You Are Here: Home - ပင်မစာမျက်နှာ , လက်ရှိအခြီနီ , သတင်း - ရီအားလျှပ်စစ်မီကိန်းတချို့ လုပ်ငန်းအကောင်အထည်ဖော်ဆောင်မှု ကြန့်ကြာနိန်




စိုင်းဒင်ရီအားလျှပ်စစ်ကိုတွိရစိုင်
ရန်ကုန်(ရခိုင်ရိုးမ)။ ။ ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်အစိုးရက ဆောက်လုပ်ဖို့ လျာတားထားရေ ရီအားလျှပ်စစ်စီမံကိန်းတိရေ လက်တွိ အကောင်အထည်ဖော်ဆောင်မှု အားနည်းနိန်ကြောင်း သိရပါသည်။

မြန်မာနိုင်ငံ ပြည်မအပါအ၀င် ပြည်ပနိုင်ငံတိကို ဓာတ်အားရောင်းချဖို့ ရည်ရွယ်ချက်နန့် အကောင်အထည်ဖော်ဆောင်နိန်ရေ ရီအားလျှပ်စစ်စီမံကိန်းတိမှာ လုပ်ငန်း အကောင်အထည်ဖော် လုပ်ဆောင်မှုတိ နှေးကွေးနိန်ကြောင်း ယင်းစီမံကိန်းကို လေ့လာနိန်သူတစ်ဦးက ရခိုင်ရိုးမကို ပြောပြပါသည်။

“ရခိုင်မှာ အကောင်အထည်ဖော်ဖို့ရှိရေ ဒေရီအားလျှပ်စစ်စီမံကိန်းကို ပြည်ပရင်းနှီးမြုပ်နှံမှုတိနန့် အယင်ကတည်းကပင် သဘော တူထားစွာတိ ရှိပါရေ၊ အထူးသဖြင့် တရုတ်နိုင်ငံက အဓိကထားလုပ်ဖို့အတွက် တာဆူနိန်စွာပါ၊ ယေကေလေ့ သူရို့ကိုယ်တိုင်က အကျိုးအမြတ်ကို တွက်လို့ထင်ရေ။ လုပ်ဆောင်မှုတိ အားနည်းနိန်ရေ၊ ကြာချင်လည်းကြာနိုင်ရေ’’ လို့ ယင်းပုဂ္ဂိုလ်က ပြောပါသည်။

ရခိုင်ပြည်နယ်မှာ ခေတ်အဆက်ဆက် ရီအားလျှပ်စစ်အတွက် ကြိုးပမ်းခရေ စိုင်းဒင်ရီအားလျှပ်စစ်စီမံကိန်းမှာလည်း လက်တွိမှာ ထင်သလောက်ခရီးမပေါက် ဖြစ်နိန်ကြောင်းသိရပါသည်။

“ ရခိုင်ပြည်နယ် အစိုးရ၏ ၂၀၁၁ ဇူလိုင်လထုတ် ၆ လပတ် အစီအရင်ခံစာမှာတော့ခါ  ရခိုင်ပြည်နယ်အတွင်း လုပ်ဆောင်နိန်ရေ ရီအား လျှပ်စစ်စီမံကိန်းတိမှာ စိုင်းဒင်လည်းပါနိန်ရေ၊ ဒေစိုင်းဒင်က တရုတ်ကုမ္ပဏီက လုပ်နိန်စွာ၊ ရပ်ဆိုင်းစွာ ဟုတ်မဟုတ်တော့ခါ မပြောတတ်” လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က အမည်မဖော်လိုရေ ၀န်ထမ်းတစ်ဦးက ပြောဆိုပါသည်။

ရခိုင်ပြည်နယ်အတွင်း စီမံကိန်းတိစွာ တရုတ်၏ စီးပွားရေးဂွင်တစ်ခုဖြစ်တေအတွက် ရှိရှိသမျှ စီမံကိန်းအားလုံးကို သိမ်းကျုံးဖို့ ကြိုးစားနိန်ခြင်းဖြစ်ကြောင်း ယင်းဝန်ထမ်းက “ အဂု ရခိုင်ပြည်မှာ ရီအား လျှပ်စစ်စီမံကိန်းတိစွာရေ တရုတ်က ကြိုပမ်းနိန်စွာပါ၊ လုပ်စွာမလုပ်စွာက သူရို့ အပိုင်းပါလေ၊ ကျနော့် အမြင် သတ်သတ်ဆိုကေ လုပ်တော့လုပ်ဖို့ သို့သော်ကြာဖို့၊ စီမံကိန်းအားလုံးကို သူရို့က လက်ဦးထားရေဆိုခါ တခြားနိုင်ငံတိကလည်း ၀င်လို့မရဗျာယ်လေ၊  အဂုကြည့် စိုင်းဒင်ကို ဘင်္ဂလာက လည်းလိုချင်ရေ ယေဒါလေ့ တရုတ်က ဦးထားခါ ထိုးဖောက်လို့ မရလေ” လို့ သူ ဆက်ပြောပါသည်။

