You Are Here: Home - ပင်မစာမျက်နှာ , သတင်း - ပုသိမ်ဆရာတော်က ပြန်လည် သီတင်းသုံးခွင့်ပြုရေအတွက် ကျောင်းတိုက်ပြန်လည်ရ နိုင်ဖွယ်ရှိဟု ဆရာတော်ဦးပညာစာရ မိန့်ကြား

နယူးဒေလီ( ရခိုင်ရိုးမ)။  ။ ရခိုင်သမိုင်းသုတေသီ ဆရာတော်အရှင်ပညာစာရ အကျဉ်းကျနီစိုင် မဟာမုနိဗုဒ္ဓ၀ိဟာရကျောင်း တိုက်ကို အာဏာပိုင်တိက ချိတ်ပိတ်ထားပြီးနောက်ပိုင်း ပုသိမ်ကျောင်းသို့လွဲအပ်လိုက်ရာ အဂုအခါ ယင်းကျောင်းတိုက် တွင် ပြန်လည်သီတင်းသုံးခွင့်ရဖို့ဖြစ်ကြောင်း သတင်းရရှိပါသည်။


လူသူကင်းမဲ့နိန်ရေ အချေကျောင်း(ခေါ်) မဟာမုနိဗုဒ္ဓ၀ိဟာရကျောင်း (ဓာတ်ပုံ ရခိုင်ရိုးမ)
“ပုသိမ်ဆရာတော်ကတော့ ပြောရေ ကျောင်းမှာ ပြန်နိန်ဖို့အတွက်၊  ကျောင်းကို အစခါ ချိတ်ပိတ်ထားရေ နောက်ပိုင်းမှာ ပုသိမ်ကျောင်းကို လွဲအပ်လိုက်တေ” လို့ ဆရာတော်အရှင်ပညာစာရက  မိန့်ကြားခပါသည်။

“ဆရာတော်အရှင်ပညာစာရစွာလည်း ပုသိမ်ကျောင်းက ရဟန်းတော်တစ်ပါးရာ၊ ဂုအခါ ဆရာတော်ကျောင်းတိုက်ရေ ပြုပြင်ထိန်းသိမ်မှု မဟိရေအတွက် ယိုယွင်းပျက်စီင်္းနိန်ရေ။ ရခိုင်ပိဋကတ်တိုက်၊ နောက်ပြီးကေ ဆရာကြီး ဦးဦးသာထွန်း စာကြည့်တိုက်ဆိုကေ မှန်တိကွဲလို့ ဖြစ်နိန်ဗျာယ်” ဆရာတော်၏ ဆွေမျိုးတစ်ဦးက ရခိုင်ရိုးမသို့ပြောပါသည်။

ယင်းအပြင် ဆရာတော်ပြန်လည်လွတ်မြောက်လာရေအတွက်  အားရ၀မ်းသာဖြစ်မိကြောင်း သူကဆက်ပြောပါသည်။
“အဂုပိုင်လွတ်လာစွာ ၀မ်းသာပါရေ၊ ယေဒါလဲ ဆရာတော်ပြုစုခရေ အချေတိတော့ ပြန်လို့တောင်းလို့ရမရကိုရာ စိုင်းစားစရာတစ်ခုဖြစ်နိန်ပါရေ၊ တောင်းလို့ရကေတော့ ပိုကောင်းဖို့’’ လို့ ဆိုပါရေ။


တစ်ချိန်က မျိုးဆက်သစ် ရခိုင်သူ ရခိုင်သားချေတိ နားခိုခရေ နိန်ရာမြင်ကွင်း( ဓာတ်ပုံ ရခိုင်ရိုးမ)
“ကျောင်းတိုက်ကို ပြန်လို့ ပြုပြင်ပြီးကေ အယင်ထက် စနစ်တကျ ပရဟိတလုပ်ငန်းတိကို ဆက်လုပ်ဆောင်လားဖို့ဖြစ်တေ” လို့ ဆရာတော်က မိန့်ပါသည်။

“ပြန်လို့တော့လုပ်ရဖို့ အားလုံးပါဝင်ရေ ပရဟိတလုပ်ငန်းတခု ဖြစ်လာအောင်၊ ငါ့လက်ထက်မှာ မဖြစ်ကေလေ့ တခြားလူ လက်ထက်မှာ ဖြစ်အောင်လုပ်လားဖို့၊ ပြီးကေ ဒေကိစ္စကအားလုံးသူနန့်ဆိုင်ရေကိစ္စ” လို့ ဆက်လို့မိန့်ကြားခပါသည်။


