တိုင်းပြည်တစ်ပြည်တွင် အမတ်ကြီးတစ်ဦးရှိလေ၏။ထိုအမတ်ကြီးသည် မှူးမတ်တို့နှင့်တိုင်းပြည် ညီညွတ် သ ဘောမျှမှုမရှိရာကား ခွဲခွာလျက်ထွက်လာခဲ့လေ၏။ နောက်တစ်ပြည်သို့မရောက်မီ လမ်းခုလတ်၌ ထူးဆန်း သော ကျွဲကျောင်းသားတစ်ယောက်ကိုတွေ့ရလေ၏။ ၄င်းကျွဲကျောင်းသားသည် ကျွဲများကို ခြေ တစ်ချောင်း တည်းဖြင့် ထိန်းကျောင်း၍နေလေ၏။
အမတ်ကြီးက“အမောင် ကျွဲကျောင်းသား၊သင်ကားအလွန်ပင် သတ္တိရှိသူပါပေတကား၊ ကျွဲများအား နိုင် နင်း လေသဖြင့် အံ့သြပေစွ” ဟုချီးကျူးပြောဆိုလေ၏။ ၄င်းက“ယခုအခါ ငါကားအပြင်းမမောင်းနှင်သေးပါ၊ အ ပြင်းအထန်လိုက်လံမည်ဆိုလျှင်ဤကျွဲကောင်များအစင်ပင် စားနိုင်မည် မဟုတ်ပါ၊ ထိုမျှလောက်လိုက် လံမောင်းနှင်နိုင်စွမ်း ရှိပါသည်” ဟုပြန်ပြောလေ၏။ ထိုအခါအမတ်ကြီးက “ငါအမောင့်ကိုထမင်း စား လောက် အောင်ပေးမည်၊င့ါနောက်ကလိုက်ပါနိုင်အံ့လော”ဟု မေးလေ၏။ ၄င်းလည်း ဤသူသည် ပညာ ရှိဖြစ်လေရာ သည်ဟုယုံကြည်၍ သဘောတူလေ၏။ ထို့ကြောင့်ကျွဲများကိုပစ်ထားခဲ့ လျက် နောက်က လိုက်ပါ လာ ခဲ့လေ ၏။
ခရီးတစ်ထောက်သွားလျှင် လူထူးလူဆန်းတစ်ယောက်ကိုတွေ့ရှိပြန်လေ၏။ ထိုလူသည် တောင်တစ်ပိုင်းကို ထမ်းပိုး၍လာခဲ့လေ၏။ အမတ်ကြီးသည် ထိုသူကို“အမောင် သင်သည် အလွန်တရာ သတ္တိရှိလှသည်၊ အ ဘယ်ကြောင့်ဤတောင်ကို ထမ်းယူလာခဲ့ရသနည်း” ဟုမေးမြန်းလေ၏။ တောင်ထမ်းလာသူက“ ကျွန်ုပ်၏ မယားသည် ထင်းမရှိ၍ ဆူပူပါသည်။ထင်းအတွက် ရယူလို၍ဖြစ်ပါသည်” ဟုပြန်ပြောလေ၏။ ၄င်းကို လည်း နောက်ကလိုက်ပါရန် ခေါ်ယူခဲ့လေ၏။
ထို့နောက်ရွာတစ်ရွာကို ဖြတ်ကျော်၍ ကွင်းပြင်တစ်ခုသို့ရောက်ခဲ့ကြလေ၏။ ထိုနေရာတွင် လေးပစ် တည့် မှန် သော လူတစ်ယောက်ကိုတွေ့ရလေ၏။ ၄င်းသည် မန်ကျည်းပင်ထိပ်ဖျား၌နားနေသော ယင်ကောင်ကို ပစ် ရန်ပြုလုပ်နေ၏။ အမတ်ကြီးတို့က“အမောင် ဘယ်အရာကိုပစ်အံ့နည်း” ဟုမေးမြန်းလေ၏။ ထိုအခါ ၄င်းက အပင်မှာနားနေသော ယင်ကောင်၏ ဘယ်ဘက်အတောင်ပံကို ချိန်ရွယ်နေပါသည်” ဟုပြန်ပြေလေ ၏။ အမတ်ကြီးလည်း သေချာစွာကြည့်လေသော် ယင်ကောင်ကိုမြင်ရလေ၏။ ထိုသူသည်မှန်းသည့်အတိုင်း ပစ်လိုက်လေရာ ဘယ်ဘက်အတောင်ပြုတ်ကျ ခဲ့ရလေ၏။ ထိုယင်ကောင်သည် နားနေရာမှ လွင့်စင်၍ အောက်သို့ကျလာလေ၏။ ထိုအခါ အမတ်ကြီးသည် “အမောင်ကား သတ္တိကောင်းပါသည်” ဟုချီးကျူးပြော ဆိုလေ၏။ ထို့နောက် နောက်ကလိုက်ပါရန်ပြောဆိုလျက်ခေါ်ဆောင်လာခဲ့လေ၏။
