ရခိုင်ရို့ ဖြတ်သန်းလာကတ်ရရေ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ ကာလမှာ ဒေနိန့် အချိန်ရေ နိုင်ငံရေးအနိမ့်ဆုံးနန့်  အမျိုးသားညီညွတ်မှုအပျက်ဆုံးအြေ ခအနေဆိုးကို ရင်ဆိုင်နိန်ကတ်ရရေ ကာလတခုဖြစ်နိန်ရေ။ အမျိုးသားအကျိုး စီးပွါးစည်းဝိုင်းထဲမှာမဟိဘဲ ထိန်းမနိုင်သိမ်းမရ ဖောင်ပျက်ဝါးပိုင်ဖြစ်နိန်ကတ်ခြ င်း၏အကျိုးဆက်က ရခိုင်ပြည်သူ လူထုတိ အားကိုးအားထားပြု လောက်တေ နိုင်ငံရေးသမားကောင်းတိနန့်  နိုင်ငံရေးအလင်းရောင် ပျောက်ပနာ အမှောင်ခေတ်ဆိုးထဲကို ရောက်လာနိန်ကတ်ရရေ။
တဖက်မှာ အမျိုးသားရေးအစွန်းရောက်ဗမာပဒေသ ရာဇ်စစ်သွီးကြွအုပ်စုက အာဏာလက်တံပို
လို့ ရှည်ပါလတ်ပနာ ရခိုင်ရို့ လူ့ ဘောင်ကို နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး ဘက်ပေါင်းစုံက နည်းမျိုးစုံနန့်  ဂုတ်သွီးစုပ်ပိတ်ဆို့  နှိပ်စက်တိုက်ခိုက် ပါလတ်တေ။ ဒေပုံစံအတိုင်းရာ အဖက်ဖက်ကအဖျက်ခံဘ၀နန့် ရခိုင်သားတိလားနိန်ကတ်ရကေ ဒေနှစ်ဆယ့်တစ် ရာစုထဲမှာ ရခိုင်လူမျိုး ကမ္ဘာ့မြီပြင်ထက်က မျိုးတုံးပျောက်ကွယ်လားနိုင်ရေ။
နှစ်ပေါင်းနှစ်ရာကျော်သက်ဆိုးရှ ည်ပါလတ်တေ ရခိုင်သားတိ ဗမာကိုလိုနီစစ်ကျွန်ဘ၀ကို ရောက်ကတ်ရခြင်း နိုင်ငံရေးပဋိပက္ခကို အဖြေရှာနိုင်ဖို့  ရခိုင်သားတိနိုင်ငံရေးအားကောင်း
ဖို့ လိုအပ်တေ။ ကိုယ်ပိုင်နိုင်ငံရေးရပ်တည်မှု၊ ရခိုင်တမျိုးသားလုံး လွတ်မြောက်ရေးကိုဦးတည်ရေ နိုင်ငံရေးဗျူဟာအမြင်နန့်  အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးကို တက်ညီလက်ညီလုပ်ဆောင်လားနိုင်ရေ နိုင်ငံရေးပြည့်ဝနိုးကြားမှုဟိဖို့  လိုအပ်တေ။ ဒေအတွက် အမျိုးသားနိုင်ငံရေးခံယူချက်ခို င်ခန့် မှု အနစ်နာခံချင်စိတ်နန့်  ဂေါင်းဆောင်မှုအရည်အချင်းစွမ်းရ ည်ဟိရေ နိုင်ငံရေးမျိုးဆက်သစ်တရပ်ကို ပြုစုပျိုးထောင်ပီးဖို့  အရေးတကြီးလိုအပ်ပါလတ်တေ။
လက်ဟိရခိုင်နိုင်ငံရေး လူမှုရေးနယ်ပယ်တိထဲမှာ ဟိနိန်ကတ်တေ နိုင်ငံရေးပါတီ၊တော်လှန်ရေးပါတီ ၊ လူမှုရေး၊ သာရေးနာရေး၊ လူ့  အခွင့်အရေး၊ အလုပ်သမားရေးရာ၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊မီဒီယာ စရေ
အဖွဲ့  အစည်းတိအားလုံးက သူရို့ ပါတီအဖွဲ့ အစည်းတိကို စနစ်တကျပြုပြင်ပြောင်းပနာ လုပ်ဆောင်နိုင်မှုစွမ်းရည်ကို မြှင့်တင်လားသင့်ရေ။ အဖွဲ့ အစည်းပါတီတိကို ခေတ်မှီပုံစံဖွဲ့ စည်းပနာ အလုပ်လုပ်ကိုင်နိုင်စွမ်းကို ဇောင်းပီးလားခါမှရာ ရခိုင်လူ့ ဘောင်အတွက် အကျိုးရလဒ်ကောင်းကို ပီးလာနိုင်ဖို့ ။ သုညနန့် သုညပေါင်းကေ သုညရာရလို့  သုညနန့်  သုညကြားမှာ ညီညွတ်ရေးလားတည်ဆောက်ကေ တခုအဖြေကောင်းလေ့ ထွက်လာဖို့  မဟုတ်စွာက သေချာရေ။
