You Are Here: Home - ပင်မစာမျက်နှာ , သတင်း - ဘင်္ဂါလီ ကိစ္စနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ ဆွေးနွေးကြဖို့ အမေရိကန်က တိုက်တွန်း

 ရွှေဟင်္သာသတင်းဌာန

Victoria_Nuland






ဇွန်လ လယ်က ဖြစ်ခဲ့သော ရခိုင်ပြည်နယ် အရေးအခင်းကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို လှေဖြင့် ထွက်ပြေးခဲ့ကြသည့် ဘင်္ဂါလီများ ကိစ္စနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ ဆွေးနွေးကြရန် လိုအပ်ကြောင်း အမေရိကန် အစိုးရက တိုက်တွန်း ခဲ့သည်ဟု နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Victoria Nuland က (26) ရက်နေ့က ကျင်းပသည့် ပုံမှန် သတင်းစာရှင်း လင်းပွဲတွင် ပြောဆို ခဲ့ပါသည်။
“မိမိတို့ အနေနဲ့ နှစ်နိုင်ငံ အစိုးရတွေနဲ့ ဆက်သွယ် ထားပါတယ်။ ဒုက္ခသည် တွေအတွက် နယ်စပ်ကို ဖွင့်ပေးဖို့လည်း ဘင်္ဂ လားဒေ့ရှ် အစိုးရကို တိုက်တွန်းနေတာပါပဲ။ အခုအချိန်မှာ ကုလသမဂ္ဂဟာ မြန်မာ အစိုးရနဲ့အတူ ရခိုင်ပြည်နယ်မှာ အတူ ပူးပေါင်း ဆောင်ရွက်နေပြီး ရိုဟင်ဂျာပြဿနာကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းနိုင်ရေး ကြိုးပမ်းနေတဲ့အပေါ် ထောက်ခံအား ပေးပါတယ်။ အလားတူ ကုလသမဂ္ဂဟာ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့လည်း သွားရောက် တွေ့ဆုံမယ်လို့မျှော်လင့်ပါတယ်။ မြန် မာနဲ့ ဘင်္ဂလားဒေ့ရှ် တို့တွေ့ ဆုံ ဆွေးနွေးကြမယ် ဆိုတာလည်း အင်မတန်ကောင်းပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Victoria Nuland က ပြောဆို ခဲ့ပါသည်။

အစိုးရ၏ အင်တာနက် ထုတ်ပြန်ချက် သတင်းအရ  ရခိုင်ပြည်နယ်၌ ပြီးခဲ့သည့် မေလ (၂၈) ရက်မှ ဇွန်လ (၂၄) ရက်အထိ ရခိုင်နှင့် ဘင်္ဂလီတို့၏ နှစ်ဘက် တိုက်ခိုက်မှုပေါင်း ( ၉၂) ကြိမ် ဖြစ်ပွားခဲ့ရာတွင် စုစုပေါင်း သေဆုံးသူ (၇၈) ယောက်ရှီပြီး အရပ်သား (၈၅) ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် (၂) ယောက် ဒဏ်ရာ ရခဲ့ပါသည်။  မီးလောင်ကျွမ်း ပျက်စီးခဲ့ရသည့် အိမ်ခြေပေါင်း (၃၁၅၈) လုံး ရှိသည်ဟု အစိုးရထုတ် ၀က်ဆိုဒ်တွင် ဖော်ပြ ထားပါသည်။

ရခိုင်ပြည်နယ်၏ ပဋိပက္ခကြောင့် အိုးအိမ်စွန့် ထွက်ပြေးကြ ရသည့် ဒုက္ခသည်များ အတွက် လိုအပ်သည့် စားနပ် ရိက္ခာ၊ ဆေးဝါးစသော လူသားချင်း စာနာသည့် အကူအညီများ ပေးရန်အတွက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်း ကြီးရုံး UNHCR၊ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ WFP၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF စသော အဖွဲ့အစည်းများ နှင့်နိုင်ငံတကာ NGO အဖွဲ့များ ပြင်ဆင်နေကြပါသည်။
Blogger Widgets