You Are Here:
Home -
ပင်မစာမျက်နှာ
,
အတွီးစချေတိ
-
ကျွန်တော်တွေးကြည့်သော အတွင်းနံရံများ
ကျွန်တော်တွေးကြည့်သော အတွင်းနံရံများ
Posted by Unknown on 7:32 AM //
ကျွန်တော်တွေးကြည့်သည်။ တွေးယင်းတွေးယင်း ရီးကြည့်ချင်လာသည်။ တင်ပြချင်လာသည်။ ယင်းကား အခြားမဟုတ်၊ တရားနှင့်အား၊ လက်တွိနှင့် သဘောတရားကွာခြားမှု၊ စွန့်စားသူနှင့် တွေဝေသူများအကြောင်းပင်ဖြစ်သည်။
လူ့ဘ၀သည် အူဝဲလို့ငိုကြွေးပြီး မွီးဖွါးလာကတည်းကပင် တခုတည်းသောသေချာမှုသည် သီခြင်းတရားပင်ဖြစ်ပါသည်။ မွီးခြင်းနှင့် သီခြင်းတွင် မွီးခြင်းသည်ပင်လျှင် မသေချာ၊ အသီမွီးသူများလည်း ဟိကြပါသည်။ ထိုတခုတည်းသော သီခြင်းတရားကို မိမိ၏တိုင်းပြည်နှင့် လူမျိုးအတွက် ဖြစ်လျှင်မြတ်သည်ဟုဆိုသည်။(လောကနိတိ) ကျွန်တော်အချေခါက ကျူးဘားတော်လှန်ရေးအကြောင်းကို ဖတ်ဖူးပါသည်။ ကတ်စထရိုခေါင်းဆောင်သော ကျူးဘားတော်လှန်ရေးသမားများသည် အမေရိကန်လက်ကိုင်တုတ် ဘာတေစတာ ကျူးဘားရုပ်သေးအစိုးရကို တော်လှန်သည်။ ကတ်စထရိုနှင့်တကွ သူ၏ရဲဘော်ရဲဘက်များ အဖမ်းခံရသည်။ တချို့သီသည်။ သည်မှာပင် ကတ်စထရိုက အမှန်တရားကို ရဲဝံ့ပြောင်မြောက်စွာ ဖေါ်ထုတ်ပြခဲ့သည်။ အစိုးရတရားခံဖြစ်လားသည်။(ကတ်စထရို၏ ကမ္ဘာကျော် လျှောက်လဲချက်များ) သို့သော် တရားမဟိသော အစိုးရသည် ကတ်စထရိုနှင့်တကွ သူ၏ရဲဘော်ရဲဘက်များကို ထောင်ဒါဏ်ချမှတ်ခဲ့သည်။ ထောင်မှထွက်လာပြီးလျှင် မျက်စိဒေါက်ထောက်ကြည့်နိန်သော ထောက်လှန့်ရေးများကြားမှာပင် ပြည်ပနိုင်ငံတခုသို့ ထွက်ခွါပြီး တော်လှန်ရေးအတွင်း စည်းရုံးပြင်ဆင်နိုင်ခဲ့သည်။ ထိုနိုင်ငံတွင်ဖွဲ့စည်းထူထောင်ခဲ့သော ကတ်စထရို၏ တော်လှန်ရေးတပ်ဖွဲ့ လူတရာကျော်သည် ပင်လယ်ရီကြောင်းမှလာပြီး ကျူးဘားနိုင်ငံသို့ ကမ်းတက်ခဲ့သည်။ ထိုမှာပင် ကျူးဘားအစိုးရ၏ လီကြောင်း၊ ကြည်းကြောင်းများဖြင့် ထိုးစစ်ဆင်နွဲမှုများခံရပြီး ကတ်စထရိုနှင့်တကွ လူ၁၂-ယောက်သာ ကျန်ခဲ့သည်။ သို့သော်၁၂-ယောက်ဖြင့်စခဲ့သော ကျူးဘားတော်လှန်ရေးသည် စစ်သည်မြောက်များစွာဟိသော ကျူးဘားတပ်မတော်နှင့် အမေရိကန်လက်ကိုင်တုတ် အစိုးရကို တော်လှန်အောင်ပွဲဆင်နိုင်ခဲ့ပါသည်။ ကျွန်တော်ကျူးဘားတော်လှန်ရေးကို ဖေါက်သည်ချရခြင်းအကြောင်းသည် အခြားကြောင့်မဟုတ်ပါ။ ကျွန်တော့်ကို ရခိုင့်တော်လှန်ရေးအဖွဲ့အစည်းထဲက ဗဟိုကော်မတီအဆင့် တာဝန်ယူခဲ့သော လူတယောက်က ဒေလောက်အင်အားများပြားသော ဗမာ့တပ်မတော်ကို လက်နက်ကိုင်လမ်းစဉ်ဖြင့် တော်လှန်မည်ဆိုလျှင် ကျောက်တောင်ကို ခေါင်းနှင့်တိုက်သလို အချဉ်းနှီးသာဖြစ်ရမည်ဟု ပြောပါသည်။ ဤသည်ကိုပင်လျှင် တွေဝေသူ မစွန့်စားဝံ့သူဟု ဆိုချင်ပါသည်။ ကျူးဘားတော်လှန်ရေးကာလ မတူတော့ပြီဆိုသည်ကို ကျွန်တော်ခြွင်းချက်မဟိ လက်ခံပါသည်။ သို့သော် ဒေနိန့်ခေတ်သည်လည်း သားရွှီအိုးထမ်း၍ လာနိန်သည်ကို မြင်ချင်သည်ဟု ဆို၍ရသောခေတ်ကာလမဟုတ်ပါ။ မည်သည့်အလုပ်ပင်မဆို အရင်းအနှီးဆိုက်ရမည်။ ပီးဆပ်ရမည်သာဖြစ်ပါသည်။ လူ့လောကကြီးတွင် အလကားရသည်ဟူ၍ တခုမှမဟိပါ။ များများလိုလျှင် များများပီးဆပ်ရမည်။ ပစ္စည်းတခုကောက်ရသည်ဟုဆိုရာတွင် ငုံ့ကောက်ခြင်းအလုပ်သည် ပီးဆပ်ခြင်းတမျိုးဖြစ်ပါသည်။ အကယ်၍ ကျူးဘားခေါင်းဆောင် ကတ်စထရိုသာ ဒေလောက်အင်အားများပြားသော တပ်မတ်ာကိုတိုက်ခိုက်နိုင်မည်မဟုတ်ဟု အတွေးဝင်ခဲ့လျှင် လွတ်လပ်သော ကျူးဘားနိုင်ငံအဖြစ် ဒေနိန့်မြင်တွိရတော့မည်မဟုတ်ပါ။ သူတို့သည် စွန့်လွှတ်စွန့်စားဝံ့သူများဖြစ်ပြီး တွေဝေသူများ မဟုတ်ကြပါ။ ဘ၀နှင့်တော်လှန်ရေးကို တသားတည်းကျအောင် ပေါင်းစပ်ပြီး ဘ၀ကိုတော်လှန်ရေးအဖြစ် ပြောင်းလဲခဲ့သူများ ဖြစ်ကြကာ ငါရို့သည်ဇာကိုမှမကြောက်၊ ဇာသူ့ကိုမှမကြောက်ဟု ကြွေးကြော်ခဲ့သူများ ဖြစ်ကြပါသည်။ တော်လှန်ရေးမအောင်မြင်လျှင် သူတို့သည် ဟိနိန်တော့မည်မဟုတ်ပါ။ အလုပ်တခုကိုလုပ်ရာ၌ ဒေအလုပ်မအောင်မြင်ခဲ့သည်ဟိသော်ဟု အတွေးဝင်လျှင် မလုပ်ဘဲနိန်ခြင်းသည်သာ အကောင်းဆုံးဖြစ်မည်ဟု ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအလုပ်၌ယုံကြည်မှု အပြည့်မဟိသောကြောင့် ဖြစ်ပါသည်။ လုပ်လျှင်လည်း ထိုသူသည် အောင်မြင်မှုရလိမ့်မည်မဟုတ်ပါ။ အောင်မြင်မှုတိုင်းသည် စွန့်လွှတ်စွန့်စားသူများ အတွက်သာဖြစ်ပါသည်။ တော်လှန်ရေးဆိုသည်မှာ(မိမိကိုဗိုလ်ကျသော၊ ဖနှိပ်သော၊ စော်ကားသော) မိမိနိုင်ငံတော်ကို ကျူးကျော်သိမ်းပိုက်ပြီး မိမိလူမျိုးအပေါ် မတရားကျွန်ပြုခြင်းကို ရင်ဆိုင်တွန်းလှန် ဖယ်ယှားခြင်းဟု ဆိုချင်သည်။ မိမိထက်အင်အားကြီးသော နိုင်ငံကိုကျူးကျော်၍မရသလို မိမိနှင့်အင်အားတူသောနိုင်ငံကိုလည်း ကျူးကျော်ကျွန်ပြုဖို့ မလွယ်ကူပါ။(သို့သော် စည်းလုံးညီညွတ်မှုပြိကွဲသောနိုင်ငံသည်(လူမျိုးသည်) မည်သည့်နိုင်ငံကိုမှ ခုခံနိုင်စွမ်းဟိမည်မဟုတ်ပါ။) မိမိထက်အားနည်းသည်ကို တော်လှန်သည်ဆို၍ မရသလို တော်လှန်ရေးသမားသည်လည်း အင်အားကြီးသူများနှင့်သာ တိုက်ခိုက်ရမည်ဖြစ်ပါသည်။ ဒေနိန့် ရခိုင့်တော်လှန်ရေးသမားတချို့သည် လွတ်လပ်သောရခိုင်နိုင်ငံတော်ကိုလည်း ကြောက်လန့်နိန်ကြသည်။ ရှည်လျားသော စိတ်ကူးယဉ်အိပ်မက်များကို ထွေးပိုက်ပြီး လက်တွိမဆန်သော နိုင်ငံရေးသီအိုရီများကိုချပြကာ လီကန်ကြသည်။ မိမိသည်တော်လှန်ရေးအတွက်လား၊ တော်လှန်ရေးသည် မိမိအတွက်လား ဆိုသည်ကို အဖြေမပီးနိုင်သူများ ဟိသလို တော်လှန်ရေးကို မိမိအတွက်ဖန်တီးသူများလည်း ဟိကြပါသည်။(လွတ်လပ်ရေးကို ရယူချင်သည်ဟုပြောပြီး တော်လှန်ရေးနှင့်တူသောအလုပ်ကို မလုပ်လျှင် ရွှီပြည်တော်မျှော်လီတိုင်း ၀ီးရုံသာမက နောက်ဆုံး လူမျိုးပါပျောက်ရမည်မှာ သေချာနိန်ပါသည်။) တချို့ကဆိုလျှင် ခေတ်ပေါ်နိုင်ငံရေး ၀ါးဟာရများကို ကျမှတ်ပြီး သာလိကာတကောင်ပိုင် အလွတ်ရွတ်ပြတတ်သည်ကို ဂုဏ်ယူကြွားဝါနိန်ကြပြီး လက်တွိတွင် မည်သို့ကျင့်ကြံ၊ လုပ်ဆောင်ရမည်ကို နားမလည်ကြပါ။ လက်တွိနှင့် သဘောတရားများကို ပေါင်းစပ်ပြီး စည်းလုံးညီညွတ်မှုအင်အားဖြင့် အကောင်အထည်မဖေါ်ဆောင်နိုင်ခဲ့ကြလျှင် ထိုတော်လှန်ရေးသည် ဘယ်သောအခါမှ အောင်ပွဲဆင်နိုင်မည်မဟုတ်သလို သဘောတရားတခုတည်းကို ကိုင်ဆောင်ပြီး ချီတက်နိန်သော အဖွဲ့အစည်းသည် အမြုံနှင့်တူပြီး လက်တွိသက်သက်ဖြင့် ချီတက်နိန်သော အဖွဲ့အစည်းသည်လည်း အကန်းနှင့်တူပါသည်။ ပြောခါတော့ တိုင်းပြည်နှင့်လူမျိုးအပေါ် သူချစ်သည်၊ ငါချစ်သည်ဟု ပြိုင်ဆိုပြောဆိုကြသည်။ အဂင့်ဂင့်လက်တွိတွင်ကား