You Are Here: Home - ပင်မစာမျက်နှာ , အမျိုးသားရီး , ဆောင်းပါး - မျိုးဆက်သစ်တိကိုရာ အားကိုးချင်ပါရေ

ကျွန်တော်ရို့  ရခိုင်တိမှာ ဟိနိန်ကတ်တေ အားနည်းချက်တိက မွီးရာပါလို့  ဂေါင်းစိုဉ်လားတတ်ရ
ဖို့ ပိုင်ဖြစ် နိန်ပါရေ။ ယကေလေ့ အေအားနည်းချက်တိက လူတိစနစ်တကျဖန်တီးထားရေ အရာတိဖြစ်တေ
လို့ ခိုင်ခိုင်မာမာ ပြောရပါဖို့ ။ လူတိဆိုစွာထက် ဗမာတိလို့ တိတိကျကျပြောကေ ပိုမှန်ဖို့ ထင်ပါရေ။ ဗမာကိုလိုနီစစ်စနစ်ဆိုးနန့် ဗမာနယ်ချဲ့  စစ်ဝါဒီတိက ရခိုင်ပြည်ကို မတရားကျူးကျော်သိမ်းပိုက်ဂုတ်သွီးစုပ်ထားပြီးကေ ပညာရေး စီးပွါးရေး လူမှုရေး စာပီယိုင်ကျေးမှုတိကို စနစ်တကျ ဖျက်ဆီးပနာ ရခိုင်ပြည်နန့် ရခိုင်လူမျိုးလုံးဝနာလန်မထူနိုင်အောင် ဘက်ပေါင်း စုံကလူလုံးမလှအောင် စိတ်ပိုင်းရုပ်ပိုင်း ဆိုင်ရာ သိမ်ငယ်ညံ့ဖျင်းအကြောက်တရားအားငယ်စိတ်တိနန့်  လူတော မတိုးနိုင်အောင် ခြိမ်းခြောက်ပိတ်ဆို့ မှုတိ လုပ်ထားခြင်း၏အကျိုးဆက်က ကျွန်တော်ရို့ ရခိုင်သားတိမှာ အားနည်းချက်တိ ပြည့်နိန်ရပါရေ။ ယင်းအတွက်နန့်  ရခိုင်တိမှာဟိနိန်ရေ အားနည်းချက်တိကို ရခိုင် အချင်းအချင်း အပြစ်တင်နိန်ခြင်းက ဗမာတိထောင်ထားရေ ထောင်ချောက်ထဲကို လားဝင်နိန်စွာနန့် တူနိန် ကတ်ပါဖို့ ။

