You Are Here: Home - စာကြည့်တိုက် , ဆောင်းပါး - မှတ်တိုင်

ရင်ခွဲရုံတံခါးပေါက်ရှေ့တွင်မြက်များကျိုးတိုးကျဲတဲ ရှင်သန်နေသည်။နံနက်ပိုင်းကရွာထားသောမိုးကြောင့် သဲ ဆန်ဆန်မြေနိမ့်နိမ့်တွင် ရေအနည်းငယ်ဝပ်နေသည်။ထိုရေ၀ပ်အိုင်လေးကိုကျော်လျက်တံခါးဝသို့ ကိုမြကျော် ညင်သာစွာ ခုန်လိုက်သည်။ မိုးကာလဖြစ်လျက်နှင့် ကတ္တီပါဖိနပ်စီးထားသည်။ လူသွားစင်္ကြန် လမ်းကိုဖြတ် လျှောက် ပြီးအလောင်းများထားရာ ခန်းမ၏တံခါးဝတွင်သူရပ်သည်။ လွယ်အိတ်ထဲမှစီးကရက်ဘူးနှင့် မီးခြစ် ကိုသူထုတ်သည်။မီးညှိကာအားရပါးရဖွာရှိုက်ပြီးကျွန်တော့်အားနောက်လှည့်ကြည့်သည်။ကျွန်တော်က ပထမ တံခါးဝတွင်သာရှိသေးသည်။သူဦးခေါင်းကိုအောက်သို့ဆတ်ခနဲငုံ့ကာ ၀င်ခဲ့ပါသဘောနှင့် ကျွန်တော့်ကိုခေါ် သည်။ သူ့အနီးသို့ကျွန်တော်ရောက်လာသောအခါ အထဲသို့လှမ်းကြည့်ပြီး ၀င်မည့်ဟန်ပြင်သည်။တုန့်ခနဲ ရပ် ပြီး ပြန်လှည့်သည်။ စိမ်းရွှေပုပ်အဲ့သော အနံ့သည် လွင့်ပျံ့နေ၏။ ကိုမြကျော် က စီးကရက်ဗူးကိုကမ်းပြီး ”အော်.. ခင်ဗျားမှမသောက်တတ်ဘဲ” ဟုပြောသည်။ သူ့စကားသံ၌ စိတ်လှုပ်ရှားမှု ကကပ်ငြိနေသည်။ 
ရင်ခွဲရုံစောင့်က ကျွန်တော်တို့ကိုအထဲမှခေါ်သည်။ ကိုမြကျော်ကလက်ကာပြသည်။ ထုတ်ယူခဲ့ဟုလက်ဟန် ဖြင့် ပြသည်။ အထမ်းသမားနှစ်ဦးကအလောင်းကို သံပြားထမ်းစင်ငယ် ပေါ်သို့ရွှေ့တင်သည်။ အလင်းရောင် အား နည်းနေသော်လည်း မို့မောက်နေသောဝမ်းဗိုက်နှင့်ကိုယ်ဝန်ဆောင်အမျိုးသမီးငယ်ကို မနီးမဝေးမှပင် ကျွန်တော် မှတ်မိနေသည်။ သူတို့ကအလောင်းကိုထမ်းသယ်လာစဉ်ကျွန်တော်တို့ဦးစွာထွက်ခဲ့ကြသည်။ 
ရင် ခွဲရုံနှင့် ကွန် ကရစ်လမ်းငယ်ဆက်သွယ်လျက်ဇရပ်ဆန်ဆန်အဆောက်အဦးတစ်ခုရှိသည်။ သချိုင်္င်းသို့ သ ဂြိုဟ်ရန်မသွားမီ အလောင်းကိုထိုဇရပ်၏ အုတ်ခုံမြင့်မြင့်တွင်ထားသည်။ ထိုနေရာတွင်ဖျာ ကြမ်း တစ်ချပ်ခင်း ထား သည်။ ခပ် လှမ်းလှမ်းတွင်လူသုံးဦးသည်အသုဘခေါင်းကိုလက်စသပ်နေသည်။အစိမ်းနုရောင် ပလပ်စ တစ်ကိုဖြတ်ကိုက်ပြီးခေါင်းပျဉ်တွင်သံမှိုရိုက်၍ကပ်ရန်သာကျန်တော့သည်။ 
 
ကိုမြကျော်က သူတို့အပါးတွင်ရပ်လျက်အုတ်ခုံပေါ်တင်ထားသောအလောင်းကို ငေးကြည့်နေသည်။ 
 
“ကိုကြီးသိန်းရယ်…ဆရာတော်ကိုကပ်မဲ့တရားပွဲ၊အုန်းပွဲမှာပစ္စည်းတွေအားလုံးစုံရဲ့လား၊ ဟိုရောက်ရင်လည်း ခင်ဗျားပဲသွားပင့်လိုက်ပါနော်”သူပြောသည်။
 
သံရိုက်နေသူတစ်ဦးထလာပြီး “သင်္ကန်းတစ်စုံပဲ ကျန်တော့တယ်ဆရာကျော်၊ ဒါပြီးရင် ဆိုက်ကားနဲ့သွားဝယ် လိုက်မယ်။ ဆရာတော်ကတော့ သချိုင်္င်းထဲကနီးရာကျောင်းတစ်ခုက သွားပင့်လိုက်ရင်ရပါတယ်” ထိုသူမှာ ကိုမြကျော်နှင့်အလွန်ခင်သောအိမ်နီးချင်းပရဟိတသမားတစ်ဦးဖြစ်သည်။ 
 