တိုင်းပြည်အတွက် အလုပ်အကျွေးပြုရမည်၊ ဘ၀နှင့်အသက်ကိုပီးဆပ်ရမည်ဟု ဆိုသောအခါ ထိုအချစ်တို့သည် နီလာနှင့်ပျောက်သလို ပျောက်တတ်ပြီး မိမိအသက်နှင့် ဘ၀ကို မြတ်နိုးသူများက ပိုများပါသည်။(ဥပမာ-အိမ်တလုံးဆောက်မည်ဆိုလျှင် ထိုအိမ်၏ပုံစံသဘောကို စက္ကူတွင်ရီးဆွဲရမည်။ ပြီးလျှင် ဆောက်လုပ်မည့်နိန်ရာကို တောယှင်းရမည်။ မြီညှိရမည်၊ ပြီးမှ ဘိလပ်မြီ၊ သစ်၊ အုတ်၊ ကျောက်၊တို့ဖြင့် လက်တွိဆောက်လုပ်ပြီးမှ လူနိန်ထိုင်သော အိမ်တဆောင်အဖြစ်ကို ရောက်ဟိမည်ဖြစ်ပါသည်။ ထိုသို့မဟုတ်ဘဲ စိတ်ကူးယဉ်ဖြင့်သာ ပြီးပြည့်စုံနိန်လျှင် ထိုလူသည်ဘယ်သောအခါမှ အိမ်နှင့်ယာနှင့် နိန်နိုင်လိမ့်မည်မဟုတ်ပါ။ ဒေနိန့်မြန်မာနိုင်ငံ၌ လူမျိုးတိုင်းလူမျိုးတိုင်းတွင် တော်လှန်ရေးဟိသည်။ ထိုအထဲတွင် ရခိုင့်တော်လှန်ရေးသည် သူများနှင့်မတူပါ။ ရခိုင်တမျိုးသားလုံး၏ ရင်ထဲတွင် ရခိုင်နိုင်ငံတော်ကို မတရားကျူးကျော်သိမ်းပိုက်ပြီး ကျွန်ပြုထားသည်ဟု ခံယူထားကြသည်။ ထို့ကြောင့် ရခိုင်အချုပ်အခြာအာဏာကို ပြန်လည်ရဟိရေးအတွက် ရခိုင့်လွတ်လပ်ရေးဟူသော ကြွေးကြော်သံဖြင့် တော်လှန်သည်။ သို့သော် ရခိုင့်တော်လှန်ရေးသမားများသည် စည်းလုံးညီညွတ်မှုမဟိခြင်း၊ လက်တွိနှင့်သဘောတရားကို ပေါင်းစပ်ပြီး၊ အကောင်အထည်မဖေါ်နိုင်ခြင်းတို့ကြောင့် ရခိုင့်တော်လှန်ရေးသည် အသံသာဟိပြီး၊ အဆန်မဟိ။ ဒေမှာတော်လှန်ရေးသမားဟိပါသည်ဟု ရပ်ပြီး ပြနိုင်သောလွတ်မြောက်နိန်မြီ တကွချေတောင် အဖြစ်နှင့်ကြုံနိန်ရပါသည်။ တခြားသော အမျိုးသားများသည် တန်းတူရေးနှင့် ဖယ်ဒရယ်ဒီမိုကရေးစီပြည်ထောင်စုတည်ဆောက်ရေးဟု ကြွေးကြော်၍ တော်လှန်ကြသည်။ ယင်းအမျိုးသားတို့တွင် လက်တွိနှင့်သဘောတရားကို ပေါင်းစပ်နိုင်ကြသည်။ စည်းလုံးညီညွတ်မှုဟိသည်။ ခိုင်မာသော နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းဟိသည်။ ခိုင်မာသောလွတ်မြောက်နိန်မြီ ဟိကြသည်။ သူတို့သည်ပြောနိုင်အားဟိသည်၊ မည်သည့်အခါတွင်မဆို မိမိကံကြမ္မာကို မိမိတို့ဖန်တီးနိုင်ဖို့ အသင့်အနိန်အထားတွင်ဟိကြပါသည်။ ဒေနိန့်ခေတ်ရီစီးကြောင်းသည် တတိယလှိုင်း၊ နည်းပညာခေတ်ဟု ပြောသည်။ သို့သော် ထိုခေတ်ရီစီးကြောင်းတို့သည် သမိုင်းကြောင်းကို မည်သို့မျှ မပြောင်းလဲနိုင်ဟု ကျွန်တော်ထင်ပါသည်။ ကမ္ဘာတွင် လူ့အခွင့်အရေးကို လေးစားလိုက်နာသည့် ပြည်သူ့ဆန္ဒကို လိုက်နာသည့်၊ အဖက်ဖက်က အင်အားကြီးမားသော အမေရိကန်နိုင်ငံသည် အာဖာဂန်နစ္စတန်နိုင်ငံကိုလည်းကောင်း၊ အီရတ်ကိုသော်လည်းကောင်း၊ စစ်ရေးဖြင့် အင်အားသုံးပြီးဖြီယှင်းခဲ့သည်။ အထူးသဖြင့် အီရတ်ကို ကျူးကျော်တိုက်ခိုက်စဉ်က ကမ္ဘာတ၀ှမ်းဟိ လူသန်းပေါင်းမြောက်များစွာ ဆန့်ကျင်ဆန္ဒပြကြသည်ကို မျက်ကွယ်ပြုပြီး အီရတ်နိုင်ငံ၏အချုပ်အခြာအာဏာကို အင်အားဖြင့် ကျူးကျော်သိမ်းပိုက်ခဲ့သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် တရားသည်အားဟိရာတွင် တည့်တံ့ခိုင်မြဲရသည်ဟု ဆိုချင်ပါသည်။ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးစကားလုံးများကို လှပစွာပြောဆိုတတ်ပြီး အင်အားဖြင့်ခြိမ်းခြောက်နိန်သူများ ဟိပါသည်။ ဒေနိန့်နအဖသည်လည်း ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟူသော စကားလုံးများကို ချိုးသာစွာပြောဆိုပြီး လက်နက်အားကိုးဖြင့် အနိုင်ကျင့်၊ ဗိုလ်ကျ၊ စိုးမိုးနိန်သည်ကို မျက်ဝါးထင်ထင် ထိတွိခံစားနိန်ကြရသည်မှာ အားလုံးအသိပင်ဖြစ်သည်။ ကျွန်တော်တို့ ရခိုင်အမျိုးများတွင် အားဆို၍ မျိုးချစ်စိတ်သာဟိသည်။ ထိုမျိုးချစ်စိတ်သည်လည်း ကောက်ရိုးမီးပိုင် တောက်တချက် မတောက်တချက် အတ္တနှင့် ခါးရိုက်ခတ်၍လည်းကောင်း၊ သူတဗိုလ်ငါတမင်း စနစ်တွငလည်းကောင်း၊ ကွယ်ပျောက်ကျဆင်းလာခဲ့ပြီး ဖြစ်ပါသည်။ ကျွန်တော်တို့သည် အနာဂတ်ရခိုင်နိုင်ငံတော်ကို ထူထောင်ချင်သည်ဆိုလျှင် လွတ်လပ်ရေးကို အရယူရမည်ဖြစ်သည်။ လွတ်လပ်ရေးရဟိရေးအတွက် ရန်သူနှင့်ယဉ်ပြိုင်နိုင်သော အင်အားဟိဖို့လိုပါသည်။ နည်းပညာအင်အားသညလည်းကောင်း၊ ခိုင်မာသောခေါင်းဆောင်မှုအင်အားသည်လည်းကောင်း၊ စည်းကမ်းနှင့်အမိန့်အာဏာကို လိုက်နာသော တပ်မတော်အင်အားသည်လည်းကောင်း၊ ဟိဖို့လိုအပ်ပါသည်။ ထိုအင်အားများသည် စည်းလုံးညီညွတ်မှုလက်အောက်တွင်သာ ဟိသည်။ တရားဟိသောသူကို တရားဖြင့်ငြိမ်းချမ်းစွာ ရင်ဆိုင်ဖြီယှင်းခြင်းသည် သဘာဝကျ၏။ လက်နက်အားကိုဖြင့် ဖိနှိပ်ကျူးကျော်သိမ်းပိုက်ပြီး ကျွန်ပြုထားသူများကို တရားဖြင့်ရင်ဆိုင် ဖြေယှင်းကြမည်ဆိုလျှင် ထိုတော်လှန်ရေးသည် သဘာဝလွန်တော်လှန်ရေး ဖြစ်ပါလိမ္မည်။ ၂၁-ရာစု၏ အဖွင့်ကာလတွင် အရှိတီမောနိုင်ငံသည် လွတ်လပ်ရေးရခဲ့၏။ တရားသောမဲဆန္ဒခံယူပွဲမှ လွတ်လပ်ရေး ရခဲ့သည်ဆိုသော်လည်း ယင်းတရားသောနည်းဖြင့် မဖြေယှင်းနိုင်မီ နိုင်ငံရေးအတွက် အားဖြင့်ရင်ဆိုင်ခဲ့ရပါသည်။ ထိုသို့ အားကိုအားချင်းရင်ဆိုင်ခဲ့ရာတွင် အရှိတီမောလူဦးရေ သုံးပုံတပုံခန့် သီကြီပျက်စီးခဲ့ရသည်။ အရှိတီမော တော်လှန်ရေးတပ်မတော်မှလည်း စစ်သည်တော်အမြောက်အများသည် အင်ဒိုနီးယှားစစ်တပ်၏ ထိုးစစ်တွင် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စတေးခဲ့ကြရပါသည်။ ဗုဒ္ဓဘုရားသျှင်သည် လူမိုက်ကြီးအင်္ဂလိမာလကို တန်းခိုးအာနုဘော်ဖြင့် ယှဉ်ပြိုင်ပြီးမှ တရားရီအီးတိုက်ကျွေးခဲ့သည်မဟုတ်ပါလား။ အကယ်၍ ဗုဒ္ဓသည် အင်္ဂလိမာလ လက်ညှိုးဖြတ်ရန် ပြီးလွှားချဉ်းကပ်လာချိန်တွင် မိမိ၏တန်းခိုးတော်ကိုမသုံးဘဲ ဒေအတိုင်းရပ်နိန်မေဆိုလျှင် ဗုဒ္ဓ၏လက်ညှိုးတချောင်းသည် အင်္ဂလိမာလကို ပီးစွန့်လိုက်ရမည်မှာ သေချာနိန်ပေသည်။ အင်္ဂလိမာလသည် မည်သို့မှဗုဒ္ဓကိုယှဉ်ပြိုင်၍မရသောအခါမှ ဒူးထောက်ခဲ့ရခြင်းဖြစ်ပါသည်။ ဒေနိန့် ရခိုင့်တော်လှန်ရေးသမားများသည်လည်းကောင်း၊ တတ်သိပညာသျှင်များသည်လည်းကောင်း၊ မျိုးချစ်ပြည်ချစ် ရခိုင်ပြည်သူများသည်လည်းကောင်း၊ တိုင်းပြည်နှင့်လူမျိုးကို အမှန်တကယ်လွတ်လပ်စီချင်သည်ဆိုလျှင် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး စည်းလုံးညီညွတ်မှုမဏ္ဍိုင်ဖြင့် အင်အားတရပ်ကို မဖြစ်မနိန်တည်ဆောက်လားရမည်ဖြစ်သည်။ မိမိ၏ရန်သူကို တရားချင်းသည်လည်းကောင်း အားချင်းသည်လည်းကောင်း၊ ပညာချင်းသည်လည်းကောင်း၊ ယှဉ်ပြိုင်နိုင်စွမ်းမဟိသိဆိုလျှင် ကျွန်တော်တို့အတွက် အနာဂတ်ဆိုသည်မှာ ဟိမှဟိနိုင်ပါမည်လားဟု တွေးကြည့်မိပါသည်။
ပုဏ္ဏားကျွန်း(ဇူးဝေ)