ALP and Aung Marmငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဥက္ကဌ ရထားဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေး ၀န်းကြီး ဦးခင်ရီတို့အဖွဲ့သည် ရခိုင်လွတ်မြောက်ရေးပါတီ ALPနှင့် ဘန်ကောက်တွင် ဇွန်လ ၂၈နေ့၊ နေ့လည် ၁၂နာရီမှ ၁နာရီအထိ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ယင်းတွေ့ဆုံဆွေးနွေးရာတွင် ALPနှင့် ရခိုင်ပြည်နယ်အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့မှုအပေါ်တွင် ချက်မှတ်ခဲ့သော သဘောတူညီချက်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်နိုင်ရန်နှင့် ပြည်ထောင်စုအဆင့်ထိ တက်လှမ်းနိုင်ရန် အဓိကထားဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
“ကျနော်တို့ ပြည်နယ်အဆင့် ဆွေးနွေးခဲ့တဲ့ အချိန်တုန်းက တင်ပြခဲ့တဲ့ မြို့နယ်တွေမှာ ဆံဆက်ရေးရုံးတွေ ဖွင့်လှစ်ခွင့်ပေးရန်၊ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအတွင်းမှာ ALPရဲဘော်တွေ သက်ဆိုင်ရာ ရဲစခန်း ဒါမှမဟုတ် စရဖကို အကြောင်းကြားပြီးတော့ လွတ်လပ်စွာသွားလာခွင့်တွေပေးမယ့် ကိစ္စတွေနဲ့ ပက်သက်ပြီးတော့ ဆွေးနွေးခဲ့တယ်၊ ဦးအောင်မင်းကလည်း အဲဒါတွေကို လုပ်ပေးမယ်လို့ ပြောခဲ့တယ်။ြ့ပီးတော့ ရခိုင်ပြည်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဘင်္ဂလီမူဆလင်-ရခိုင် အဓိကရုဏ်းနဲ့ ပက်သက်ပြီးအကျဉ်းအားဖြင့် ဆွေးနွေးခဲ့တယ်၊ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီကလည်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပက်သက်ပြီး ပေါ်လစီတွေချမှတ်ပြီးတော့ နယ်စပ်ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့တယ်” ဟု ရခိုင်လွတ်မြောက်ရေးပါတီ ALP ဒု-ဥက္ကဌ ဦးခိုင်စိုးနိုင်အောင်က ပြောသည်။
ရခိုင်လွတ်မြောက်ရေးပါတီ ALPနှင့် ရခိုင်ပြည်နယ်အစိုးရတို့သည် ဧပြီလ(၅)ရက်၊ ၂၀၁၂ခုနှစ်တွင် သဘောတူညီချက်(၅)ချက်ဖြင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြပြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးအဖွဲ့တို့၏ နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးအဖွဲ့အစည်းများအား တွေ့ဆုံဆွေးနွေးရေး ခရီးစဉ်တွင် ယခင်သဘောတူချက်(၅)ချက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရေး အပါအ၀င် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တက်လှမ်းဆွေးနွေးနှင့် ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော ပြဿနာများအား ဖြေရှင်းပေးရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ယင်းတွေ့ဆုံဆွေးနွေးရာတွင် ALPနှင့် ရခိုင်ပြည်နယ်အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့မှုအပေ
“ကျနော်တို့ ပြည်နယ်အဆင့် ဆွေးနွေးခဲ့တဲ့ အချိန်တုန်းက တင်ပြခဲ့တဲ့ မြို့နယ်တွေမှာ ဆံဆက်ရေးရုံးတွေ ဖွင့်လှစ်ခွင့်ပေးရန်၊ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအတွင်းမှာ ALPရဲဘော်တွေ သက်ဆိုင်ရာ ရဲစခန်း ဒါမှမဟုတ် စရဖကို အကြောင်းကြားပြီးတော့ လွတ်လပ်စွာသွားလာခွင့်တွေပေးမယ့
ရခိုင်လွတ်မြောက်ရေးပါတီ ALPနှင့် ရခိုင်ပြည်နယ်အစိုးရတို့သည် ဧပြီလ(၅)ရက်၊ ၂၀၁၂ခုနှစ်တွင် သဘောတူညီချက်(၅)ချက်ဖြင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြပြီ
Tags:
ပင်မစာမျက်နှာ
,
သတင်း