“အားကိုးပါတယ်ကိုကြီးသိန်းရယ်”ဟုကိုမြကျော်ပြောသည်။ကိစ္စ၀ိစ္စအားလုံးကိုလွှဲအပ်ထားပုံရသည်။ 
 
အလောင်းကိုကြည့်ရန် ကျွန်တော်လာစဉ်ကိုမြကျော်ရပ်လျက်ကျန်ခဲ့သည်။ မိုးမှုံကလေးများကျလျက်နှင့်ပင် နေ အရောင်ဝင်းနေသည်။ မို့မောက်နေသောဗိုက်သည် မျက်စိလွှဲထားသော်လည်း အမြင်အာရုံ ထဲသို့ ရောက်နေ သည်။ ပန်းနုရောင်အဖြူပန်းကွက် ကလေးများပါသော ဖလံနယ်အနွေး ထည်လက်ရှည်ကို ကြယ် သီးအစုံ တပ်လျက်သူမ၀တ်ထားသည်။ လက်အစုံသည်ဖောရောင်မို့မောက်လျက်ဝင်းထိန်နေသည်။ ခုထားစ ရာအောက် ခုံခေါင်းအုံး မရှိသောကြောင့် ပိန်သွယ်သောလည်ပင်းသည်ခေါင်းလည် လျက်ပုခုံးနှင့်ပါး ထိနေ သည်။ဖြစ် သလိုနှောင်ထားသောဆံပင်များပြေလျော့ကာလည်ပင်းအောက်တွင်တစ်ချို့၊ဦးခေါင်းနောက် ၀ယ် တစ်ချို့ဖြာ ကြဲနေသည်။ သူမ၏မျက်နှာပြင်တစ်ခုလုံး ၀ါထိန်နေသည်။ ပါးပြင်နှစ်ဖက်ဖူးရောင်လျက်နှုတ် ခမ်းများပြာနှမ်း ထူအမ်းနေသည်။ ဖောင်းမို့သောမျက်ခွံအောက်မှ ဘယ်ဘက်မျက်လုံးအိမ်သည် မသိမသာ လေးပွင့်ဟနေသည်။နဖူးကျယ်ကျယ်၊နှာတံမပေါ့်တပေါ်နှင့်ရုပ်ရည်သန့်ပြန့်သောမိန်းမငယ်တစ်ဦးဖြစ်သည်။ 
 
သူမ၏အနာဂါတ်၊ သူမလွယ်ပိုးခဲ့ရသောရင်သွေး၊သူမ၏မျှော်လင့်ချက်၊မျိုးဆက်၊အရာအားလုံးသည်ကြွေကွဲပြို ပျက်သုန်းခဲ့ရပြီ။ သူမနှင့်အတူလိုက်ပါသွားမည့်ရင်သွေးသည် ယောက်ျားလေးလား၊မိန်းကလေးလား၊သူမသိ ခွင့် မကြုံခဲ့။ ကျွန်တော်မသိ၊ ကိုမြကျော်လည်းမသိ၊ လောကကြီးကလည်းမသိ၊ သိရန်လည်းမလိုအပ်တော့ပြီ။ ကျွန်တော်လှည့်ကြည့်လိုက်တော့ ကိုမြကျော်ကအလောင်းဆီသို့ ငေးကြည့်နေသည်။ 
ခေါင်းအုံးတစ်လုံး သို့မဟုတ် အကျီ င်္စများကိုဘေးပတ်ဝန်းကျင်တွင်ရှာကြည့်သည်။ မှို့များပွင့်ထွက်ပြီးခေါင်း အုံး ဆိုးတစ်ခုကိုတွေ့ရှိသည်။ မသင့်တော်ပေ။ အသုဘခေါင်းစပ်ရန်မှကျန်ခဲ့သော ပျဉ်တိုသုံးချပ်ကို ကျန်ခဲ့ သောပ လပ်စတစ်ဖြင့် သပ်သပ်ရပ်ရပ်လေးပတ်သည်။ သူမ၏ဦးခေါင်းအောက်တွင် ခုသည်။ ဦးခေါင်းကို တည့်သည်။ ဆံပင်များကိုလည်ပင်းဘေးတွင်စုခွေထားလိုက်သည်။ 
 
ကျွန်တော့်အနီးသို့ ကိုမြကျော်ရောက် လာသည်။ သူမ၏ခြေမနှစ်ချောင်းကို သားရေကွင်းဖြင့် ပူးနှောင်သည်။ အလောင်းကို မကြည့်ဘဲကျော ခိုင်းလျက်ရပ်သည်။ စီးကရက်ဖွာရှိုက်ကာခေါင်းပြုပြင်နေသူများကို ကြည့်နေ သည်။ သူ့လက်မှနာရီကိုငုံ့ကြည့်ပြီး ”ဆယ့်နှစ်နာရီကျော်ရုံပဲရှိသေးတယ်။ ထွေထွေထူးထူးကိစ္စမရှိတော့ပါ ဘူး။ နိဗ္ဗာန်ယာဉ်ကတစ်နာရီလာမယ်လေ။ ကမ်းနားဘက်ကလက်ဘက်ရည်ဆိုင်သွားမယ်။ ကိုခိုင်အောင် တစ်ခုခုစားပါလား”  
 
“ကျွန်တော်မစားချင်ဘူး၊လက်ဘက်ရည်ဆိုင်သွားလေ” 
 
ကျွန်တော်တို့ထိုနေရာမှထွက်ခွာခဲ့ကြသည်။ မနေ့ကဤအချိန်မျိုးတွင် ဤနေရာမှ အသုဘတစ်ခုကို စီစဉ် လိုက်ပို့ ခဲ့ကြသည်။ ကျွန်တော့်တို့နှင့်ကျောင်းနေ ဘက် မိတ်ဆွေတစ်ဦး၏ဖခင်ဖြစ်သည်။ စစ်တွေသို့ ဆေးကုလားရင်း ဆေးရုံ၌ဆုံးသွားသည်။ ကျွန်တော်တို့ မိတ်ဆွေအသိုင်းအ၀ိုင်းများစုပေါင်းစီစဉ်ခဲ့ကြသည်။ ၎င်းမှဆက်၌၍ကိုမြကျော်၏ ယခုကိစ္စသီးသန့်ပေါ်ပေါက်လာခြင်းဖြစ်သည်။ 
 
ကျန်ခဲ့သောတမြန်နေ့ည ၈ နာရီထိထိုအသုဘ၌ကိုမြကျော်ရှိသည်။ စာပေမိတ်ဆွေတစ်ဦးနှင့်တွေ့စရာ ရှိ၍ သူပြန်သွားသည်။ ဆရာတော်တရားဟောကြားနေစဉ် လတ်တလောဆုံးလာသော အလောင်းတစ်ခုကို ရင်ခွဲ
ရုံသို့ သယ်လာသည်။ အစပိုင်းတွင်ကျွန်တော်တို့ သာမန်မေ့မေ့လျော့လျော့။ 
 
ခပ်မာမာဟောက်သံ ၊အောက်ကြို့တောင်းပန်သံ ၊ယောက်ျားတန်မဲ့ ငိုသံထက်ဝက်နှင့်ပြောသံများ ကျယ်လာ သည်။ အာရုံများက ထိုဘက်သို့လှည့်သွားသည်။ 
 
ကိုယ်ဝန်နှင့် အမျိုးသမီးတစ်ဦး၏ အလောင်းကို ရင်ခွဲရုံတံခါးဝတွင်ချထားသည်။ ခပ်ဖွဲဖွဲမိုးထဲတွင် သယ် လာသောကြောင့်မိုးရေစိုရွှဲနေသည်။ နဖူးနှင့်နှာသီးဖျားတွင် တင်နေသောမိုးစက်များသည် ခပ်စောင်းစောင်း ထိုးကျနေသော မီးရောင်နှင့်လက်နေသည်။ လင်ယောက်ျားဖြစ်ဟန်တူသူသည် လွယ်အိတ်နှစ်လုံးကိုတစ် ဘက် တစ်ချက်လွယ်ပြီးတိုလီမိုလီပါသော ကြိမ်ခြင်းတစ်ခုကိုဘယ်လက် ၊လေးဆင့်သွပ်ချိုင့်တစ်ခုကို ညာ လက်တွင် ကိုင် ကာအလောင်းဘေးတွင်ရပ်နေသည်။ ၀မ်းနည်းကြေကွဲသဖြင့်နှုတ်ခမ်းများတုန်ရင်းပါးစပ် မဲ့ ရွဲ့ကာစကား ကို ပီပီပြင်ပြင်မပြောနိုင်ပေ။ ခွဲရုံစောင့်လူငယ်က ပိတ်ထားသောတံခါးဝတွင် ရပ်ကာ စကားရင့် ရင့်ပြောနေသည်။အနည်းငယ်သောက်စားထားပုံရသည်။ 
 
“အစ်ကိုတို့စဉ်းစားကြည့်ပါအုံး၊ ဒီလူတွေကသူတို့အလောင်းကို အမှိုက်ပုံလိုဒီမှာထားခဲ့မယ်။ လာမယ်မလာ မယ်သေချာတာလည်းမဟုတ်ဘူး။ ဒါကျန်းမာရေးဌာနပါ။ ရက်စွန်းလာရင်ပတ်ဝန်းကျင်ကိုထိခိုက်တယ်။ မ လာရင်ကျွန်တော်တို့မောပြီ။အလုပ်ရှုပ်တဲ့အထဲမှာဒီအလုပ်ကစိတ်ညစ်ဖို့အကောင်းဆုံးပဲ” 
 
ကျွန်တော်တို့ရောက်လာသောအခါသူ့လေသံကအလုပ်သဘောဆန်သွားသည်။ 
 
“ဟေ့လူ… မိန်းမသေတာအဆန်းလားဗျ၊ အူတူတူကြောင်တောင်တောင်နဲ့၊ ခင်ဗျားပြန်လာမယ့်လူမဟုတ် ပါ ဘူး။ပေးမထားနိုင်ဘူးဗျာ၊ဟိုဇရပ်မှာထားပြီးဖြစ်သလိုသဂြိုင်္ဟ်ဗျာ” 
 
အလောင်းရှင်သည် ကျေးတောနေတစ်ဦးဖြစ်သည်။ တစ်စုံတစ်ရာတုန့်ပြန်ရန် ကိုယ်နှုတ်အမူအရာပြင်သည်။ ပါးစပ်မှအသံထွက်မလာဘဲကျွန်တော်တို့ကိုပါးစပ်ဟ၊မျက်လုံးပြူးကာစိုက်ကြည့်နေသည်။ 
 
သူသည် တစ်ရပ်တစ်ကျေးမြို့ပေါ်၌ အသုဘအတွေ့အကြုံမရှိသူ၊ လုပ်ထုံးအစဉ်အလာများကို သိနားလည် ခြင်း မရှိသူ။ သည်အထဲပရိဒေ၀ဖိစီးနေသေးသည်။ ကျွန်တော်တို့ကညှိညှိနှိုင်းနှိုင်းပြောပေးသည်။ ခင်ဗျား တို့ဘယ်က လဲ၊ငွေဘယ်လောက်ကျန်သေးလဲ(တစ်ရာကျော်)။ စစ်တွေမှာအသိမိတ်ဆွေရှိသလား (မော် တော်ဆိပ်မှာ)။မ နက်ဖြန်ကိုးနာရီဒီကိုလာခဲ့၊ ငွေငါးရာလောက်ရှာခဲ့၊ အဆင်မပြေရင်ပစ္စည်းတွေရောင်းဗျာ။ 
 
