You Are Here: Home - ပင်မစာမျက်နှာ , သတင်း , အရေးကြီးသတင်းများ - ကုလားတွေ အဆိပ်သုံးနေတယ်

ဇွန်လ (၂၈)ရက် တွင် ရခိုင်ပြည်နယ် မြေပုံမြို့ တရုတ်တန်းနှင့် သဲတန်းရပ်ကွက်ကြားရှိ တစ်ရာတန် သောက်ရေကန်အတွင်း ငါးများ အဆိပ်သင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရှိရသည်။
အဆိုပါ သောက်ရေကန်သို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ဆရာဝန်တို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ ငါးများအဆိပ်သင့်နေသော လက္ခဏာ စစ်ဆေးတွေ့ရှိရ၍ သောက်ရေကန်မှ ရေကို မသောက်သုံးရန် မွန်းလွဲ ၁ နာရီခန့်က လိုက်လံကြေညာနေကြောင်း ၊ ရေကန်အနီးရှိ အ.ထ.က ကျောင်းကိုလည်း နေ့တစ်ဝက်ပိတ်ကာ ရေကန်အနီးတွင် လုံခြုံရေးများ အပြည့်ချထားကြောင်း ၊ နံနက်ပိုင်းအချိန်က အဆိုပါကန်မှ ရေကိုသောက်သုံးမိသူများ ရှိပါက ကျန်းမာရေး အစစ်ဆေးခံရန် မြို့နယ်ဆရာဝန်များက လိုက်လံကြေညာလျက် ရှိကြောင်း လက်ရှိအချိန်ထိ ရေအဆိပ်သင့်သူ တစ်ဦးမျှမရှိသေးကြောင်း သိရှိရသည်။

အဆိုပါကန်မှ ရေနှင့် သေဆုံးနေသော ငါးများအား ဓာတ်ခွဲစမ်းသပ်ရန် စီစဉ်နေကြောင်း မြေပုံမြို့နယ်ဆေးရုံရှိ ဖုန်းတာဝန်ကျ ဆရာမတစ်ဦးက ပြောကြားပါသည်။
Blogger Widgets