ရမ်းဗြဲမြို့ ဈီးကိုမြင်တွိရစိုင် (ဓါတ်ပုံ - ရခိုင်ရိုးမ)
မကြာခင်က ရမ်းဗြဲမြို့ မီးလင်းရေးကော်မတီက လျှပ်စစ်မီတာနှုန်းနန့် ပတ်သတ်တေ ကြေညာချက်တစ်စောင် ထုတ်ပြန်ခပါသည်။
တစ်မီတာကို ၂၅ ကျပ်နှုန်းနန့် သုံးစွဲနိုင်ဖို့အတွက် လျှောက်ထားနိုင်ရေလို့ ပါရှိပြီး လျှောက်ထားရာမှာ လုပ်ငန်းသုံးရန်အတွက် မပါကြောင်း ဖော်ပြထားပါသည်။
“ ဒေပိုင် လုပ်ငန်းသုံးဖို့ အတွက်ဆိုကေ ဓာတ်အားခနှုန်း ၆၀၀ ကျပ် ဆိုပနာ သတ်မှတ်ထားပါရေ၊ လုပ်ငန်းမသုံးဆိုကေ တယူနစ်ကို ၂၅ ကျပ်နှုန်းနန့် ပီးဖို့လို့ မီးလင်းရေးကော်မတီက စာကမ်းစွာတိရှိပါရေ၊ လုပ်ငန်းသုံး မဟုတ်လူတိ ၂၅ ကျပ်နှုန်းနန့် လျှောက်ထားနိုင်ရေဆိုပနာတော့ပါရေ။ ယေဒါလေ့ ယင်းအထဲမှာ ပါစွာတခုက လုပ်ငန်းသုံးရန်အတွက် မဟုတ်ကြောင်း ကတိဝန်ခံချက်ထိုးရဖို့ဆိုပနာပါရေ၊ တစ်ချို့ လူတိလည်း လျှောက်ကတ်တေ” လို့ ရမ်းဗြဲမြို့ခံသား တစ်ယောက်က ရခိုင်ရိုးမကို ပြောပြပါသည်။
တစ်ယူနစ်ကို ၂၅ ကျပ်နှုန်းနန့် လျှောက်ထားရာမှာ လုပ်ငန်းခွင့်သုံးဖို့အတွက်ကို အရင်နှုန်းထားအတိုင်းရှိပြီး လုပ်ငန်းခွင်အတွက်မဟုတ်လျှင် ၂၅ ကျပ်နှုန်းထားဖြင့်လျှောက်ထားနိုင်ကြောင်းလည်း ထုတ်ပြန်ထားရေလို့ သိရပါသည်။
“ရမ်းဗြဲမှာက လျှပ်စစ်မီးက တစ်ခုပိုင်လဲ အဆင်မပြေပါ၊ တခြားမြို့နယ်တိထက် ဆိုးပါရေ မီးလင်းရေး ကော်မတီက စနစ်တကျမလုပ်ပီးလို့ပါ” လို့ ယင်းရမ်းဗြဲမြို့ခံသားက ဆက်ပြောပါသည်။
ရမ်းဗြဲမြို့လျှပ်စစ်ဓာတ်အားကို မီးလင်းရေးကော်မတီပိုင် စပါးခွံ ဓာတ်အားပီးစက်နန့် မီးပီးနိန်စွာဖြစ်ပြီး မီတာသုံးစွဲသူဦးရေမှာ ၆၉၀ ဦးရေရာ ရှိကြောင်း မီးပီးချိန်မှာ ၂ နာရီ သာရှိကြောင်း သိရပါသည်။
....................
ရခိုင်ရိုးမ