“ဟေ့လူ..ဖြစ်အောင်လာခဲ့နော်၊မလာရင်ခင်ဗျားတို့လိပ်စာဆေးရုံမှာရှိတယ်၊မလွယ်ဘူးနော်။”          
 
“ဟေ့လူခင်ဗျားတော်တော့…”
 
ရင်ခွဲရုံစောင့်အား ကျွန်တော်တို့ကဟန့်တားဖျောင့်ဖျကြသည်။ မိတ်ဆွေတစ်ဦးက ”ရော့၊ခင်ဗျားကလေးတွေ စာ အုပ်ဝယ်ဖို့။” ဆိုပြီးငွေတစ်ရာပေးသည်။ ”အရက်မသောက်ပစ်နဲ့နော်၊ သောက်ချင်ရင်ဟိုမှာရှိတယ်”ဟု ထောင့်တစ်နေရာကိုညွှန်သည်။ 
 
တံခါးဖွင့်ပြီးအလောင်းကို အထဲသို့သွင်းလိုက်သည်။ လင်ယောက်ျားကမတုန်မလှုပ်ရပ်ကြည့်နေသည်။”ကျေး ဇူးတင်ပါတယ်”ဟုအခါခါထပ်ပြောပြီးမိုးထဲတွင်သူထွက်သွားခဲ့သည်။ 
 
သည်ဖြစ်ရပ်ကို အသုဘပို့ရင်းသင်္ချိုင်းမှာကျွန်တော်တို့ပြန်ပြောကြသည်။ ကိုမြကျော်စိတ်ဝင်တစား နား ထောင် သည်။လှုပ်လှုပ်ရှားရှားသူဖြစ်သွားသည်။ ”အမျိုးသမီးကကိုယ်ဝန်နဲ့ပေါ့”ဟု တွေးတွေးဆဆတစ်ဦး တည်းပြောပြီး တစ်ခုခုကို စဉ်းစားသလိုဖြစ်နေသည်။ရောက်တတ် ရာရာပြောနေသော စကားဝိုင်းတွင် သူ မပါဝင်တော့ပေ။ 
 
ကိုမြကျော်ကဣနြေ္ဒသမား၊အတွေးသမားဖြစ်သည်။မျက်နှာတည်တည်နှင့်မဟုတ်ဘဲ နှစ်လိုဖွယ်အပြုံးရှိသည်။ စိတ်ရင်းဖြူစင်ပြီး ကူညီတတ်သူဖြစ်သောကြောင့် ခင်မင်လေးစားကြသည်။မြောက်ဦးမြို့နယ် ၊ကျေးတောရွာ ၊ချောင်လည်သောလယ်သမားမိသားစုထဲက ကြီးပြင်းလာသည်။ မြို့နယ်အထက်လွှာများလို လှပသန့်ရှင်း သပ်ရပ်စွာဝတ်စားနေထိုင်တတ်သည်။ 
 
“ကျွန်တော်ကတောသားပေမယ့် မင်းသားလေးလိုနေချင်စိတ်ပါလာခဲ့တယ်။ အဖေကကြည့်လို့ကိုမရဘူးတဲ့။ ၀ဋ်ပါတယ်ပေါ့ဗျာ” ဟု သူ့ကိုယ်သူခပ်လှောင်လှောင်ပြောတတ်သည်။ ကျွန်တော်နှင့် စစ်တွေကောလိပ်တွင် ဆုံ ကြသည်။ စာပေအနုပညာမြတ်နိုးစိတ်တူသောကြောင့် ညီအစ်ကိုပမာ၊ငယ်ပေါင်းရောင်းရင်းပမာ ချစ်ခင် ခဲ့ကြ သည်။ အနေအထိုင်အပြောအဆိုနူးညံ့သလောက် အစားအသောက်ကြံ့ကြံ့ခံနိုင်သည်။ အလယ်တန်း ဆရာဘ ၀နှင့်ဘီအီးဒီ(အထက်တန်းဆရာဖြစ်သင်တန်း)ကို ကျွန်တော်တို့တက်ကြသည်။ တက်ချင်လို့မနည်း ကြိုးစားပြီး တက်လာရတာ၊ စီးပွားရေးကအရင်လိုမဟုတ်၊ အဖေဆုံးပြီးမိသားစုတာဝန်ကိုယူနေရသည်ဟု ပြောသည်။ သင် တန်းတလျှောက်နံနက်ညစာကျောင်းထမင်းဟင်းမှလွဲ၍ ဘာမှမစား၊ လက်ဘက်ရည်ကော် ဖီမသောက်။ ကျွန်တော်တို့လက်ဘက်ရည်ဆိုင်ထိုင်လျှင် ရေနွေးကြမ်းသောက်ပြီး ဆေးလိပ်ဖွာမည်။ ကျွေး၍ လည်းမရ ၊ဆေး လိပ်ကိုတော့စွဲလန်းသည်။ ညဘက်ကျလျှင်တယောအိုးလေးနှင့်နွဲ့နေတတ်သည်။ ကျောင်း အားလျှင်တစ်ခါတစ် ရံမြေနီကုန်း၊ ပန်းဆိုးတန်းစာအုပ်အဟောင်းဆိုင်များကို သွားမွှေကြ ၊ဈေးပေါလျှင် ၀ယ် စုကြသော စရိုက်မျိုး ကျွန်တော်တို့တူသည်။ကျောင်းပြန်သောအခါသူ့စာအုပ်များက ကျွန်တော့်နှစ်ဆခန့်ရှိ သည်။ 
 