ကမ္ဘာ့လူ့ ဘောင်မှာ ပေါ်ခရေ စနစ်ဆိုးတိထဲမှာ ဒေဗမာကိုလိုနီစစ်စနစ်က အဆိုးဆုံးလို့  နိုင်ငံတကာမှာ ဟိရေ နိုင်ငံရေးသိပ္ပံပညာသျှင်တိက တညီတညွတ်တည်း ထောက်ပြကတ်ပါရေ။ ဂျပန်ဖက်ဆစ်စနစ်ထက် အဆပေါင်းတစ်ရာလောက်ဆိုးရေပိုင် ဂျာမန်နာဇီဝါဒထက်လေ့ ဗမာစစ်ဝါဒက ပိုပြီးကေ ကောက်ကျစ် အောက်တန်းကျပါရေ။ ရခိုင်ပြည်ကို အင်္ဂလိပ်အုပ်ချူပ်ခရေ အချိန်ကာလမှာ ရခိုင်ပြည်က ဖဲသာတစ်ရာရကေ ဖဲသာငါးဆယ်ဖိုးလောက် ရခိုင်ပြည်တိုးတက်ဖွံ့ ဖြိုးရေးအတွက် အင်္ဂလိပ်တိ လုပ်ပီးခပါရေ။ ယင်းအချိန်ယင်းကာလက ရခိုင်သားတိစွာ အောက်စဖို့ ဒ် ကိန်းဘရိဒ်တက္ကသိုလ်ကြီးတိမှာ စာလား သင်လို့ ရခပါရေ။ စစ်တွေမြို့ မှာ ရခိုင်သားတိထုတ်ဝီခရေ သတင်းစာဂျာနယ်တိ ပလူချေတိပိုင် ပျံနိန်ခရေ။ အင်္ဂလိပ်စကားကို အင်္ဂလိပ်ပိုင် ဌါန်းကရိုဏ်းကျကျ ပြောနိုင်ခရေ ရခိုင်သားတိဟိခရေ။ အဂု ဗမာစစ်ကိုလိုနီအုပ်ချူပ်ရေးစနစ်အောက်မှာ လူတိုင်းနားလည်အောင်အရပ်သုံးစကားနန့် ပြောရဖို့  ဆိုကေ “ပုဇွန်တုတ် ပိဿာခြောက်သိန်းလောက် ရခိုင်ပြည်က ယူလားခလို့  ရခိုင်သားကို မျိုင်ချေတကောင်ဖိုးလောက် ပြန်မပီး.. စပါးတောင်းတင်းပေါင်း သန်းပေါင်းခြောက်ထောင် လောက် ရခိုင်ပြည်က ယူလားခလို့  ရခိုင်သားကို ဆန်တစ်သိုက်ဖိုးလောက် ပြန်မပီး… သဘာဝဓါတ်ငွေ့ ဂါလံ ပေါင်းစည်ပေါင်း ကုဋေကဋာနန့် ယူလားခလို့  ဓါတ်ငွေ့  ချေတငွေ့  ရခိုင်သားတိအတွက် မီးပြန်မထွန်းပီး။” ဒေပိုင် ရခိုင်သားတိ ဖွံ့ ဖြိုးတိုးတက်စီဖို့  လိုအပ်တေ အာဟာရစွမ်းအင်ရင်းမြစ်တိအားလုံးကို ဗမာစစ်ဝါဒီတိက မောင်ပိုင်စီး ဒမြတိုက်ပြီးကေ လက်ဝါးကြီးအုပ်ထားရေခါ ရခိုင်သားတိစွာ အငတ်ဘုံနန့်  ဆင်းရဲခြင်းတွင်းနက်ကြီးထဲမှာ အားနည်းချက်ပေါင်းခြောက်သောင်းနန့်  လူ့ ဘ၀ဖြစ်တည်မှုကို ခခက်ခခဲ ရင်ဆိုင်ဖြတ်သန်းနိန်ကတ်ရစွာ အဆန်းတော့ မဟုတ်လိုက်ပါဗျာယ်။

ဒေပိုင် ဗမာတိ၏ လူမဆန်ရေစိတ်ဓါတ်နန့်  တောရိုင်းတရိစ္ဆာန်တိပိုင်နယ်ချဲ့ မှုကို ခေတ်အဆက်ဆက် ရခိုင်ဂေါင်းဆောင်မျိုးချစ်သူရဲကောင်းတိက အသက်ကိုပီးလို့  အန်တုတော်လှန်ခကတ်တေ။ ယကေလေ့ ဗမာတိ၏ကောက်ကျစ်စုတ်ပဲ့ရေ ပရိယာယ်မာယာတိ ဗမာတိမှိုင်းတိုက်ထားလို့  ရခိုင်သားအချင်းချင်း သွီးကွဲနိန်မှု ဗမာတိစနစ်တကျဖန်တီးထားလို့  ရထားရေ အားနည်းချက်တိကြောင့် အေနိန့် ထက်ထိ သီးခြားလွတ်လပ်တရားမျှတငြိမ်းချမ်းတိုးတက်ခေတ်မှီရေ ရခိုင်ပြည်ဖြစ်လာအောင် ရခိုင်သားတိ ထူထောင်ခွင့် မရနိုင်ပါသိမ့်။

