You Are Here: Home - ပင်မစာမျက်နှာ , ပညာရီး , လက်ရှိအခြီနီ , သတင်း - စစ်တွေမြို့မှာ ကျုရှင်မတတ်နိုင်ရေ ကျောင်းသားကျောင်းသူတိ ခွဲခြားဆက်ခံရ


မာန်အောင်မြို့နယ် သစ်ပုံအထက်တန်းကျောင်းခွဲ (ဓါတ်ပုံ - ရခိုင်ရိုးမ)
စစ်တွေ။  ။ စစ်တွေမြို့ရှိ အစိုးရမူလတန်းကျောင်းအချို့မှာ ကျူရှင်၊ ၀ိုင်းတတ်ရေကျောင်းသားတိနန့် ဖဲသာဆင်းရဲလို့ ကျုရှင်မတတ်နိုင်ရေ ကျောင်းသားကျောင်းသူတိကို ဆရာ ဆရာမတိ ခွဲခြားဆက်ဆံမှုတိ ရှိနိန်ကြောင်းသတင်း ရရှိပါရေ။

ဆရာဆရာမတိအနိန်နန့် ကျောင်းကြီးမှာ စာပြရေခါ သူရို့ဘားမှာ ညကျောင်းတက်တေ ကျောင်းသားကျောင်းသူတိမှ မျက်နှာပီးပြီးကေ ကျုရှင်မတတ်ရေ ကျောင်းသားကျောင်းသူတိကို စာဂရုတစိုက် ပြလေ့မရှိကြောင်း စစ်တွေမြို့ ကျောင်းသားမိဘတစ်ဦးက ပြောပါရေ။

“ဟုတ်ပါရေ၊ ဆရာ ဆရာမတိက  ကျောင်းကြီးမှာ အချေတိကို ကောင်းကောင်းမွန်မွန် စာမပြပီးပါ၊ သူရို့ဖွင့်ရေ ၀ိုင်းတိမှာတက်တေ အချေတိကိုတော မျက်နှာပီးရေ၊ ၀ိုင်းမှာမတက်တေ အချေတိကိုကျကေ ခွဲခြားဆက်ဆံပါ ရေ”လို့ ပြောပြပါရေ။

ကျူရှင်မတတ်ဘဲ ကျောင်ကြီးမှာ ပညာထူးချွန်ရေ ကျောင်းသားကျောင်းသူတိကိုလည်း ရမှတ်တိကို လျှော့ချစွာတိလည်း ရှိကြောင်းသိရပါရေ။

“ ကျုရှင်ဝိုင်းမှာတက်တေ အချေတိဆိုကေ မေးခွန်းပေါက်စွာတိရရေ၊ တကယ်လို့ ကျုရှင် မတတ်ရေ အချေနန့် အမှတ်တူနိန်တောင်  ကျုရှင်တတ်ရေ အချေတိကိုရာ ဦးစားပီးရေ”လို့ ဆက်ပြောသည်။

ထိုအပြင် ကျောင်းမှာ ပညာထူးချွန်ရေ ကျောင်းသားကျောင်းသူတိပါးက ကျောင်းရံပုံငွေဆိုပနာ  ဆရာ ဆရာမတိ ကောက်ခံစွာတိရှိပြီးကေ ဆင်းရဲနွမ်းပါရေး မိသားစုက ကျောင်းတက်ရေ အချေတိဆိုကေ ပညာ ထူးချွန်ကေလည်း ကျောင်းအတွက်အလှူငွေ မပီးနိုင်ရေ ဖြစ်ရပ်တိလည်းရှိခကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

“မုန့်တီချက်ရောင်းရေ  အမျိုးသမီးတစ်ယောက်မှာဆိုကေ ဆင်းရဲလို့ သူ့သားကျောင်းမှာ ဆုရဖို့စွာ ကြောက် နိန်ပါရေ၊ ဆုရကေ ကျောင်းမှာ ဖေသာ(၃၀၀၀) အလှူငွေထည့်ရပါရေ၊ ယင်းခါ ဖေသာ(၃၀၀၀) မတက်နိုင်လို့ ၂၀၀၀ထည့်ရေခါ ဆရာမတိ မျက်နှာမဲလားရေ၊ အလှူရှင်စာရင်းမှာ ယင်းအမျိုးသမီးနာမည် မထည့်၊ ယပိုင် အကျင့်ပျက်စွာတိလည်း တွိရရေ’’လို့  သူကပြောသည်။

စစ်တွေမြို့မှာ ယင်းပိုင် ကျုရှင်မထားနိုင်ရေ ကျောင်းသားကျောင်းသူတိကို ခွဲခြားဆက်ဆံစွာရေ မူလတန်း ကျောင်းတင်မက အလယ်တန်း အထက်တန်း ကျောင်းတိမှာလည်း ရှိကြောင်းသိရပါရေ။
.................
(အာဂလူ -စစ်တွေ)
Blogger Widgets