စစ်တွေသို့သူတာဝန်ကျလာသောအခါ ကျွန်တော်ပျော်သည်။ သူ့အရည်အချင်းနှင့်စိတ်ဓါတ်ကို ကျွန်တော်ယုံ သည်။ စာပေအနုပညာ၌သူပိုမို၍ရှင်သန်လာသည်။ ပညာရေး၌လည်းသူအောင်မြင်သည်။ ၀င်ငွေကိုသိက္ခာ အပြည့်နှင့်ရှာသည်။ ဂုဏ်သိက္ခာရှိစွာနေထိုင်သည်။ သူ့စေတနာကိုတပည့်များမိဘများကနားလည်ကြသည်။ သူ့ညီမငယ်နှစ်ဦးနှင့်အဒေါ်ကိုခေါ်သည်။ 
 
“ကျွန်တော်တို့စာပေသမား၊ ကျွန်တော်တို့ကျောင်းဆရာဆိုတာ အပေးသမားတွေပါ၊ အစွန့်သမားတွေပါဗျာ၊ ယူ တယ်ဆိုတာလောဘမဟုတ်ပါဘူး၊ ဘ၀မှာက္ကနြေ္ဒရရလေးနေဖို့၊ နောက်ထပ်များများပေးနိုင်ဖို့အတွက် ပါဗျာ” 
 
သူ့အတွက်ဘ၀လမ်းကိုရွေးချယ်ပြီးသားဖြစ်ပေသည်။ 
 
မနေ့ကအသုဘတွင်သူစကားဆန်းဆန်းပြောသည်။ 
 
“တစ်ဘက်သားကိုအထင်သေးစော်ကားတယ်မဟုတ်ပါဘူး၊ ကျွန်တော့်စိတ်ထဲတစ်မျိုးကြီးဖြစ်နေတယ်၊ ဟိုလူ က သူ့မိန်းမကိုလာပြီးသဂြိင်္ုဟ်ဖို့သိပ်မလွယ်ဘူးထင်တယ်။အဲဒါဆိုရင်တော်တော်စိတ်မကောင်းစရာဘဲ။ ကိုယ် ၀န်သည်ဆိုတော့ဗိုက်ထဲကကလေးအတွက်ပါခံစားရတယ်ဗျာ” 
 
“ခင်ဗျားကလူပျိုကြီးမို့လို့ပေါ့၊မိသားစုနဲ့ကလေးအဖေဆိုရင်ပိုပြီးဒီထက်ပိုပြီးခံစားရမှာ” 
 
ကျွန်တော်ခပ်ပေါ့ပေါ့ပြောခဲ့မိသည်။ သူကဘာမှပြန်မပြော ၊နွမ်းရိစွာပြုံးသည်။ သူ့မျက်ဝန်းများကဝေမှိုင်းနေ သည်။ယနေ့နံနက်ဆယ်နာရီခန့်တွင်ကျွန်တော့်ထံသို့သူရောက်လာခြင်းဖြစ်သည်။ 
 
“ကိုခိုင်အောင်လိုက်ခဲ့ပါဗျာ၊ မနေ့ကအသုဘကိုကျွန်တော်စီစဉ်နေတယ်၊ နောက် မှအေးအေးဆေးဆေးပြော ပြမယ်၊လာ…သွားကြမယ်။” 
 
ကျွန်တော်တို့နှစ်ယောက်ဝေယျာဝစ္စတွေနှင့်အလုပ်ရှုပ်နေသဖြင့် စကားရှည်ရှည်မပြောဖြစ်ကြ။ သူနှင့် မည် သို့ပက်သတ်သွားသလဲ၊ကျွန်တော်မတွေးတတ်။  
 
ရင်ခွဲရုံရှေ့၌ လမ်းမကြီးသည် တောင်နှင့်မြောက်ကို ဖြောင့်တန်းစွာပြေးနေသည်။ ဤလမ်းကိုထောင့်မှန်ကျ လျက် အရှေ့အနောက်ဖြတ်သောလမ်းရှိသည်။ လမ်း၏အရှေ့ဘက်ဆုံး၌ ကုလားတန်မြစ်ကမ်းဖြစ် သည်။ ညာဘက် တွင်ဆေးရုံဝင်းကြီးတစ်ခုလုံးဖြစ်၍ ထုံးဝါရောင်အဆောက်အဦးများဆက်တိုက်ရှိနေသည်။ လမ်း၏ အနောက်ဘက်တွင် ကျေးလက်တောရွာနှယ်သစ်ပင်ကြီးများစီတန်းနေသည်။ ပိတောက်ပင်ကြီးများနှင့် ပျဉ်း မပင်ကြီးများရှိပါသည်။ မြစ်ပြင်ကိုမျက်နှာမူလျက် ကျွန်တော်တို့လျှောက်လာကြသည်။ မြစ်ဘက်နှင့်နီးလာ လျှင် ပင်လယ်ကဗွီးပင်များရှိသည်။ မြစ်ဘက်မှလေတိုက်နေသဖြင့် ကဗွီးရွက်များတရှဲရှဲတ ရှီးရှီးမြည် နေ သည်။ 
 
