"အခု ပဋိပက္ခ ဖြစ်စဉ် တစ်ခုလုံး ကတော့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို လှုံ့ဆော် သူများရဲ့ စတင် ဖန်တီးမှုလို့ ယူဆ ရပါတယ်။ ဖြစ်ရပ်တွေက ဒေါ်စုရဲ့ ဥရောပ ခရီးစဉ်နဲ့ အချိန်ကိုက် ဖြစ်နေတယ်။ ရိုဟင်ဂျာ ဘင်္ဂါလီတွေက မုဒိမ်းမှု တစ်ခု စတင် ဖန်တီးတယ်။ သူတို့ ဖန်တီးနေတဲ့ လူမသိ သူမသိ ဖြစ်စဉ်တွေ ကတော့ အများကြီးပဲ။ ထားပါတော့။ အခု မုဒိမ်းမှု ဖြစ်တော့ တရားဥပဒေ စိုးမိုးမှု အားနည်းချက်တွေကို အခွင့်ကောင်းယူပြီး တရားခံတွေကို လူလဲမယ်။ လာဘ်ထိုးမယ်။ ပြစ်ဒဏ်က လွတ်အောင် လုပ်မယ် စသည်အားဖြင့် အမျိုးစုံ ဖန်တီးပြီး လူတွေကို သွေးဆူအောင် ဖန်တီးတာ သူတို့ပါပဲ။"
"ဒီလို သွေးဆူအောင် ဖန်တီး လှုံ့ဆော်မှုတွေ လုပ်ပြီးတာနဲ့ ပြည်မဘက်က အစ္စလာမ်ဘာသာဝင် မြန်မာ-မူစလင် တွေကို စတေးလိုက်တာပါ။ ရိုဟင်ဂျာနိုင်ငံရေး သမားတွေ အနေနဲ့ မိမိတို့ ရိုဟင်ဂျာ အရေးကိစ္စကို အချိန်ကိုက် ဆောင်ရွက်ရင်း မြန်မာ-မူစလင်တွေကို သူတို့ ထောက်ချောက်ထဲ ထည့်ပြီး ဆွဲစိ လိုက်တဲ့ ပုံစံမျိုးပါ။ ဖြစ်စဉ် တစ်ခုလုံးက အကွက်ချ စီစဉ်ထားတယ် ဆိုတာ သိသာပါတယ်။ ရိုဟင်ဂျာ နိုင်ငံရေးသမား တစ်စုရဲ့ နိုင်ငံရေး အမြတ်ထုတ်ဖို့ လုပ်ဆောင်မှုထဲ ဘာသမိ ညာမသိတဲ့ အပြစ်မဲ့ မြန်မာ-မူစလင်တွေ အစတေးခံလိုက်ရတာ ဖြစ်ပါတယ်။ ဒီလို ဖန်တီးလိုက်ခြင်းဖြင့် ရခိုင်လူမျိုးဆိုတာ နိုင်ငံတကာမှ ရက်စက်တဲ့ လူမျိုး ဖြစ်သွားမယ်။ ဥရောပကို ဒေါ်အောင်ဆန်းစုကြည် ရောက်တာနဲ့ ဒါတွေကို ထောက်ပြပြီး ရိုဟင်ဂျာတွေ တိုင်းရင်းသားတောင်းမယ်။ လူများစုရဲ့ အနိုင်ကျင့်တာ ခံနေရတယ်လို့ ၀ါဒဖြန့်မယ်။ သူတို့ရဲ့ နိုင်ငံရေး ထောင်ချောက်ထဲ မြန်မာ့ နိုင်ငံရေးလောက ပုဂ္ဂိုလ်ကြီးတွေ မ၀င်မိစေဖို့ အလွန် အရေးကြီးပါတယ်"
By : မင်းကိုအောင်