You Are Here: Home - ပင်မစာမျက်နှာ , အတွီးစချေတိ - ဒုက္ခလေလား သုက္ခလေလား

 
ဒုက္ခလေလား သုက္ခလေလား ဒေနိန့်ရခိုင်ကမ်းလွန် ဘင်္ဂလားပင်လယ်ပြင်၌ ထွက်ဟိနိန်သော ဂတ်စ်ပမာဏသည် အ လွန်များပြားပြီးဂတ်စ်ကျင်း၇-ခုဟိသည့်အနက် ဂတ်စ်ကျင်းA-1တခုတည်းမှာတောင် တနှစ်လျှင်အမေရိကန်ဒေါ်လာ သန်း၈၀၀-မှ၃၀၀၀-ထိ အမြတ်အစွမ်း ရဟိနိုင်လိမ့်မေဟု ခန့်မှန်းထားကြပါသည်။ ၎င်းပြင် ရမ်းဗြဲကျွန်းဟိ ရီနံမြီများကို ခေတ်မှီစက်ကြီးများဖြင့်တူးဖေါ်ဖု့ မြန်မာစစ်အစိုးရသည် တရုပ်အစိုးရနှင့် လက်မှတ်ရီးထိုးထားပြီးဖြစ်သည်။(ယ္ခင်က ဤရီနံမြီများ၌ လက်ယက်တွင်းများတူးဖေါ်လျှက် အသက်မွီးဝမ်းကျောင်း ပြုလုပ်နိန်ခဲ့ကြသော ဒေသခံများမှာ စားဝတ်နိန်ရေးအတွက် များစွာအခက်ခဲကြုံနိန်ကြရသည်။)ဤမြီ၌ လက်ယက်တွင်းများမှတောင် ရီနံအတော်အသင့်ထွက်ဟိနိန်သည်ကို တွိဟိရ၍ ခေတ်မှီစက်ကြီးများဖြင့်သာ ရီနံများကို စနစ်တကျတူးဖေါ်မည်ဆိုပါက ဂတ်စ်နည်းတူ ရီနံအမြောက်အများကိုလည်း တွိနိုင်ဖွယ်ဟိပါသည်။ ဤရီနံနန့် သဘာဝဓာတ်ငွိသိုက်များမှ ရဟိလာမည့် အကျိုးအမြတ်များဖြင့် မွဲပြာကျနိန်သော ရခိုင်လူထုအပါအ၀င် မြန်မာတနိုင်ငံလုံးဟိ လူထုဘ၀မြှင့်တင်ရေး လုပ်ငန်းများကို စနစ်တကျလုပ်ဆောင်ပီးမည်ဆိုပါက လူမှုဘ၀မြှင့်တက်လာနိုင်ပါသည်။ သို့သော်ဤရီနံနှင့် သဘာဝဓာတ်ငွိမှရဟိလာမည့် အကျိုးအမြတ်များကို စစ်ခေါင်းဆောင်များက ပြည်သူများ၏ဘ၀ကို မြှင်တင်ဖို့မကြိုးစားဘဲ လက်နက်ခဲယမ်းများကို ၀ယ်ယူကာ အာဏာကိုဆက်လက်ဆုပ်ကိုင်လျှက် ဖိနှိပ်၊ ညှင်းပမ်း၊ ရက်စက်ဦးမည်ဆိုပါက မြန်မာပြည်သူများသည် ဒုက္ခပင်လယ်ဝေကိန်းနှင့် မလွဲမသွေရင်ဆိုင်ရဦးမည်ဖြစ်သည်။ ရခိုင်မြန်မာပဏ္ဍိတ် အဖိုးဦးသာထွန်းက ရခိုင်ပြည်သူများလွတ်မြောက်ပါက ရခိုင်ပြည်သူများဒုက္ခရောက်မည်ကို မစိုးရိမ်ကြပါနှင့်။ ရခိုင်မြီအောက်၌ ရခိုင်ဘုရင်များမြှုပ်နှံထားခဲ့သော ရတနာသိုက်အမြောက်အများဟိပါသည်ဟု ပြောပြဖူးပါသည်။ တိုင်းပြည်ကိုအုပ်ချုပ်သော စစ်အာဏာသျှင်အဆက်ဆက်ကလည်း ရှီးရခိုင်သမိုင်းမှတ်တမ်းမှတ်ရာများကို ဖတ်ရှုပြီး ရတာနာသိုက်ကိုတွိလိုတွိငြား ဇာတီပုထိုးများ၊ ရှိဟောင်းအဆောက်အအုံများကို ဖြိုဖျက်တူးဖေါ်ခဲ့ကြပါသည်။ သက်သီအထောက်အထားပြပါဟုဆိုလျှင်၁၉၈၈-ခုလူထုအရေးတော်ပုံကြီးမတိုင်မှီ မြောက်ဦးမြို့ဟိ သကျမာန်အောင်စေတီတော်ကို တူးဖေါ်ခဲ့ပါသည်။ ညည့်အချိန်ဆိုလျှင် ကြောက်လန့်တုန်လှုပ်ချောက်ယှား၍ စစ်သားအချင်းချင်း တယောက်ကိုတယောက်ပစ်ခတ်ခြင်း၊ မြီတူးကုလားများ ၀မ်းချော၍သီခြင်း၊ မြီးတူးနိန်ရာမှကြောက်လန့်၍ အမျိုးမျိုးအော်ဟစ်ထွက်ပြီးကြခြင်းများကို ကြုံခဲ့ကြရပါသည်။ စစ်အာဏာသျှင်များအနိန်ဖြင့် ရတနာသိုက်များကိုမတွိရခင်၈၊၈၊၈၈ လူထုအရေးတော်ပုံကြီးကို ရင်ဆိုင်ခဲ့ရပြီး သကျမာန်အောင်စေတီတော်တူးဖေါ်ရေးလုပ်ငန်းကို လုံးဝအပြီးပိုင် ရပ်ဆိုင်းပစ်ခဲ့ရပါသည်။ ၁၉၈၈-ခုနှစ်ကမိမိသည်ရခိုင်ပြည်စစ်တွေမြို့၌ဒသမတန်း(၁၀)တန်း၌ ပညာသင်ကြားခဲ့စဉ်က ရူပဗေဒနှင့် ဓာတုဗေဒကျူသျှင်ဆရာတဦးက မယုံကြည်နိုင်လောက်စရာ အကြောင်းအရာတခုကိုပြောဖူးသည်။ ခုနှစ်သက္ကရာဇ်ကိုတော့ခါ အတိအကျမမှတ်မိတော့ပါ။ အကြောင်းအရာကိုမှတ်မိနိန်၍ အများသိအောင်ဖလှယ်ပါရစီ။ မြန်မာစစ်အစိုးရနှင့် မလေးယှားအစိုးရတို့သည် ကမ်းလွန်ရီလွန်နှင့် သဘာဝဓာတ်ငွိ့ရှာဖွယ်တူးဖေါ်ရေး စီမံကိန်းတခုကို လုပ်ကိုင်ဆောင်ရွက်ဖူးသည်။ နှစ်ဦးနှစ်ဖက်သဘောတူညီချက်စာချုပ်အရ အကျိုးအမြတ်ကို၅၀-ရာခိုင်နှုန်းကျစီ မျှဝီခံစားဖို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည်။ သို့သော်စစ်တွေမြို့အနီး ရခိုင်ကမ်းလွန်ပြင်၌ သဘာဝဓာတ်ငွိ့သစ်ကြီးကိုတွိဟိသောအခါတွင်ကား မြန်မာအစိုးရက၅၀-ရာခိုင်နှုန်းအစား အကျိုးအမြတ်(၆၀-၇၅)ရာခိုင်နှုန်းကို ပီးဖို့တောင်းဆိုခဲ့လီရာ မလေးယှားနိုင်ငံကရီနံနှင့် သဘာဝဓာတ်ငွိ့တူးဖေါ်ရေးစီမံကိန်းကို ရပ်ဆိုင်းပစ်လိုက်ပြီး တွိဟိထားခဲ့သောသဘာဝဓာတ်ငွိ့တွင်းကိုလည်း ပိတ်ပစ်ခဲ့သောကြောင့် မြန်မာစစ်အစိုးရမှာ လက်ထဲကငါး လွတ်လားခရသည့်အဖြစ်နန့်ကြုံကြိုက်ခဲ့ရပါသည်။ မိမိမှာသဘာဝဓာတ်ငွိ့ဆိုသည့်ဝေါဟာရကို ပထမဆုံးအကြိမ်ကြားခဲ့ရခြင်းဖြစ်ပြီး မိမိ၏ဆရာစကားကိုလည်း ဖြစ်နိုင်ပါမလားဆိုသည့် သံသယစိတ်သာ ရင်ထဲ၌ကိမ်းအောင်းခဲ့ရပါသည်။၁၉၉၈-ခုနှစ်က ဘင်္ဂလားဒေ့ခ်ျသို့ လားရောက်ခဲ့သည့်ခရီးစဉ်တွင် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ(NUPA)မှ အထွေထွေအတွင်းရေးမှူး(၂၀၀၀-ခုနှစ်-NUPA)ညီလာခံ၌ ဒုဥက္ကဌအဖြစ်ရွီးချယ်ခံရသူ) ဦးဗစိုးအောင်က မယုံကြည်နိုင်စရာအကြောင်းအရာတခုကို ပြောပြဖူးပါသည်။ ယင်းမှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ စစ်တကောင်းဒေသ၌ နိန်ထိုင်နိန်ကြသော ဒေသခံမူဆလင်များက ဘင်္ဂလားဒေ့ခ်ျနိုင်ငံထဲ၌ အစိတ်အပိုင်းတခု ပါဝင်နိန်ရသည်မှာ သူတို့အတွက်စံနမူနာဟိသည်ဟု ထင်မြင်ယူဆကြကြောင်း၊ အကြောင်းမှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံထဲမှ စစ်တကောင်းဒေသသည် နိုင်ငံခြားကုန်သွယ်ရေးအတွက် အချက်အချာကျသော ဒေသတခုဖြစ်ပြီး သဘာဝသယံဇာတပွါးများခြင်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများမှာလည်း အခြားဒေသများထက် ကောင်းမွန်မှုဟိသည်။ သို့သော်အခြားဒေသများမှာ ပင်လယ်ထွက်ပေါက်မဟိခြင်း၊ သီးနှံစိုက်ပျိုးရေးလုပ်ငန်းများမှာလည်း ဖြစ်သင့်သလောက်မဖြစ်သင့်ကြောင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံထဲ၌ အစိတ်အပိုင်းတခုအဖြစ် ပါဝင်နိန်ရသည်မှာ နစ်နာမှုဟိသည်ဟု ထင်မြင်ယူဆကြကြောင်း။ ယင်းစစ်တကောင်းဒေသကို ခွဲထွက်ကာ သီးသန့်နိုင်ငံတခုအဖြစ် ထူထောင်ရန် ကြံစဉ်နိန်မှုများဟိနိန်ကြကြောင်း ပြောပြဖူးသည်။ မိမိမှာ ဤပြောဆိုမှုမှာလည်း ဖြစ်နိုင်ဖွယ်မဟိဟူ၍သာ သဘောထားခဲ့ပါသည်။ မြန်မာစစ်အာဏာသျှင်များက စေတီပုထိုးများနှင့် ရှိဟောင်းအဆောက်အအုံများကို ဖြိုဖျက်ပြီး ရတနာသိုက်ရှာဖွယ်ရေးမှသည် ကုန်းတွင်းပိုင်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့၌ ရီနံနှင့် သဘာဝဓာတ်ငွိ့ရှာဖွယ်ရေးဘက်သို့ ဦးတည်လုပ်ဆောင်ခဲ့ရာ မွန်ပြည်နယ်ကမ်းလွန်ဒေသဟိ ရတနာသိုက်နှင့် ရဲတံခွန်သဘာဝဓာတ်ငွိ့သိုက်၌ သဘာဝဓာတ်ငွိ့များတွိ့ဟိခဲ့သည်။ သို့သော် မြန်မာစစ်အစိုးရသည် ယင်းသဘာဝဓာတ်ငွိ့ကို ဒေသခံပြည်သူများနှင့် မြန်မာပြည်သူများအတွက် အဓိကလိုအပ်နိန်သော လျှစ်စစ်ဓာတ်အားထုတ်ယူသုံးစွဲရာ၌ အသုံးမပြုခဲ့ပေ။ ယင်းဓာတ်ငွိ့သိုက်မှထွက်ဟိသော သဘာဝဓာတ်ငွိ့ကို ထိုင်းနိုင်ငံသို့ရောင်းချခဲ့သည်။ ယင်းမွန်ပြည်နယ်မှထွက်ဟိသော သဘာဝဓာတ်ငွိ့များကို ထိုင်းနိုင်ငံသို့တင်ပို့ရန် ဓာတ်ငွိ့ပိုက်လိုင်းများ သွယ်တန်းခဲ့ရာ ဒေသခံပြည်သူများ အတင်းအဓမ္မပြောင်းရွှိခြင်း၊ အတင်းအဓမ္မလုပ်အားပီးခိုင်းစေခြင်း၊ ဒေသခံမွန်အမျိုးသမီးများကို(နအဖ)စစ်တပ်မှ စစ်သားများက မုဒိမ်းကျင့်ခြင်း၊ ဒေသခံပြည်သူများကို အပြစ်မဟိအပြစ်ရှာ၍ လုပ်ကြံသတ်ဖြတ်ခြင်းအပါအ၀င် လူ့အခွင့်ရေးမျိုးစုံကို ချိုးဖေါက်ခြင်းခံရပါသည်။ မြန်မာစစ်အစိုးရအတွက်မူကား ဓာတ်ငွိ့ရောင်းချ၍ရဟိသော ဖေသာများဖြင့် လက်နက်ခဲယမ်း မီးကျောက်များဝယ်ယူကာ ပြည်သူများကို ညှင်းပမ်းနှိပ်စက်ခြင်း၊ အတိုက်ခံပါတီနှင့် မိမိတို့ကိုယ်ပိုင်အခွင့်အရေး ရဟိရန်အတွက် လက်နက်ကိုင်တိုက်ပွဲဝင်နိန်သူများကို ဒုက္ခလှလှပီးနိုင်ခဲ့ပါသည်။ ရခိုင်ပြည်ကမ်းလွန်ပင်လယ်ပြင်၌လည်း ရီနံနှင့် သဘ၀ဓာတ်ငွိ့ ရှာဖွယ်ရေးလုပ်ငန်းများကို၂၀၀၁-ခုနှစ်မှစ၍ လုပ်ဆောင်ခဲ့ရာ၂၀၀၃-ခုနှစ်တွင် ရတနာနှင့်ရဲတံခွန်ထက် အဆက်ပေါင်းမြောက်များစွာ ပိုများသောသဘာဝဓာတ်ငွိ့ကိုA-1အကွက်၌ ရှာဖွယ်တွိ့ဟိခဲ့ပါသည်။ အကယ်၍ဤဓာတ်ငွိ့များကို နိုင်ငံခြားသို့မရောင်းချဘဲ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၌ အသုံးပြုပြီး လျှပ်စစ်ဓာတ်အားကို၂၄-နာရီပတ်လုံး ထုတ်ယူသုံးစွဲမည်ဆိုပါက မြန်မာတနိုင်ငံလုံးတွက်ဆိုလျှင် နှစ်ပေါင်း၅၀-ကျော်ထိ အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ရခိုင်ပြည်တခုတည်းအတွက်သာ အသုံးပြုမည်ဆိုလျှင် နှစ်ပေါင်းတထောင်ကျော်ထိ အသုံးပြုနိုင်မည်ဖြစ်သည်။ တချိန်ကအဖိုးဦးသာထွန်းပြောသော မြီအောက်ရတနာသိုက်ဆိုသည်မှာ ဤသဘာဝဓာတ်ငွိ့ကို ဆိုလိုခြင်းဖြစ်ပေမည်။ ထို့ပြင်၁၉၈၈-ခုနှစ်က ကျူသျှင်ဆရာပြောခဲ့သော သဘာဝဓာတ်ငွိ့ရှာဖွယ်တွိ့ဟိခဲ့သည်ဆိုသည်မှာလည်း အမှန်စကားရပ်တခုဖြစ်လာပါသည်။ ၁၃၊၃၊၂၀၀၆-ခု မိုးထက်ဘက်RFAသတင်းများထဲမှ အံ့ဩစရာသတင်းတပုဒ်ကို ကြားလိုက်ရပါသည်။ ယင်းမှာ ဂျာမတ်အူ မူဂျာဟေဒေန်(JNB)အဖွဲ့သည် ရခိုင်ပြည်မှရိုဟေန်ဂျာအဖွဲ့များနှင့်ပူးပေါင်းကာ စစ်တကောင်းဒေသနှင့် ရခိုင်ပြည်ကိုပူးပေါင်း၍(Arakan Nistan)အမည်ဖြင့် နိုင်ငံသစ်တခုထူထောင်ရန် ကြံစဉ်တိုက်ပွဲဝင်နိန်ကြကြောင်း အကြမ်းဖက်သမားခေါင်းဆောင်(ယှိတ်အာဓူလာမန်)က ဘင်္ဂလားဒေ့(ခ်ျ)ထောက်လှန့်ရေး အရာဟိတိကို ၀န်ခံပြောကြားခဲ့ပါသည်။ ရခိုင်ပြည်ဟိ မူဆလင်များအနိန်ဖြင့် ရခိုင်ပြည်ကိုသိမ်းပိုက်ကာ အာရ်ကန်နေစတန်အမည်ဖြင့် နိုင်ငံသစ်တခုထူထောင်ရန် ကြံစဉ်နိန်ကြောင်း သတင်းများကို ရခိုင်ပြည်၌ဟိနိန်စဉ်(၁၉၈၈)ခုနှစ်မတိုင်မှီကတည်းက တဆင့်စကား တဆင့်နားကြားဖူးခဲ့ပါသည်။ ဤကဲ့သို့(RFA)သတင်းမှ မိမိနားဖြင့်ကြားရသောကြောင့် ယ္ခင်ကမိမိကြားဖူးသည့် သတင်းနှင့်၁၉၉၈-ခုနှစ်က ဦးဗစိုးအောင်ပြောဖူးသော သတင်းစကားများမှာ အမှန်ဖြစ်လာသည်သာမက ရခိုင်ပြည်နှင့်စစ်တကောင်းဒေသကိုပေါင်းပြီး(Arakan Nistan)အမည်ဖြင့် နိုင်ငံသသစ်တခုထူထောင်ရန် ကြံစဉ်နိန်ကြောင်း ကြားသိရ၍ရခိုင်ပြည်သားတယောက်အနိန်ဖြင့် ယ္ခင်ကကြားသိရသည်ထက် ပိုနိန်သောကြာင့် အံ့ဩမိပါသည်။ မြန်မာနိုင်ငံသည် တရုပ်နှင့်-အိန္ဒိယနိုင်ငံတို့အကြားတွင်တည်ဟိနိန်ပြီး တရုပ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် စစ်ရေးနှင့်စီပွါးရေးပါ အားပြိုင်မှုများ ဟိနိန်သောကြာင့် စစ်ရေးမဟာဗျူဟာအတွက်လည်း အရေးပါလာပါသည်။ နိုင်ငံတကာ၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွါးရေးအရ ပိတ်ဆို့အရေးယူမှုများကို ခံနိန်ရသောကြာင့် စီးပွါးရေးနှင့် လက်နက်ဝယ်ယူတင်သွင်းမှုတွင် မြန်မာနိုင်ငံသည် အိမ်နီးချင်းတရုပ်နိုင်ငံနှင့်-အိန္ဒိယနိုင်ငံတို့အပေါ်တွင် အဓိကမှီခိုအားထားနိန်ရပါသည်။ ယင်းနိုင်ငံကြီးနှစ်ခုတို့သည် တဘက်တွင်လည်း နိုင်ငံရေးအယူဝါဒရေးရာ အားပြိုင်မှုများလည်း ဟိနိန်ပြီး မြန်မာနိုင်ငံကို တပည့်အဖြစ်မွီးစားရန် အပြိုင်အဆိုင် ဘက်ဆွယ်စည်းရုံးသိမ်းသွင်းမှုများလည်း ဟိလာနိုင်ပါသည်။ ယင်းအပြင် တရုပ်နှင့်-အိန္ဒိယနိုင်ငံတို့သည် ကမ္ဘာတွင်လူဦးရေ အများဆုံးဖြစ်ပြီး စီးပွါးရေးလည်းဖွံ့ဖြိုးတိုးတက်သောကြောင့် လျှပ်စစ်စွမ်းအင်တိုးတက်မှုသည်လည်း အလွန်များပြားလာကာ မိမိနိုင်ငံအတွင်းမှ ထွက်ဟိသော သဘာဝရင်းမြစ်များကိုအသုံးပြု၍ ရဟိသောစွမ်းအင်များဖြင့် မလောက်မငှဖြစ်လာရပါသည်။ ထို့ကြောင်း ရခိုင်ကမ်းလွန် ပင်လယ်ပြင်မှထွက်ဟိသော သဘာဝဓာတ်ငွိ့များကို ရယူပိုင်ဆိုင်နိုင်ရန်အတွက် သူ့ထက်ငါဈီးပိုပီး၍ ၀ယ်ယူမှုများဟိလာပါသည်။ ရခိုင်ပြည်ကုန်းတွင်းပိုင်းနှင့် ကမ်းလွန်ပင်ပြင်၌ ရီနံနှင့်သဘာဝဓာတ်ငွိ့ တူးဖေါ်ရေးလုပ်ငန်းများတွင်လည်း အလုအယက်ရင်းနှီးမြှုတ်နှံမှုများလည်း ဟိလာပါသည်။ သို့သော် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးအတွက်မူ ယင်းနိုင်ငံနှစ်ခုမှ မည်သည့်နိုင်ငံကမျှ အရေးတယူပံ့ပိုးလုပ်ဆောင်မှုများ မဟိသိမ့်ပေ။ ဇာသူသီသီ ငတီမာကေပြီးယာဆိုပြီးကေ ၀ိသမလောဘစိတ်ဖြင့်သာ ကိုယ့်နိုင်ငံဖွံ့ဖြိုးရေးအတွက်ကိုသာ လုပ်ဆောင်နိန်ကြသည်ကို တွိဟိရပါသည်။ အကယ်၍ တရုပ်နှင့်-အိန္ဒိယတို့၏ ပံ့ပိုးကူညီမှုမြင့် မြန်မာစစ်အာဏာသျှင်များ သက်ဆိုးရှည်နိန်အုံးမည်ဆိုပါက ရခိုင်ပြည်သူပြည်သားများသည် ယ္ခင်ကထက်ဆင်းရဲတွင်းနက်လာပြီး ညှင်းပမ်းနှိပ်စက်မှုများကိုလည်း ယ္ခင်ကထက် ခံနိုင်ရဖွယ်ဟိပါသည်။ တဘက်တွင်လည်း ရခိုင်ပြည်သည် မူဆလင်နိုင်ငံများနှင့် ဗုဒ္ဓဘာသာဝင်နိုင်ငံများအတွက်လည်း အဓိကအရေးပါအရာရောက်သော နယ်မြီတခုတည်ဟိနိန်ပါသည်။(ရှီးခေတ် ရခိုင်ဘုရင့်နိုင်ငံတော်သည် မူဆလင်တို့၏ နယ်ချဲ့ကျူးကျော်တိုက်ခိုက်မှုများကို နှဖူးတွိဒူးတွိ ရင်ဆိုင်ခုခံတိုက်ခဲ့ရသော နိုင်ငံတခုဖြစ်သည်။ အစပိုင်းတွင် မူဆလင်နယ်ချဲ့များကို အနိုင်တိုက်နိုင်ခဲ့သော်လည်းAD-16-17ရာစုတွင် ရခိုင်နယ်မြီအမြောက်အများသည် မူဆလင်နယ်ချဲ့လက်သို့ ကျရောက်ခဲ့ရသည်။(မှတ်ချက်-ယ္ခုစစ်တကောင်းဒေသ တခုလုံးမှသည် ကာလကတ္တားမြို့တည်ဟိရာ ဖဲနီမြစ်အရှိဘက်ခြမ်းထိ ရခိုင်တို့ပိုင်ဆိုင်ဖူးပါသည်။) မူဆလင်နိုင်ငံများမှ အစွမ်းရောက်မူဆလင်နိုင်ငံများက ရခိုင်ပြည်ကိုသိမ်းပိုက်ပြီး မူဆလင်နိုင်ငံတခုအဖြစ် ထူထောင်နိုင်ရန် လျှို့ဝှက်စီမံကိန်းများကို ချမှတ်ကာ ကြိုးစားအားထုတ်လာကြသည်မှာ ကြာမြင့်နိန်ပြီဖြစ်သော်လည်း၊ အာသျှတိုက်ဟိ ဗုဒ္ဓဘာသာဝင်နိုင်ငံများက ရခိုင်ပြည်ကိုဗုဒ္ဓဘာသာဝင်အများအစုနိန်ထိုင်ရာ ပြည်တပြည်အဖြစ် ဆက်လက်ရပ်တည်နိုင်အောင် နောက်မှကျားကန်ပီးမှုများ မဟိသည်သာမက မူဆလင်တို့၏နယ်ချဲ့မှုမလုပ်နိုင်အောင် ခုခံကာကွယ်နိန်ကြသော ရခိုင်လူမျိုးတို့ကိုပင် တချို့NGOအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တချို့တို့က အဆိုးမြင်ဝါဒဟိသူများ၊ အမြင်ကျဉ်းမြောင်းသူများ၊ လူ့အခွင့်အရေးကိုနားမလည်သူများဟု စွပ်စွဲနိန်မှုများလည်း