ရခိုင်ရိုးမ၏ နောက်ထပ် အစီအစိုင်သစ်တခုဖြစ်တေ ရခိုင်ပြည်နယ်မှာ တစ်လအတွင်း ဖြစ်ပျက်ခရေ၊ သတင်းမှတ်စုတိ ကို စာဖတ်သူတိ သိအောင် တင်ပြပီးလိုက်ပါရေ။ သတင်းအများစုရေ ရခိုင်ရိုးမသတင်းမှာ ဖော်ပြထားရေသတင်းတိ ဖြစ်တေပိုင် တခြားဆက်စပ်တေ သတင်းတိကိုလည်း ကောက်နုတ်တင်ပြပီးလိုက်ခြင်း ဖြစ်ပါရေ။
(အယ်ဒီတာအဖွဲ့)
ဇန်န၀ါရီ ၁ ရက်၊
၂၀၁၂ ခုနှစ်မှာ ရခိုင်တိုင်းသားများတိုးတက်ရေးပါတီ၏ လူထုတွိ့ဆုံပွဲကို ကျောက်ဖြူမြို့နာရီစင်ကွင်း အနားမှာ ကျင်းပခပါသည်။ ကျောက်ဖြူလူထု ထောင်ကျော် တက်ရောက် ယင်းလူထုတွိ့ဆုံပွဲမှာ ရတပ ပါတီက လွတ် တော်အမတ်တိဖြစ်တေ ပါတီဥက္ကဌ ဒေါက်တာအေးမောင်၊ ဦးဘရှိန်၊ ဦးအောင်မြကျော် ၊ဦးမောင်ညို၊ ဦးဖေသန်း စရေ လွှတ်တော်အမတ် အစုံအလင်တက်ရောက်ခပြီးကေ လက်ရှိ ရခိုင်ပြည်နယ် အတွင်းဖြစ်ပျက်နိန်ရေ အကြောင်းအရာတိကို ထည့်သွင်းဟောပြောခပါသည်။
ဇန်န၀ါရီ ၅(အယ်ဒီတာအဖွဲ့)
ဇန်န၀ါရီ ၁ ရက်၊
၂၀၁၂ ခုနှစ်မှာ ရခိုင်တိုင်းသားများတိုးတက်ရေးပါတီ၏ လူထုတွိ့ဆုံပွဲကို ကျောက်ဖြူမြို့နာရီစင်ကွင်း အနားမှာ ကျင်းပခပါသည်။ ကျောက်ဖြူလူထု ထောင်ကျော် တက်ရောက် ယင်းလူထုတွိ့ဆုံပွဲမှာ ရတပ ပါတီက လွတ် တော်အမတ်တိဖြစ်တေ ပါတီဥက္ကဌ ဒေါက်တာအေးမောင်၊ ဦးဘရှိန်၊ ဦးအောင်မြကျော် ၊ဦးမောင်ညို၊ ဦးဖေသန်း စရေ လွှတ်တော်အမတ် အစုံအလင်တက်ရောက်ခပြီးကေ လက်ရှိ ရခိုင်ပြည်နယ် အတွင်းဖြစ်ပျက်နိန်ရေ အကြောင်းအရာတိကို ထည့်သွင်းဟောပြောခပါသည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဟိဂ် မြန်မာနိုင်ငံသို့ရောက်ရှိ၊ တိုင်းရင်းသားပါတီတိနန့် တွိဆုံ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ဦးဦးလှစောရို့တက်ရောက်ခပါသည်။
ဇန်န၀ါရီ ၆ ရက်
ကုလားတန်စီမံကိန်းနန့် ပတ်သက်လို့ ပညာပီးဟောပြောပွဲတရပ်ကို ရခိုင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နန့် ဖွံ့ဖြိုးရေးကော်မတီက ဦးဆောင်ပနာ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာကျင်းပခပါသည်။ ယင်းဟောပြောပွဲသို့ စာပီနယ်က ဆရာကြီး ဦးဗသိန်း၊ ဆရာကြီး ဦးစောမောင်၊ ဆရာ ဦးဗဂျီးကျော်ရို့နန့် ရတပပါတီ လွတ်တော် အမတ် ဦးမောင်ညို အပါအ၀င် တခြားပရိတ်သတ်တိလည်းတက်ရောက်ခပါသည်။
ကျောင်းကားခနှုန်းထား တိုးမြင့်လိုက်တေအတွက် စစ်တွေနည်းပညာတက္ကသိုလ် ကျောင်းသား ၃၀၀ ကျော် လမ်းလျှောက်ချီတက်ဆန္ဒပြခပါသည်။
ဇန်န၀ါရီ ၇ ရက်
ရခိုင်ပြည်နယ် မြို့တော်စစ်တွေမှာ ရခိုင်ဂျာနယ်လစ်ဇင် Network စတင်ဖွဲ့စည်း၊ ပြည်တွင်းဂျာနယ်တိမှာ ၀င်ရောက် ရွီးသားနိန်ကတ်တေ သတင်းထောက်တိနန့် ၀ါရင့် ကလောင်ရှင်တိလေ့ တက်ရောက်ခပါသည်။
ဇန်န၀ါရီ ၉ ရက်
ရခိုင်ပြည်နယ်မှာ ၂၀၁၃-၁၅- ခုနှစ် တပြည်နယ်လုံး၂၄နာရီ မီးရရှိဖို့အတွက် အမှတ် (၂) လျှပ်စစ်စွမ်းအင် ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မီဒီယာနန့် တွိဆုံပွဲမှာ ပြောကြားခပါသည်။