ယကေလေ့ ကိစ္စမဟိပါ။ ရခိုင်သစ်ပင်က သစ်ရွက်ဟောင်းတိ ကြွီကျလားရေအချိန်မှာ အဖူးအနုချေတိရွက်သစ်ပြန်ထွက်ပနာ သဘာဝတရားနန့် အညီ ရခိုင့်လူ့ ဘောင်ကို အလှဆင်လာကတ်ရပါဖို့ ။ သတင်းနည်းပညာတော်လှန်ရေး အရှိန်အဟုန်နန့် ပွင့်လင်းရေ အသိဥာဏ်ပေါက်ကွဲလွန်ခေတ်မှာ မျိုးဆက်ဟောင်းတိ မလုပ်နိုင်ခရေ သမိုင်းပီးတာဝန်ဝတ္တရားတိ လက်ဆင့်ကမ်းယူပနာ မျိုးဆက်သစ်ချေတိက အောင်မြင်မှုပန်းဖူးကို အရောက်လှမ်းကတ်ရပါဖို့ ။ မျိုးဆက်ကောင်းစွာ စစ်ကြောင်းတစ်သောင်းနန့် တန်ဖိုးချင်း ညီမျှရေ လို့  ပြောကတ်တေ စကားပုံချေပိုင် ရခိုင်နိုင်ငံရေးမျိုးဆက်ကောင်းပီသဖို့  အဂုခေတ်ရခိုင်လူငယ် အချေတိ ကြိုးပမ်းကတ်ရပါဖို့ ။ စွမ်းရည်လုပ်ဆောင်ချက်တိ မြှင့်တင်ကတ်ရပါဖို့ ။ အဖထက်သားတလကြီး ဆရာထက်တပည့် လက်စောင်းထက်ဆိုရေပိုင် မျိုးဆက်ဟောင်းထက် မျိုးဆက်သစ်တိက တော်နိန်ကတ်ရပါဖို့ ။ ရခိုင်လူထု ခေတ်အဆက်ဆက် မျှော်လင့်တောင့်တလာရေ ရခိုင်ရို့ ကိုယ်ပိုင်လွတ်လပ်ရေး ရခိုင်ရို့ ဂုဏ်သိက္ခာ ရခိုင်ရို့ တန်ဖိုး ရခိုင်ရို့ ဟန် ရခိုင်ရို့ စံတိ ကို ကမ္ဘာ့အသိုင်းအ၀ိုင်းကို ထုတ်ဖော်ပြသခွင့်ရလာအောင် မျိုးဆက်သစ်တိ ပီးဆပ်ကြိုးပမ်းကတ်ရပါဖို့ ။

ရခိုင်သားတိုင်း၏စုပေါင်းမျှော်လင့်ချက်အတွက် စုပေါင်းဦးဆောင်မှုနန့် ရခိုင် နိုင်ငံရေးအခင်းအကျင်းသစ်ကို မျိုးဆက် သစ်တိကတည်ဆောက်ကတ်ရပါဖို့ ။ ”ဗမာကိုလိုနီနယ်ချဲ့ စစ်စနစ်ဖျက်သိမ်းရေးနန့်  ဗမာစစ်ဝါဒီတိကို ရခိုင်ပြည်က မောင်းထုတ်ရေး၊ သီးခြားလွတ်လပ်တရားမျှတငြိမ်းချမ်းရေ ရခိုင်ပြည်သစ်ထူထောင်ရေး
နန့် ရခိုင်ပြည်ဖွံ့ ဖြိုး တိုးတက်လာအောင် ရခိုင်တိကစုပေါင်းဦးဆောင်အုပ်ချူပ်ရေး” ဆိုရေ ရခိုင်လူထုနိုင်ငံရေးတော်လှန်ရေးမူဝါဒ လမ်းစိုင် ကို လက်ကိုင်ထားပနာ ရခိုင်ရို့ ကိုယ်ပိုင်လမ်းကြောင်းအတိုင်း တဖဲ့ချေလေ့ အစောင်းမခံပဲ လားကတ်ရပါဖို့ ။