လေးငါးခြောက်ယောက်နန့် အဖွဲ့ အစည်းတိဖွဲ့  ယေပြီးကေ ဥက္ကဌ အတွင်းရေးမှူးနိန်ရာတိကိုယူပနာ ဥက္ကဌအတွင်းရေးမှူးတိနန့် တူရေ အလုပ်တိစီမံခန့် ခွဲမှုအုပ်ချူပ်ရေးပညာ ဂေါင်းဆောင်မှုအရည်အချင်းတိမဟိက တ်ကေ ဒေပိုင်ဥက္ကဌ အတွင်းရေးမှူးတိကို ညီညွတ်ရေးလားတည်ဆောက်ပီးနိန်လို့  အပိုရာဖြစ်လာဖို့ ။
ယင်းအတွက်နန့်  ဒေနိန့် ကာလ ရခိုင်သားတိရင်ဆိုင်နိန်ကတ်ရစွာ ရေ ညီညွတ်ရေးကင်းမဲ့နိန်ရေ ပြဿနာမဟုတ်။ လူသားအရင်းအမြစ် လူစွမ်းလူစရှားပါးနိန်ရေ ပြဿနာရာဖြစ်တေ။ အမြင်ကျယ်ရေ အရည်အချင်းဟိရေ အမျိုးသားနိုင်ငံရေးအတွက် အနစ်နာခံပနာလုပ်ချင်ရေ စေတနာခံယူချက်မှန်ရေ နိုင်ငံရေးသမားကောင်းတိပေါ်လာကေ အချိန်မရွီး ညီညွတ်ရေးကို တည်ဆောက်လို့ ရနိုင်ရေပိုင် ဒေပိုင်တည်ဆောက်လိုက်တေညီညွတ်ရေးကလေ့ ရေရှည်တည်တံ့ပနာ အမျိုးသားလွတ်မြောက်ရေးကို လက်တွိကျကျအကောင်အထည်ဖော်နိုင်ေ ရ အင်အားသစ်ဖြစ်လာဖို့ ။
အဂုကာလကတော့ကေ ဗမာစစ်အုပ်စုက စနစ်တကျမှိုင်းတိုက်ပြီးကေ စိတ်ပိုင်းဆိုင်ရာ အတွေး အခေါ်အယူအဆပိုင်းဆိုင်ရာတိ ပျက်စီးလားအောင် ၀ါဒဖြန့် ချီရေးလုပ်ထားလို့  ရခိုင်လူ့ အဖွဲ့ အစည်းထဲမှာ နိုင်ငံရေးအမြင်တိဆိတ်သုဉ်းပြီး ကေ ကိုယ်လွတ်ရုန်းတတ်တေအချောင်သမား စိတ်
နန့် အပြင်လူဝါဒတိ ထွန်းကားနိန်စွာကို တွိရရေ။ အချင်းချင်းလေးစားတန်ဖိုးထားခြင်းတိ ပျောက်ရှပနာ နိုင်ငံရေးကို အထင်အမြင်သေးပြီးကေ ဗမာကိုအထင်ကြီးကြောက်တေအကျင့်စရိုက်ဆိုးတိ ရခိုင်ရို့ လူ့ ဘောင်မှာ မြင်တွိလာရခြင်းက ရခိုင်လူမျိုး ဗမာကိုလိုနီကျွန်ဘ၀နန့် မျိုးတုံးပျောက်ကွယ်လားဖို့  အချက်ပြအန္တရာယ်ခေါင်းလောင်းတီြး ပနိန်ပိုင်ဖြစ်နိန်ရေ။
လူစွမ်းလူစပျောက် လူညွန့် တုံးပြီးကေ ကိုယ်စွမ်းကိုယ်စတိ နည်းပါးနိန်ရခြင်း၏အကျိုးဆက်က ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတိကြီး ထွားလာပြီးကေ ရခိုင်အချင်းချင်းကြားမှာ နိုင်ငံရေးအရညီညွတ်မှုကို တည်ဆောက်ဖို့  ခက်ခဲလာပနာ ကိုယ်ရို့ ထက် နိုင်ငံရေး ယိုင်ကျေးမှု သမိုင်းပုံရိပ်တိ နိမ့်ပါးရေ လူမျိုးတိကပါ အထင်အမြင်သေး စော်ကားနိမ့်ချဆက်ဆံလာကတ်စွာကို မြင်တွိလာကတ်ရရေ။
ရခိုင်ရို့ နိုင်ငံရေးတန်ဖိုး ရခိုင်ရို့ နိုင်ငံရေးသိက္ခာ ရခိုင်ရို့ နိုင်ငံရေးသမာဓိကို တည်ဆောက်မြှင့် တင်လားနိုင်ခါမှရာ ရခိုင်ရို့  လိုလားတောင့်တတိုက်ပွဲဝင်နိန်ရေ နိုင်ငံရေးအခွင့်အရေးနန့် အမျိုးသား ကိုယ်ပိုင်ပြဌါန်းခွင့်ကို ရလာဖို့ ပင်ဖြစ်တေ။ ရေရှည်အမြင်နန့် နိုင်ငံရေးမျိုးဆက်သစ် တရပ်မွီးထုတ်နိုင်အောင်ကြိုးပမ်းကတ်ခြင်းက လက်တွိကျရေညီညွတ်ရေးကိုတည်ဆောက် ဖို့ ဆောင် ရွက်ခြင်းဖြစ်တေပိုင် တမျိုးသားလုံးလွတ်မြောက်ရေးခရီး ကိုလားဖို့  ခြီလှမ်းစလိုက်ခြင်းပင် ဖြစ်တေလို့  ယုံကြည်ရေ။ ။
ခိုင်အောင်အောင်
Tags:
ပင်မစာမျက်နှာ
,
အတွီးစချေတိ