ဇန်န၀ါရီ ၁၀
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ တောင်ကုတ်မြို့နယ် ရုံးခွဲကို မြို့နယ်စည်းရုံးရေး ကော်မတီ(၁၈) ဦးနန့် စတင်ဖွဲ့စည်းခပါသည်။
ဇန်န၀ါရီ ၁၃ ရက်
ရခိုင်သမိုင်းသုတေသီ အသျှင်ပညာစာရရေ နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်နန့် သရက်မြို့ သရက် အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာခပါသည်။ ဆရာတော်က အယင်က လုပ်ခရေ ပရဟိတလုပ်ငန်း ကိုလည်း ဆက်လက်လုပ်ဆောင်လာဖို့လို့ မိန်ကြားခပါသည်။
နိုင်ငံတော်သမတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသားခွင့်နန့် ထောင်အသီးသီးက ရခိုင်တော်လှန်ရေးသမား၊ နိုင်ငံရေးသမားအချို့ ပြန်လည်လွတ်မြောက်လာရေလို့ သိရပါသည်။
ဇန်န၀ါရီ ၁၆ ရက်
ရက္ခအလင်းတန်းလူငယ်အဖွဲ့ ဦးဆောင်ပနာ ရခိုင်ကမ်းလွန်ကထွက်ရှိရေ သဘာဝဓာတ်ငွေ့ကို ဒေသခံပြည်သူ တိ သုံးစွဲဖို့အတွက် စစ်တွေ၊ မြောက်ဦးမြို့နယ်ရို့မှာ ပိုစတာကဒ် လှုပ်ရှားခပါသည်။ ယင်းလျှပ်ရှားမှုမှာ ကိုယ်စီ ဂက်စ်သင်္ကေတပါ တီရှပ်တိကို ၀တ်ဆင်လှုပ်ရှားခပါသည်။
ဇန်န၀ါရီ ၁၉ ရက်
ရခိုင်အမျိုသားဂေါင်းဆောင်တစ်ယောက်ဖြစ်တေ ဒေါက်တာအေးကျော်ရေ ဇန်န၀ါရီ ၁၉ ရက် အမေရိကန် စံတော်ချိန် ညဇာဖက် ၆နာရီ ၃၀ မိနစ်၊ အသဲကင်ဆာရောဂါနန့် အမေရိကန်နိုင်ငံမှာ ကွယ်လွန်ခပါသည်။ ကွယ်လွန်ချိန်မှာအသက် ၇၈ နှစ်ရှိပြီး အိမ်ရှင်မနန့် သားသုံးယောက် သမီးသုံးယောက် ကျန်ရှိခပါသည်။
ဇန်န၀ါရီ ၂၁ ရက်
ကျောက်ဖြူမြို့နယ်မှာ ကမ်းလွန်ဓာတ်ငွေ့ပိုက်လိုင်းနန့် ကုန်းတွင်းပိုက်လိုင်း စတင်ချိတ်ဆက်နီရေလို့ သိရပါ သည်။
ဇန်န၀ါရီ ၂၃ ရက်
ကျောက်ဖြူမြို့ ပိုက်လိုင်းစီမံကိန်းလုပ်ငန်းတိမှာ လုပ်နိန်ကတ်တေ ကိုးရီးယားလူမျိုးနန့် အိန္ဒိယလူမျိုးတိ ရန်ဖြစ်လို့ ကိုးရီးယားဘက်က ထိခိုက်ဒဏ်ရာရ၊ ကိုးရီးယားက လုပ်ထားရေ အမှတ် (၁) ဖောင်တော်မှာ အိန္ဒိယ ကုမ္ပဏီက သင်္ဘောဆိပ်ကပ်လို့ စကားများရာက လက်လွန်ခြီလွန်ဖြစ်တေလို့ သိရပါသည်။
အမ်းမြို့နယ်မှာ အိန္ဒိယလူမျိုး အလုပ်သမား နှစ်ဦး အသတ်ခံရ၊ ယင်းအလုပ်သားနှစ်ဦးရေ ဓာတ်ငွေ့ ပိုက်ဆက် လုပ်ငန်းကိုလုပ်နိန်ကတ်တေ အလုပ်သမားတိဖြစ်တေလို့ သိရသည်။ ဇာကြောင့် သီဆုံးလာရေဆိုစွာကို အတည်ပြုချက် မရသိမ့်ပါ၊ ယကေလေ့ ဒေသခံတိကို မဖွေမရာလုပ်စွာဟိလို့ မကျေနပ်ရေအတွက် ဒေသခံ တိနန့် စကားများရာကနိန် သီလားစွာဖြစ်တေလို့ သိရပါသည်။
ဇန်န၀ါရီ ၂၆ ရက်
ဘူးသီးတောင်မြို့နယ် ဇီးတုံးကျေးရွာမှာ မီးလောင်မှုတစ်ခုဖြစ်ပွားခ၊ အိမ်ခြေ ၁၆ ဆောင်ပါကြောင်း သတင်း အချို့ကဖော်ပြ၊ ဆုံးရှုံးမှုတန်ဖိုး သုံးသိန်းကျော်ရှိရေလို့ သိရပါသည်။
ဇန်န၀ါရီ ၃၀ ရက်
တောင်ကုတ်မြို့ မြို့မဈီး အရှိဘက်ဈီးဆိုင်ခန်း ၁၂ ခန်းမီလောင်၊ သိန်း ၈၀၀ ကျော်ဆုံးရှုံးလားရေလို့ သိရ ပါသည်။