You Are Here: Home - ပင်မစာမျက်နှာ , သတင်း - စစ်တွေမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနန့် ဒေသဖွံ့ဖြိုးရေးအဖွဲ့ တရားဝင်ဖွဲ့စည်းဖို့၊ ဒေသတွင်းဖြစ်ပျက်နိန်ရေ အကြောင်းအရာတိကို တိုက်ရိုက်တင်ပြတောင်းဆိုလားဖို့ဟု သိရ



စစ်တွေ ဆိပ်ကမ်းလုပ်ငန်းခွင် မြင်ကွင်း ( ဓာတ်ပုံရခိုင်ရိုးမ)
စစ်တွေ(ရခိုင်ရိုးမ)။  ။ ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနန့် ဒေသဖွံ့ဖြိုးရေး အတွက် တရားဝင်  အဖွဲ့စည်းတခုကို ဒေလ၂၉ ရက်နိန့်  စစ်တွေမြို့ အရှိဘက် ဧစေတီမှာ ပြုလုပ်လားဖိုရှိကြောင်း သတင်းရရှိပါရေ။

ယာယီ တရားဝင် အဖြစ် ဖွဲ့စည်းထားရေ အဆိုပါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနန့် ဒေသဖွံ့ဖြိုးရေး အဖွဲ့ကို မြို့နယ်ပေါင်းစုံကလူထုတိနန့် တရားဝင်ဖွဲ့စည်းလားဖို့ရှိကြောင်း အဆိုပါ အဖွဲ့အစည်းမှာ ပါဝင်ရေ ကိုကျော်အေးကပြောသည်။

“ဟုတ်ပါရေ၊ ဒေလ ၂၉ ရက်နိန့် အရှိဘက်ဧစေတီမှာ အစည်းဝေးလုပ်ပါဖို့၊ ဒေအဖွဲ့စည်းကို ဖွဲ့စည်းရရေ အကြောင်းရင်းက ဒေသအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနန့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထား လုပ်ဆောင်လားပါဖို့၊ ကျနော်ရို့ ယာယီအားဖြင့် တရားဝင် ဖွဲ့စည်းခွင့်ရထားပါဗျာယ်” ဟု ပြောဆိုလားပါရေ။

ဒေဂုဖွဲ့စည်းဖို့အဖွဲ့ရေ ရေရခိုင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းအချက်အလက်တိကို အစိုးရဘားသို့ တိုက်ရိုက်တင်ပြလားဖို့နန့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်လားဖို့ရှိကြောင်း သူကဆက်ပြောသည်။

“ အစည်းဝေးဖိတ်စာမှာလည်း ပါပါရေ၊  အချက် ၁၂ ချက်နန့် ဦးတည်လားပါဖို့၊ ကြောရိုးကတော့ခါ ဒေ ကုလားတန် မြစ်ဘက်စုံစီမံကိန်းကိစ္စနန့် ပတ်သက်လို့  သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်တိကို လုပ်ဆောင်လားဖို့ အတွက်ပါ” လို့ ပြောပြပါရေ။

ဒေလ ၆-ရက်နိကလည်း စစ်တွေမြို့ဦးဥတ္တမခန်းမမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးကော်မီတီ ဥက္ကဌ ဦးမောင်မောင်သိန်းဖေက  ကုလားတန်မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ပညာပီးဟောပြောပွဲတစ်ခုပြုလုပ်ခပြီး၊  ကုလားတန်မြစ်ကြောင်းနန့် ပတ်သက်တေ လှုပ်ရှားမှုတိလည်း ရခိုင်ပြည်နယ်မှာ တစတစပေါ်ပေါက်လာကြောင်း လေ့လာသူတိက ဆိုပါရေ။

ထို့အပြင် ပြည်တွင်းသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေးအဖွဲ့အစည်းတိကလည်း ကုလား တန်မြစ်ကြောင်းနန့်ပတ်သက်လို့ လေ့လာတွိရှိချက်တိကို  ထည့်သွင်းစိုင်စားဖို့အတွက်   ပြည်နယ်ဝန်ကြီးချုပ် ထံ တင်ပြထားကြောင်းလည်း သိရပါရေ။



..................
(ရခိုင်ရိုးမ)
Blogger Widgets