုးသားကောင်စီကိုပြန်လည်ဖွဲ့ စည်းရေးကို မူအရနန့်  ရခိုင်နိုင်ငံရေးအသိစိတ်ဓါတ်အရပါ ထောက်ခံလား ကတ်ရဖို့ လို့  ထင်မြင်မိကြောင်းပြောချင်ပါရေ။ ။ ။

ခိုင်အောင်အောင်
Blogger Widgets