You Are Here: Home - ပင်မစာမျက်နှာ , သတင်း - ဒုသမတ ခရီးစိုင်ကြောင့် လူနိန်အိမ် နှစ်ဆယ် အားဓမဖြိုဖျက်ခံလိုက်ရ



မဖြိုဖျက်ခံရမီ  ၃ပတ်အလိုမှာ ရိုက်ကူးထားရေ မဒေးကျွန်းက ဒေသခံရို့၏ နိန်အိမ် (ရခိုင်ရိုးမ)
ရခိုင်ပြည် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ ဒုသမတ ခရီးစိုင်ကြောင်း ဒေသခံ အလုပ်သမားရို့၏ ယာယီအုန်းမိုးအိမ် နှစ်ဆယ်ကို ဒေလ ၂၄-ရက်နိက အားဓမဖြိုဖျက်ခံလိုက်ရကြောင်းသိရပါရေ။

ဒုသမတ တင်အောင်မြင့်ဦး ၏ မဒေးကျွန်း ရီနက်ဆိပ်ကမ်းကို လာကြည်ဖို့အစီစိုင်ကြောင့် တောင်ဆိပ်ကမ်း လုပ်ငန်းအနီး တောင်ခြီရင်းမှာရှိရေ အိမ်တိကို မဒေးကျွန်းရဲစခန်းက စခန်းမှူးရဲအုပ်  စိုးဝင်းနန့် ဒုရဲ စံထွန်းခိုင်၊ အုပ်ချုပ်ရေးမှူ ခင်ဝင်း  ရဲလူထွက် စံအေး  စကားပြန် ၀င်းကျော် ရို့ကလာပြီး အတင်းဖြိုခိုင်းကြောင်း မျက်မြင်တစ်ဦးကပြောပါရေ။

“မဒေးကျွန်းစခန်းမှူးကလာပြီးကေ ပြောရေ ဒေနိန်ရာမှာ အသူဆောက်ခိုင်းလဲ အသူ့ခွင့်ပြုချက်နန့် နိန်ရေလဲ အဂုချက်ချင်းဖြို မင်းရို့ကို ဒေနားမှာမမြင်ချင်ဆိုပနာ ဒေသခံတိကို အားမနာတမ်းပြောရေ ဆဲလဲဆဲရေ’’ လို့ အဆိုပါ ဒေသခံကပြောသည်။

ထို့အပြင် စခန်းမှူး စိုးဝင်း ရိုက်နှက်ရေအတွက် ပြည်သူတစ်ဦး ဒဏ်ရာ အပြင်းအထန်ရလားကြောင်းလည်း အိမ် အဖြိုခံရစွာထဲမှာပါရေ ဒေသခံတစ်ဦးကပြောသည်။

“ အမ်းမြို့နယ် ဒလက်ကျေးရွာက ကိုသောင်းမြင့်ရေ အိမ်တိဖြိုရေခါ ပစ္စည်းတိကို ယူဖို့အလားမှာ စခန်းမှူး ရဲအုပ် စိုးဝင်းက သူ့ကို မင်းမကျေနပ်ဘူးလား မင်းဘာလုပ်ချင်လဲ၊ ဆိုပနာ ကိုသောင်းမြင့်မျက်နှာကို လက်သီးနန့် သုံးခါထိုးပလိုက်တေ၊ ပြီးကေ ခြီထောက်နန့် ၃ ခေါက် ကျောက်ပလိုက်တေ၊ ကိုသောင့်မြင့် ခမာ ယင်းရဲအုပ်စိုးဝင်း ကျောက်လိုက်ရေအတွက် ဒဏ်ရာ အပြင်းထန်ရလားရေ၊ အဂုဆီးကုသခံနိန်ရရေ’’ လို့ ယင်းဒေသခံက ရှင်းပြသည်။

အဂုဖြိုဖျက်ခံရရေ အိမ်တိစွာရေ ရီနက်ဆိပ်ကမ်းမှာ အလုပ်လုပ်နိန်ကတ်တေ ဒေသခံရို့၏ နိန်အိမ်တိဖြိုက်ပြီးကေ  စီမံကိန်းလုပ်ငန်းခွင့်နန့်ပါးရေအတွက် တောင်ခြီမှာ ယာယီအိမ်တိဆောက်ပနာ နိန်ထိုင်နိန်ကတ်စွာဖြိုက်တေလို့လည်း သိရပါရေ။

 ဒုသမတ တင်အောင်မြင့်ဦး မဒေးကျွန်းကို လာကြည့်ရေအတွက် ဆိပ်ကမ်းနားက ဆင်းရဲသားအိမ်တိကို မမြင်စီလိုရေအတွက် အိမ်တိကို ကြိုတင်ဖြိုခိုင်းထားစွာ ဖြိုက်တေလို့ သိရပါရေ။

အဂုအခါ ဒေသခံရို့ အိမ်တိ ဖြိုဖျက်ခံလိုက်၇ရေအတွက် နိန်ရာအခက်အခဲရှိနိန်ကြောင်းလည်း သိရပါရေ။
...........................
ရခိုင်ရိုးမ 
Blogger Widgets