You Are Here: Home - စာကြည့်တိုက် , ပင်မစာမျက်နှာ , အတွီးစချေတိ , အမျိုးသားရီး , ဆောင်းပါး - ငြိမ်းချမ်းရီးအတွက် အပစ်အခတ်ရပ်စဲရီးလား

သမ္မတဦးသိန်းစိန်အစိုးရ၏ တွိဆုံဆွီးနွီးဖို့  ငြိမ်းချမ်းရီးအတွက် အကြောင်းကြားစာကို လက်ခံရဟိဗျန်လို့  သတင်းတိန့် မှာ -ALP- နင့် ပါတ်သက်လို့ တွိလာရပါယင့်။ ယင်းပိုင် ပါဗျန်ကာ။ ယေကေဒေ ချင့်နင့် ပါတ်သက်လို့စိုင်းစားရဖို့ပြသနာ နိန့် ဟိလာ၏ပါရေထော။ ရခိုင်လက်နက်ကိုင်တော်လှန်ရီး အဖွဲ့ နင့်အခုအချိန်မှာ တွိဆုံဆွီးနွီး ဖို့ လုပ်လာခြင်းမှာ နှစ်ပေါင်း( ၅၀) အတွင်းနှစ်ကြိမ် ဖြစ်ပါ လာစော် ပါဒေ။ ပထမအကြိမ်က တော်လှန်ရီးကောင်စီလက်ထက် ဗိုလ်ချုပ် ကြီးနေ၀င်း အုပ်ချုပ်နီရေကာလဖြိုက်တေ -၁၉၆၃-ခုနှစ် ငြိမ်းချမ်းရီးလုပ်ကတ်စော်ပါဒေ။ ယင်းအချိန်က လုပ် ကတ်တေအခါ ရခိုင်ပြည်ကွန်မြူနစ်ကော်မီက ဥက္ကဋ္ဌ ဦးကျော်ဇံရွှီးက ခေါင်းဆောင်ပနာ တွိဆုံဆွီးနွီးခပါ သိရေ။ ယေကေလေး ယင်းအချိန်က ဥက္ကဋ္ဌဦးကျော်ရွှီး၏ ရခိုင်သမ္မတနိုင်ငံ ထူထောင်ခွင့်ဟိမှရာ တွိဆုံ ဆွီးနွီးစော်ဖြိုက်ပေါ်ဖို့ဆိုပနာ နိုင်ငံရီးအရဆွီးနွီးပွဲကို အယင်ဆုံးတင်ပြခပါရေယေ။ ဥက္ကဋ္ဌကျော်ဇံရွှီးက "လူမျိုးတိုင်း၏ တန်းတူအခွင့်အရီး တနည်းအားဖြင့် လူမျိုးတိုင်း၏ ကိုယ်ပိုင်ပြဋ္ဌန်းပိုင်ခွင့်အပြည့်အ၀အရ ခွဲထွက်လိုက ခွဲထွက်ခွင့်၊ ပူးပေါင်းလိုက ပူးပေါင်းလိုခွင့်ဖြင့် ရခိုင်သမနိုင်ငံကို ထူထောင်လားရန်နင့် ရခိုင်အမျိုးသား တပ်ပေါင်းစုပါဝင်ရေ ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြိုက် တည်ဆောက်လားရန်" ဆိုပနာ ယှင်းလင်းတင်ပြ ခစော်ပါယေ။ ယေကေလေးသွင့် ယင်ပိုင်တင်ပြခစော်မရခလို့ ဇူလိုင်လ(၁၆)ရက်နိ ရောက် လာရေ ဥက္ကဋ္ဌကျော်ဇံရွှီးရို့အဖွဲ့မှာ ဇူလိုင်လ(၂၈ရက်) နိမှာ ငြိမ်းချမ်းရီးစကားပြောနီ-လုပ်နီစော်က ပြန် လို့ တောထဲကို ၀င်လားခက်စော်ပါဒေ။ ယင်းပိုင် တင်ပြခလို့လေးသွင့် ဗိုလ်ချုပ်ကြီးနေ၀င်းအစိုးရဖက်က ရခိုင်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌကြီး ဦးကျော်ဇံရွှီးဦးဆောင်ရေ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တိနင့် အဆင်မပြီခဘဲ နင့် ပြီးဆုံးလားခပါရေဒေ။ အမှန်က တွိဆုံဆွီးနွီးရီးကို နိုင်ငံရီးအရ ဇါတခုလေးသွင့် မလုပ်ရသိဘဲ အပစ်အခတ်ရပ်စဲရီးလောက်နင့် အစပျိုးဗျန် နိဂုံးချုပ်လားခစော်ဖြိုက်ပါရေ ။

ယင်းပိုင် ဆိုကေ အခုအချိန်မှာ ဒေပိုင်ငြိမ်းချမ်းရီးအတွက် ဖိတ်ခေါ်ချက်တိန့် ကို အခြီခံပနာ အချက်အလက်တိန့်  သတ်မှတ်တုန့်ပြန်ရဖို့သင့်ပါရေ။

