You Are Here: Home - ပင်မစာမျက်နှာ , ဗွီဒီယို - ရခိုင်ပြည်နယ်အကြမ်းဖက်မှုအပေါ် ရခိုင်သမိုင်းသုတေသီ ဆရာတော်အရှင်ပညာစာရ အမြင်









မေး ။ ။ အရှင်ဘုရား အခုရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့အခြေအနေပေါ့လေ ဒီအခြေအနေကို ဘယ်လိုများ သုံးသတ်ပါလဲချင်ဗျား၊
ဘာကြောင့်ဒီလောက်ထိ ကြီးထွားလာသလဲဆိုတာကိုလည်း ရှင်းပြပေးပါဦး။
ဖြေ။ ။ ထိမ်းသင့်၊ ထိမ်းထိုက်တဲ့အချိန်မှာ လိုက်လို့မထိမ်းလိုက်တဲ့အတွက်ကြောင့်၊ အပ်နဲ့ထွင်ရမဲ့ ကိစ္စကို၊ ပုဆိန်နဲ့ ပေါက်ရသလိုဖြစ်သွားတယ်။
ကျောက်နီမော်ကိစ္စဖြစ်တယ်၊ အဲဒီမှာ လူထုစိတ်ကျေနပ်အောင်ထိမ်းသိမ်းလို့ရှိရင်ဒီပြသနာငြိမ်သွားလိမ့်မယ်။ လူထုစိတ်ကျေနပ်နိုင်အောင်မထိမ်းသိမ်း
လိုက်တဲ့အတွက်ကြောင့် သူတို့ Mp4 တွေနဲ့ရိုက်ထားတယ်လို့ကြားတယ်၊ အဲဒီပုံတွေဟာ တောင်ကုတ်ကိုပျံ့သွားတယ်။ ကျောက်နီမော်လို့ ရမ်းဗြဲလို့ ဘယ်လောက်ပြောပြော
တောင်ကုတ်မြို့နယ်မှာ နေတဲ့လူတွေဟာ ရမ်းဗြဲကလူတွေအများကြီးရှိတယ် ကျောက်နီမော်ကလူတွေ တစ်ချို့တစ်ဝက်ရှိတယ်။ အဲဒီလူထုကဒေါသဖြစ်ပြီးတော့ ကျောက်နီမော်က ပြသနာ တောင်ကုတ်ကိုကူးသွားတယ်။
ထိမ်းသိမ်းသင့်တဲ့အချိန်မှာ ထိမ်းသိမ်းလိုက်လို့ရှိရင် မြန်မြန်ဆန်ဆန် ထိမ်းသိမ်းလိုက်လို့ရှိရင် အဲဒီပြသနာမကြီးထွားနိုင်ဘူး။ အဲဒီမှာ တောင်ကုတ်ပြသနာပေါ်လာပြီးတဲ့အခါမှ မကျေနပ်တဲ့ နောက်တစ်အုပ်စုက နောက်တစ်မျိုးဖြစ်ပြန်ရော။
နောက်အားတင်နိုင်တဲ့ အုပ်စုကနောက်တစ်မျိုးဖြစ်လာတယ်။ အဲဒီမှာ မြန်မာနိုင်ငံမှာ နာမည်ကြီးတဲ့ ပါတီ NLD ကဒေါ်စုတို့ပါတီ အဲဒီပါတီက တာဝန်ကို ဒေသလူထုအသညာဏ်ကို အကဲမခတ်ဘဲနဲ့
ကမ္ဘာ့လမ်းကြောင်းကပြောလိုက်တာလည်း တစ်ဖက်ကိုအားပေးသလိုဖြစ်သွားတယ်။ ဒေါ်စုပြောတာ ကိုယ်တော်ကြားလိုက်တယ် လူနည်းစုကို လူများစု အနိုင်ကျင့်တာမကောင်းဘူး။ လူများစုဟာနေရာ ရပြီးသားဖြစ်တယ်။ လူနည်းစုဟာ နေရာမရဘူး၊
အဲဒီခါ လူနည်းစုကိုညာတာရမယ်။ အဲဒီလိုပြောလိုက်တဲ့စကားဟာ ကမ္ဘာ့လမ်းကြောင်းမှာဘဲကောင်းတယ်။ ဒါပေမယ့် ဒေသထိမ်းသိမ်းရေးလမ်းကြောင်းမှာ ကျရင် အဲဒီဟာတစ်ဖက်သားကို အားပေးသလိုဖြစ်သွားတဲ့အတွက်ကြောင့် မောင်တောဘက်က ထကြွလာတယ်
