You Are Here: Home - ပင်မစာမျက်နှာ , သတင်း , အရေးကြီးသတင်းများ - မောင်တောရခိုင်ပြည်သူများ သောင်းကျန်းသူများနှင့် အတူနေထိုင်ရန် မလိုလား


579261 373193519407796 2139608235 n







မောင်တောမြို့ ရခိုင်ပြည်သူလူထုက ဇွန် ၈ ရက်နေ့ကစတင်ပြီး မြို့နယ်အတွင်း ဘင်္ဂလီမူဆလင် သောင်းကျန်းသူများသည် အကြမ်းဖက်သတ်ဖြတ်မှုများပြုလုပ်ခဲ့မှုကြောင့် ယင်းအကြမ်းဖက်သမားများနှင့် ဆက်လက်အတူနေထိုင်ရန် မလိုလားကြောင်း ပြောဆိုလိုက်သည်။
"ယင်းကုလားတွေက အကြမ်းဖက်သမား ဖြစ်ပါတယ်၊ သူတို့မှာ ကျောင်းဆရာမ၊ ဆရာဝန်မကြည့်ဘဲ အားလုံးရောပြီး ဖြိုသတ်ပါတယ်၊ ဆက်လက်ပြီး အရင်လိုနေထိုင်ဖို့က လူထုကိုယ်က မလိုလားပါဘူး၊ အပြစ်တွေသိပ်ကျူးလွန်ထားပြီး နိုင်ငံတကာကို သတင်းလိမ်၊ အကြမ်းဖက်ဝါဒတွေကိုပါ၊ ကျနော်တို့ မြို့ခံလူထုတွေက သိပ်ပြီးရှုပ်ချပါတယ်၊ သူတို့ကို ခယက က ဆုံးဖြတ်ချက်နဲ့ အရေးယူပါလိမ့်မယ်၊ ခယကနဲ့မရရင် နိုင်ငံတော်က ဆောင်ရွက်ပါလိမ့်မယ်၊ လူထုကလည်း နိုင်ငံတော်ကို တင်ပြထားပါတယ်။"ဟု မောင်တောခရိုင် အမျိုးသားကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် တစ်ဦးမှ ရှင်းပြသည်။
မောင်တောမြို့နယ်တွင် လူထုဆန္ဒ အခြေအနေကို ဆက်လက်ပြီး သူက "NGOတွေ မနေ့ကရောက်ပါတယ်၊ ဒါပေမဲ့ ဒုက္ခသည်တွေက အကူအညီလက်ခံဖို့ ငြင်းပါတယ်၊ NGOက ဘင်္ဂလီမူဆလင်တွေကို အားပေးကူညီခဲ့လို့ ခုလိုဒုက္ခရောက်ရတယ်လို့ ခံယူနေကြတယ်၊ မောင်တောမြို့နယ် UNHCRကိုလည်း ရှုပ်ချတယ်။"ဟု ပြောသည်။
မောင်တောမြို့နယ် တည်ငြိမ်အေးချမ်းရန် အခြေအနေကို စစ်တွေမြို့နယ်ရှိ ဒေသခံ-မြန်မာဘင်္ဂလီများကဲ့သို့ ခွဲထားရန် အခက်အခဲများ တွေ့နိုင်ကြောင်း၊ သို့သော်လည်း အကောင်းဆုံးက နေရာတစ်ခုကွက်လပ်ထားပြီး ခွဲထားရန်သင့်တော်ကြောင်းနှင့် မြန်မာနိုင်ငံတွင် အကြမ်းဖက်သမားများမရှိမှ အကောင်းဆုံးဖြစ်မည် ဖြစ်ကြောင်း သူ့အမြင်ကို ထုတ်ဖေါ်ပြောဆိုခဲ့သည်။
မြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်းခဲ့မှုကြောင့် ဒုက္ခရောက်နေကြသော ရခိုင်လူထုအနေဖြင့် မိမိကျေးရွာများသို့ တချို့ပြောင်းသွားကြပြီဖြစ်ကြောင်းနှင့် တချို့မှာ ယာယီဒုက္ခသည်စခန်းများအတွင်း နေထိုက်လျက်ရှိနေကြောင်း ပြောသည်။
မောင်တောမြို့ ဈေးဆိုင်များမှာ အများအားဖြင့် မြန်မာဘင်္ဂလီဆိုင်များဖြစ်ကြောင်း၊ အာဏာပိုင်များက ဈေးဆိုင်များဖွင့်ရန် တိုက်တွန်းခဲ့သော်လည်း ယခုအချိန်ထိ ဈေးရောင်းခြင်းမရှိသေးကြောင်းနှင့် သောင်းကျန်းသူများမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိနေပြီး ဆက်လက် အကြမ်းဖက်နိုင်ရန် ကြိုးပမ်းနေမှုများရှိနေသေးကြောင်း မြို့ခံအများအပြားက အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။
မောင်တောမြို့နယ်တွင် အသက်ဘေးရန်မှ လွတ်မြောက်ရာလွတ်မြောက်ကြောင်း ယာယီစခန်းများသို့ အကြမ်းဖက်မှု ပဋိပက္ခအတွင်း ရှောင်ပြေးလာသူ ဒေသခံ ရခိုင်ပြည်သူလူထု ဒုက္ခသည်ပေါင်း ၁၀၀၀၀ နီးပါးအထိ ရှိခဲ့သည်။
စစ်တွေမြို့နယ်တွင် သက်ဆိုင်ရာက ရခိုင်ပြည်သူလူထုနှင့် မြန်မာဘင်္ဂလီများ၏ ကျေးရွာများကို နေရာကန့်သတ်ပြီး ခွဲခြမ်း တည်ဆောက်ပေးနေကြောင်း၊ ဈေးအတွင်းမှ ဆိုင်များအားလည်း ရွေ့ပြောင်းနေရာချထားပေးနေကြောင်းနှင့် တည်ငြိမ်အေးချမ်းမည့် အခြေအနေများကို နှစ်ဘက်တောင်းဆိုမှုများအရ ဆောင်ရွက်ပေးနေကြောင်း စစ်တွေမြို့ အာရ်ကန်တိုင်းမ်စ် မိတ်ဆွေများက ပြောသည်။
ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ဘင်္ဂလီမူဆလင်များက မိမိနေအိမ်ကျေးရွာများအား အသေခံ မီးတိုက်ခြင်းနှင့် ခေတ်မီလက်နက်များဖြင့် ခုခံတိုက်ခိုက် ခဲ့မှုများရှိခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။
Blogger Widgets