“မနေ့ညနေဘက်ကျူရှင်ပြီးတော့ ကိုဇော်ဆီသွားတယ်။ ကျွန်တော်နဲ့ခင်တဲ့ ဆရာဝန်ကဗျာဆရာလေ၊ ကို ခိုင်အောင်သိပါတယ်။ အသုဘမသင်္ဂြီုဟ်ဖြစ်ဘူးဗျာ ၊အဲဒီအမျိုးသမီးရဲ့ဆေးရုံ့မှတ်တမ်းတွေလည်း ကိုဇော်ကူ ညီပေးပါတယ်၊ ကျွန်တော့်အပေါ်သံသယကင်းပြီးသားပါ။ ရောဂါကအီးကလစ်စီးယားဆိုလားပဲ၊ ကိုယ်ဝန် ဆောင် သွေး ဆိပ်သင့်တယ်ပေါ့ဗျာ။ မိခင်လောင်းတစ်ဦးအနေနဲ့ အာဟာရလည်းတော်တော်ချို့ယွင်းနေ တယ်။ဆေးကုသမှုလည်းနောက်ကျတယ်။ဆင်းရဲတာလည်းပါမှာပေါ့လေ။” 
 
လမ်းရှေ့တည့်တည့်မှမြစ်ပြင်ကိုမြင်နေရသည်။နောက်ခံတောင်တန်းများမှုံဝါးဝါးဖြစ်နေသည်။ 
 
"ကျွန်တော်တစ်ညလုံးအိပ်မရဘူး၊ သချိုင်္င်းမှာကိုခိုင်အောင်တို့ပြောနေကတည်းက ကျွန်တော်စိတ်မကောင်း တော်တော်ဖြစ်သွားတယ်။ ခုလိုမိုးဦးမှာပဲကျွန်တော့်အမေဆုံးတာ ကိုယ်ဝန်ကြီးနဲ့ပဲ။ ကျွန်တော်အခုထိမြင် ယောင်သေးတယ်။"
 
သူ့အသံအနည်းငယ်လှိုက်ပြီး တိတ်သွားသည်။ ကျွန်တော့်ရင်ထဲဆို့နစ်သွားသည်။မြစ်မှလှိုင်းပုတ်သံများကြား နေရသည်။

“ကျွန်တော်ကမြောက်ဦးမှာစာသင်နေတယ် ၊ခြောက်တန်း၊ ညီလေးတစ်ယောက် ရတော့မယ်ဆိုပြီးပျော်နေ တာ၊ အမေဆုံးတယ်လို့သိရတော့ငိုတာပဲ။ အဲဒီတုန်းကမိုးကြီးလို့ချောင်းတွေ၊ လယ်ကွင်းတွေမှာရေတွေလျှံ နေ တာကျွန်တော်မှတ်မိတယ်။ ရွာကိုလှေနဲ့ လာခဲ့တော့လှေပေါ်မှာလည်းငိုတာပဲ၊ အမျိုးသမီးရဲ့ အလောင်း ကို ခပ်ဝေးဝေးမှလှမ်းကြည့်ရင်း ကျွန်တော့်အမေလိုပဲ၊သူကအသက်ငယ်တယ်၊ကျွန်တော်နဲ့ ညီမလေးတွေ ကျန်ခဲ့တယ်။သူမှာကပထမဆုံးသားဦးကိုယ်ဝန်၊အေးဗျာ…လူ့ဘ၀မှာဘယ်လိုခေါ်မလဲ။” 
 
ကျွန်တော်တို့စကားမဆက်မိကြ။ ကိုယ့်အတွေးနှင့်ကိုယ်ရှိနေကြသည်။ “မနက်မိုးလင်းချင်းပဲဆေးရုံကို ကျွန် တော်သွားတယ်၊ တာဝန်ယူပြီးသဂြိင်္ုဟ်မယ်ပေါ့၊ ဘာမှမပက်သတ်တဲ့ လူ ဆိုတော့ပြောပြရှင်းပြရတာပေါ့၊ ကို ဇော်ကအများကြီးထောက်ခံကူညီပေးပါတယ် ။ငွေကုန်တာကိုထား၊ဒီကိစ္စပြေလည်ဖို့အောက်ကျို့ တောင်းပန် ရမှာကိုလည်းကျွန်တော်ဝန်မလေးပါဘူး။ဆေးရုံတာဝန်ရှိသူတွေ လည်းအ များကြီးကောင်းပါတယ်။ ဆရာဝန် ကြီးကိုကျွန်တော်ပြောပြခဲ့တယ်။ကျွန်တော့်အမေလည်းသူ့လို ဆုံးခဲ့ပါတယ်။ အမေ့အတွက်အမှတ်တရ လုပ် တာပါ။ ခုလိုခွင့်ပြုတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်လို့၊ သူကလက် ဆွဲနှုတ်ဆက်ပြီး၊ ပြန်ထွက်ခါနီး သာဓုပါလို့တောင်ရယ်ရယ်မောမောပြောသွားသေးတယ်။” 
 
သူပေါ့ပါးသွားသည်။ အပျော်သံကပ်ပါလာသည်။ 
 
“ထောင်စုသစ်ကြိုတဲ့ အမေ့အလွမ်းပြေ ကုသိုလ်ခင်းလေး ပေါ့” ကျွန်တော်ပြောလိုက်သည်။ “
 
ခင်ဗျားဟာကကဗျာတစ်ပုဒ်စပြီလေ၊ဆက်လုပ်ဗျာ။”
 
ကလေးငယ်တစ်ဦး ပမာသူပြုံးရယ်သည်။ မြစ်ပြင်ကိုမျက်နှာမူထားသော လက်ဘက်ရည်ဆိုင်ထဲ ၀င်ထိုင် သည်။ မိုးဦးလေကြောင့်အနည်းငယ် လှိုင်းကြမ်းနေသည်။ မြစ်တစ်ဘက်ကမ်းမှတောင်တန်းများကို လုံးဝ မမြင် ရ တော့ချေ။ 
 