မောင်တောဘက်က တက်လာတဲ့အခြေအနေကိုမြင်နေတဲ့အခါ တစ်ပြည်လုံးကအဲဒီသတင်းတွေကို သိတဲ့အခါမှာ တစ်မြို့လုံးတစ်ပြည်နယ်လုံးမခံနိုင်ဖြစ်သွားတဲ့အခါမှာ ဒီလောက်ပွသွားတာ
အဲဒီတော့ ဟိုပထမဆုံး အပ်နဲ့ထွင်ရမယ့် ကိစ္စမှာ လိုက်လို့ ထိမ်းသိမ်းလိုက်နိုင်လို့ရှိရင်။ အဲဒီပြသနာ အဲလောက်မကြီးနိုင်ဘူးလို့တော့ ထင်မိတယ်။

မေး။ ။ အခုအခြေအနေအရပေါ့လေ အာဏာပိုင်တွေဘက်က ဒီပြသနာကို အမြန်ဆုံးအဆုံးသတ်သွားအောင် ဘာတွေများလုပ်ဖို့လိုအပ်နေတာရှိသလဲလို့ထင်မိပါလဲ ဘုရား။
ဖြေ။ ။ ခဏလေးနဲ့ ထိမ်းသိမ်းနိုင်မယ့် ကိစ္စတော့ မဟုတ်ဘူး။ မြင်လည်းမမြင်ဘူး။ ခဏလေးနဲ့ ထိမ်းသိမ်းနိုင်မယ်ဆိုရင် အခုလို ကာဖျူးတွေ ထုတ်ထားလိုက်၊ အဲဒီထုတ်ထားတဲ့အခါမှ ငြိမ်သွားအောင် တစ်နည်းမဟုတ်တစ်နည်း
စိတ်ဓါတ်ရေးရာအရ အငြိမ်ပေမယ့် ရုပ်ပိုင်းဆိုင်ရာ ငြိမ်အောင် ထိမ်းသိမ်းလိုက်ရမယ်။ အဲဒီဟာတော့ ငြိမ်သွားမယ် ဟိုဘက်ဒီဘက်ကြားမှာ ပြသနာကိုငြိမ်အောင် ပြောတာပဲ။ ကိုယ့်ဘက်ကိုကို ဆွဲလို့ ပြောမယ် သူ့ဘက်ကိုသူ ဆွဲလို့ပြောမယ်ဆိုရင်တော့ နောက်တစ်မျိုးအဖြေထွက်လာမယ်။
အခုဒီလို ထိမ်းသိမ်းထားတာပဲ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကောင်းတယ်လို့ပြောရမယ်။ ပြသနာ ကြီးထွားမူအားနည်းမယ်။ တကယ် တာရှည်မှာ ငြိမ်သွားမယ်ဆိုတော့ခါ ဒီထက်မက စနစ်တွေ မူတွေနဲ့ အခွင့်အရေးတွေ ပေးလို့ချပေးရမယ် လုပ်ပေးရမယ်။
အခုအခြေအနေမှာ ဟိုဘက်က RSO က လူသေတာကိုအရေး စိုက်တာမဟုတ်ဘူး။ ဒေသတစ်ခုကို သူတို့ အာဏာလက်ထဲသို့ သူတို့ လက်ထဲသို့ အာဏာပိုင်ဖြစ်အောင် သူတို့ ပိုင်ဆိုင်တဲ့ ဒေသတစ်ခုဖြစ်အောင် သူတို့က စကားနေတဲ့အကွက်တွေ ပါလာလို့ရှိရင်။
နိုင်ငံတကာက ၀င်လာမယ်။ အာလ်ဆလန် နိုင်ငံပေါင်းလေးဆယ် ကျော် လောက် ၀င်လာမယ် ကုလသမဂ္ဂ၀င်လာမယ်၊ အမေရိကစကားပြောသလို သူတို့ဝင်လာမယ်။ အဲလို ဆိုရင် သူတို့ကို ငါတို့ဒေသကနေပြီးမောင်တော့နယ်ကို ခွဲထုတ်ပေးရမယ့် အဆင့်တွေ ရှိလာမယ်။
အဲဒီအခါ ဒေသခံ လူမျိုးတွေဟာ သမိုင်းကြောင်းအရ ရခိုင်မှာ နှစ်ပေါင်းငါးထောင်ကျော် ရခိုင်မှာနေခဲ့ပေမယ့် ဒီနေ့အသစ်ဝင်လာတဲ့လူမှသာ ကမ္ဘာ့အခြေအနေကြောင့် သူတို့နေရာ ရသွားပြီးရင်၊ အခုဒီနှစ်ပေါင်းလေးငါးခြောက်တောင် ကတည်းကနေ မာရယုမင်းကြီးလက်ထက်ကနေ နေလာတဲ့
