
မြေပုံမြို့တွင် ပြုလုပ်သော ကလေးပျော်ကျောင်းများတွင် ဆရာ၊ ဆရာမများ စွမ်းရည်မြှင့်တင်ရေးသင်တန်းမှ ပြည်နယ်ပညာရေးမှူးလက်ထောက်၊ ကြီးကြပ်ရေးမှူး ဒေါ်အုန်းမြင့် အပါအ၀င် သင်တန်းဆရာ ၂၁ ဦးမှာ တက်ရောက်လာသူ သင်တန်းသား ကျောင်းဆရာ၊ ဆရာမ များအား ပြောကြားခဲ့ကြောင်းသိရှိရသည်။
ကျောင်းသူ၊ ကျောင်းသားများအား ဘာသာစကား စွမ်းရည်မြှင့်တင်ရန်အတွက် ဆရာ၊ ဆရာမများမှ မြန်မာဘာသာရပ် သင်ကြားချိန်တွင် ဗမာစကားဖြင့် သင်ကြားရမည် ဖြစ်သည်။
ရန်ကုန်မြို့တွင် ပညာရေးဝန်ကြီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်း ပြုလုပ်သော ဆရာ၊ ဆရာမများ စွမ်းရည် မြှင့်တင်ရေးသင်တန်းကို မြေပုံမြို့နယ်မှ သင်တန်းဆရာ ၂၁ ဦးတို့ တက်ရောက်ခဲ့ရာ ပြန်လည်၍ မြေပုံမြို့နယ်တစ်ခုလုံးရှိ ဆရာ၊ ဆရာမများအား ခေါ်ယူကာ သင်တန်းပေးခြင်း ဖြစ်ကြောင်းသိရှိရသည်။
သင်တန်းတက်ရောက်လာသူ ဆရာ၊ ဆရာမ များအား ခရီးစရိတ်၊ စားစရိတ်၊ နေစရိတ်များပေးပြီး သင်တန်းသား ဆရာ၊ ဆရာမများ ၂၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သင်တန်းကာလကို ၁၂ရက် သတ်မှတ်ထားရာ မေလ ၁၀ ရက်နေ့မှစတင်ကာ ၂၂ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ကြောင်းသိရသည်။
မြန်မာဘာသာစကားဖြင့် သင်ကြားရန် ညွန်ကြားလာခြင်းကြောင့် သင်တန်းတက်ရောက်သူ ဆရာ၊ ဆရာမ တချို့နှင့် မြို့ခံလူအချို့မှာ မခံမရပ်နိုင်ဖြစ်နေကြကြောင်းသိရှိရသည်။