You Are Here: Home - ဆောင်းပါး - တစ်ပိုင်းတစ်စလွတ်လပ်တေ အရသာနန့် ရခိုင်ဂီတကို ခံစားကြည့်ကတ်သူတိ


“အဂုခါ ငါ့ရို့တိုင်း အရင်တိုင်းမဟုတ်ပါဝေ၊ ဓညရွှီမြီ……..” လမ်းဘေးလဖက်ရည် ဆိုင်တစ်ဆိုင်က ထွက်လာရေ  အသံ၊  လက်ဖက်ရည်ဆိုင်က အဆင့်မြင့် ဆိုင်မဟုတ်၊ သာမန်အောက်ခြေသိမ့် လူတိအတွက် ဈိးချိုချိုနန့်  သောက်သုံးနိုင် ရေနိန်ရာ၊ ရှင်းရှင်းပြောဖို့ ဆိုကေ ကျေးလက်မြို့ပြ လူထုအတွက်  ဖန်တီးထားရေနိန်ရာ။

ဆိုင်ခန်းမှာတော ကျေးလက်က ခရီးသည်အချို့ ၊ အသက်အရွယ်မျိုးစုံ၊ သူရို့ လောကကြီးကို စိကေချေ မိန့်ထားဟန်၊  အားလုံး တီဗီဖန်သားပြင်က  တခုခုကို ကြည့်နိန်ကတ်တေ။

“ ကောင်းရေဝေး၊ သခြင်းက၊ ငါရို့ ရွာရှင်ပြုပွဲမှာလည်း ဒေကာရာအိုကေကို တီးပြရဖို့ ယေမှ သိကတ်ဖို့”
အသက် ၅၀ အရွယ်ရှိ လူကြီးတစ်ယောက် ပြောလိုက်တေစကား၊ သူ့ပုံစံက ချက်ချင်း အာရုံတစ်မျိုးပြောင်းလားပုံပေါ်ရေ၊  အားလုံးကသခြင်းနန့် တတူ ဈာန်ဝင်နိန်ကတ်တေလို့ ပြောရဖို့၊ သောက်ခါစ လက်ဖက်ရည်တိလည်း အီးစက်ပနာ  အခိုးမရှိဗျာယ်၊ အီကြာကွေး၊ သကြားပလာတိလဲ ယင်သသွားနန့် ယေလဲ ဆိုင်မှာ လဖက်ရည်သောက်ရေလူတိက အာရုံ မပျက်၊  ဖန်သားပြင်က ကာရာအိုကေကိုရာ  အာရုံစိုက်နိန်ကတ်တေ။

ကျနော်လဲ ယင်းပိုင်နိန်ရာတိဆိုကေ ၀ါသနာပါသလားမမီးကေ့၊  ဧရာမ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် (အရက်ဆိုင် မဟုတ်ပါ၊ ဆိုင်ဖွင့်ကေထမင်းဆိုင်၊ အရက်ဆိုင်ဆိုပနာ စည်ပင်ကိုလျှောက်လွှာ တင်ရရေ၊ အဂုက ယပိုင်မျိုးမလုပ်ကတ်ဗျာယ်၊ စားသောက်ဆိုင်လို့ရာ၊ တစ်ခါတည်းကိစ္စပြတ်၊ အရက်လည်းရောင်း၊ ထမင်းလည်းရောင်း၊ အားလုံးရောင်းပါ့ယေ၊) ယင်းပိုင်ဆိုင်တိကိုလည်း ထိုင်ဖြစ်တေ၊ စားသုံးဖို့ရောက်ရှိလာကတ်တေ၊ ရခိုင်ပရိသတ်ကို အောက်သားသခြင်းနန့် ဖျော်ဖြေပီးရေ ဆိုင်တိမှာလည်း ထိုင်ဖြစ်တေ၊

စည်ပင်က လိုင်စင်လျှောက်ထားစွာ မရှိဘဲ၊ ရှင်းရှင်းပြောဖို့ဆိုကေ လျှောက်လွှာတင်ဖို့အတွက် ဖေသာမတတ်နိုင်ရေ  ဆိုင်ချေတိမှာလည်း ထိုင်ဖြစ်တေ၊ ယေဒါလည်း ဒေနိန်ရာမှာ အရသာနှစ်မျိုးကွာလားပါရေ၊

ခုနားက ပြောခရေအတိုင်း လရဒတ် ဆိုင်ကြီးတိမှာဆိုကေ ခေတ်သစ် အောက်သားစီးရီးချေနန့် မိုးလင်းလောက်ကပင် တဒုန်းဒုန်း မြည်လို့ အကောင်းစား၊ ဆမ်မ်ဆောင်းတိနန့်၊  လမ်းဘေးစားသောက်ဆိုင်ချေတိက ဖွင့်ထားရေ ချက်ခလ၀ပိုင်းက ထွက်လာရေ တီးလုံးနန့် ကကောင်းကွာပါရေထော။

လမ်းဘေးက စနစ်တကျ မရှိ၊ ဘောက်သာဟတ်၊ မြီဆီအိတ်  အစအနချေနန့် ကာရံ၊ ၀ါးပျိုင်ပေါက်ချေနန့် ဖြစ်တေပိုင် လုပ်ထားရေ လက်ဖက်ရည်၊ ယင်းဆိုင်က ထွက်လာရေ တီးလုံးနန့်  လရဒတ်ဆိုင်က ထွက်လာရေ တီးလုံးနန့် လုံးဝကိုမတူပါထော၊