ရခိုင်ပြည်နယ်အတွက် လျှပ်စစ်မီးရရှိရေး မျှော်လင့်ချက်ထားခရေ စိုင်းဒင်ရီအားလျှပ်စစ်စီမံကိန်းကို သမတ ဦးသိန်းစိန် လက်ထက်မှာ အစိုးရပိုင် သတင်းစာတိမှာ စီမံကိန်းအကြောင်း ဖော်ပြထားကေလေ့ ပြည်သူ အများစုက စိုင်းဒင်လျှပ်စစ်စီမံကိန်းကို ဘင်္ဂလာဘက်သို့ ရောင်းချဖို့လို့ ပြောဆိုမှုတိလည်းရှိနိန်ရေပိုင် ယင်းစိုင်းဒင်ရီအားလျှပ်စစ်က ထွက်ရှိလာဖို့ ဓာတ်အားလိုင်းကို ပြည်ပနိုင်ငံတိသို့ ရောင်းချဖို့ရှိကြောင်းလည်း သတင်းတိ ထွက်ပေါ်ခပါသည်။

လက်ရှိ တရုတ်က ဆောင်ရွက်နိန်ရေ စိုင်းဒင်ရီးအားလျှပ်စစ်ဓာတ်အားစီမံကိန်းက တစ်နှစ် ပျှမ်းမျှ ထုတ်ယူနိုင်မှုမှာ  ၂၃၆ သန်း ကီလိုဝပ်နာရီ ရှိကြောင်း သိရပါသည်။

ရခိုင်ရိုးမက ရရှိထားရေ စိုင်းဒင်ရီအားလျှပ်စစ်စီမံကိန်းနန့် ပတ်သက်တေ အချက်အလက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

စိုင်းဒင်ရီအားလျှပ်စစ် စီမံကိန်း
(၁) တည်နိန်ရာ                              - ဘူးသီးတောင်မြို့နယ်
(၂) ချောင်းအမည်                           - စိုင်းဒင်ချောင်း
(၃) ရီဆင်းဧရိယာ                           - ၃၅၄  စတုရန်းမိုင်
(၄) နှစ်စိုင် ပျှမ်းမျှ စီးဝင်ရီ                   - ၁၄၃၀၀၀၀ ဧကပေ
(၅) နှစ်စိုင်ပျှမ်းမျှ မိုးရီချိန်                    - ၁၆၄.၅ လက်မ
(၆) ရီလှောင်တမံ  အမျိုးအစား             - Rock  Fill, with fill shells
(၇) ရီလှောင်တမံ အလျား                  - ၁၃၅၄ ပေ
(၈) ရီလှောင်တမံအမြင့်                     -၂၂၇ ပေ
(၉) ကန်ရီပြည့် ရီလှောင်ကပမာဏ        - ၁၀၂၀၀၀၀ ဧကပေ
(၁၀)  ရီယူ အဆောက်အအုံ               - အကျယ် ၁၄ ပေ -အမြင့် ၂၂ ပေ ၃ပေါက်
(၁၁)  ကန်ရီပြင် နိမ့်မြင့် မှတ်               - El ၂၅၈ ပေ
(၁၂)  ဓာတ်အားပီး စက်ရုံအမျိုးအစား     - Steet framed, enclosed reinforced Brick wall
(၁၃) တပ်ဆင် အင်အား                    - ၇၆.၅ မဂ္ဂါဝပ် 
(၁၄)  တာဘိုင် အမျိုးအစား                - Vertical shaft francis Tubine
(၁၅)  တစ်နှစ် ပျှမ်းမျှ ထုတ်လုပ်နိုင်ဖို့      - ၂၃၆ သန်း ကီလိုဝပ် နာရီ
(မှတ်ချက်။           ။ ရခိုင်ရိုးမသတင်းပါ အချက်အလက်တိရေ  ခိုင်လုံသော အထောက်အထားအချက်အလက်တိရာ ဖြစ်ပါကြောင်း အသိပီးအပ်ပါသည်။)
Blogger Widgets