ရခိုင်တွေဟာ ဗမာလည်း မဟုတ်ဘူး၊ ကုလားလည်းမဟုတ်ဘူး၊ ကြားမှာ ရခိုင်ဟာ အနေကျပ်သွားပြီးရင် နေရာပျောက်သွားမယ့် အခြေအနေသို့ရောက်သွားမယ် ဒါကြောင့် အဲဒီဟာကိုဖြေရှင်းမယ်ဆိုရင်။
ကုလားသက်သက်ကို ဖြေရှင်းလို့မရ ဘူး ရခိုင်သက်သက်ကိုဖြေရှင်းလို့မရဘူး။ ကုလား ရခိုင် သမိုင်းကြောင်းအရ ဒီအထဲမှာ အခွင့်အရေး ဘယ်သူ့ကိုဘယ်လောက် ပေးသင့်တယ်၊ အဲဒီလိုတွက်ရမယ်။ အဲဒီလို မတွက်လို့ရှိရင် ငါတို့အောက်မှ ဒီနေ့မှ ရောက်လာတဲ့ ဧည့်သည် လောက် တန်ဖိုးမရှိဖြစ်သွားမယ်။
ရခိုင်ဟာ ဒီအတိုင်းကြည့်နေမှာ မဟုတ်ဘူး။ အဲဒီဟာ ဒီနေ့ အခြေအနေမှာ ဒီနေ့ ပုံစံမျိုး ကာဖျူးထုတ်လို့ ထိမ်းသိမ်းထားတာကောင်းတယ်။ တာရှည်ငြိမ်သွားဖို့အတွက်တော့ သမိုင်းကြောင်းအရ ရှိခဲ့တဲံလူတွေကို ဘယ်လောက် အခွင့်အရေးပေးရမယ်။ ဧည့်သည်ရောက်လာတဲ့ လူတွေကိုဘယ်လောက်အခွင့်အရေးပေးရမယ်
ဆိုတာကို စနစ်တကျလုပ်ပေးရမယ်။ အစိုးရက လုပ်ပေးသလို ပါတီလူကြီးတွေနဲ့ တိုင်းရင်းသားလူမျိုးတွေ နိုင်ငံရေးကို ၀ါသနာပါတဲ့လူတွေ ဒီမိုကရေစီကို မြတ်နိုးဝါသာပါတဲ့လူတွေ လုပ်ရမယ်။ ဒီနေ့ပြောသံကြားတဲ့ သတင်းမှာ ဆိုရင် တိုင်းရင်းသားအရေးလို့ မမြင်လိုက်တော့ဘူး။ ပြည်ထောင်စုအရေး ၊ နိုင်ငံတော် အရေးလို့
မမြင်လိုက်တော့ဘူး ပြောတဲ့လူတွေ ဘယ်သူလဲကြားလိုက်တယ်၊ ရခိုင် ဗုဒ္ဓဘာသာတွေနဲ့ အာလ်ဆလန်ဘာသာတွေ ပဋိပက္ခဆိုတဲ့ သတင်းကိုဦးတည်လို့ပြောသွားတယ်။ အဲဒါဟာ ရခိုင်တွေကို လူမျိုးခြားနဲ့ပေါင်းပြီး ဖိနှိပ်လိုက်တာနဲ့ လူသွားတယ်။ အဲဒီဟာတွေဟာ တကယ် ပြသနာ ငြိမ်းမယ့် ကိစ္စမဟုတ်ဘူး။ ပြသနာ ကြီးထွားလာမယ့် ကိစ္စ။
မေး။ ။ အရှင်ဘုရား အနေနဲ့ပေါ့ဗျာ အခုလို အရေးကိစ္စတွေကို ရေရှည်တည်ငြိမ်းသွားအောင် ဘယ်လိုလုပ်သွားရမယ်လို့အကြံပြုချင်လေး ပေးချင်ပါသလဲ ဘုရား ။
ဖြေ။ ။ ရခိုင်လူမျိုး ရခိုင်ဘာသာ တရားတွေ ကျေနပ်မူအတွက် ဘာမှ အခွင့်အရေးမပေးဘဲ ဒီတိုင်းသာ သွားနေမယ်ဆိုရင် ဒေသခံ တွေကို ဖိနှိပ် ပြီးရင်၊ ဧည့်သည် ရောက်လာတဲ့ လူတွေကို မြှောက်ပေးသလိုဖြစ်သွားမယ်။ အဲဒီလိုဆိုရင် လုံးဝမငြိမ်ဘူး။ ဒီလိုစနစ်မှာ ဒီအခြေအနေမှာတော့ ကာဖျူးနဲ့ထိမ်းသိမ်းလို့ရပါလိမ့်မည်။ ရေရှည်မှာတော့ လုံးဝမရနိုင်ဘူး။
