You Are Here: Home - ပင်မစာမျက်နှာ , သတင်း - လွတ်လပ် ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ယက်အဖွဲ့ ရခိုင် ဒုက္ခသည်များ ကို ကျပ် ၁၈၅ သိန်းကျော် လှူဒါန်း

ဂီတပညာရှင်များ၊ ကဗျာဆရာများနှင့် ပါဝင်ဖွဲ့စည်းထားသည့် လွတ်လပ် ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ယက်အဖွဲ့က ရခိုင်ပြည်နယ် တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် အတိဒုက္ခရောက်ခဲ့ရသည့် ဒုက္ခသည်များအတွက် အလှူငွေ (၁၈၅) သိန်းကျော်ကို နာရေးကူညီမှုအ သင်း(ရန်ကုန်)မှ တဆင့် လှူဒါန်း ခဲ့ကြောင်း သိရသည်။

ယင်းလှူဒါန်းပွဲကို ဇူလိုင်လ(၉)ရက်နေ့ကနာရေး ကူညီိမှုအသင်း(ရန်ကုန်)၌ပြုလုပ်ခဲ့ရာ ဥက္ကဌ ဦးကျော်သူမှ လက်ခံရယူခဲ့သည်။ ၄င်းလူမှုကွန်ယက်အဖွဲ့သည် အလှူငွေရှာဖွေရေး လုပ်ငန်းများ ကို ၄င်းတို့တတ်ကျွမ်းသည့် ဂီတအနုပညာ မျုားဖြင့် လူစည်ကားရာ လက်ဖက်ရည် ဆိုင်များ တွင် လည့်လည်ဖျော်ဖြေခြင်း များဖြင့် ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း လည်းသိရသည်။

ယခုလှူဒါန်းသည့် အလှူငွေများသည် မိထ္တီလာမြို့မှ အလှူရှင်များမှ ရခိုင်ဒုက္ခသည်များ အတွက်လှူဒါန်းရန် ရည်ရွယ်ထား၍၄င်း တို့မှ သွားရောက် လက်ခံရ ယူပေးပြီး ယခုကဲ့သို့ နာရေးကူညီမှုအသင်း မှတဆင့် ပြန်လည်ပေးအပ် လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနှင့် ပက်သက်၍ ၄င်းလူမှုကွန်ယက်အဖွဲ့မှတာဝန်ရှိသူ တစ်ဦးက "ကျွန်တော်တို့ အဖွဲ့ပထမဦးဆုံးက ဒုက္ခရောက် တဲ့ပြည်သူတွေ ကို ကူညီဖို့လုပ်ခဲ့တယ် ၊နောက်တော့ စစ်ဘေးသင့် ကချင်ပြည်နယ် ပြည်သူများအတွက် ဆက်ပြီးတော့ အလှူခံခဲ့တယ် အဲဒီကနေတစ်ဆင့် ရခိုင်ဒုက္ခသည်တွေအတွက် ဆက်လက်လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ် " ဟု ပြောကြားသည်။

ကိုရဲလွင်မှလည်း "အလှူရှင်တွေက သူတို့ ကိုယ်တိုင် မသွားရောက်နိုင် တဲ့အတွက် ကျွန်တော်တို့ကနေတစ်ဆင့် လှူဒါန်းရတာဖြစ်ပါတယ် ဒါပေမယ့် ကျွန်တော်တို့ကလည်း ကိုယ်တိုင်မသွားနိုင်ဘူး ဒါကြောင့် လူမှုကူညီမှုလုပ် ငန်းတွေကို လုပ်ဆောင်နေတဲ့ ကိုကျော်သူက တစ်ဆင့်လှူဒါန်းရတာ ဖြစ်ပါတယ်" ဟုပြောကြားသည်။

၎င်းအဖွဲ့သည် ၏ အဓိကရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးကို ဦးတည်ပြီး ပြည်သူမှ ပြည်သူသို့ ကူညီခြင်းဖြစ်ကြောင်း ယင်းကဆက်လက်ပြောကြားသည်။
Blogger Widgets