You Are Here: Home - ပင်မစာမျက်နှာ , သတင်း - ကွယ်လွန်လားရေ ဆရာကြီးဒေါက်တာဦးအေးကျော်အား ရည်မှန်းလို့ (RWU)က ရီစက်ချ သင်္ကန်းလှူဒါန်း



လွန်ခရေ(၁၉။၁။၂၀၁၂)ရက်နိ နယူးယောက်နာရီ ညဇာဖက်(၆)ချက်တီးခွဲတိတိ)အမေရိကန်နိုင်ငံမှာ ဘဝတပါးကို ကူးပြောင်းလားခရေ ရခိုင်သမိုင်းပညာသျှင် ဆရာကြီးဒေါက်တာဦးအေးကျော်အားရည်စူးလို့  ၀မ်းနည်းကြောင်း အထိမ်းအမှတ် အခမ်းအနားတစ်ခုကို ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော်ဆ်ဘာဇာခေါ် ဖလောင်းချိတ်မြို့ နယ် နွားရုပ်တောင်ရွာ (RWU)ရခိုင်အမျိုးသမီး အစည်းအရုံး ရုံးခန်းမမှာ ဂျန်န၀ါရီလ (၂၅)ရက်နိန့်က ကျင်းပခရေလို့ သတင်းရရှိဘာရေ။

ယင်းအခမ်းအနားကို မွန်းတည့်ဖက် တစ်နာရီခွဲက ငါးနာရီထိ ပြုလုပ်ဗျာယ် ကွယ်လွန်သူဆရာကြီးအားရည်စူးလို့ သင်္ကန်းကပ်လှူ၊ မေတ္တာပို့ရီစက်ချအမျှဝီခြင်းရို့ကို ပြုလုပ်ခရေလို့ သိရဘာရေ။

အခမ်းအနားပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရခိုင်အမျိုးသမီးများအစည်းအရုံးဥက္ကဌ စောမြရာဇာလင်းက ရခိုင်ရိုးမသတင်းဌါနကို ဒေပိုင်ပြောပြဘာရေ။ "အဓိကရည်ရွယ်ပြီးလုပ်စွာကို အချက်(၄)ချက်ထားလို့ ပြောချင်ပါရေ။

(၁) ရခိုင်တမျိုးသားလုံးအတွက် ရှားပါးရေ ရခိုင့်သမိုင်းပညာရှင် ဆရာကြီးဒေါက်တာဦးအေးကျော် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတိအတွက် တာဝန်ကျီပွန်ရေဆိုစော်ကို ရခိုင်တမျိုးသားလုံးသိစီချင်ပါရေ။

(၂) ဆရာကြီးစွာပညာကို အထူးကြိုးစားသင်ယူခပြီးကေ ထူးချွန်ရေဘွဲ့တိကိုရခဘာရေ ယင်းချင့်နန့်လို့ နောင်လာနောင်သားတိ အားကျအတုယူကြိုးစားစီချင်ဘာရေ။

(၃) ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတိအတွက် မျက်စိမမြင်ရေကြားက မနားမနီကြိုးစားခရေ ဆရာကြီး ဇွဲလုံ့လတိကို ရခိုင်တမျိုးသားလုံးက အတုယူကြိုးစားစီချင်ဘာရေ။

(၄) ယင်းအပြင် မိမိကိုယ်တိုင်က ဆရာကြီးကို ခင်မင်လေးစားတန်ဖိုးထားရေ အကျွန်ရို့ ရခိုင်အမျိုးသမီးအစည်းအရုံးကို အတိုင်းအတာတစ်ခုထိ အသိအမှတ်ပြုပီးခဘာရေ ယင်းအတွက် ဆရာကြီးကျေးဇူးတရားတိကို ဖော်ထုတ်ရာလည်း ရောက်အောင် အတတ်နိုင်ဆုံးနည်းနန့် ကျေးဇူးဆပ်စွာလည်းဖြစ်ပါရေ။ ဒေဦးတည်ချက်တိကြောင့် အကျွန်ရို့ ဒေအခမ်းအနားကိုပြုလုပ်ရစွာဖြစ်ပါရေ" လို့  ပြောကြားဘာရေ။


အခမ်းအနားကို ရခိုင်နိုင်ငံရေး အသိုင်းအ၀န်းတိက တက်ရောက်ဗျာယ် တစ်ချို့ကကိုယ်တိုင် မတက်ရောက်နိုင်ကေလည်း ကဗျာတိ သ၀ဏ်လွှာတိပီးပို့စွာကို ဖတ်ကြားတင်ပြခရေလို့ လည်း သိရဘာရေ။

ယင်းအခမ်းအနားကို တက်ရောက်လာကတ်တေ ရခိုင်နိုင်ငံရေးအသိုင်းအ၀န်းက  ALP အတွင်းရေးမှုးဟောင်း ခိုင်အာဏာနီ၊ AASYC က ကိုကံမြင့်၊ ရခိုင်ပြည်လွတ်မြောက်ရေး လှုပ်ရှားမှု ကော်မတီဂေါင်းဆောင် ဦးဖိုးလှ၊ ကိုကျော်ဇံ နှင့် ရခိုင်အမျိုးသမီးများအစည်းအရုံးဥက္ကဌ စောမြရာဇာလင်းရို့က ဆရာကြီးပြုလုပ်ခရေ ဘ၀တလျောက်လုံး လုပ်ဆောင်ခစွာတိကို အကျယ်တ၀င့်ပြောကြားခရေလို့ လည်း သိရဘာရေ။

အခမ်းအနားအပြီး ဆရာကြီးအားရည်စူးလို့ တက်ရောက်လာကတ်တေ ပရိတ်သတ်တိကို ရခိုင်မုန့်တီနန့် လှူဒါန်းကျွေးမွေးဒါနပြုခရေလို့လည်း သိရှိရဘာရေ။

ခိုင်ဥက္ကာပျံ(ရခိုင်ရိုးမနန့် လေးဝတီဝိုင်းတော်သား)
....................
ရခိုင်ရိုးမ
Blogger Widgets