You Are Here: Home - ပင်မစာမျက်နှာ , သတင်း - ကျောက်ဖြူမြို့နယ်အတွင်း ပြည်ပကအလုပ်သမားတိ လူ့အခွင့်အရေး ချိုးဖောက်မှုတိ ဟိနိန်ရေအတွက် ဒေသခံပြည်သူတိ ရခိုင်ပြည်နယ် အစိုးရကို တင်ပြဖို့လို့ သိရ

(နယူးဒေလီ)ရခိုင်ရိုးမ။        ။ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ရွှေဂက်စ်စီမံကိန်းက ပြည်ပအလုပ်သမားတိရေ ဒေသခံ ပြည်သူတိအပေါ် လူ့အခွင့်အရေး ချိုးဖောက်နိန်စွာတိကို ရခိုင်ပြည်နယ်အစိုးရဘားသို့ တင်ပြလားဖို့ဟိကြောင်း သတင်းရရှိ ပါသည်။

ပိုက်ဆက်လုပ်ငန်းမှာ လုပ်ကိုင်နိန်ကတ်တေ ပြည်ပကအလုပ်သမားတိရေ ဒေသခံပြည်သူတိအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတိများလာရေအတွက် ရခိုင်ပြည်နယ်အစိုးရကို တင်ပြလားဖို့အတွက် စီစိုင်နိန်ကြောင်း မလကျွန်းရွာသား တစ်ယောက်က ရခိုင်ရိုးမကို ပြောပါသည်။

“ ကျနော်ရို့ ဒေကိစ္စကို အသေးစိပ်လုပ်နိန်ပါရေ၊ ဒေပိုက်လိုင်းတစ်လျှောက်မှာ ပြည်ပကလာပြီးကေ လုပ်နိန်ကတ်တေ အလုပ်သမားတိ ဒေသခံပြည်သူတိအပေါ် လူ့အခွင့်အရေး ချိုးဖောက်နိန်စွာတိကို အထက်လူကြီးတိသိအောင် တင်ပြလားဖို့၊ ဒေပြဿနာက တစတစနန့် ကြီးထွာလာရေအတွက်  အတိုက်ခံပါတီတိနန့် ပူးပေါင်းပနာ လုပ်လားပါဖို့”

လက်ရှိ ကျောက်ဖြူမြို့နယ်အတွင်း ပိုက်လိုင်းဆက်ကြောင်းတစ်လျှောက် ကျေးရွာတိက ရခိုင်သမချေတိရေ   တောတောင်တိကိုမလားရဲ ဖြစ်နိန်ရေပိုင်  ကျေးရွာအတွင်းလည်း ညဇာဖက်ဆိုကေ အပြင်မထွက်ဖို့ အမိန့်ထုတ်ထားကြောင်း ယင်းမလကျွန်းရွာသားက ဆက်ပြောပါသည်။

(ရွှေဂတ်စ်လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နိန်ကတ်တေ နိုင်ငံခြားသား အလုပ်သမားတိ မြင်ကွင်း)

“ကုန်ခရေ နှစ်ပါတ်လောက်က လိပ်ခုံမော်ရွာမှာ ရှစ်တန်းကျောင်းသူချေတစ်ယောက် ညနိသား အိမ်ရှိမှာ ရပ်နိန်စွာကို အိန္ဒိယက အလုပ်သမား ကုလားတိ အလုပ်အပြန်မှာ ယင်းကောင်မချေကို ကားနန့်ဆွဲတင်လားရေ ဖြစ်ရပ်တခု ဟိခရေ၊ နောက် တောင်သို့ ထင်းခွီဖို့လားရေ ရခိုင်သမတစ်ယောက်ကို တရုတ်၊ ကုလားတိလိုက်လို့ ပြီးလာရရေ၊ ယင်းကြောင့် ပိုက်လိုင်း အနီးအနားတ၀ိုက်ဆိုကေ တစ်ယောက်လည်း မလားဝံ့ကတ်ဗျာယ်” လို့ သူက ဆိုပါရေ။

ယင်းပိုင် ဖြစ်ရပ်တိလည်း ဒေဂုနောက်ပိုင်း မကြာခဏ ပေါ်ပေါက်လာကြောင်း သိရပါသည်။

“ ပိုက်လိုင်းတစ်လျှောက်ရှိရေ ရွာတိမှာ ပိုဆိုးလာရေ၊  လိပ်ခုံမော်နန့်  တခြားကျေးရွာတိမှာ ဒေပိုင် လူ့အခွင့်အရေး ချိုးဖောက်ခံနိန်ရစွာတိ ဟိရေ” လို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက လွှတ်တော် အမတ်ဦးဘရှိန် ပြောပြပါရေ။

