You Are Here: Home - ပင်မစာမျက်နှာ , သတင်း - စစ်တွေတက္ကသိုလ် ကျောင်းသား ကျောင်းသူများ ဆံပင်နီ မဆိုးရ

ယခုနှစ်စစ်တွေတက္ကသိုလ် ပြန်လည်ဖွင့်လှစ်ချိန်၌ ကျောင်းသား ကျောင်းသူများ ဆံပင်နီ မဆိုးရ ဟူသောစည်းကမ်းတစ်ရပ်ကို ထုတ်ပြန်ထားကြောင်း သိရှိရသည်။ ထုတ်ပြန်ထားသော စည်းကမ်းကို လိုက်နာခြင်း
မရှိပါက ဒဏ်ငွေ ၁၅၀၀ ကျပ်ပေးဆောင်ရကြောင်း သိရှိရသည်။

ယခင်က တက္ကသိုလ်များ၌ မြန်မာ့ယဉ်ကျေးမှု မညီညွတ်သော တီရှပ် ဘောင်းဘီ စကပ် များကို ၀တ်ဆင်၍ ကျောင်းတွင်းသို့ မ၀င်ရ စည်းကမ်းကို မြန်မာတနိုင်ငံလုံး တက္ကသိုလ်များတွင် သတ်မှတ်ထားခဲ့သည်။
ယခု ဆံပင်အနီ မဆိုးရ ဟူသော စည်းကမ်းမှာ စစ်တွေတက္ကသိုလ် တီထွင်လိုက်သော စည်းကမ်းဖြစ်မည် ဟု ထင်မြင်မိပါသည်။ ယခင် နှစ်များက လည်း စစ်တွေ ကွန်ပျူတာ တက္ကသိုလ်တွင် ယောက်ကျားများ
ဂျယ်လ် (Gel) ဖြင့် ဆံပင်မထောင်ရ ဟူသော စည်းကမ်းကို ကြားရှိခဲ့ဖူးပါသည်။

ဆံပင် အနီဆိုးခြင်း ၊ ဆံပင်ထောင် ခြင်းများသည် မြန်မာ့ ယဉ်ကျေးမှုဖြင့် မညီညွတ်သော အပြုမူလောဆိုသည်မှာ အံ့သြဖွယ် စဉ်းစားစရာပင်ဖြစ်ပါသည်။
 
........................
hooligansgroup facebook မှ
Blogger Widgets