You Are Here: Home - ကုလား(သို့)ဘင်္ဂလီ , ပင်မစာမျက်နှာ , သတင်း - မောင်းတောမြို့ရဲ့ တောင်ဘက်ကျေးရွာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြလို့ ဒီစာကို ရေးပါတယ်။


ပထ၀ီအနေအထားနဲ့ မောင်တောဒေသခံတစ်ဥိးကို ကိုးကားပြီး ရေးတာပါ။ လက်ရှိအခြေအနေမှန်တွေကို မသိရသေးသဖြင့် ရခိုင်နယ်နဲ့ မကျွမ်းကျင်သူများ အနည်းငယ် သိသွားအောင် ရေးရခြင်း ဖြစ်ပါတယ်။ ကျနော့်ထက် နယ်ပယ်ကျွမ်းကျင်သူများ ရှိရင်လည်း ပြန်ပြင်ပေးကြပါ။
....

မောင်တောမြို့ရဲ့ တောင်ဘက်နဲ့ အဆက်အသွယ် ပြတ်တောက်မှုတွေ ရှိနေပြီး ဆွေမျိုးသားချင်းတွေ အရမ်းစိုးရိမ်ပူပန်နေကြတယ်လို့ ပြောကြပါတယ်။ ရခိုင်ပြည်ရဲ့ မြေပုံကို ကြည့်လိုက်ရင် မောင်တောမြို့ရဲ့တောက်ဘက်မှာ ရှိတဲ့ရွာတွေဟာ တောင်တန်းနဲ့ ဘင်္ဂလားပင်လယ်အော်ကြားက မြေပြန့်ငယ်လေးတွေအပေါ်မှာ တည်ရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲလှတဲ့အပြင် တရားဥပဒေ စိုးမိုးမှုလည်း နည်းပါးတယ်။ တဘက်နိုင်ငံက ကုလားတွေ နတ်မြစ်ကို ဖြတ်လာပြီး ရခိုင်ဘက်က အဲဒီဒေသတွေမှာ လာနေရင်လည်း သိတဲ့လူက နည်းပါးကြမှာပါ။ တံငါလုပ်ငန်းနဲ့ ထမင်းဝအောင် စားနိုင်ပြီး မြေနေရာတွေကလည်း အလျံပယ်နေတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ကုလားလူဦးရေက တိုးပွားလာနေပြီး ရခိုင်တွေက ဟိုပြောင်းသည်ပြောင်းနဲ့ အဲဒီဒေသတွေက ခွဲခွာထွက်လာတတ်ကြတယ်။

အခု ဘင်္ဂလီတွေ အကြမ်းဖက်တော့ ဓာတ်ပုံပါရွာကြီးတွေအပြင် ဓာတ်ပုံထဲ မပါတဲ့ ရွာသေးသေးလေးတွေပါ ကုလားတွေရဲ့ ရိုက်နှက်မီးရှို့ခြင်းတွေကို ခံခဲ့ကြရပါတယ်။ သတင်းတွေက အတည်မပြုနိုင်သေးပေမဲ့ လူသေနှုန်းနဲ့၊ အိမ်ခြေပျက်စီးမှု အရမ်းများနိုင်တယ်လို့ စိုးရိမ်ပူပန်နေကြပါတယ်။


အလယ်သန်ကျော်ကျေးရွာမှာ နစက တပ်ခွဲလေးရှိပေမယ့် အဆမတန်ကြီးမားတဲ့ ဘင်္ဂလီတွေအားကို ဘယ်လိုမှ တွန်းလှန်နိုင်မှာ မဟုတ်ဘူးလို့ ဒေသခံတစ်ဦးက သုံးသပ်ပါတယ်။

ဆပ်မကြပ်ရွာမှာ မီးတိုက်မှုတွေ ဖြစ်ပြီး အခြေအနေတွေ ဆိုးတယ်လို့လည်း ကြားနေရပါတယ်။ မောင်တောမြို့ထက်မှာတောင် ဒီလောက်ဖြစ်တာ အာဏာပိုင်တွေမရှိတဲ့ နယ်ရွာတွေမှာ ရခိုင်အိမ်တွေ အကုန်လုံး ပြာကျကုန်မှာကို အရမ်းစိုးရိမ်နေကြပါတယ်။

အနောက်မြင်းလွှတ်ရွာမှာဆိုရင် ရခိုင်အိမ်ခြေ အတော်အတန်ရှိပေမဲ့ အရှေ့မြင်းလွှတ်ရွာကျတော့ ရခိုင်နဲ့ နတလဦးခြေပေါင်းမှ ၂၀ ၀န်းကျင်လောက်ပဲ ရှိမယ်လို့ သိရပါတယ်။ ဒါဟာ ကုလားအင်အားနဲ့ ယှဉ်ကြည့်ရင် အရမ်းနည်းနေတယ်လို့ သိရပါတယ်။ နတလ ဆိုတာ ဗိုလ်ခင်ညွန့်လက်ထက်တုန်းက စတင်ခဲ့တဲ့ နယ်စပ်ဒေသတိုင်းရင်းသားစံပြကျေးရွာတွေဆိုပြီး မြန်မာပြည်ဘက်က ဗမာလူမျိုးတွေကို ပြန်လည်နေရာချထားပေးတဲ့ ရွာတွေပဲ ဖြစ်ပါတယ်။

