You Are Here: Home - ပင်မစာမျက်နှာ , သတင်း , အရေးကြီးသတင်းများ - တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွက် စစ်မြေပြင်စည်းကမ်းများ ရေးဆွဲနေဟုဆို

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ စစ်မြေပြင်တွင် လိုက်နာရမည့် စစ်မြေပြင်စည်းကမ်းများကို ရေးဆွဲနေပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။

“တပ်မတော်မှာကျင့်ဝတ်ရှိပြီးသား၊ ကရင်တို့ကချင်တို့မှာလည်းရှိမှာပဲ။ တူရာတွေပေါင်းပြီး တစ် စောင်ထုတ်မှာပါ”ဟု ၎င်းကပြောသည်။ အဆိုပါစစ်မြေပြင် စည်းကမ်းများကို နှစ်ဦးနှစ်ဖက်သဘာတူပြဋ္ဌာန်းပြီးပါ က ဖြစ်ပေါ်လာသော ပြဿနာကိစ္စရပ်များကို အဆင့်သုံးဆင့်ဖြင့် စောင့်ကြပ်စစ်ဆေးသွားမည်ဖြစ်သည်။ ဦးဆုံး အဆင့်၌ ဒေသတွင်း စောင့်ကြပ်စစ်ဆေးရေးဖြစ်သော ပြည်တွင်းမီဒီယာများ၊ နှစ်ဦးနှစ်ဖက်သဘောတူခန့်အပ် သည့် သမာဓိလူကြီးများက စစ်ဆေးမည်ဖြစ်သည်။

ဒုတိယအဆင့်ဖြစ်သော နိုင်ငံတကာစောင့်ကြည့်ရေးတွင် ပြည်ပနိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့အ စည်းများ၊ နိုင်ငံတကာသံတမန်များပါဝင်သွားမည်ဖြစ်သည်။ နောက်ဆုံးအဆင့်တွင် မည်သူမဆို ပါဝင်စစ်ဆေး နိုင်သော အခြေအနေသို့ရောက်အောင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီ ဦးအောင်မင်းက ပြော ကြားခဲ့သည်။
7 DAY NEWS Journal
Blogger Widgets