You Are Here: Home - ပင်မစာမျက်နှာ , သတင်း - စစ်တွေမြို့မဈေးကြီးပြန်လည် ရှင်သန်လည်ပတ်နိုင်ရေးအတွက် ရှင်းလင်းရေးပြုလုပ်



sittwee market









ဘင်္ဂလီမူဆလင်-ရခိုင် အဓိကရုဏ်းကြီးဖြစ်ပေါ်ခဲ့ရာ စစ်တွေမြို့၊ မြို့မဈေးကြီးကို စိုးရိမ်ကြောင့်ကြမှုကြောင့် ဈေးသူ၊ ဈေးသားများ ဈေးမရောင်းရဲဘဲ တစ်လခန့်ကြာခဲ့ရာ ကောင်းစွာပြန်လည် ရောင်းချလည်ပတ်နိုင်ရန်အတွက် နိုင်ငံတော် အာဏာပိုင်များက ဇွန်လ ၂၇ နေ့က စတင် ရှင်လင်းရေးပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။
လုံခြုံရေး အပြည့်အ၀ချထားကာ မြို့မဈေးအတွင်းရှိ ဘင်္ဂလီမူဆလင်များ၏ ဈေးဆိုင်ခန်းများမှ ကုန်ပစ္စည်းများကို နိုင်ငံတော်အာဏာပိုင်များကတာဝန်ယူလျက် ပိုင်ရှင်များလက်ထဲသို့ အရောက်ပို့ဆောင်ပေးခြင်း ဖြစ်ကြောင်းသိရသည်။
မူဆလင်ကုလားများ၏ ဈေးဆိုင်ခန်းများကို ဖွင့်ယူရာတွင် ရခိုင်ဆိုင်ခန်းများကို ပိတ်ထားရမည့်အနေအထားကို ဗိုလ်မှူကြီး ထိန်လင်းမှ "ကျနော်တို့က ဈေးဆိုင်ခန်းတွေကို ပိတ်ထားလို့တော့ မပြောချင်ဘူး၊ ပစ္စည်းတွေကို နေ့ရော ညပါထုတ်မှာ ဖြစ်တဲ့အတွက်၊ ဒီဆိုင်ခန်းတွေမှာ လူမနေတာ အကောင်းဆုံး" ဟုပြောကြောင်းမြို့မဈေး မှ ရခိုင်ဈေးဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောသသည်။
ဘင်္ဂလီမူဆလင်များ၏ ဈေးဆိုင်ခန်းများသည် မြို့မဈေးတွင် လေးပုံတစ်ပုံခန့်ရှိပြီး၊ ဈေးဆိုင်ခန်းရှိပစ္စည်းများမှာ ရခိုင်လူမျိုးများထံမှ အကြွေးစနစ်ဖြင့် ယူ၍ ရောင်းချနေခြင်းကို အကြွေးပိုင်ရှင်တစ်ဦးက "ဘင်္ဂလီမူဆလင်တွေမှာ သူတို့ပိုင်ဆိုင်တာက ၁၀ သိန်း၊ ၁၅ သိန်းလောက်သာ ရှိတာ၊ အကြွေးရဖို့ရှိတာကတော့ သူတို့တွေဆီမှာ အနည်းဆုံး သိန်းတစ်ရာလောက်စီရှိတယ်၊ ကျနော်တို့က အကြွေးရစရာရှိတာကို ညဦးကပင် စာရင်းပေးထားတယ်၊ ဘယ်လိုဖြေရှင်းပေးမလဲတော့ မသိဘူး" ဟု သူကပြောသည်။
ဘင်္ဂလီမူဆလင်များ၏ ကုန်ပစ္စည်းများကို စစ်တွေအားကစားရုံသို့ပို့ပြီး အကြွေးရှင်နှင့် အကြွေးသမားများ၏ သဘောတူညီမှုရအောင် ညှိုနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဘင်္ဂလီမူဆလင်များ၏ ကုန်ပစ္စည်းများကို ဘင်္ဂလီမူဆလင် ကျော်မြင့်နှင့် မောင်စိန်တို့က ကိုယ်စားလှယ်အဖြစ် တာဝန်ယူဆောင်ရွက်ပြီး အာဏာပိုင်များနှင့် ပူးပေါင်းကာ ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဘင်္ဂလီမူဆလင်များအား စစ်တွေမြို့တွင် နေထိုင်ခွင့် မပြုတော့ဘဲ သဲချောင်းကျေးရွာသို့ ပြောင်းရွှေ့ပေးနေကြာင်း သတင်းရရှိသည်။
Blogger Widgets