“ဟိုဘက်ကမ်းကပေါက်တောမြို့နယ်ပဲ၊ အမျိုးသမီးရဲ့နေရပ်လိပ်စာကပုဏ္ဏားကျေးလား၊ ပုဏ္ဏားကြီးလား မ သိဘူး။ ဆရာဝန်လက်ရေးဆိုတော့ဖတ်ရမလွယ်ဘူး၊ ပေါက်တောမိတ်ဆွေတွေသိမှာပါ။ ကျွန်တော်တို့ခရီး ကြုံလို့ရောက်ရင်လည်းအကျိုးအကြောင်းဝင်ပြောရတာပေါ့။” 
 
“သူ့ယောက်ျားအခုနေအသူဘမှာရောက်လာရင်ပိုကောင်းသွားမယ်ကိုမြကျော်။” 
 
“အေးဗျာ၊သူလည်းမလာဘဲဘယ်နေချင်ပါ့မလဲ။”
 
နိဗ္ဗာန်ယာဉ်ကို ဆယ့်ငါးမိနစ်လောက်စောင့်ဆိုင်းပေးပါရန် ကိုမြကျော်ကမေတ္တာရပ်ခံသည်။ စီးကရက်ဖွာ လျက်လမ်းမကြီးဘက်သို့ကြည့်ရင်း၊နာရီကိုကြည့်ရင်းကိုမြကျော်စိတ်လှုပ်ရှားနေသည်။ 
 
စီးကရက်ကိုမြောင်းထဲသို့လွှင့်ပစ်လိုက်ပြီး ”ကားဆရာရယ်၊သွားကြမယ်” ဟုဆိုကာ ကားပေါ်တက်သည်။ နောက် မှတိုယိုတာနောက်ဖွင့်ကားလေးတွင် ကျွန်တော်၊ ကိုမြကျော်နှင့်ကိုကြီးသိန်းတို့အဖွဲ့လိုက်ပါ ခဲ့ကြ သည်။အသုဘ ကိုဖြစ်ကတတ်ဆန်းမဟုတ်ဘဲ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာနှင့်အညီပြုခဲ့သည်။ လာပို့သူက ခြောက်ဦး၊အသုဘ ရှင်ကသန့်သန့်ပြန့်ပြန့် ၊သေသူကအ၀တ်အစားဆင်းဆင်းရဲရဲ၊ ကိုယ်လေးလက်ဝန်ကြီးနဲ့၊ အသုဘသည်စည်းမကျ၊၀ါးမကျဖြစ်နေသည်။ 
 
“တပည့်တော်ရဲ့ညီမလေးပါဘုရား၊ ဝေးသွားတာကြာပါပြီ၊ ဆေးရုံမှာဆုံးပြီးမှသိရပါတယ်အရှင်ဘုရား” 
သူ့အ  သံ သည်ပကတိတည်ငြိမ်နေသည်။ အသုဘခေါင်းအဖုံးကို သံမရိုက်မီအမျိုးသမီးငယ်အား နောက်ဆုံး အကြိမ်ကြည့်လိုက်မိသည်။ ကိုမြကျော်က ကျွန်တော့်ကိုကျောခိုင်းကာရပ်လျက်ပြန်ကြွသွားသော သံဃာအ ရှင်အားငေးကြည့်နေသည်။ 
 
နံနက်လင်းသည်နှင့်ကိုမြကျော်ရောက်လာခဲ့သည်။လန်းဆတ်ပေါ့ပါးသောအပြုံးနှင့်ဖြစ်သည်။ 
 
“မနေ့ကကျွန်တော်နည်းနည်းလိုသွားတယ်ဗျာ၊ လိုက်ခဲ့ပါအုံး၊ ကိုခိုင်အောင်ရယ် ၊ကျောင်းရှိရင်လဲဒီတစ်မ နက်တော့လိုက်ကူပါအုံး။” 
 
ကျွန်တော်ငြင်းစရာမရှိပါ။ ကျွန်တော်တို့စက်ဘီးကိုယ်စီဖြင့်ထွက်လာခဲ့ကြသည်။ မနေ့ကအကြောင်းတွေကို ကျွန်တော်တို့ပြောလာကြသည်။ကျွန်တော့်ရင်ထဲ၌ဖြစ်တည်နေသောမေးခွန်းတစ်ခုရှိသည်။ 
 
“ကျွန်တော်သတိထားမိတယ်၊အဲဒီအမျိုးသမီးကိုခင်ဗျားသေချာမကြည့်ဖြစ်ဘူးနော်။” 
 
သူကကျွန်တော့်ကိုအံ့သြသင့်စွာကြည့်သည်။နွမ်းလျစွာပြုံးသည်။ 
 
“ဟုတ်တယ်၊ ကိုခိုင်အောင်၊ သူ့မျက်နှာကိုမကြည့်မိအောင်နေခဲ့တယ်၊ ကျွန်တော်စကတည်းကအမေ့အသုဘ လိုခံစားပြီးလုပ်နေတာ၊ သူ့ကိုကြည့်မိရင် တစိမ်းမျက်နှာကိုမြင်ပြီးအာရုံပျက်သွားမှာကိုစိုးတယ်၊ မနေ့ကနိုးတ ၀က်နဲ့အမေ့ကိုပဲမြင်တယ်၊ အမေ့ကိုကိုယ်တိုင်သင်္ဂြိုဟ်လိုက်သလို ကျွန်တော်ခံစားရတယ်၊ မစမ်းဖြူဘ၀ က တော်တော်ကြေကွဲစရာကောင်းပါတယ်၊သူ့ရင်သွေးလေးအတွက်ပိုပြီးစိတ်မကောင်းစရာပေါ့။"
 