“စိုင်လာမပျက် တိုက်ထုတ်ကတ်မေ၊ ရိုးတောင်ထက်သို့ ဓါး မမိုးစီချင်ပါ”  

တေးခြင်းရှိရာ မူလဇာတ်မြစ်နိန်ရာသို့ ရောက်ပါလတ်ကတ်တေ၊ လူတိ၊ ဆိုက္ကားဆရာ၊ ကားဆရာ၊ ထွေလာကျီဆရာ၊  စုံထောက်၊  စသုံးလုံးက လူတိ  နောက်တစ်ခါ ကားလက်မှတ် မရလို့၊ ကျန်လိုက်ရရေ။ နယ်ခရီးသည်တစ်ချို့၊  နယ်က အလုပ်လာလုပ်ဖို့အတွက် အထုတ်ကိုယ်စီနန့် ရောက်ပါလတ်ကတ်တေ၊ လူငယ်တစ်ချို့၊ စပါးဈီးမကောင်းလို့ ရွှေ အပေါင်ခံဖို့လာရေ  ၀ါကြီးမတစ်ယောက်၊  အားလုံးရေ စကားတစ်ခွန်းလည်းမပြော၊   ရိပ်သာထက် တိန်းနိန်ရေ၊  သခြင်းကလည်း တပုဒ်ပြီး တစ်ပုဒ်၊

“  ငါရိုရွာက ဥက္ကဌအိမ်မာ ခလ၀နန့် တစ်ရွာလုံးကြားအောင် ဖွင့်ပြပလိုက်ချင်ရေ၊ တစ်အိမ်က စပါးတစ်ဒေါင်း ကောက်ပနာ ပြကေ ကောင်းဖို့၊ ရွာပုံစပါးနန့် ဒေခွေကိုရအောင်ဝယ်လားဖို့ဝေး၊ သမက်တက်ပွဲ၊ ရှင်ပြုပွဲတိမှာ ဖွင့်ပြဖို့ ”

အသက် ၄၅-နှစ် အရွယ် လယ်သမားကြီးတစ်ယောက် ထပနာ ပြောလိုက်တေ စကားကြောင့်ထင်ရေ နောက်တစ်ယောက်ကလည်း ထပနာ၊

“ ငါရို့ရွာမှာလည်း ဒေစွာကိုဖွင့်ပြရဖို့၊     အမ်းလမ်း ပေါ်တာ ကျရေ  အချိန်ကလည်း ငါရို့ ရွာက  ငှက်ဖျားနန့် သီပါလားရေ လူတိလည်း မကန်၊ ယန်းတွက်နန့်  ရွာက ကုက္ကိုပင် ထက်မှာ ချက်ခလ၀ တင်ပနာ ဖွင့်ပြ ပလိုက်ချင်ရေ”

သခြင်းခံစားကတ်တေ လူတိကိုယ်စီခံစားချက်ရှိဖို့ထင်ရေ၊  သခြင်းကလည်း ပြည်ပကထုတ်တေ တော်လှန်ရေးသခြင်း၊ ရခိုင်ပရိတ်သတ်တိ မကြားရစွာ ကြာဗျာယ်ရှိဖို့။

ဆိုင်ခန်းမှာ လူ ၃၀ လောက်ရှိဖို့  ယင်းသခြင်းကို ဖွင့်ထားရေအတွက် လူတိအရင်ထက် များလာရေ၊ ကျနော်ကလည်း သတင်းသမားပီပီ ဒေသခြင်း ဖွင့်ရခြင်းအကြောင်းကို မိန်းကြည့်ရေခါ-

“ပြောရဖို့ဆိုကေ ငါရို့ဆိုင်က လူမလာ၊ အနားက ဆိုင်ကြီးမှာရာ လူကျရေ၊ ဒေဆိုင်မာဆိုကေ လက်ဖက်ရည် သောက်ဖို့လူမရှိ၊ တရက်ကို ၅ယောက်လောက်ရာ၊ ယကေ နောက်ဆုံးမှာ အကြံရစွာနန့်ဒေ ရိုးတောင်ထက်သို့ ဓါး မမိုးစီချင်ခွေကို ဖွင့်ပြလိုက်မှ လူတိရောက်လာကတ်တေ၊ ဒေသခြင်းကို  ဖွင့်လို့ဖမ်းဖို့ဆိုလဲ ဖမ်းလီဝေး လုပ်စားလို့ကား မရဗျာယ်၊ မင်းရို့စိုင်းစားကြည့်လေ၊  ရပ်တည်ရစွာက မလွယ်’’လတ်။

ယင်းနိန့် ဆိုင်ကို လူတိအားပီးရေအတွက် တစ်ခါမှ မရဖူးရေ ဖေ့သာအမြတ်အစွန်းစကေ ရလိုက်တေလတ်။ ဇာကြောင်းလဲ  ဆိုစာကိုစာဖတ်ပရိတ်သတ်တိ….နားလည်ဖို့ထင်ပါယင့်………။
(ကိုလတ် ခံစားတင်ပြသည်)
Blogger Widgets