You Are Here: Home - ပင်မစာမျက်နှာ , အတွီးစချေတိ , အမျိုးသားရီး - သဘောင်္ပျက်တေနိန်ရာမှာ ချိုင်ပေါင်ဟင်းရောင်းနိန်ခြင်း

တန်ဖိုးမဖြတ်နိုင်ရေ သန်းပေါင်းထောင်နန့် ချီပနာတန်ရေ သဘောင်္ကြီးတစ်စီးပျက်လားရရေအချိန်မှာ ချိုင်ပေါင်ဟင်းရောင်းနိန်လို့  ယင်းသဘောင်္ကိုပြန်ရလာနိုင်ဖို့ မဟုတ်ဆိုစွာကို ညဇာကမွီးရေ အချေတိတောင်သိနိုင်ရေ။ ယေကေလေ့ အဂုခေတ် ရခိုင်သားတချို့ မှာ မဆမမြီဆပ်တေပိုင် သဘောင်္ပျက်တေအချိန်မှာ ချိုင်ပေါင်လားရောင်းဖို့ စိတ်ကူးတိရာ ဟိနိန်ကတ်စွာကို တွိရရေ။ ဒေပိုင် အိမ်ခေါင်မိုးပေါက်စွာကို ကြမ်းလားဖာဖို့  စိုင်းစားရေ အမြင်တိက ရခိုင်သားတိစိတ်ကို ဖုံးလွှမ်းထားလို့  ရခိုင်လူမျိုးရေ ဗမာကျွန်ဘ၀နန့်  နိန်ရာတကာမှာ အောက်ကျနောက်ကျ လူတောမတိုးရေ အဆင့်ကို ရောက်နိန်ရရေ။

သမိုင်းမှာ ကြီးကျယ်ခန်းနားရေ ပုံရိပ်တိဟိခကေလေ့ လက်ဟိကာလမှာ ဗမာတိကစနစ်တကျ ပုံစံတကျ ဒေါင့်ပေါင်းစုံက ဖျက်ဆီးထားလို့  ရခိုင်လူမျိုးရေ တောင်အမေရိကတိုက် အမေဇုံသစ်တောကြီးထဲက ယိုင်ကျေးမှုမထွန်းရေ လူရိုင်းအုပ်စုချေတစ်ခုအဆင့်ကို ရောက်နိန်ရရေ။

ဂုတ်သွီးစုပ်ခံနိန်ရရေ ရခိုင်ပြည်ကလူထု လွတ်မြောက်ဖို့  ဖွံ့ ဖြိုးတိုးတက်လာဖို့  လူ့ ဂုဏ်သိက္ခာ လူ့ တန်ဖိုး လူ့ အခွင့်အရေးအပြည့်နန့်  ကမ္ဘာ့လူ့ ဘောင်အသိုင်းအ၀ိုင်းထဲမှာ ၀င်ဆန့် လာဖို့  အသိဥာဏ်ဟိရေ ရခိုင်သားရခိုင်သမတိုင်းက ဗမာနယ်ချဲ့ ကိုလိုနီစစ်စနစ်ဆိုး ရခိုင်ပြည်မှာ အမြစ်ပြတ်နိဂုံးချူပ်လားအောင် တော်လှန်ပုန်ကန်ပြီးကေ သီးခြားလွတ်လပ်တေ အချူပ်အခြာအာဏာပိုင် ရခိုင်လူထုတိုင်းပြည်ထူထောင်လားကတ်ရပါဖို့ ။ အနိုင်ကျင့်နိန်မှုကို ဂေါင်းငုံ့ မခံ၊ ဖိနှိပ်မှုကို အာခံ၊ မတရားမှုကို တွန်းလှန်၊ ဗမာကိုလိုနီစနစ်ဆိုးကို တော်လှန်ဖို့  ရခိုင်ရို့ အားမာန်ကို ထုတ်ပြဖို့ အချိန်လွန်ပါလတ်ဗျာယ်။

ဗမာတောပုန်းဒမြစစ်ခွီးတိက နှိပ်စက်သွီးစုပ်ထားလို့  ကုန်းကောက်စားစရာမဟိ လူရုပ်မပေါက် ဖွတ်ပြောက်တောင်အဖခေါ်ရရေ အခြေအနေဆိုးကိုရောက်ပနာ ဆင်းရဲမွဲပြာကျခြင်းငရဲအိုးထဲကို ရောက်နိန်ကတ်ရရေအချိန်မှာ တော်လှန်ရေးအစ ငတ်ခြင်းက ဆိုရေ ဆောင်ပုဒ်ကို လက်ကိုင်ထားပနာ ရခိုင်ပြည်လွတ်လပ်ရေးလှုပ်ယှားမှုနန့် ရခိုင်အမျိုးသားလူထုတော်လှန်ရေးကြီးကို စကတ်ရပါဖို့ ။

ယင်းပိုင်မဟုတ်ပဲ စီးပွါးရေးယောင်ယောင်၊ လူမှုရေးယောင်ယောင်၊ ကိုယ်ပိုင်ဖဲသာတစ်ပြားမဟိဘဲအန်ဂျီအိုယောင်ယောင်၊ ဗမာအောက်မှာ တိုးတက်ဖွံ့ ဖြိုးရေးလုပ်လားဖို့ ယောင်ယောင်၊ ဗမာက ရခိုင်တစ်မျိုးလုံး၏ပညာရေးကို ဖျက်ဆီးထားရေအချိန်မှာ ဖဲသာတစ်မတ်နန့်  ရခိုင်သားချေတိပညာတတ်အောင်လုပ်လားဖို့ ယောင်ယောင်၊ အောင်ဆန်းစုကြည် နှစ်ပေါင်း (၂၀) လိမ်လာစွာကို အရိပ်မကျပဲ ဗမာတိပြောနိန်ရေ ဒီမိုကရေစီနောက်ကို လိုက်ပနာ ရခိုင်သားတိကလေ့ ဒီမိုကရေစီယောင်ယောင်... အေပိုင် ယောင်ခြောက်ဆယ်လုပ်နိန်ကတ်ကေ ရခိုင်သားရေ လာဖို့ နှစ်ပေါင်း (၅၀)မှာ ကမ္ဘာမြီမှာထက်မျိုးတုံးမျိုးပျောက်လားရေ အဖြစ်ဆိုးကို ကြုံတွိလာကတ်ရဖို့ စွာ ကျိန်းသီနိန်ရေ။ ။ ။
.........................
Free4All
Blogger Widgets