ရေရှည်ရဖို့အတွက်တော့ နည်းနည်းအချိန်ပေးပြီးရင် မူတွေချပေးပြီးရင်၊ နည်းစနစ်တွေနဲ့ အလုပ်လုပ်ရမယ်လို့ထင်တယ်။
မေး။ ။ အရှင်ဘုရားပြောသလိုဆိုရင် အရှင်ဘုရား ခုနားက အမိန့်ရှိသွားတဲ့အတိုင်းဆိုရင် ရောက်လာတဲ့ဧည့်နိုင်ငံသားတွေကို ပါ အခွင့်အရေးပေးဖို့ လိုတယ်လို့ထင်ပါသလာ။
ဖြေ။ ။ အသင့်တင့်တော့ လူသားဖြစ်တဲ့အတွက်ကြောင့် အသင့်အတင့် အခွင့်အရေးတော့ပေးရမယ်။ ဥပမာ အသင့်အတင့်မပေးနိုင်လို့ရှိရင် ရခိုင်ဒေသမှာ ဒေါ်စုပြောသလို ၊ နောက်လူတွေ ပြောသလို၊ လူသားကို လူသားလို့မြင်တဲ့လူတွေ ပြောသလိုဆိုရင်၊ ရခိုင်ဒေသမှာ ရှိတဲ့လူဦးရေနဲ့ သူတို့နဲ့ မမျှတတဲ့အတွက်ကြောင့် ငါတို့ သေဆုံးအောင်သတ်လိုက်ရမှာလား။ ဒီလိုသတ်နေတာကိုရော
ကမ္ဘာကလက်ခံမှာလား။ အဲဒီတွက်ကြောင့် အဲဒီကစ္စဟာ မဖြစ်နိုင်ဘူး။ နောက်တစ်ခုက ဒီနိုင်ငံမှာ မနေနဲ့လို့ နှင်ထုတ်မှာလား။ ဦးနေ၀င်းလက်ထက်က နဂါးမင်းစစ်ဆင်ရေးတွေနဲ့ နှင်ထုတ်ခဲ့ပြီးပြီ။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ အဲဒီကစ္စတွေရော ကမ္ဘာက လက်ခံနိုင်မှာလား။ ကမ္ဘာက လက်ခံနိုင်မယ့် ကိစ္စမဟုတ်ဘူး။ အဲဒီလိုဆိုရင် ဒီဒေသမှာပဲ သက်သက်ထားမှာလား။ မဟုတ်လို့ရှိရင် ပြည်ထောင်စု
တစ်ခုလုံးမှာ လူသားကို လူလို့မြင်တဲ့ အတွက်ကြောင့် ဒီနေရာမှာ အလွန်အကျွံများနေတယ် သူတို့ကလည်း သွားချင်နေတယ်၊ ဒါကြောင့် ရိုးမကိုပိတ်ထားတဲ့ တံခါးကို ဖွင့်ပေးလိုက်ပါ။ အဲဒီလိုသွားတဲ့ အခါမှာ မန္တလေးတို့ စစ်ကိုင်းတို့ မကွေးတို့ ၊ အစရှိသည့် နောက်နေရာ နောက်နေရာမှာ လူတွေ ပျံ့နှံ့ပြီးတော့ ပြည်ထောင်စုထဲမှာ သူတို့ စိမ့်ဝင်သွားပြီး အကုန်လုံး ပျံ့နှံလို့ အင်အား တစ်စုတစ်ရုံးတည်း
မဟုတ်ဘဲ၊ အင်အားပျံ့နှံသွားလို့ရှိရင် မြန်မာ နိုင်ငံသားအဖြစ်နဲ့ လက်ခံလိုက်ပါ။ အဲလိုဆိုရင် သူတို့ တိုင်းနှင့်ပြည်နယ် အကုန်လုံး ပျံ့သွားလို့ရှိရင် လူသားကို လူသားအနေနဲ့ မြင်ပြီး ထိမ်းသိမ်းမူတစ်ခု ဒီဒေသမှလည်း အင်အားယူလို့ သူတို့ အင်အားနည်းသွားလို့ရှိရင် ရခိုင်ဒေသလည်း ငြိမ်သွားလိမ့်မယ်လို့ ထင်ပါတယ်။
Blogger Widgets