You Are Here: Home - ပင်မစာမျက်နှာ , အတွီးစချေတိ , ဆောင်းပါး - အုပ်စုဆွေးနွေးချက်များ Group Discussions

စံတန်ဖိုးများကို ရှင်းလင်းရန်နှင့် ပုဂ္ဂလ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဤနည်းကို အသုံးပြုနိုင် ပါသည်။ အဓိက သင်ကြားခြင်းနည်းနာ အနေဖြင့် ဆရာ-ကျောင်းသားနှင့် ကျောင်းသား-ကျောင်းသား အချင်းချင်း ဆွေးနွေးခြင်း၊ တင်ပြခြင်းများကို အသုံးပြုသည်။ ကျောင်းသူ ကျောင်းသားများ၏ အယူ အဆများ၊ စဉ်းစားတွေးတောချက်များ၊ မိမိတို့၏ အမြင်သဘောထားများနှင့် ယုံကြည်မှုတို့ကို တင်ပြခြင်းများ၊ ဉာဏ်ဖွင့် ဆွေးနွေးခြင်းများနှင့် လူမှုဆက်ဆံရေးစွမ်းရည် ဖွံ့ဖြိုးစေခြင်းများအတွက် ကလေးများ ကိုယ်တိုင်ကိုယ်ကျ စာသင်ခန်းအတွင်း အုပ်စုဆွေးနွေးပွဲများတွင် ထဲထဲဝင်ဝင် ပါဝင် စေသင့်ပါသည်။ ဝေဘန်ပိုင်းခြား၍ ဆန်းစစ် စဉ်းစားခြင်းစွမ်းရည် critical thinking ကို ဖွံ့ဖြိုးစေခြင်း အပြင် မိမိတို့၏ ကိုယ်ပိုင် အယူအဆများကို ဓမ္မဓိဌာန်ကျကျ ခွဲခြမ်းစိတ်ဖြာ၍ လေ့လာခွင့် ရရှိသည့်အတွက် အမြင်သဘောထားများ ပြောင်းလဲခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။ အကြောင်း အရာအလိုက် အတန်းဖော်သူငယ်ချင်းများ၏ ထင်မြင်ယူဆချက်များ၊ သဘောထားများကို နားထောင် ခွင့်ရရှိခြင်းကြောင့်လည်း နှိုင်းယှဉ်လေ့လာချက်များဖြင့် မိမိတို့၏ ကိုယ်ပိုင် ယူဆချက်များ၏ လိုအပ် ချက်များ၊ အားနည်းချက်များ၊ အားသာချက်များ၊ မပြည့်စုံမှုများကို ပိုမိုသိရှိစေပါသည်။ အုပ်စုဖွဲ့ ဆွေးနွေးခြင်းများကို သုတေသနပြု လေ့လာ တွေ့ရှိချက်များအရ စံတန်ဖိုးများကို ဖွင့်ဆို ရှင်းလင်း ရန်နှင့် စာရိတ္တ၊ နီတိပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ထိရောက်သည့် သင်နည်းတစ်ခု ဖြစ်ကြောင်း ထောက်ပြ ထားကြပါသည်။ ကလေးများ၏ ဆက်ဆံရေးနှင့် လူမှုရေးစွမ်းရည်များ ဖွံ့ဖြိုး စေရန် လွန်စွာ အသုံးဝင်သည့် သင်ကြားနည်းလည်း ဖြစ်သည်။
Ko Tun
 
Blogger Widgets