ဗမာပြည်လို့ ပင် ခေါ်ခေါ် မြန်မာနိုင်ငံလို့ပင် ဆိုဆို ဒမြစိတ်ဓါတ်နန့် ဗမာပဒေသရာဇ်စစ်ဝါဒီတိ အုပ်ချူပ်ထားရေ တိုင်းပြည်၏နိုင်ငံရေးအခြေအနေက အယင် ယူဂိုဆလားဗီးယားနိုင်ငံဟောင်းပိုင် ဖြစ်လာနိန်ပါရေ။ ကြီးနိုင် ငယ်ညှင်းဝါဒနန့် တောရိုင်းဥပဒေကို ကျင့်သုံးနိန်ရေ ဗမာစစ်ဝါဒီတိနန့်  ဗမာမဟုတ်တေ လူမျိုးတိစွာ လုံးဝ လက်တွဲနိန်လားဖို့ မဖြစ်နိုင် သီးခြားစီနိန်လားကတ်ခြင်းကရာ အကောင်းဆုံးဖြစ်ဖို့ ဆိုရေ အမြင်မျိုး နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြင်လာကတ်ပါဗျာယ်။ ဗမာအမျိုးသားရေးဝါဒမှာ သန္ဓေတည်ပြီးကေပေါက်ဖွားလာရေ ဗမာစစ် စနစ်နန့် နိုင်ငံရေးယိုင်ကျေးမှုစွာ လောကပါလတရားကိုဆန့် ကျင်နိန်ပြီးကေ တန်းတူရေးစိတ် ကင်းမဲ့ပနာ လူသား အချင်းချင်းတန်ဖိုးထားရေ နိုင်ငံကြီးသားစိတ်လုံးဝ မဟိကြောင်း ကမ္ဘာကြီးက သဘောပေါက်လာကတ်ပါရေ။ အယင်ခါ လေ့ တစ်မြီတည်းနိန် တစ်ရီတည်းမသောက်ခရေပိုင် အဂုလေ့ ကချင် “၀”လူမျိုးနန့်  တခြားရှမ်းမွန်အဖွဲ့ တိကို ထိုးစစ် ဆင်ဖို့ ကန်နိန်ရေ ဗမာစစ်အုပ်စု၏တိုက်ခိုက်လာမှု နောက်ပိုင်းမှာ ပြည်တွင်းစစ်က ပိုပြီးကေ ပြင်းထန်လာနိုင်ပနာ တစစီ ကွဲလားဖို့  အခြေအနေကို ဦးတည်ပြီးကေ လားနိန်ပါရေ။ ဒေပိုင် အခြေအနေမျိုးကြုံလာကေ ရခိုင်ပြည်နန့် ရခိုင်ရို့  အချူပ်အချာအာဏာကို ထိန်းယူထားလိုက်နိုင်ဖို့  ခိုင်မာတောင့်တင်းရေ ရခိုင်မျိုးဆက်သစ်နိုင်ငံရေးအင်အားစုတစု လိုအပ်လာပါရေ။

