| | |
ထိုင်းနိုင်ငံအခြေစိုက် ဖူးခတ်မြို့ လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းမှ ဘင်္ဂလီမူဆလင်များ၏ အကြမ်းဖက်မှုကြောင့် ကျဆုံးသွားသော ရသေ့တောင်မြို့နယ်၊ ဂူတောင်ကျေးရွာမှ ကျန်ရစ်သူမိသားစုများအား ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ဂူတောင်ကျေးရွာ၊ မြောက်ကျောင်း ဘုန်းကြီးကျောင်းတွင် ဇူလိုင်လ ၂၅ ရက်နေ့က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ကျဆုံးသွားသော ကျန်ရစ်သူမိသားစု (၁၀) ဦးအား ထောက်ပံ့ငွေ တစ်ဦးလျှင် တစ်သိန်းကျစီနှင့် စောင်တထည်၊ ခြင်ထောင်တထည် ပေးအပ်ခဲ့ပြီး အရေးအခင်းကာလက ဒဏ်ရာ ရရှိကာ လက်ရှိကာလအထိ ဆေးကုသမှု ခံယူနေရသော ဦးကျော်ဝင်း မိသားစုအား ထောက်ပံ့ငွေ ငါးသောင်းတို့ကို လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းမှ အတွင်းရေးမှူး ကိုထွန်းထွန်းက ကိုယ်တိုင်သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
“ ကျနော်တို့ ရခိုင်ပြည်မှာ အကြမ်းဘက် ဘင်္ဂလီလူမျိုးကြောင့် ဒုက္ခရောက်နေတဲ့ ဒေသခံရခိုင် တိုင်းရင်းသားတွေ အများကြီးရှိပါတယ်။ အဲဒီအထဲမှာ ဂူတောင်ကျေးရွာကတော့ ရသေ့တောင်မြို့နှင့် အလှမ်းဝေးတဲ့နေတစ် ခုဖြစ်ပါတယ်။ ပြီးတော့ အနယ်နယ်အရပ်ရပ်က အလှူရှင်တွေဟာ အဲဒီ ဂူတောင်ကျေးရွာကို မသွားကြဘူး၊ မြို့နဲ့ အလှမ်းဝေးတာကို။ အဲဒါကြောင့် ယင်းရွာမှာ စားရေး၊ နေရေး၊ ပညာရေးနှင့် ကျန်းမာရေးတွေဟာ အခက်အခဲများ ရှိတဲ့အတွက်ကြောင်း မိမိတို့ တတ်နိုင်ဖက်က ဝိုင်းဝန်းကူညီတဲ့အနေနဲ့ သွားလှူရတာဖြစ်ပါတယ်။ ” ဟု လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းမှ သွားလှူရသော ရည်ရွယ်ချက်ကို ဥက္ကဌ ကိုစိုးမြင့်က ပြောသည်။
လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းသည် အခုပိုင် လူမှုရေးကူညီပေးလုပ်ငန်းကို လုပ်ကိုင်လာသည်မှာ ၈ နှစ်ကျော် ကြာမြှင့်ကြောင့်ကို သိရပြီး အကြမ်းဘက်ဘင်္ဂလီမူဆလင် အဓိကရုဏ်းကြောင်း ဒုက္ခရောက်နေကြသော ဒေသခံဒုက္ခသည်တွေသာမက အခြားအခြားသို့ လိုအပ်ချက်ကိစ္စရပ်များကိုလည်း ကူညီဆောင်ရွက်ပေး လုပ်ဆောင်သွားမည်ကို ဥက္ကဌ ကိုစိုးမြင့်ပြောပြချက်အရ သိရသည်။
ဇွန်လ (၁၉) ရက်နေ့က ရသေ့တောင်မြို့နယ် ဂူတောင်ကျေးရွာနှင့် လောင်းချောင်းကျေးရွာမှ ဦးစောသန်း (အသက်- ၅၀နှစ်)၊ ဦးသံဒါအောင်(အသက်-၅၄နှစ်) ၊ ဦးတင်လှိုင် (အသက်-၃၂ နှစ်)၊ ဦးထွန်းပေါ် (အသက်-၃၇နှစ်)၊ ဦးသန်းရွှေ(အသက်- ၅၀နှစ်)၊ ဦးသောင်းရွှေထွန်း ( အသက်-၅၂နှစ်)၊ မောင်ထွန်းထွန်း (အသက်-၁၈) နှစ်၊ ဦးဝင်းလှိုင်(အသက်- ၃၁နှစ်)၊ ဦးကျော်မင်းထွန်း(အသက်-၄၁နှစ်)၊ ဦးဂါကျေးရွာမှ ဦးသိန်ဟန်တို့ စသော ပုဂ္ဂိုလ်များသည် ဘင်္ဂလီမူဆလင်များကအကြမ်းဖက် သတ်ဖြတ်လိုက်ခြင်းကြောင့် အသက်သေဆုံးခဲ့ရခြင်းဖြစ်သည်။