You Are Here: Home - ပင်မစာမျက်နှာ , ပီးစာ , လက်ရှိအခြီနီ - သို..........့ဘီဘီစီ

ရခိုင် သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာအေးချမ်း
မြန်မာဘာသာပြန်.....
သို..........့ဘီဘီစီ
စက်တင်ဘာလ ၁ရက်နေ့ ၂၀၁၀ တွင် ကျင်းပပြုလုပ်ခဲ့သော ဘီဘီစီနှင့် ဗြိတိန်နိုင်ငံ ရိုဟင်ဂျာအဖွဲ့အစည်း ဦးထွန်းခိုင်တို့ အင်တာဗျူးပြုလုပ်ခြင်းကို မနက်ပိုင်း မြန်မျာသတင်းများအစီစဉ်မှ တဆင့် သိရှိခဲ့ရပါသည်။ ဒီကိစ္စမှာ နှစ်ဖက်အမြင်ရှိပါတယ်။ ...မြောက်ဘက်ပိုင်း အာရကန်မှာရှိတဲ့ ဒီအစ္စလာမ်ဘာသာဝင်တွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ ပြင်းထန်တဲ့ ဖိနှိပ်ခြင်းခံရတာကို ကျွန်တော်တို့ မငြင်းပါဘူး။ ဒါပေမယ့် သူတို့ဟာ စစ်အစိုးရရဲ့ လက်အောက်မှာ ဖိနှိပ်ခြင်းခံရတဲ့ တစ်ခုတည်းသော လူမျိုးစုတွေ မဟုတ်ပါဘူး။ ယနေ့ ကမ္ဘာမှာ နာမည်ကြီးလှပါတယ်ဆိုတဲ့ ဘီဘီစီကဲ့သို့ သတင်းဌာနမျိုးအနေနဲ့ ဒီလို လူမျိုးစုတစ်ခုတည်း ဖိနှိပ်ခြင်း ခံရတာ မဟုတ်တဲ့ ကိစ္စမှာ တခြားသော အနည်းငယ်သော လူမျိုးစုတွေရဲ့ကိစ္စထက် ရိုဟင်ဂျာ လူမျိုးစုတွေရဲ့ ကိစ္စကို ပိုပြီးအာရုံစိုက်တာကို အမှန်တကယ်ပဲ အံ့သြမိပါတယ်။
ရိုဟင်ဂျာတွေကို တိုင်းရင်းသားတွေ အဖြစ်လက်ခံတာနဲ့ ရိုဟင်ဂျာတွေ ဖိနှိပ်ခံရတာဟာ ကွဲပြားခြားနားတဲ့ အငြင်းပွားဖွယ်ရာ ပြဿာနာတွေသာ ဖြစ်ပါတယ်။ တကယ်တော့ ရိုဟင်ဂျာလူမျိုးဆိုတာဟာ တစ်ချိန်က မြန်မာနိုင်ငံ ဗြိတိသျှ ကိုလိုနီလက်အောက်ဘ၀ကျရောက်စဉ်အခါက မြန်မာ...နိုင်ငံသို့ ရောက်ရှိလာတဲ့ ဘင်္ဂါလီ လယ်ကူလီတွေကနေ ဆင်းသက်ပေါက်ဖွားလာတဲ့ အဆက်အနွယ်များသာ ဖြစ်ပါတယ်။ ဒီလို ဆင်းသက်လာတယ်ဆိုတာကို ခိုင်လုံတဲ့ သမိုင်းဆိုင်ရာအထောက်အထားများနဲ့ ကျွန်တော် သက်သေပြနိုင်ပါတယ်။ ကျွန်တော်ရေးသားထားတဲ့ “SOAS Bulletin of Burma Research 3-2”မှာလဲ ဒီကိစ္စကို အကျယ်တ၀င့် ရေးသားဖော်ပြထားပြီး ဖြစ်ပါတယ်။ ဒီရိုဟင်ဂျင်ကိစ္စနဲ့ ပတ်သတ်ပြီးတော့ ဘယ်သူမဆို ကျွန်တော်နဲ့ အချိန်မရွေး လာရောက်ဆွေးနွေးနိုင်ပါတယ်။ ကိုလိုနီခေတ်အတွင်း အာရကန် (ရခိုင်)ဒေသကို ဘင်္ဂါလီလူမျိုးတွေ ရွှေ့ပြောင်းနေထိုင်ခဲ့ကြပါတယ်။ ဒီလိုရွှေ့ပြောင်းနေထိုင်ရာမှာ သူတို့ဟာ ဒေသခံတွေနဲ့ အေးချမ်းစွာ ဆက်ဆံနိုင်ခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရကြောင်း အတိအလင်း မကြေညာရသေးတဲ့အချိန်မှာတော့ အဲဒီဒေသမှာ ရှိတဲ့ ဘင်္ဂါလီလူမျိုးတွေဟာ အင်အားကြီးမားလာကြပြီး ဒီနယ်မြေကို အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလာဒေ့ရှ်) နိုင်ငံထဲသို့ ပေါင်းစည်းရန် လိုလားလာကြပါတယ်။ ပါကစ္စတန်ခေါင်းဆောင်တွေက ဒီကိစ္စကို ဟန့်တားခဲ့ကြတဲ့ အတွက် အာရကန်နယ်မြေရောက် ဘင်္ဂါလီတွေဟာ သူတို့ကိုယ် သူတို့ အစ္စလာမ် အစွန်းရောက် ၀ါဒီများဆိုပြီး ဘာသာရေးစစ်ပွဲကို ထုတ်ဖော်ကြေညာခဲ့ကြပါတယ်။ နောက်ပိုင်း ဒီစစ်ပွဲရှုံးတဲ့အခါမှာတော့ သူတို့ဟာ “ရိုဟင်ဂျာ” ဆိုတဲ့ စကားအသုံးအနှုန်းကို သူတို့အတွက် ရိုဟင်ဂျာ ပြည်နယ် ပေါ်ထွက်လာနိုင်စေဖို့အရေး တီထွင်ဖန်တီးလာခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတာဟာ တစ်ကြိမ်တစ်ခါမှ လူမျိုးစု၊ မျိုးနွယ်အဖြစ် မရပ်တည်ခဲ့ဖူးဆိုတာကို ဗမာ့သမိုင်း၊ မြန်မာ့သမိုင်းကို လေ့လာခြင်းအားဖြင့် သိရှိနိုင်ပါတယ်။
ကျွန်တော်နဲ့ ဗြိတိန်နိုင်ငံ လွှတ်တော်အမတ် မစ္စတာစမစ် တို့ဟာ ဒီနေရာမှာ သဘောထားအမြင်ချင်း တူညီမှုရှိပါတယ်။ သူပြောကြားသွားခဲ့တာက “ဒီပါကစ္စတန်၊ အာရပ်နဲ့ အိန္ဒိယနွယ်ဖွားတွေဟာ ဗြိတိန်မှာ မျိုးရိုးစဉ်ဆက် အနေကြာလာတဲ့အခါ ဗြိတိန်နိုင်ငံရဲ့ တိုင်းသူပြည်သား...တွေ ဖြစ်လာကြပါတယ်။ ဒါပေမယ့် ဒီလို တိုင်းတစ်ပါးကနေ အခြေစိုက်ဝင်လာတဲ့သူတွေအနေနဲ့ ဗြိတိန်နိုင်ငံရဲ့ ပိုင်ဆိုင်ရာ အမျိုးသားပိုင်နက် နယ်မြေကို တောင်းဆိုခွင့်မရှိပါဘူး။ ဒီနိုင်ငံခြားကနေ ၀င်ရောက်လာတဲ့သူတွေဟာ ဗြိတိန်နိုင်ငံရဲ့သီးခြားမျိုး နွယ်စုတွေ ဖြစ်တဲ့ စကော့လူမျိုး၊ အိုင်းရစ်လူမျိုး၊ ဝေးလ်လူမျိုးများကဲ့သို့ လူမျိုးစုတစ်ခုအဖြစ် သတ်မှတ် ပေးဖို့ရာကို တောင်းဆိုခွင့်မရှိပါဘူး။ ဒီဗြိတိန်နိုင်ငံရဲ့ သီခြားမျိုးနွယ်စုတွေဟာ မြောက်ဘက်ပင်လယ်မှာ နေတာတောင်မှ အဲဒီနယ်မြေကို သူတို့ရဲ့ အမျိုးသားပိုင်နက်လို့ မပြောကြပါဘူး။ သူတို့ကိုယ်သူတို့ အင်္ဂလိပ် တွေလို့ပဲ ခေါ်ကြပါတယ်။” ဆိုတဲ့ စကားပါပဲ။ ၁၉၄၇ခုနှစ်မှာ ဘင်္ဂါလီတွေက ရခိုင်ဒေသကို နှစ်ပိုင်း ပိုင်းဖို့ရာ တောင်းဆိုလာကြပါတယ်။ ဒီအခါမှာ ရခိုင်တိုင်းရင်းသား အစစ် အမှန်တွေ အနေနဲ့ သူတို့ဘိုးဘွား ဘီဘင်တွေ ဆင်းသက်လာတဲ့ ဒီမွေးရပ်ဇာတိမြေကို ဘယ်လို လုပ်ပြီးတော့များ ဒီလို တိုင်းတစ်ပါးက ၀င်လာတဲ့ နိုင်ငံခြားသားတွေကို နယ်မြေခွဲပေးနိုင်မှာပါလဲ ဆိုတာ ဘီဘီစီနဲ့ ဦးထွန်းခင်တို့ကို မေးချင် ပါတယ်။

စစ်မှန်စွာဖြင့်,
အေးချမ်း
သမိုင်းပါမောက္ခ
အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုဌာန
ကန်ဒါ အပြည်ပြည်ဆိုင်ရာ လေ့လာမှု တက္ကသိုလ်
ဂျပန်
Blogger Widgets