ဒေနိန်ရာမှာ ပြောချင်စွာတခုက ရခိုင်နန့် ဗမာကြားမှာ ဖယ်ဒရယ်ကို လားကတ်ဖို့ ဆိုပြီးကေ ဂတိပြု ချူပ်ဆိုထားကတ်တေ စာချူပ်စာတမ်းတခုချေလေ့ မဟိပါ။ ၉၀ ခုနှစ် ရွီးကောက်ပွဲမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ ချူပ် အနိုင်ရလာခြင်းရေ ဗမာလက်ဝီခံ ဒီမိုကရေစီကို မလိုလား ”ကိုယ့်ပဇာ့ (ပဇ)နန့်  ကိုယ်စားခါမှ ကိုယ့်ဝမ်းတင်းဖို့ ” ဆိုရေ ရခိုင်ကံကြမ္မာကို ရခိုင်တိဖန်တီးနိုင်ရေ ရခိုင်ဒီမိုကရေစီလမ်းကြောင်းကို ရခိုင်လူထုက လားချင်လို့ ဖြစ်ပါရေ။ ရခိုင်တိ နိုင်ငံရေးအရ နိုးကြားအားကောင်းလာစွာကို မြင်ရေခါ ဗမာစစ်အုပ်စုက ရခိုင်ဒီမိုကရေစီအဖွဲ့ ချူပ်ကို တရားမ၀င်ပါတီအဖြစ်ကြေငြာလိုက်ပြီးကေ ရခိုင်လူထုဆန္ဒကို တိုက်ရိုက်စော်ကားခကတ်ပါရေ။ အတိုချူပ်ပနာ ပြောရဖို့ ဆိုကေ ရခိုင်လူထုသဘောထားက “အယင်ခါ ရခိုင်သားတိ ကိုယ့်အိမ်ကိုယ်ယာနန့်  နိန်ခကတ်တေ.. အဂုလေ့ ကိုယ့်အိမ်ကိုယ့်ယာနန့် နိန်ဖို့ တိုက်ပွဲဝင်လားကတ်ရဖို့ ” ဆိုရေ သမိုင်းအသိနန့် မှန်ကန်ရေနိုင်ငံရေးအမြင်ပင် ဖြစ်ပါရေ။ ခွီးကတက်ချေမှာ အိပ်ရကေလေ့ ကျီဗျာယ် အယပ်ထိုးပနာနိန်ရကေလေ့ ကျေနပ်ယင့် ဆိုရေ အချောင်သမားကပ်ပါးဖယ်ဒရယ်ဝါဒက ဗမာတိမှိုင်းတိုက်ထားလို့  ဗမာအလိုကျ ရွတ်ပြနိန်ရရေ ဆားမရ ရီမရစကားလုံးတိရာ ဖြစ်ပါရေ။

ရခိုင်ရို့ ၏နိုင်ငံရေးနိုးကြားမှုက သမိုင်းနန့် ချီပနာ မညံ့ခလို့  ခိုင်ခိုင်မာမာ ပြောရပါဖို့ ။ အာသျှနီဝန်းဆရာတော် အသျှင်ဦးဥတ္တမက နိုင်ငံရေးမျက်စိဖွင့်ပီးခလို့  ဗမာတပြည်လုံး နိုင်ငံရေးနိုးကြားပနာ အင်္ဂလိပ်နယ်ချဲ့ စနစ်ကို ဖျက်သိမ်းနိုင်ခရေ။ ဆရာတော်၏အကြံပီးမှုနန့်  ဗမာပဒေသရာဇ်လက်ကျန် အမျိုးသား ရေးဝါဒီမောင်မှိုင်းက သခင်ဂိုဏ်းကိုထူထောင်ခပြီးကေ ရဲဘော်သုံးကျိပ်ကိုမွီးထုတ်ခကတ်တေ။ ယင်းနောက်မှာ ဗမာစစ်တပ် ကိုထူထောင်ပြီးကေ နိုင်ငံရေးအာဏာကို ဗမာတိ လိမ်ယူလားခကတ်တေ။ ရခိုင်ဖြစ်နိန်လို့  ဆရာတော် ဦးဥတ္တမ၏နိုင်ငံရေးသဘောတရားနန့် ကျေးဇူးတရားကို ဗမာတိမိန့်  ပစ်လိုက်ကတ်တေ။ ကျေးဇူးကန်းပြီးကေ လူစိတ်မဟိရေ လူမျိုးတိထဲမှာ ဗမာတိထိပ်ဆုံးက ပါဖို့ ထင်ရေ။