အမတ်ကြီးတို့သည်ခရီးထွက်ခွာလေသော် လမ်းစပ်ကြား၌ မိုးရွာသွန်းခဲ့လေ၏။ ထိုအခါ သစ်ပင်ကြီးတစ် ပင် အောက်တွင်မိုးခို၍ နေခဲ့ကြရလေ၏။ ထိုစဉ်ခရီးသည်တစ်ယောက်သည် ထီးတစ်လက်ဆောင်းလျက် လာလေ ၏။၎င်းက အမတ်ကြီးတို့လူစု မိုးခိုနေကြသည်ကို မြင်တွေ့ရသောကြောင့်သနားမှုဖြစ်ခဲ့ရလေ၏။ ထိုအခါဆောင်းရန်ပါလာသောထီးကို ပြောင်းပြန်ပြန်၍ဆောင်းလိုက်လေ၏။ ရွာနေသောမိုးသည် ချက်ချင်း ရပ်စဲသွားခဲ့ရလေ၏။ အမတ်ကြီးသည် ထိုသူအား“သင်သည် အစွမ်းရှိလှပေစွ၊ငါတို့နှင့်အတူလိုက်ပါလော့ ၊ ကောင်းစားလတ္တံ့”ဟုဆို၍ ခေါ်ယူသွားလေ၏။
အမတ်ကြီးနှင့်ကျွဲကျောင်းသား၊တောင်ထမ်းသူ၊ လေးသမား၊ထီးပြန်လှန်ဆောင်းသူ ငါးယောက်တို့သည် တိုင်းပြည်တစ်ပြည်သို့ရောက်သွားကြလေ၏။ ထိုပြည်၌ ဘုရင်မင်း၏သမီးတော်တစ်ပါးသည် အလွန် အပြေး မြန်လေ၏။ ထိုသမီးတော်နှင့်ယှဉ်ပြိုင်၍ ပြေးနိုင်လျှင် “ယောက်ျားဖြစ်က လက်ထပ် ထိမ်းမြား ပေး စားမည်၊ အိမ်ရှေ့အရိုက်အရာကိုလည်း ပေးနှင်းမည်၊မိန်းမဖြစ်က သမီးတော်အဖြစ် ချီးမြှင့် မည်”ဟု ကြေ ညာမောင်း ခတ်ထားလေ၏။
အမတ်ကြီးသည် ထိုမောင်းသံကို ကြားလေသော် ကျွဲကျောင်းသားကိုခေါ်လေ၏။“သင်သည် အသွား လျင်မြန် ပေသည်၊သို့အတွက် ယှဉ်ပြိုင်ရန် သင်တာဝန်ယူလော့”ဟုပြောဆိုလေ၏။ ကျွဲကျောင်းသားလည်း သဘော တူ၍ တာဝန်ယူလိုက်လေ၏။ပြိုင်မည့်နေ့ရက်ကို သတ်မှတ်သိရသောအခါ ပြိုင်ပွဲ ၀င်ရောက် ခဲ့လေ ၏။ ပြိုင် ရန်မှာလည်း တစ်ယူဇနာဝေးသောအရပ်၌ရှိသော ရေကန်မှရေကို ချပ်ယူလာ ကြရန် ဖြစ်လေ၏။ ထို့ကြောင့် ကျွဲကျောင်းသားနှင့် ဘုရင့်သမီးတော်တို့သည် သူ့ထက်ငါ အလျင်ရောက်နိုင်ရန် အပြေးအလွှား အား ကုန်နွှဲခဲ့ကြရလေ၏။
ပြိုင်ပွဲကိုအမတ်ကြီးတို့လူစုသည် တောင်မြင့်တစ်ခုပေါ်မှကြည့်ရှုနေခဲ့လေ၏။ကျွဲကျောင်းသားသည် လျင်စွာ ရေခပ်ပြန်လာခဲ့လေ၏။ သို့သော်ပန်းတိုင်သို့အရောက်တွင် အညောင်းပြေသဘောဖြင့် အိပ်မှေး၍ အ ပန်းဖြေနေခဲ့လေ၏။ရှင်ဘုရင်သမီးကား မရပ်မနားပြေးခဲ့သဖြင့်ပန်းဝင်ရန် နီးသထက်နီးကပ်လာလေ၏။ ကျွဲကျောင်းသားသာ အထနှေးချေက ရှုံးနိန့်နိုင်ရာ၏။ ထို့ကြောင့် အမတ်ကြီးသည်မနေ သာတော့ဘဲ လေး သမားကိုအကြံပေးလေ၏။“ကျွဲကျောင်းသားခေါင်းပေါင်းကို လေးဖြင့်ပစ်လော့”ဟုပြောလေ၏။ ထိုအခါ လေး သမားလည်း ချိန်ရွယ်လျက်ပစ်လိုက်လေ၏။ လေးထိမှန်ပြီးမှပင် အိပ်ပျော်ရာက လန့်နိုးခဲ့ရလေ၏။