ဆိုင်းဘုတ်ပန်းချီဆိုင်ငယ်တစ်ခုတွင် ကျွန်တော်တို့ရပ်နေကြသည်။ ဆိုင်ထဲသို့သူဝင်သွားသည်။သစ်သားမှတ် တိုင်တစ်ခုကိုယူပြီးကျေကျေနပ်နပ်ပြုံးလျက်သူထွက်လာသည်။ 
 
သပ်သပ်ရပ်ရပ်မှတ်တိုင်လေး 
 
“မစမ်းဖြူ(ပေါက်တော)၊ 
 
အသက်(၂၂နှစ်)။” 
 
နီညိုရောင်ပျဉ်ပေါ်တွင် အဖြူ ရောင်ဆေးဖြင့် ၀ိုင်းစက်စက်ရေးထားသည်။ မနေ့ညကထဲကအပြီးသပ်မှာ ထားခြင်းဖြစ်ပေမည်။ လှပလွန်း သောသူ့စိတ်ကူးကိုရင်ထဲ၌ချီးကျူးနေမိသည်။ 
 
“ဆင်းဆင်းရဲရဲသေရပေမယ့် ဘ၀မှာမှတ်တိုင်လေး တစ်ခု တော့ရှိသင့်ပါတယ်ဗျာ။ကျွန်တော်တို့လုပ်ပေးရမှာ ပေါ့၊ ဟုတ်တယ်မဟုတ်လားကိုခိုင်အောင်။”
 
ဘာကြောင့်မှန်းမသိ၊ ကျွန်တော်ဝမ်းနည်းသွားသည်။ သို့သော်ကြည်နူးနေသည်။ စကားပြန်မပြောမိ၊သူ့ကိုပြုံး လျက်ခေါင်းညိတ်ပြမိသည်။ 
 
လူသားတစ်ဦးသေဆုံးသွားသောအခါ သူ့အတွက် ၀မ်းနည်းပူဆွေးသူအနည်း နှင့် အများရှိကြပေလိမ့်မည်။ အရေးကြီးသည်မှာ တန်ဖိုးထားကြေကွဲမှုဖြစ်ပါသည်။ ကျွန်တော်တို့သေဆုံးသွားသောအခါ ကျွန်တော်တို့ကို တန်ဖိုးထားကြေကွဲသူအနည်းဆုံးတစ်ဦးတော့ရှိသင့်ပါသည်။ကံဆိုးမိုးမှောင်ကျစွာနှင့်လူ့လောကကိုကျောခိုင်း သွားရသော်လည်း သူမအားတန်ဖိုးထားကြေကွဲသူတစ်ဦးရှိနေခြင်းအတွက်၊သူမသိခွင့်မကြုံတော့သော်လည်း မစမ်းဖြူကံကောင်းပါသည်။ 
 
စက်ဘီးကိုဆိုင်မှာထားခဲ့ပြီးဆိုက်ကားတစ်စီးငှားကြသည်။
 
“အစ်ကိုတို့ဘယ်ကိုသွားမလဲ” 
 
“သချုင်္ိင်းကို…” 
 
စာပေအနုပညာမြတ်နိုးသော ကျောင်းဆရာတစ်ဦးကသူနှင့်မည်သို့မှမပတ်သက်သော တောသူမလေးတစ် ဦး ၏သင်္ချိုင်းမြေပုံတွင်မှတ်တိုင်ငယ်တစ်ခုစိုက်ခဲ့ပါသည်။ 
 
ဤလူ့ရွာမြေ၏တစ်ခုသောသင်္ချိုင်းတစ်နေရာ တွင် မေတ္တာတရားမွှေးမြ၊သုခုမသင်းမြသော မှတ်တိုင်ငယ် တစ်ခုရှိပါသည်။ ထိုမှတ်တိုင်အောက်တွင်မစမ်းဖြူနှင့် ရင်သွေးငယ်တို့ငြိမ်းချမ်းနေကြပါပြီ။ 
 
ထိုမှတ်တိုင်သည်လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်ခန့်က သေဆုံးသွားသောကျေးတောသူမိခင်တစ်ဦး၏ မှတ် တိုင်လည်းဖြစ်နိုင်ပါသည်။ 
 
ထိုမှတ်တိုင်သည် အဝေနိကဒုက္ခနှင့် သေဆုံးသွားရသော အမျိုးသမီးများအတွက် မှတ်တိုင်လည်းဖြစ်နိုင်ပါ သည်။ 
 
ထိုမှတ်တိုင်သည် မိခင်၏ဂီတ၊ မိခင်၏နို့ရည်ကိုခံစားသောက်စို့ခွင့်မကြုံသော ရင်သွေးငယ်များအတွက်မှတ် တိုင်လည်းဖြစ်နိုင်ပါသည်။ 
 
ထိုမှတ်တိုင်ကိုစိုက်ထူပေးသူ၏ဘ၀မှတ်တိုင်ငယ်တစ်ခုလည်းဖြစ်နိုင်ပါသည်။ 
 
မောင်ခိုင်အောင် 
 
မှတ်ချက်။ ။ ဤ၀တ္ထုသည် စာပေလောကစာအုပ်တိုက်မှကျင်းပသောမိုးမိုး(အင်းလျား) အမှတ်တရ ၀တ္ထုတို ပြိုင်ပွဲ(သတ္တမကြိမ်၊၂၀၀၀ခုနှစ်)တွင် ပထမဆုကိုဆွတ်ခူးရရှိခဲ့သော ၀တ္ထုဖြစ် ပါသည်။
Blogger Widgets