ဆရာတော်ကျောင်းက ရခိုင်သူရခိုင်သားချေတိကို အာဏာပိုင်တိကယူဖို့ အတွက် လျှောက်ထားခရေ စာရွက်
(ဓာတ်ပုံ ရခိုင်ရိုးမ)
ဆရာတော်ကို ဖမ်းဆီးစိုင် အာဏာပိုင်တိ သိမ်းဆည်းယူလားရေ ပစ္စည်းတိထဲက ငွေကြေးဆိုင်ရာပစ္စည်းတိမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

သိမ်းဆည်းထားရေ  သက်သေခံပစ္စည်းတိမှာ OPTIO(PENTAX) စာတမ်းပါ ကင်မရာ(၁)လုံး၊ သက်သေခံ(၁၅)ပဲရည်ခန့်ရှိ (၁)ကျပ်(၁)ပဲခန့် ရွှေလက်ပတ်ကြိုး(၁)ခု၊ (၁၂)ပဲရည်ခန့်ရှိ (၁)ပဲခန့်ရှိ ရွှေနားကပ်(၁)ရံ၊ ယူရိုငွေ(၁၀)တန်(၁)ရွက်၊ ဒေါ်လာ (၁၀၀)တန်(၁၀)ရွက်၊ ဒေါ်လာ(၅၀)တန်(၁)ရွက်၊ ဒေါ်လာ(၂၀)တန်(၅)ရွက်၊ ဒေါ်လာ(၅)တန်(၁)ရွက်၊  ဒေါ်လာ(၁၀)တန် (၁)ရွက် ၊  ဒေါ်လာ(၁)တန်( ၅)ရွက်၊  မြန်မာငွေ(၅၀၀၀)တန်(၄)ရွက်၊  မြန်မာငွေ( ၅၀၀)တန်(၃)ရွက်၊ အိန္ဒိယရူပီး(၁) တန်(၂) ခု၊  မြန်မာ့စီးပွားရေးဘဏ် ငွေစုစာအုပ်(၄)အုပ်(P-၁၁၇၆၊ P-၁၂၈၁ ၊ P - ၆၀၅ ၊ P-၁၂၈၀)၊ ရိုးမဘဏ်မှ ငွေစုစာအုပ် (၃) အုပ်(  ၀၂၈-၃၁-၀၁၄၆၅၊ ၀၂၈-၃၁-၀၀၄၃၄၈၄ (A)၊  ၀၂၈-၃၁-၀၀၁၄၆၅ -၃(A)၊ MLFD BANK စာတမ်းပါ ငွေစုစာအုပ် (၁)အုပ်၊ SKRIALNO-၁၃၀၅ ၊ KBZ BANK စာတမ်းပါ ငွေစုစာအုပ် (၂) အုပ်(၀၃၉၈၀၀၀၀၂၇၄၀) ရို့ဖြစ်ပါရေ။ ယင်းထဲက စုစုပေါင်းငွေ - ၃၄၉၂၃၃၉.၈၇ ကျပ် (သက်သေခံ၊ဟ-၇) ၊ (၁၃ -၆-  ၂၀၀၀) ရက်စွဲပါ  အရှင် ပညာစာရနန့် ဦးအေးထွန်းရို့(၅)သိန်းချီးရေစာချုပ်က ငွေ(၅ )သိန်း(သက်သေခံ၊ ဟ-၂၁) ၊(၁၄-၉-၁၉၉၂) ရက်စွဲပါ  ဦးပညာစာရနန့် မောင်ဇေယျ(ခေါ်)ငမဲရို့ ငွေ(၁၄၀၀၀) ချီးယူခရေ စာချုပ်က ငွေ(၄၀၀၀) (သက်သေခံ၊ဟ -၂၂) ၊ (၂၀-၈-၁၉၉၂) ရက်စွဲပါ  ဦးပညာစာရနန့် မောင်ဇေယျ(ခေါ်)ငမဲ ရို့ချုပ်ဆိုခရေ ငွေ( ၅၅၀၀)ချေးယူခရေစာချုပ်မှ ငွေ(၅၅၀၀)  (သက်သေခံ -ဍ)၊ (၁-၁၂-၂၀၀၂) ရက်စွဲပါ ဦးပညာစာရနန့် ဦးမောင်ဘဦးရို့ ချုပ်ဆိုခရေ  ငွေ(၃)သိန်းချေးယူထားရေစာချုပ်က ငွေ(၁)သိန်း(သက်သေခံ -ဟ)၊ (၂၁-၁၂-၂၀၀၀) ရက်စွဲပါ ဦးပညာစာရနန့် သန်းဝင်းရို့ ချုပ်ဆိုခရေ ငွေ(၃)သိန်း ချေးယူခရေစာချုပ်မှ ငွေ(၃) သိန်း   (သက်သေခံ၊ဟ-၂၃)၊ (၂၂-၂-၂၀၀၂) ရက်စွဲပါ ဦးပညာစာရနန့် ၀င်းအောင်(ခေါ်)၀င်းကြီး၊ ဒေါ်စောသန္တာဝင်းရို့ ချုပ်ဆိုခရေ ငွေ(၃)သိန်းချေးယူခရေစာချုပ်က ငွေ(၃) သိန်း (သက်သေခံ၊ဟ-၂၄) ၊ (၁၉-၁-၂၀၀၂) ရက်စွဲပါ ဦးပညာစာရနန့် ဦးဝင်းအောင်ရို့ ချုပ်ဆိုခရေ ငွေ(၃)သိန်း ချုပ်ဆိုခရေစာချုပ်က ငွေ(၃) သိန်း (သက်သေခံ၊ဟ-၂၅)၊ (၁၂-၃-၂၀၀၂) ရက်စွဲပါ ဦးပညာစာရနန့် ဦးသာဇံရို့ ချုပ်ဆိုခရေ ငွေ(၃)သိန်း ချေးယူခရေစာချုပ်က ငွေ(၃)သိန်း (သက်သေခံ-ဏ)၊ (၇-၇-၂၀၀၂) ရက်စွဲပါ ဦးပညာစာရနန့် ဦးအလှမောင်ရို့ ချုပ်ဆိုခရေ ငွေ(၃)သိန်း ချေးယူထားရေစာချုပ်က ငွေ (၅၀၀၀) (သက်သေခံ၊ ဟ-၂၆)၊ (၂၂-၅-၂၀၀၂) ရက်စွဲပါ ဦးပညာစာရနန့် ဦးအောင်မြသိန်း၊ ဒေါ်မြသိန်း ရို့ ချုပ်ဆိုခရေ ငွေ(၅)သိန်းချေးယူခရေစာချုပ်က ငွေ(၅)သိန်း (သက်သေခံ၊ ဟ-၁၅)၊ (၃-၁-၂၀၀၅) ရက်စွဲပါ ဦးဓမ္မနန္ဒနန့် ဦးရေ၀တ ရို့ချုပ်ဆိုခရေ ငွေ(၂)သိန်း(၂)သောင်း ချေးယူခရေစာချုပ်က ငွေ(၆၀၀၀၀) သက်သေခံ(ထ)၊ (၇-၇-၂၀၀၇)ရက်စွဲပါ ဦးပေါ်သောင်းနန့် ခိုင်မျိုးအောင် ရို့ ချုပ်ဆိုခရေ မြေကွက်အရောင်းအ၀ယ် ပြုလုပ်ခရေစာချုပ်က စစ်တွေမြို့၊ မင်းဂံရပ်၊ တက္ကသိုလ်လမ်း၊ အမှတ်-၃၃၅ မှ ၃၀ပေx ၄၀ပေ  မြေကွက် (သက်သေခံ၊ ဟ-၁၇)၊ (၁-၈-၂၀၀၃) ရက်စွဲပါ ဒေါ်ဂွမ်းမေ၊ သမီးမသန်းရီနန့် ဦးကျော်ဝင်း ရို့ ချုပ်ဆိုခရေ ခြံမြေအရောင်းအ၀ယ်စာချုပ်က စစ်တွေမြို့၊ ကန်တော်ကြီးရပ်ကွက်၊ အကွက်(၂) (၈) တန်း၊ နောက်တန်း၊ အိမ်အမှတ်-၁၉ အိမ်ခြံမြေမှ ၂၀ ပေx ၄၀ ပေ မြေကွက်(သက်သေခံ၊ ဃ-၁) ရို့ဖြစ်ပြီးကေ ယင်းထဲက ရှေးဟောင်စာပီစာမူ၊ သမိုင်းဆိုင်ရာစာအုပ်တိနန့် သမိုင်းအထောက်အထား အချက်အလက် စာရွက်စာတန်းတိကို အမှုတွဲမှာ ထည်သွင်းထားမှုမရှိဘဲ ဖျောက်ဖျက်ထားကြောင်းလည်း လေ့လာသိရှိရပါသည်။


ကျောင်းက အချေတိကို ပြောင်းရွှေယူဖို့ကိစ္စကို ဆရာတော်ကိုယ်တိုင် ကန့်ကွက်ခပုံ (ဓာတ်ပုံ မှတ်တမ်း)

ရခိုင်ရိုးမ(သတင်းမှတ်တမ်း အားလုံးရေ ရခိုင်ရိုးမ သတင်းအဖွဲ့က ရှာဖွီထားခြင်းဖြစ်ပြီး   သတင်းကိုးကားပါက မူရင်း သတင်းဌာနကို အသုံးပြုစီလိုပါသည်)
.........................................................................................
ရခိုင်ရိုးမ
Blogger Widgets