ဒေနိန့်ထက်တိုင်ဟိနိန်သိမ့်သည့်။ ၂၀၀၁-ခုနှစ် စတင်ဘာလ၁၁-ရက်နိန့်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ဟိ(World Trade Centre)ကို မူဆလင်အစွမ်းရောက်ဝါဒီများက အသီခံတိုက်ခိုက်ခြင်း၊ နိုင်ငံတကာ၌ မူဆလင်အစွမ်းရောက်ဝါဒီများ၏ အန္တရာယ်ကို ကာကွယ်ရမည်ဟု သဘောပေါက်လာကြပါသည်။ မူဆလင်နိုင်ငံများနှင့် ၀ီးကွာသောနိုင်ငံများက မူဆလင်နိုင်ငံကိုစိုးရိမ်ရလျှင် မူဆလင်နိုင်ငံနှင့်နယ်စပ်ချင်းဆက်နိန်ပြီး မူဆလင်များတရားမ၀င် ၀င်ရောက်နိန်ထိုင်လျှက် နယ်မြီးချဲ့ထွင်မှုများကို ရင်ဆိုင်နိန်ရသောရခိုင်တိုင်းရင်းသားများအတွက်ကား အဘယ်မျှလောက်စိုးရိမ်စရာ၊ ရင်လီးစရာကောင်းမှာလဲ။ ယ္ခင်ကရခိုင်သားများက မူဆလင်အစွမ်းရောက်ဝါဒီများ၏ ရခိုင်ပြည်ကိုသိမ်းပိုက်ကာ မူဆလင်နိုင်ငံအဖြစ် ပြောင်းလဲပစ်ဖို့ အစီအစဉ်ကို အထောက်အထားအနိန်ဖြင့် မပြနိုင်ခဲ့သော်လည်း၊ ၁၃၊၃၊၂၀၀၆-ခုRFAသတင်းအရ အစွမ်းရောက်ဝါဒီခေါင်းဆောင် ချိတ်အဓူလာ၏ ၀န်ခံချက်မှာ ငြင်းစရာမလိုတော့ပေ။ ယ္ခင်ကရခိုင်ပြည်သည် မူဆလင်အစွမ်းရောက်ဝါဒီများအတွက် ဘာသာရေးချဲ့ထွင်မှုတွင် အတားအဆီးဖြစ်နိန်သော တံတိုင်းကို ဖြိုဖျက်ဖို့ကြိုးစားရုံသာဟိခဲ့ပါသည်။ ယ္ခုမှာကား ရခိုင်ပြည်သည် ရီနံနှင့်သဘာဝဓာတ်ငွိ့ဖြင့် ပြည့်နှက်နိန်သော ရတနာရွှေအပြည့်အဖြစ်သို့ ပြောင်းလဲရောက်ဟိလာပြီး တရုပ်နှင့်-အိန္ဒိယနိုင်ငံတို့အတွက်သာမက မူဆလင်အစွမ်းရောက်ဝါဒီများအတွက်ပါ ယ္ခင်ကထက်ပိုမိုစိတ်ဝင်စားစရာ နယ်မြီဒေသတခုအဖြစ်သို့ ပြောင်းလဲရောက်ဟိလာနိန်ပြီးဖြစ်သည်။ ၎င်းတို့၏အာသီသပေါ်တွင်မူတည်၍ ရခိုင်ပြည်ကိုသိမ်းပိုက်နိုင်ဖို့ ပိုမိုအားထုတ်လာနိုင်ဖွယ်ဟိပါသည်။ အကယ်၍ကမ္ဘာ့ကုလသမဂ္ဂနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ရခိုင်ဗုဒ္ဓဘာသာဝင်များကို ကိုယ်ချင်းစာနာစိတ်များဖြင့် မူဆလင်တို့၏ အန္တရာယ်များမှ ၀ိုင်းဝန်းကာကွယ်ပါက မူဆလင်အစွမ်းရောက်ဝါဒီများ၏ အသီခံဗုံးခွဲတိုက်ခံမှုများကို အကာကွယ်မဲ့နိန်သော ရခိုင်ပြည်သူများ ခံရနိုင်ဖွယ်ဟိပြီး ရခိုင်ပြည်သူများလည်း ပိုပြီးဒုက္ခရောက်လာနိုင်ပါသည်။ ရခိုင်ပြည်မှထွက်ဟိနိန်သော သဘာဝသယံဇာတများကို တရုပ်နှင့်-အိန္ဒိယတို့၏ အလုအယက်ဝယ်ယူနိန်မှုများကို၎င်း၊ တရုပ်နှင့်-အိန္ဒိယတို့၏ စစ်ရေး၊ စီးပွါးရေး၊ နိုင်ငံရေးအရ ပြိုင်ဆိုင်ကြရာတွင် မြန်မာနိုင်ငံကို အလုအယက်ခြီကုတ်နိန်ကြသည်ကို၎င်း၊ အမေရိကန်နိုင်ငံက လက်ဖက်ကြည့်နိန်မည်မဟုတ်ပေ။ အခြားတဘက်တွင်လည်း အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံအနိန်ဖြင့် အမေရိကန်၏အားပြိုင်ဘက် တရုပ်နှင့်-မြောက်ကိုးရီးယားနိုင်ငံတို့နှင့် ပေါင်းသင်းကာ သဘာဝဓာတ်ငွိ့များကို ရောင်းချ၍ ရဟိသောငွီကြီးတို့ဖြင့် နျူးကလီးယားနည်းပညာများကို ၀ယ်ယူဖို့ကြိုးစားနိန်သည်မှာ အမေရိကန်နိုင်ငံအတွက် စဉ်းစားစရာကိစ္စရပ်တခု ဖြစ်လာနိန်ပါသည်။ ဤကဲ့သို့အားပြိုင်ကြရာတွင် တရုပ်နှင့်-ရုယှ-မြောက်ကိုးရီးယားတို့သည် ဘက်တဘက်တည်းတွင် ဟိနိန်ပြီး မြန်မာနိုင်ငံကိုလည်း သူတို့ဘက်ထဲသို့ပါဝင်နိုင်ဖို့ ထောက်ပံ့ကူညီမှုများ ပြုလုပ်လာနိန်ကြသည်မှာ အိန္ဒိယနှင့်အမေရိကန်နိုင်ငံတို့အတွက် ရင်လီးစရာကိစ္စတခုဖြစ်လာနိန်သောကြောင့် အမေရိကန်နိုင်ငံနှင့်-အိန္ဒိယနိုင်ငံတို့ကလည်း နည်းပညာပိုင်းဆိုင်ရာ၊ စစ်ရေးပိုင်းဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှုများဟိလာပါသည်။ ဤအကြောင်းချက်များအပေါ်တွင်မူတည်၍ ရခိုင်ပြည်မှသဘာဝဓာတ်ငွိ့သည် ကမ္ဘာ့နိုင်ငံများ၏စိတ်ဝင်စားစရာ ကိစ္စရပ်တခုဖြစ်လာပြီး ရခိုင်ပြည်သူနှင့်တကွ မြန်မာပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေးအတွက် ဆီးစွမ်းကောင်းတခုဖြစ်လာနိုင်ပါသည်။ အနှိုင်းမဲ့အသျှင် အသျှင်ဝိညာဉ် ကောင်းကင်ယံထက် ခြီစုံရပ်ပြီး ရက္ခိတဖွါး မျိုးဆွီများကို အသျှင်တရား အားသစ်တိနန့် ဖြည့်စွမ်းပီးပါ အို---အသျှင်။ သန်းခေါင်ယံညာဥ့် မိုက်သည့်အခါ လွဲမှားစွာနန့် လျှောက်နိန်ကတ်တေ ရက္ခမျိုးရိုး မျိုးမပျောက်ဖို့ အသျှင့်သစ္စာ ဂုဏ်ရောင်ဝါဖြင့် လမ်းပြပီးပါ အိုအသျှင်။ နယ်ချဲ့မျိုးတိ စိုးမိုးချိန်တွင် အသျှင့်နှလုံး ကျင့်စဉ်ထုံးဖြင့် ရခိုင်ပြည်အား ထောက်ထားညှာတာ ဂရုဏာဖြင့် မျက်ရည်ချောင်းစီး ရင်ဖတ်တီးကာ ငိုနိန်ကြသည့် အသျှင့်မြီအား ကျွန်ဇာတ်ထဲက ဆွဲတုတ်ကယ်တင် အနာဂတ်အတွက် လက်ညှိုးညွန်ပြ ဆုံးမပီးပါ အို-----အသျှင် ရဲဘော်ဇာနီ
Blogger Widgets