You Are Here: Home - ပင်မစာမျက်နှာ , သတင်း - ရခိုင် အဓိကရုဏ်း အပေါ် အစိုးရမှ တရားဝင် ထုတ်ပြန်မှုများ (အထူးထုတ်ပြန်ချက်)

ကယ်ဆယ်ရေး စခန်းသုံးခု ဖွင့်လှစ်
မောင်တောမြို့ရှိ ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း၊ ဗဟိုကျောင်းတို့၌ ကယ်ဆယ်ရေး စခန်းသုံးခု ဖွင့်လှစ်၍ ဒေသခံ ပြည်သူလူထုများအား ကယ်ဆယ်နေရာချထားပေးရေး အစီအစဉ် များကို ဆောင်ရွက် နေပါသည်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြည်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံရေး ပစ္စည်း ၃. ၃ တန် ပေးပို့ ထောက်ပံ့ ထားပါသည်။ ကာကွယ်ရေး ဝန်ကြီးဌာနမှလည်း ကယ်ဆယ်ရေး ပစ္စည်း (၂) တန်ကျော်အလေးချိန်ရှိ ဘေထုပ် (၅၀) အားပေးပို့ ထောက်ပံ့ ထားပါသည်။ ဆက်လက် ပေးပို့ သွားရန် ရှိပါသည်။
ကျန်းမာရေး စောင့်ရှောက်မှု အကူအညီပေးရေး
ကာကွယ်ရေး ဝန်ကြီးဌာနမှ ကျန်းမာရေး ဝန်ထမ်း (၃၂) ဦး နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ အဖွဲ့ဝင် (၁၀) ဦးပါ ဆေးကုသရေး အဖွဲ့ တစ်ဖွဲ့ ယနေ့ မောင်တောမြို့သို့ ရောက်ရှိ၍ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်များ လုပ်ဆောင်နေလျက် ရှိပါသည်။
အခြေအနေ ထိန်းသိမ်းနိုင်ရန် တာဝန်ရှိသူများ ရောက်ရှိ ၊ စစ်ရေးအရ နေရာယူထား
ထိုပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသသို့ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုအား ထိန်းသိမ်းနိုင်ရန် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖုန်းဇော်ယု မောင်တောသို့ ရောက်ရှိ၍ အခြေအနေ ကွပ်ကဲနေ။ တပ်မတော်ရေမှ စစ်ရေယာဉ်အချို့ မောင်တောမြို့နယ် အနောက်ဖက် မြန်မာ့ရေပြင် ပိုင်နက်တွက် မသမာသူများ ဝင်ရောက် မလာစေရန် ကင်းလှည့် နေလျက်ရှိသည်။အခြေအနေတည်ငြိမ်စ ပြုနေသည့် မောင်တောမြို့အား နယ်မြေခံ တပ်မတော် တပ်ရင်းမှ စစ်တပ်၊ ရဲ၊ လုံထိန်းက အနီမှတ် (အသင့်) အနေအထားတွင် စောင့်ကြည့်၍ အခြေအနေအား ထိန်းသိမ်းနေသည်။
လက်ရှိ အနေအထား
ဘူးသီးတောင်၌ မောင်တော တို့၌ ပုဒ်မ (၁၄၄) အရေးပေါ် အခြေအနေ ကာဖျူး ထုတ်ပြန်ထား၊ ယနေ့မနက် အခြေအနေ တည်ငြိမ်စပြုနေ။ နယ်မြေခံ ရဲတပ်ဖွဲ့၊ တပ်ရင်းများမှ ဆူပူမှုများအား ခြောက်လှန့်၍ ဖြိုခွဲခြင်း၊ မီးလောင်ရာ နေရာများအား မီးသတ်များမှ ဝိုင်းဝန်း ငြိမ်းသတ်နေခြင်းများ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက် နေပါသည်။
ပဋိပက္ခ ဖြစ်စဉ်အကျဉ်း
ယမာန်နေ့ညနေပိုင်း ညပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များသည် ဆူပူအကြမ်းဖက်မှုများသည် မောင်တော မြို့နယ်မှ (၁၂) မိုင်ခန့် ကွာဝေးသည့် ဂေါ်ဒူသာဝ ကျေးရွာအုပ်စု သေကော်ပွန်ရွာအား မီးရှို့ ဖျက်ဆီးပြီး ပစ္စည်းလုယက်မှုများ ကျူးလွန် ခဲ့ပါသည်။ အဓိကရုဏ်းကြောင့် ကျောင်းဆရာကြီး ဦးချမ်းသာ အပါအဝင် သုံးဦးသေဆုံး၍ တစ်ဦးဒဏ်ရာရ။ ထို့အတူ ညောင်ချောင်း ကျေးရွာအုပ်စု ရွှေရင်အေးကျေးရွာကိုလည်း မီးရှို့ ဖျက်ဆီး၍ ပစ္စည်း လုယက်မှု ကျူးလွန်ခဲ့။ ဗောဓိကုန်းကျေးရွာ၊ ကင်းချောင်းရွာ၊ ကန်သာယာရွာ၊ ကန်ပြင်သာစည်ရွာ၊ ဝေသာလီရွာ၊ မောရဝတီ ရွာများကိုလည်း ဆူပူ သူများက ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ ပါသည်။ အိမ်ခြေအများအပြား မီးလောင်ကျွှမ်းပျက်စီး၊ အိမ်ခြေ လောင်ကျွှမ်း ပျက်စီးမှုစာရင်း အတည်မပြုနိုင်သေး။ မောင်တောမြို့ ရပ်ကွက် (၄) ရပ်ကွက် (၅)၊ အောင်ဗလရွာ၊ ဥဒေါင်းရွာ၊ ပြဒါးရွာတို့နှင့် ဘူးသီးတောင်မြို့ အမှတ် (၅) ရပ်ကွက်နှင့် ရွာမရွာ ကို ဆူပူ သူများက မီးရှို့ဖျက်ဆီးရန် ကြိုးစားခဲ့ သော်လည်း မအောင်မြင်ခဲ့။
သေဆုံး ဒဏ်ရာရ၊ အိမ်ခြေ အပျက်အဆီး စာရင်း
သေဆုံးသူ စုစုပေါင်း (၇) ဦး၊ ဒဏ်ရာရရှိသူ (၁၇) ဦး၊ အိမ်ခြေ (၄၉၄)လုံး၊ ဈေးဆိုင် (၁၉) ခန်း၊ တည်းခိုခန်း (၁) လုံး ပျက်စီးခဲ့။
(***အဆိုပါ အချက်အလက်များသည် အစိုးရမှ တရားဝင် ထုတ်ပြန်သည့် အချက်အလက်များ ဖြစ်သည်။ နောက်ထပ် သိရှိရပါလျှင် ဆက်လက်ဖော်ပြပါမည်)
Blogger Widgets