You Are Here: Home - ပင်မစာမျက်နှာ , လက်ရှိအခြီနီ , သတင်း - ရခိုင်ပြည်အတွင်း ကဏန်း ဖမ်းဆီးရောင်းချသူတိ တရုတ်ဒိုင်တိဘားမှာ ဈီးနှိမ်ခံနိန်ရ



ကဏန်းမြုန်းထောင်သူတစ်ဦး မြင်ကွင်း(ဓာတ်ပုံ ရခိုင်ရိုးမ)
စစ်တွေ။ ။   ရခိုင်ပြည်အတွင်း မြစ်ချောင်းတိမှာ တပိုင်တနိုင် ကဏန်းဖမ်းဆီးရောင်းချသူတိရေ ပြည်ပလုပ်ငန်းရှင် တရုတ်လူမျိုးရို့၏  ဈီးနှိန်စွာတိကို ကြုံတွိနိန်ရကြောင်း ကဏန်းဖမ်းဆီးရောင်းချသူတိ ကပြောပြသည်။

ပေါက်တောမြို့နယ်၊ ကမ်းထောင့်ကြီး၊ မင်းပြား၊ ရမ်းဗြဲ စရေမြို့နယ်တိမှာ တပိုင်တနိုင် ကဏန်းဖမ်းဆီးရောင်းချသူတိရေ ကဏန်းဒိုင်တိမှာ ဈီးနှိမ်ခံရစွာ ဖြိုက်တေလို့ ရမ်းဗြဲမြို့နယ်မှ ကဏန်းဖမ်းဆီးရောင်းချသူတစ်ဦးက ပြောပြပါရေ။

“ တစ်ချို့ကဏန်းဒိုင်တိကရေ ကဏန်းလာဝယ်ကတ်တေ၊ ကျနော်ရို့ အမြတ်အစွန်းရအောင် ဈီးနှုန်းပြောကေလည်း သူရို့ ဈီးနှိမ်ပနာပီးရေ မရောင်းကေလလည်း ကျနော်ရို့မှာ အရှုံးဆိုခါ ယပိုင်ရောင်းလိုက်ရစွာဗျာယ် ”လို့ သူကပြောသည်။

ကဏန်းတိ ဖမ်းရစွာမှာလည်း အရင်ထက်နည်းလာကြောင်း စံချိန်မမီရေ အရွယ်စားတိရာ များလာကြောင်းလည်း ပေါက်တောမြို့နယ်က ကဏန်း ဖမ်းဆီးရောင်းချသူတစ်ဦးက ပြောပါရေ။

“ကဏန်းမြုန်းထောင်ရေခါ အငယ်ချေတိပါလာစွာများရေ၊ အငယ်တိကို ဖမ်းဆီးမိကေ ပြန်လွှတ်ပစ်ရပါရေ၊ ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားပါရေ။ အရည်အသွေးမမီရေ ကဏန်းတိကို မရောင်းချဖို့ ဆိုပနာ၊   ဖမ်းရစွာကလည်း အငယ်တိရာရရေ၊ ကဏန်းဖမ်းလို့ရရေဖေးသာက တရက်ကို နှစ်ထောင်လည်း ရခါရပါရေ။ မရခါလည်း မရ၊ ဖြားနန့်ကိုက်လို့ပါရာ’’

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့ ကဏန်းဒိုင်တစ်ချို့မှာလည်း  ဈီးနှိမ်စွာတိရှိနိန်ကြောင်း ကဏန်းကုန်သည်တစ်ယောက်က ပြောပါရေ။

“တရုတ်ဘက်တော့ခါ ၀ယ်နီတုန်းသိမ့်ပါ၊ ယေလည်း အရင်ထက်ကျဆင်းလားရေ၊ တရုတ်နှစ်သစ်ကူးတိကျခါမှ ပိုဝယ်ကတ်တေ၊  ဆိုးစာတခုက ဒေမှာရှိရေ တရုတ်ဒိုင်တိက ကောင်းဈီးနှိမ်ရေ၊ အရင် ကဏန်းတစ်လုံးကို ၅၀-၆၀ ရစွာ အဂုမရဗျာယ်၊ ကျနော်ရို့ သင့်တော်ရေဈီးနန့် ညှိနှိုင်းကေလဲ သူရို့က လက်မခံ၊ မသွင်းချင်ကေနိန် ယပိုင်ဖြစ်လာရေ၊ ဒိုင်တိက တရုတ်တိများရေ၊ ဒေသခံ လုပ်ငန်းရှင်တိ မရှိသလောက်ပါ”လို့ အဆိုပါ ကုန်သည်က ပြောသည်။

ရခိုင်ပြည်မှာ ကဏန်းကို   သီးသန့်မွေးမြူစွာမျိုးမဟုတ်ဘဲ သဘာဝအလျောက် မြစ်ချောင်းအင်းအိုင်တိက ဖမ်းဆီးရစွာ ဖြိုက်တေလို့လည်း သိရပါရေ။
 ကဏန်းကို ဧပြီလနောက်ပိုင်းမှာ ပိုဝယ်ယူကတ်ပြီး မနှစ်က ကဏန်းတစ်လုံးကို ၅၀ -၆၀ ကျပ်နှုန်းရှိခရာ အဂုအခါမှာ တစ်လုံးကို ၂၀- ၃၀ ကျပ်လောက်ရာ ရှိကြောင်းသိရပါရေ။

ရခိုင်ဘက်ကနိန် မူဆည်ဘက်သို့ ကဏန်းတင်ပို့ရပြီး တင်ပို့ရာမှာ လမ်းမကောင်းရေအတွက် အချိန်ကြာမြင့်ရေခါ ကဏန်းတိ အသီအပျောက်တိ များကြောင်းလည်း မူဆယ်ဘက်သို့ ကဏန်းတင်ပို့သူ တစ်ယောက်က ပြောပါရေ။

“ကားလမ်းကောင်းရေဆိုခါတော့ ပြဿနာမရှိပါ၊ ကျနော်ရို့ သင့်တော်ရေဈီးနန့် ညှိလို့ရရေ၊ ယေဒါလည်း လမ်းမှာ ကဏန်းသီလားစွာတိ ရှိရေခါ ကျနော်ရို့လည်း ကောင်းနစ်နာပါရေ၊ ကုန်သွယ်ရေနိန်ရာမှာ လမ်း မကောင်းကေ တခုပိုင်လည်း အဆင်မပြေပါ”လို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်း  ကဏန်းဝယ်ယူတင်ပို့မှုလုပ်ငန်းကို တရုတ်လူမျိုးနန့် ဗမာတိရာ များပြီးကေ ဒေသခံတိ လုပ်ကိုင်မှုနည်းနိန်ကြောင်း သိရပါရေ၊ ဒေသခံလုပ်ငန်းရှင် အများစုမှာ အရှုံးပေါ်ရေခါ ဖေသာ မလိုက်နိုင်ရေ အတွက် ယင်းလုပ်ငန်းတိကို စွန့်လွှတ်လာစွာတိရှိပြီးကေ ဗမာတရုတ်လူမျိုးတိကရာ ရခိုင်ပြည်နယ် အတွင်း ကဏန်းဈီးကွက် ချုပ်ကိုင်ထားခြင်းဖြစ်ကြောင်း သိရပါရေ။

ရခိုင်ပြည်ဘက်က ကဏန်းကို တရုတ်ပြည်ဘက်သို့ အဓိကတင်ပို့နိန်ခြင်းဖြစ်ကြောင်းလည်း သိရပါရေ။
...................
ရခိုင်ရိုးမ
Blogger Widgets