မိတ်ဆွေတစ်ဦးကို တောင်ပိုင်းရွာက လူတစ်ဦးက ဖုန်းဆက်ပြီး သူအခု တောထဲမှာ ၀င်ပုန်းနေရတယ်လို့ ပြောပါတယ်။ မကြာခင် ဖုန်းဘတ္တရီကုန်သွားတော့မယ်လို့ ပြောပါတယ်တဲ့။

ဓာတ်ပုံမှာ မယူတောင်တန်းဟာ မြောက်မှတောင်သို့ နိမ့်ဆင်းလာပြီး မကျည်းချောင်းနားမှာ အဆုံးသပ်သွားပါတယ်။ မြောက်ဘက်မှာ တောင်ထူထပ်ပြီး တောင်ပိုင်းမှာ တောင်စွယ်လေးပဲ ကျန်တာမို့ တောက သိပ်မထူပါဘူး။

ဘင်္ဂလီတွေ လိုက်သတ်လို့ တောထဲကို ၀င်ပြေးကြရင် ကြာရှည်ပုန်းအောင်နိုင်ဖို့ အစားအစာ၊ ရေကောင်းရေသန့် စတဲ့ ဒုက္ခတွေနဲ့ အများကြီး ရင်ဆိုင်ရဖို့ ရှိတယ်။ ဒီကြားထဲ ဘင်္ဂလီတွေ ခုတ်လိုက်လို့ ပါလာတဲ့ ဒဏ်ရာတွေလည်း ရှိနိုင်ပါတယ်။ ဘယ်နှစ်ယောက်သေလို့ ဘယ်နှစ်ယောက် ဒဏ်ရာ ရကြလဲ၊ ဘယ်နှစ်ယောက် ပုန်းနေလဲ ဆိုတာ အခုအချိန်ထိ ဘယ်သူမှ မသိရသေးပါဘူး။ အထူးသဖြင့် ကလေးတွေ၊ မိန်းမတွေ ဘယ်လို အသက်ရှင်ဖို့ ရုန်းကန်နေကြရမလဲဆိုတာကို မတွေးဝံ့အောင်ပါပဲ။


တောတောင်ကို ကျော်လိုက်ရင် ရသေ့တောင်မြို့ရဲ့ တဘက်ကမ်းမှာ ရှိတဲ့ မစေးကျွန်း စတဲ့ ကျေးရွာကြီးတွေဆီ သွားနိုင်ပါတယ်။ ဒါပေမယ့် မြေပုံမှာ သေးသလောက် လက်တွေ့မှာ အင်မတန် ခက်ခဲလှတဲ့ ခရီးပါ။

မြန်မာပြည်ရဲ့ ဌာနေတိုင်းရင်းသားတွေကို နိုင်ငံခြားသားဘင်္ဂလီတွေက ကိုယ့်မြေပေါ်မှာ ဒီလိုလုပ်တာဟာ ခံပြင်းစရာပါပဲ။ ကျခဲ့ရတဲ့ ကျနော်တို့ ညီအကိုတွေရဲ့ သွေးတွေ၊ ဆုံးရှုံးခဲ့ရတဲ့ ကျနော်တို့ ညီအကိုတွေရဲ့ အသက်တွေ အလကားမဖြစ်စေဖို့ ပြစ်မှု ကျုးလွန်တဲ့ လူတွေကို ရှာဖွေဖော်ထုတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူသွားဖို့ လိုပါတယ်။

သက်ဆိုင်ရာ အစိုးရကိုလည်း ဒီလိုမျိုးကိစ္စတွေ လာမည့်မနက်ဖြန်များစွာမှာ ထပ်မံမဖြစ်ရလေအောင် အရေးယူဆောင်ရွက်မှုတွေ လုပ်ပေးဖို့ တောင်းဆိုရမှာပါ။ အစိုးရက ထိထိရောက်ရောက်မလုပ်လို့ နောက်မှ ပြည်သူတွေက ဥပဒေကို ကိုယ့်လက်ထဲထည့်ပြီး လုပ်ကြရင် ပြည်မြန်မာလည်း ထပ်နာကြရအုံးမယ်။

ရန်ကုန်မှာ ပြည်သူတွေ စုဝေးကြမယ်လို့ ကြားပါတယ်။ အစိုးရကနေ တိုင်းရင်းသားပြည်သူတွေကို ကာကွယ်ပေးဖို့ အကြမ်းမဖက်ပဲ ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆိုဖို့ လိုပါတယ်။ သေဆုံးသွားတဲ့ ညီအကိုမောင်နှမတွေအတွက်လည်း အားလုံး ၀ိုင်းပြီး ဆုတောင်းပေးကြစေလိုပါတယ်။

Blogger Widgets