(၁) မျက်နှာစုံညီ ဆွီးနွီးနီစိုင် အတိုက်အခိုက်တိ အပစ်အခတ်တိန့်ကို နှစ်ဖက် စလုံးမှ ရပ်စဲထားဖို့။
(၂) တွိဆုံဆွီးနွီးရီးကို စစ်တွေမြို့တွင် ၄င်း၊ နေပြည်တော်မှာ၎င်း ကျင်းပလားဖို့။
(၃) အဆင့်မြင့် ပုဂ္ဂိုလ် ဗဟိုအချင်းချင်းနှင့် တွိဆုံဖို့။
(၄) တွိဆုံဆွီးနွီးချက်တိကို ပြည်သူလူထုကို အသိပီးတင်ပြ လားဖို့။
(၅) ကိုယ်စားလှယ်တိန့် ၏ လုံခြံရီးကို အာမခံချက်ပီးဖို့။
(၆) ရခိုင်ပြည်တွင်းတွင် လူထုနှင့် လွပ်လွပ်စော် လူထုဟောပြောပွဲကို ပြုလုပ်နိုင်ခွင့်ပီးဖို့။
(ရ) ဥက္ကဋ္ဌကြီးနင့် ရခိုင်ပြည်ဝန်ကြီးချုပ်နင့်သော်၎င်း သမတဦးသိန်းစိန်နင့်သော်၎င်း တွိဆုံဆွီးနွီးဖို့။

အချက်အလက်ပါဟိသော အကြောင်းအရာများနင့် ပြန်ကြားစာတိန့်ကို ရီးသားဖို့သင့်ပါရေ၏။ ယင်းတုန့် ပြန်ချက်မှာ သီးခြားဖြိုက်သင့်ပါရေ ။

သမ္မတဦးသိန်းစိန်၏ အစိုးရက ငြိမ်းချမ်းရီးဖိတ်ခေါ်ချက်မှာ နိုင်ငံရီးအမြတ်ထုတ်စော်လား ဆိုစော်ကို ပထမ အချက်အနီဖြင့် သိထားဖို့လိုပါရေ။ လက်နက်ကိုင်တော်လှန်ရီးအဖွဲ့ တိန့်နင့် ပါတ်သက်ပနာ ပြောရဖို့ ဆိုကေ လက်နက်ချရီးကို ဦးတည်ပနာ လုပ်လာစော်မျိုးစီ ဟိပါရေဒေ။ လက်နက်နင့်ငြိမ်းချမ်းရီးကို လှဲလယ်စော်တိ လက်နက်ကို ချပနာ ငြိမ်းချမ်းရီး ယူဗြီးကေ နီဖို့ စော်တိက အပစ်အခတ်ရပ်စဲရီးဘောင်ထဲမှာရာ ဖြိုက်ဗြီးကေ နိုင်ငံရီးအရ ဆွီးနွီးခြင်း မဟုတ်စော်ကို နားလည်ထားရဖို့ ကာ။ အယင်က -၁၉၆၃-ခုနှစ်မှာ ရခိုင်ကွန်မြူနစ်ပါတီ၊ ရှမ်းပြည်လွပ်လပ်ရီး တပ်မတော်တိန့်က တောင်းဆိုခရေ နိုင်ငံရီးအချက်အလက်တိန့်ထဲမှာ ဖက်ဒ ရယ်ပြည်ထောင်စု အခြီခံမူကို ကျင့်သုံးရဖို့စော်ကို ထည့်ခပနာ လူထုကလိုလားကေ ခွဲထွက်ပိုင်ခွင့်ကို လိုလားကေ ခွဲထွက်ပိုင်ခွင့် ဟိရဖို့ ဆိုစော် အချက်အလက်တိန့်နင့် ဟိခပါရေ။ ယင်းအချိန်က ဆွီးနွီးခစော်မှာ ဗိုလ်ချုပ်ကြီးနေ၀င်းကိုယ်တိုင် ရှမ်းပြည်တော်လှန်ရီးအဖွဲ့ နင့် ဆွီးနွီးခစော်ပါယေ ။

