You Are Here: Home - ပင်မစာမျက်နှာ , သတင်း - နန်းတော်တောင်တွင် ရှေးဟောင်းယဉ်ကျေးမှုလက်ရာ အမွေအနှစ်မြောက်မြားစွာ တူးဖော်တွေ့ရှိ

 
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ကျောက်ချောင်းတိုက်နယ်၊ချောင်းအုပ်စု၊ကျောက်ဆည်ရွာနှင့် အရှေ့ရွာကြား၊ ရမ်းဗြဲ-ကျောက်ချောင်းကားလမ်းဘေးတွင် တည်ရှိသော နန်းယောင်တောင်(သို့) နန်းတော်တောင်တွင် ရှေးဟောင်းယဉ်ကျေးမှုလက်ရာ အမွေအနှစ်မြောက်မြားစွာ တူးဖော်တွေ့ရှိရပါသည်။ အဆိုပါရှေးဟောင်းပစ္စည်းများထဲတွင် ရှေးရခိုင်ဘုရင်များခေတ်မှ ရွှေပန်းကန်ပြား၊ငွေပန်းကန်ပြား၊ ဘုရားဆင်းတုတော်၊ကျောက်စာ၊ကြေးစာနှင့် တခြားအဖိုးမဖြတ်နိုင်သည့် ရခိုင်ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစွာပါဝင်နေပါသည်။ အဆိုပါပစ္စည်းများကို ဒေသအာဏာပိုင်အဖွဲ့အစည်းက သိမ်းဆည်းပြီး အဆိုပါနေရာတွင် စစ်တပ်ချထားပြီး ဆက်စပ်နေရာများကိုဆက်လက်တူးဖော်လျှက် ရှိနေကြောင်းသိရှိရသည်။ ထပ်မံတူးဖော်နေသည့်နေရာများတွင်လည်း ရှေးဟောင်းပစ္စည်းအမြောက်အမြားထပ်မံတွေ့ရှိရပြီး ဒေသခံများက အဆိုပါရှေးဟောင်းပစ္စည်းများကို ယခင်အစိုးရ၏လုပ်ထုံးလုပ်နည်းများအတိုင်း ပြည်မသို့ယူဆောင်၍ လက်စဖျောက်ပစ်မည်ကို စိုးရိမ်ပူပန်နေကြကြောင်း သိရှိရပါသည်။ ယခုချိန်ထိ သက်ဆိုင်ရာအာဏာပိုင်များမှ အဆိုပါရှေးဟောင်းပစ္စည်းများ မည်မျှတူးဖော်တွေ့ရှိသည်ကို စာရင်းအတိအကျထုတ်ပြန်ခြင်းမရှိသေးဘဲ မည်သည့်နေရာတွင်ထားရှိမည်ကိုပါ ဒေသခံများကို အသိပေးပြောကြားခြင်းမရှိသေးပေ။ ဒီမိုကရေစီပြည့်ဝသည့် ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ရာတွင် ပွင့်လင်းမြင်သာမှုမရှိသည့် ရှေးယခင်လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက အစိုးရ၏အဓိကရည်မှန်းချက်ဖြစ်သော တိုင်းရင်းသားစည်းလုံးညီညွတ်မှုတည်ဆောက်ရေး ကိုထိခိုက်နိုင်မည့် အလားအလာရှိနေသည့်အပြင် ဒေသခံတိုင်းရင်းသားများ၏ တည်ဆဲအစိုးရအပေါ် ယုံကြည်ကိုးစားမှုကိုပါ ဆုံးရှုံးနိုင်မည့် အခြေအနေသို့ ဦးတည်နေပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Blogger Widgets