လူအခွင့်အရေး ချိုးဖောက်ခံရရေ ယင်းရခိုင်သမကို ရခိုင်ရိုးမက ဆက်သွယ်ခကေလေ့ တစ်ဆင့်ခံရာ ရရှိခပြီးကေ အများစုမှာ ပြောဆိုဖို့အတွက် ကြောက်ရွံမှုတိရှိနိန်ကြောင်း ကိုယ်တိုင်လားရောက်သတင်းယူခရေ သတင်းထောက် ကိုလတ်က ဆိုပါရေ။

“ကျောက်ဖြူမှာ ဖြစ်နိန်ကတ်စွာက  အာဏာပိုင်အဖွဲ့စည်းနန့် ပြည်ပအလုပ်သမားတိကြားမှာ အပြန်အလှန် ထိန်းချုပ်မှု မရှိ၊ ပြည်ပ အလုပ်သမားတိကလည်း ထင်ရာဒုန်းစိုင်း လုပ်ချင်ပိုင်လုပ်နိန်ကတ်တေ၊ ယင်းနည်းတုပါဗျာယ် အာဏာပိုင် အဖွဲ့တိလည်း ယင်းပြဿာနာတိကို ဖြေရှင်း ပီးစွာတိမရှိ၊   ဆိုးဝါးစွာတခု တွိခစွာက မဒေးကျွန်းမှာ ရခိုင်သမ အများစုရေ  ပြောဖို့မကောင်းရေ အဆင့်ကိုရောက်နိန်ဗျာယ်။  ဒေကိစ္စကို အချိန်မှီမလုပ်နိုင်ကေ ပြဿာနာကြီးထွားတင်မက တရုတ်ကုလားချေတိတိုးလာဖို့ဗျာယ်၊  ယင်းကြောင့် ပြည်တွင်းကတင်မက ပြည်ပက အဖွဲ့စည်းတိလည်း ဂရုတစိုက်လုပ်သင့်ရေ၊   အပြောထက်အလုပ်က  သက်သီပြသင့်ရေ”လို့ သူကပြောသည်။ ကျောက်ဖြူမြို့နယ်အတွင်း တရုတ် အလုပ်သမား၊ အင်ဒိုနီးရှား ၊ အိန္ဒိယ ၊ကိုးရိးယား အလုပ်သမားတိ တစတစ တိုးလာရေအတွက်  လူ့အခွင့်အရေး ချိုးဖောက်မှုတိကို စောင့်ကြည့်ထားရဖို့ ဖြစ်ကြောင်း လိပ်ခုံမော်ကျေးရွာသားတစ်ဦးက အကြံပြုပြောကြားခပါရေ။

“ အထက်အာဏာပိုင်တိက ပြောထားစွာရှိပါရေ၊ ဒေစီမံကိန်းလုပ်ငန်းခွင်တိမှာ ဒေသခံတိအနိန်နန့် လူ့အခွင့်အရေး ချိုးဖောက်နိန်စွာတိရှိကေ တိုင်ကြားဖို့ဆိုပနာလေ၊ ယင်းကြောင့်အခင်ရို့လည်း ဒေကျောက်ဖြူမှာ ဖြစ်နိန်ကတ်တေ ယင်းချင့်တိကို အထက်လူကြီးတိသိအောင် အခင်ရို့ အတတ်နိုင်ဆုံး တင်ပြလားဖို့”လို့ သူကပြောသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ပြည်သူ့လွှတ်တော်အမတ် ဦးဘရှိန်ကလည်း  စီမံကိန်းအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတိပိုများလာကြောင်း ရခိုင်ရိုးမနန့်  မီးမြန်းချက်တစ်ခုမှာပြောခပါသည်။
  လက်ရှိမှာ ကျောက်ဖြူ မြို့နယ်အတွင်း ယင်းပိုင်ဖြစ်ပျက်နိန်ရေ လူ့ အခွင့်အရေးချိုးဖောက်နိန်စွာတိကို  ထုတ်ဖော်ပြောဆိုမှုတိ အားနည်းနိန်သိမ့်ကြောင်း စီမံကိန်း အနီးအနားတ၀ိုက်က ကျေးရွာသားတိက ပြောဆိုကတ်ပါရေ။
...........................
(ရခိုင်ရိုးမ)
Blogger Widgets