You Are Here: Home - ကုလား(သို့)ဘင်္ဂလီ , ပင်မစာမျက်နှာ , သတင်း , အရေးကြီးသတင်းများ - ရခိုင်တွင် သောင်းကျန်းသူ ဘင်္ဂလီမူဆလင်ခေါင်းဆောင်တဦး ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီး

DSC025091-300x225








 ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့် ဆက်နွယ်မှုရှိနေသူ မူဆလင်ဘာသာရေး ခေါင်းဆောင်တစ်ဦးနှင့်အတူ သောင်းကျန်းသူ ဘင်္ဂလီပစ္စည်းများအား ဘင်္ဂလာနယ်စပ် မူဆလင်ဗလီကျောင်းမှ အာဏာပိုင်က အင်္ဂါနေ့က ထပ်မံဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
ဘင်္ဂလာအာဏာပိုင်က ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့် ဆက်စပ်မှုရှိနေပြီး မယုံသင်္ခါမှုဖြင့် ဖမ်းဆီးအချုပ်သွင်း စစ်ဆေးနေသည့် မူဆလင် ခေါင်းဆောင် ၇ ဦးနှင့်ဆက်စပ်နေသည့် တာခ်နာမြို့နယ် နီလာမြို့မှ ဘာသာရေးကျောင်းဆရာ တစ်ဦးနှင့်အတူ သောင်းကျန်းသူ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီများ၏ ပစ္စည်းများ ဖမ်းဆီးရမိကြောင်း ဒေသ Websiteနှင့် သတင်းစာများက ယမန်နေ့က ဖေါ်ပြသည်။
သောင်းကျန်းသူများနှင့် ဆက်နွယ်နေသော နောက်ထပ် ဖမ်းဆီးရမိသူမှာ အာဘ်ဒူ ဆူက္ကူရ် ဖြစ်ကြောင်းနှင့် နီလာမြို့ မူဆလင် ၀တ်ပြုသည့် နုရာနီ ဗလီကျောင်းတွင် ဘာသာရေးစာပြ ကျောင်းဆရာဖြစ်ကြောင်း ဆိုသည်။
ဘင်္ဂလာ ဒေသခံအာဏာပိုင်များက ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့် ဆက်စပ်မှုများ အများအပြား ရှိနေသည်ဟု ယူဆရသည့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နယ်စပ်ရှိ မူဆလင်ဝတ်ပြု ဘာသာရေးကျောင်းများနှင့် တခြားမယုံသင်္ခါမှုများ ရှိနေသည့်နေရာများကို သက်ဆိုင်ရာက အထူးစုံစမ်းလျက် ရှိနေကြောင်း ဒေသခံအာဏာများက ပြောဆိုသည်။
ဘင်္ဂလာအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့်ပြဿနာကြောင့် မြန်မာနှင့် ဆက်ဆံရေး၊ နှစ်နိုင်ငံသဘောတူ ချုပ်ဆိုထားသည့် စာချုပ်များ အများအပြားအပြင် တခြားပူးပေါင်းလုပ်ဆောင်နေမှုများ ပျက်ပြားသွားမည်ကို အထူးစိုးရိမ်နေကြောင်း လေ့လာသူများက ဆိုသည်။
ဘင်္ဂလာ အာဏာပိုင်များက ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်လာသည်ဟု စွပ်စွဲပြီး နယ်စပ်တွင် ဖမ်းဆီးရမိသော သောင်းကျန်းသူ ဘင်္ဂလီများ စုစုပေါင်း ၉၀၁ ဦးအား ရခိုင်ပြည်သို့ တရားမ၀င် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ယနေ့ထုတ် THE DAILY SAIKAT သတင်းစာတွင် ဖေါ်ပြသည်။
ထို့ပြင် တာခ်နာလူဝင်မှုကြီးကြပ်ရေးမှတဆင့် မြန်မာနိုင်ငံသို့ သွားရောက်မည်ဟု လာလျှောက်လာသူ သြစတေးလျနိုင်ငံသူ ဂိုလ်ရိယာ (၃၀)အား သက်ဆိုင်ရာမှ အင်္ဂါနေ့က ဖမ်းဆီးပြီး လုံခြုံရေးအရ ကော့စ်ဘဇားမြို့ ရဲဋ္ဌာနသို့ ပို့ဆောင်လိုက်ကြောင်း ဒေသထုတ် သတင်းများက ဆိုသည်။
တာခ်နာမြို့ လူဝင်မှုကြီးကြပ်ရေးဋ္ဌာန အနေဖြင့် မည်သည့်နိုင်ငံခြားသားဖြစ်စေ တဖက်နိုင်ငံသို့ သွားရောက်ရန် အခွင့်ပေးခွင့် အာဏာမရှိကြောင်း သတင်းစာများက ဆိုသည်။
သူမအနေဖြင့် ဘင်္ဂလာသို့ ဇွန် ၁၇ ရက်နေ့က ရောက်ရှိလာခြင်းဖြစ်သည်ဟု သူမ၏ နိုင်ငံကူးလက်မှတ်တွင် ဖေါ်ပြချက်အရ သိရှိရကြောင်း သတင်းများက ဆိုသည်။20120620031004
ဘင်္ဂလာရေပြင်နှင့် နယ်စပ်ကုန်ချင်းထိစပ်နေသည့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် အနောက်ပြင် ကျေးရွာမှ သောင်းကျန်းသူ ဘင်္ဂလီများက ယမ်းထောင်းတူမီးသေနပ်များ အသုံးပြုပြီး ရခိုင်ကျေးရွာများကို အင်္ဂါနေ့က မီးလာရှို့ရာ၌ ခိုက်ရန်ဖြစ်ပွားခဲ့ရာ ရခိုင်(၁၁)ဦးသေဆုံးကာ (၇)ဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့် ကုလား(၂)ဦးသေးဆုံးခဲ့ပြီး ပိုမို၍ ပြဿနာကြီးထွားလာမည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်း ကူတောင်ကျေးရွာသားတဦးက ပြောသည်။
ယင်းသေဆုံးသွားသည့် အလောင်းများနှင့် ဒဏ်ရာရရှိခဲ့သူများမှာ တူမီးသေနပ် ဒဏ်ရာများ အများအပြား တွေ့ရကြောင်း မျက်မြင်သက်သေများက ပြောသည်ဟု သူကဆိုသည်။ တူမီးသေနပ်များမှာ ဘင်္ဂလာနယ်စပ်တွင် မှောင်ခိုလုပ်သော သေနပ်များ ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက အကဲခတ်ပြောဆိုကြသည်။
Blogger Widgets