You Are Here: Home - ပင်မစာမျက်နှာ , သတင်း , အရေးကြီးသတင်းများ - မဇဲကမ်းက ရခိုင်(၁၃)ယောက်ကို ဘဂ်လီအကြမ်းဖက်တိ လူသတ်အလောင်းဖျောက်ထား ဘုန်းကြီးတိတောင်းမှ ပြန်ရ


ဇွန်လ(၁၉)ရက်နိက ရခိုင်ပြည်နယ် ရသေ့တောင်မြို့ နယ် ကူတောင်အုပ်စု အနောက်ပြင် ကုလားရွာမှ ကူတောင် အောက်ရွာ(ရခိုင်ရွာ)သို့ ဘင်္ဂလီတစု လာရောက် မီးတိုက်တေအတွက် အချိန်မီ ဟန့်တားလိုက်ပြီးနောက် အကြမ်းဖက်သမားတိကို လိုက်ထုတ်ရန်အတွက် နောက်က လိုက်လားရေ ရခိုင်(၁၃)ယောက်ကို အသီသတ်ဖြတ်လိုက်ကြောင်း လေးဝတီက သိဟိရပါသည်။
ဖြိုက်စိုင်တိကို ကြားစော်နန့် ရဲကလိုက်လာခကေလေ့ သီဆုံးလားရေလူတိကို ရဲက ပြန်တောင်းရေခါ မပီးရေအတွက် ဒေနိန့်(၂၁)ရက်မိုးထ ရခိုင်ဆရာတော်အပါး (၇၀)ကျော်လိုက်လာပြီးကေ အလောင်းတိကို တောင်းယူရေခါ သီဆုံးလားရေအလောင်း (၉)လောင်းကို ပြန်ပီးကြောင်း ကူတောင်ရွာက ဒေသခံတယောက်က လေးဝတီကိုပြောသည်။
”ရဲက တောင်းခါမပီးလို့ ဆရာတော်တိလားတောင်းခါမှ ယေတောင်ငြင်းဘာရေ။ ယေခါ ဆရာတော်ရို့ က သီဆုံးလားရေ လူတိကို ဗုဒ္ဓဘာသာထုံးစိုင်အရ သင်္ဂြိုလ်ရဖို့ ငါရို့ ကဘာသာရီးဂေါင်းဆောင် ဘုန်းကြီးတိဖြိုက်တေလို့ ပြောခါမှ ကုလားတိက အပိုင်းပိုင်း ပိုင်းလို့ အလောင်းဖျောက်ထားရေ ရခိုင်အလောင်း (၈)လောင်းကို ပလပ်စတိတ် အိတ်တိနန့် မြုတ်ထားစော်တိ ပြန်ပီးပါရေ။ ညဇာဖက် လေးနာရီမှာ မီးတိုက်လို့ထားရေ နောက်တလောင်းပီးပါရေလို့”ပြောပါသည်။
သူက ဆက်ပြီးကေ”စဖြိုက်စော်က ကုလားတိက အယင်လာပြီးကေ ကူတောင်အောက်ရွာ အိမ်စုချေ (၁၀)ကျော်ကို လာလို့မီးတိုက်ပါရေ။ ယေကေ လူတိအော်ဂတ်ကျွီးဂတ်စော်ကို ကြားလို့ လူ(၂၀၀)လောက် လိုက်လားပါရေ။ ယေခါကုလားတိ ထွက်ဗြီးလားပါရေ။ အနောက်ပြင်ကုလားရွာထဲကို လူတိဝင်လိုက်ဂတ်တေခါ ကုလားတိက သေနပ်နန့် လှမ်းပစ်ပါရေ။ ပြီးကေ တရွာလုံးပလီမှုတ်ပြီးကေ လူလေးရာကျော်ထွက်လိုက်လာလို့ လိုက်လားကတ်တေ ရခိုင်သားနှစ်ရာလောက် နောက်ဆုတ်ဂတ်တေခါ ကျုံးတိမြောင်းတိမှာ လူးကျလို့ကျန်ခရေ ယင်းလူတိကို စိတ်ကြိုက်သတ်ပလိုက်ပါရေ”လို့ ပြောသည်။
အခင်းဖြိုက်ပွါးလို့ စစ်တပ်က ကုလားရွာကို ဝင်ရောက်မွှီရေခါ တူးမီးသနပ်တလက်နန့် လှံတချောင်း ရရေလို့လေး အဆိုပါလူကဆက်ပြောပါရေ။

ဒါဏ်ရာရထားရေ လူတိကို ရသေ့တောင်ဆီးရုံးမှာ ကုသပီးနိန်ကြောင်းနန့် သီလားရေလူတိ၏ ရုပ်ပျက်ဆင်းပျက်ဖြိုက်နိန်ရေ ခန္ဓာအပိုင်းအစတိကို စုပြီးကေ သဂြိုလ်လိုက်ကြောင်း သိရပါရေ။
အဂုအခါ အကြမ်းဖက် လူသတ်တရားခံလို့ ယူဆရေ ဘင်္ဂလီကုလား(၅၀)ကျော်ကို စစ်တပ်က ဖမ်းဆီးထားလိုက်ကြောင်းလည်း စုံစမ်းသိဟိရပါသည်။
လေးဝတီ(ရသေ့တောင်)
Blogger Widgets