၁၉၉၆ ကျောင်းသားလှုပ်ယှားမှုကိုလေ့ ရန်ကုန်စက်မှုတက္ကသိုလ်က ရခိုင်ကျောင်းသားတိဦးဆောင်ပနာ စခကတ်တေ။ ၁၉၉၆ ဒီဇင်ဘာ ၂၆ မှာ စစ်တွေတက္ကသိုလ်က ရခိုင်ကျောင်းသားတိ နိုင်ငံရေး လှုပ်ယှားမှုတိုက်ပွဲကို ဆင်နွဲခကတ်တေ။ ယကေလေ့ သမိုင်းတင်ရေခါ ဗမာတိက ရခိုင်ကျောင်းသား တိအကြောင်းကို ချန်ထားခကတ်တေ။ ၂၀၀၇ စက်တင်တာ လှုပ်ယှားမှုမှာလေ့ ရခိုင်ဘုန်းကြီးတိ ဦးဆောင်ပနာ လှုပ်ယှားခကတ်တေ။ စစ်တွေနန့် တောင်ကုတ်က ရခိုင်လူထု ၏နိုင်ငံရေးနိုးကြားထက်သန်မှုကို ကမ္ဘာ့အသိုင်းအ၀ိုင်းကပင် လေးစားအသိအမှတ်ပြုခကတ်တေ။ ယကေလေ့ မော်ကွန်းတင်ရေခါ ရခိုင်သားတိအကြောင်းကို ဗမာတိက ဂျောင်ချေမှာ ထိုးထားကတ်တေ။ ရခိုင်သားတိ နိုင်ငံရေးအရ လိုင်းတက်လားဖို့ စွာကို ဗမာတိကြောက်ကတ်တေ။ ယင်းအတွက် ရခိုင်သားတိ ရက်ပြတ်အလိမ်မခံကတ်ရစီဖို့  ဗမာတိ၏ကျေးဇူးကန်းမှုကို နှလုံးအိမ်ထဲမှာ စစွဲမမြဲမှတ်ထားသင့်ရေ။ ကိုယ်ရို့  ရခိုင်နိုင်ငံရေးလမ်းကြောင်းကိုရာ ပီပီပြင်ပြင်ဖြစ်လာအောင်ရာ ဖော်ဆောင်သင့်ပါရေ။ ဗမာနန့် ပေါင်းပြီးကေ လားယောင်နိန်လို့  ရခိုင်သားတိအတွက် ဘ၀မဖြစ်လာနိုင်ပါ။

တိုင်းပြည်နိုင်ငံလူ့ အဖွဲ့ အစည်းတိုင်း၏အနာဂတ်စွာ မျိုးဆက်သစ်လူငယ်တိလက်ထဲမှာရာ ဟိပါရေ။ လူငယ်ချေတိ၏ လုပ်ဆောင်နိုင်ခြင်းစွမ်းရည်အနိမ့်အမြင့်ကို မှီတည်ပြီးကေ အနာဂတ်ကလေ့ အရောင်တောက်လာတတ်ပါရေ။ နိုင်ငံရေးရည်မှန်းချက်နန့် ယုံကြည်ချက်တိမြင့်မားရေ မျိုးဆက်သစ်တရပ်ပေါ်လာစွာနန့်  ရခိုင်ရို့ ကံကြမ္မာလေ့ ပြောင်းလဲလားနိုင်ပါရေ။ ကိုယ်ရို့ ဘားကို ဦးတည်ပြီးကေ လာနိန်ရေ နက်ဖြန်ခါတိကို ကိုယ်ရို့ စိတ်တိုင်း ကျဖန်တီး တည်ဆောက်လာဖို့ စွမ်းအားက မျိုးဆက်သစ်တိလက်ထဲမှာ ဟိရေပိုင် ၂၁-ရာစုမှာ မြင့်မြတ်တေ အမျိုးချစ်ခြင်းအတွက် ရခိုင်မျိုးဆက်သစ်ရို့ ၏သွီးစစ်တေသတ္တိကိုထုတ်ဖော်ပြသဖို့  အချိန်ကျရောက်လာနိန်ပါဗျာယ်။ ရခိုင်ပြည်နန့် ရခိုင်လူမျိုး ရို့ ၏ခေတ်သစ်နန့် သမိုင်းသစ်ကို ထုဆစ်ဖို့  မျိုးဆက်သစ်တိကိုရာ အားကိုးချင်ပါကြောင်းပြောလိုက်ချင်ပါရေ။ ။ ။

နီထွန်းခိုင်
free4arakan.blogs.com
Blogger Widgets