You Are Here: Home - ပင်မစာမျက်နှာ , သတင်း - ရခိုင်သောတုဇနဘိက္ခုအဖွဲ့က ၀ိသမလောဘသား ရခိုင်သူဌေးတချို့ကို သဘောထားထုတ်ပြန်

Arakanese Refugeesစစ်တွေ (လေးဝတီ)။   ။ရခိုင်သောတုဇနဘိက္ခုအဖွဲ့က ၀ိသမလောဘသား ရခိုင်သူဌေး တချို့ကို ဒေဂုလ ၂၂ ရက်နိန့်က သဘောထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်လိုက်တေလို့ လေးဝတီက သတင်းရရှိပါသည်။
မသမာရေလုပ်ငန်းတိလုပ်ပနာ ကိုယ်ကျိုးရှာ ချမ်းသာနိန်ဂတ်တေ စစ်တွေမြို့က ရခိုင်သူဌေးတချို့ရေ ဒုက္ခဆင်းရဲကျရောက်နိန်ကတ်တေ ရခိုင်ပြည်သူတိအတွက် တစ်ခုလည်း မလှူရေအပြင် တစ်ခြားနိန်ရာတိက လှူထားရေ ပစ္စည်းတိကိုလည်း ကိုယ်ကျိုးအတွက် အသုံးပြုနိန်ဂတ်တေလို့ ဖော်ပြထားပါသည်။
ရခိုင်ပြည်နယ်အတွင်း ကျောင်းသားလူငယ်တိနန့် ရခိုင်တစ်မျိုးသားလုံး ပျက်စီးရာ ပျက်စီးကြောင်း အာဏာပိုင်တိကို လာဘ်ပီးပနာ ရာဘာဆီး(စိတ်ကြွဆီး)တိကို ရောင်းပနာ ချမ်းသာနီရေ ရခိုင်သူဌေးတိကိုလည်း သတိပီးထားကြောင်း ထုတ်ပြန်စာမှာ ရွီးထားစွာကို တွိ့ရပါသည်။
ရခိုင်သမိုင်းမှာ မကြုံဖူးလောက်အောင်ပင် ဒေသခံရခိုင်နန့် ပြည်ပက ကျူးကျော် ၀င်ရောက်ပနာ နိန်ထိုင်ဂတ်တေ ဘင်္ဂလီကုလား အရေးအခင်းကြောင့် ရခိုင်ဒုက္ခသည်တိအတွက် မိမိကိုယ်တိုင် မလှူဒါန်းအပြင် တခြားဒေသတိက လှူဒါန်းရေ ဖေသာတိကို ဒုက္ခကျရောက်နိန်ရေ ရခိုင်ပြည်သူတိကို မပီးဘဲ ယင်းဖေသာတိနန့် ကိုယ်ကျိုးရှာနိန်ဂတ်ကြောင်း သိရပါသည်။
ရဟန်းသံဃာတော်တိနန့် အရေးအခင်းအတွင်း အသက်ကို ပီးဆပ်ပနာ အမျိုးဘာသာ သာသနာနန့် ကိုယ့်လူမျိုးရန်ကို ကာကွယ်နိန်ကတ်တေ ရခိုင်လူမျိုးတိကို မကူညီ မထောက်ပံ့ဘဲ တချို့အဖွဲ့အစည်းတိကို စည်းရုံးပနာ ဘင်္ဂလီကုလားတိကို ကုန်ကူး လုပ်ဆောင်နိန်ဂတ်တေ လို့ ယင်းထုတ်ပြန်ချက်မှာ ပါရှိပါသည်။
ယင်း ၀ိသမလောဘသား ရခိုင်သဌေးတချို့ကို အဂုပိုင် ကိုယ့်အမျိုးသားတိအတွက် မငဲ့ဘဲ မိမိကိုယ်ကျိုးအတွက် လုပ်ဆောင်နိန်သူတိကို ရခိုင်ပြည်မှ ပြည်နှင်ဒဏ်ပီးသင့်ကြောင်း ယင်းသောတုဇနဘိက္ခုအဖွဲ့နန့် အလုပ်သမားများအဖွဲ့ (ရခိုင်ပြည်နယ်) က ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိပါသည်။
Blogger Widgets