ချက်ချင်းသတိရလျက် ထကြည့်လေလျှင်မင်းသမီးပန်းဝင်ရန်နီးကပ်နေပြီး သည်ကိုမြင်ရလေ၏။ ရေအိုးခွက် ကိုအဆောတလျှင် ကောက်ယူ၍တစ်ဟုန်ထိုး ပြေးလိုက်လေ၏။ ထို့ကြောင့်သီသီကလေးကပ်၍ ပန်းဝင်နိုင် ခဲ့လေ၏။ကျွဲကျောင်းသားအနိုင်ရလေသဖြင့် ပရိသတ်လည်း ချီးမွမ်းသြဘာပြုကြလေ၏။ ရှင်ဘုရင်ကား သမီးတော်ရှုံးနိမ့်ခဲ့ရ၍ ရှက်အားတကြီးဖြစ်ခဲ့ရလေ၏။
အောင်ပွဲရသောကျွဲကျောင်းသားသည် ဘုရင့်သမီးကိုရမည်ဖြစ်သဖြင့် အားရ၀မ်းသာဖြစ်နေလေ၏။သို့သော် ဘုရင်ကြီးကကတိအတိုင်း သမီးတော်ကိုမပေးလိုဘဲရှိနေခဲ့လေ၏။သမီးတော်အစား“ သင်လိုသမျှ သယ်ယူပါ၊ နိုင်သရွေ့ရွှေဥစ္စာကိုသာပေးပါအံ့” ဟုအမိန့်ရှိလေ၏။
ဘုရင်၏စကားအတိုင်း“ကောင်းပါပြီ”သဘောတူညီကြလေ၏။ ထိုအခါ အမတ်ကြီးက အကြံပေးသည်မှာ “တောင်ထမ်းသမား သင်သည်ထမ်းအားရှိသူဖြစ်သည်၊သင်တနိုင်တပိုင် ထမ်းဆောင်ချေလော့”ဟုပြော ဆိုလေ၏။ ထို့ကြောင့်သယ်ယူစရာအဖြစ် အိတ်ကြီးတစ်ခုကို ချုပ်လုပ်ခဲ့ကြလေ၏။
ဘုရင်မင်းသည် ရွှေငွေဥစ္စာယူဆောင်ရန်အတွက် ထည့်စရာယူဆောင်လာခဲ့ရန် တမန်စေလိုက်၏။ အဆင် သင့်ချုပ်လုပ်ထားပြီးသော အိတ်ကြီးဖြင့် တောင်ထမ်းသမားကို ယူဆောင်စေလေ၏။ယူရန်ရောက် သွားလေ သော် ရှင်ဘုရင်က“ဤအိတ်ကြီးဖြင့်ထည့်ပေးနိုင်ရန်မှာ ငါ၏တိုင်းပြည်တွင်ပင် ရှိမည်မထင်၊တစ် ရက်ဆိုင်းငံ့ ပေလော့”ဟု ပြောဆိုလွှတ်လိုက်လေ၏။
ထို့နောက် ဘုရင်သည်အကြံထုတ်လေပြီးလျှင် ထိုလူစုတို့အား ညဥ့်ချင်းတွင်ခေါ်ယူစုရုံးလေ၏။ နေရာတစ်ခု တွင်ထားပြီးသော် အရက်သေစာ ၀လင်အောင်တိုက်ကျွေးခဲ့လေ၏။ အရက်မူးလာသောအခါ သတိမေ့လျက် အိပ်ပျော်သွားခဲ့ကြလေ၏။ထိုအခါ ဘုရင်သည် မီးရှို့စေပြီးသေအောင် ပြုလေ၏။ မီး စွဲလောင်လာသော် ထီးပြန်လှန်ဆောင်းသမားက မိမိထီးကို အသင့်ဆောင်း၍ ကာကွယ်လိုက်လေ၏။ ထို့ကြောင့်မိုးကြီး ရွာ လေသဖြင့် မီးငြိမ်းသွားခဲ့ရလေ၏။
မိုးလင်းသောအခါ အမတ်ကြီးက ဘုရင်ကိုစိန်ခေါ်ခဲ့လေ၏။ “သမီးကိုသာပေးမည်လော၊ စစ်ကိုပဲ ဆိုင်မည် လော”ဟု တမန်စေလွှတ်လိုက်လေ၏။ထိုအခါ ရှင်ဘုရင်ကလည်း ကြောက်အားကြီးလျက် သမီးတော်ကို ပေးအပ်ခဲ့ရလေ၏။ သို့သော် ထိုသမီးတော်ကို မည်သူရထိုက်သနည်း ဟုအကြံပြုလေ၏။ အမတ်ကြီးသည် ပညာရှင်ဖြစ်သည်။ အမတ်ကြီး၏အကြံအစည်ဖြင့်သာရရှိခြင်းဖြစ်လေသည်ဆိုကာ အမတ် ကြီးနှင့်ထိမ်းမြား ခဲ့ကြလေသတည်း။
အရှင်စက္ကိန္ဒ (ရခိုင်တံခွန်ပုံပြင်များ)