ကချင်(KIA) ကလေးသွင့် လွပ်လွပ်သောအချုပ်အချာ အာဏာပိုင် သီးခြားပြည်နယ်ထူထောင်ခွင့်ကို ပီးရန်ဆို ပနာ ပြည်ထောင်စုအတွင်းက ကျချင်ပြည်နယ် ခွဲထွက်တေနိကစလို့  ကချင်ပြည်နယ်နင့် ထာဝရငြိမ်းချမ်းရီးမူ (၅)ချက်ကို အခြီခံထားဗြီးကေ ဆက်ဆံရီးကို သဘောတူ လက်မှတ်ထိုးရန် ဆိုဗြီးကေ ဟိခပါသိရေ။ လွန်ခရေ တော်လှန်ရီးကောင်စီလက်ထက် ဗိုလ်ချုပ်ကြီးနေ၀င်းကိယ်တိုင် ငြိမ်းချမ်းရီးအတွက် အပစ်အခတ်ရပ်စဲ ပနာ ဆွီးနွီးခစော်မှာ ဒေပိုင် အချက်အလက်တိန့် ကို တွိရစော်ရေ တိုင်းရင်းသားလူမျိုးစုတိန့် က ပင်လုံညီလာခံမှာ အလိမ်ခံရစော် ဖြိုက်တေဆိုစော်ကို မီးမောင်းထိုးပြလိုက်စော်ဖြိုက်ပါရေ။ ယေကေလေး စစ်အစိုးရဖြိုက်တေ ဗိုလ်ချုပ်ကြီးနေ၀င်းအစိုးရက ယင်းအချက်ကို အလှပလှ ရှောင်ပနာ ငြိမ်းချမ်းရီးလုပ်ကတ်မေဆိုဗြီးကေ နောက်ဆုံးမှာ သူရို့  ပြည်သူကို ကြောခိုင်းလားခဗျန်ထောဆိုဗြီး နိုင်ငံရီးအမြတ်ထုတ်လားခပါရေ။ ယင်းအချိန်နင့် အခုအချိန် မတူရေပိုင် နိုင်ငံရီးရာသီဥတုကလေးသွင့် မတူ လိုက်ပါဗျန်ထော။

ဒေအခုအချိန်မှာ မြန်မာနိင်ငံရီးကွင်းပြင်မှာ အတိုက်အခံလို့နာမည်ကြီးနီရေ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်အစိုးရနင့် ပူးပေါးလားစော်နင့် လက်နက်ကိုင်တိုင်းရင်းသားတော်လှန်ရီးအဖွဲ့တိန့်က စုမခံဘဲနင့် ကွဲပြားလားခစော်ပါရာ။ ဒေလောက် တော်လှန်ရီးအရှိန်မြှင့်နီရေအခါ နိုင်ငံရီးအရှိန်မြင့်နီရေအခါ ဒေါ်အောင် ဆန်းစုကြည်ကရာ သမတဦးသိန်းစိန်အစိုးရနင့် ပလဲနံပ မသင့်ခကေ အခုဆိုကေ နိုင်ငံရီးအခြီအနီ တမျိုးပြောင်းလားပါလီဖို့ရာ။ ယင်းပိုင်ရာဆိုကေ တိုင်းရင်းသားလူမျိုးစုတိန့်၏ ဒီမိုကရေစီရီးနင့် လူ့အခွင့် အရီးပြသနာတိန့်ကလေးသွင့် တခုခု ပြောင်းလဲလားဖို့ဟိနိုင်ပါရေဒေ။ ပြည်တွင်းမှာ အတိုက်အခံနိုင်ငံရီးပါ တိန့်  ဒေါ်အောင်ဆန်းစုကြည်က ပူးပေါင်းလားစော်တိန့် မှာ ပြည်ပတော်လှန်ရီးလက်နက်ကိုင် အဖွဲ့ တိန့် ကိုပါ တချိန်တည်း ဂယက်ရိုက်လားစော်ပါရာဒေ။ လွန်ခရေ နှစ်ပေါင်း(၅၀) လောက်က စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေ၀င်းကို ခွဲထွက်လိုက ခွဲထွက်ခွင့် ဟိရဖို့ လို့  ပြောခသံတိန့်  ရခိုင်သမ္မတနိုင်ငံထူထောင်ပိုင်ခွင့် ဟိရဖို့  ဆိုစော်တိရေ အခုအချိန် ပြည်ပတော်လှန်ရီးနယ်မြီ နိုင်ငံရီးမြီနယ်မှာ မဟိပါဗျန်ထော။

ကံကောင်းထောက်မစော်နင့် ရခိုင်လွပ်မြောက်ရီးပါတီက ရခိုင်ပြည်လွပ်မြောက်ရီးအတွက် လက်နက်ကိုင်တော် လှန်ရီးမှတပါး အခြားမဟိဆိုစော် စကားကို ဥက္ကဋ္ဌကြီးခိုင်ရဲခိုင်က ပြောကြားလားစော်ကို တွိရပါရေ။ ယေခါ သမိုင်းကို ပြန်လှန်ပနာ တွိဆုံဆွီးနွီးရီးတိန့် နင့်၊ အပစ်အခတ်ရပ်စဲရီး ဆွီးနွီးရီးစော်တိန့်နင့် ငြိမ်းချမ်းရီးအတွက် နိုင်ငံရီးဆွီးနွီးရီးဆိုစော်ကို သတိထားမိပါဗျန်ထော။ ဇါပင်ဖြိုက်ဖြိုက် တခြားလူမျိုးနင့် ရခိုင်လူမျိုးရို့၏ နိုင်ငံရီးနောက်ခံသမိုင်းက မတူစော်က ခြားနားလွန်းမက ခြားနားနီပါရေ။ ယေခါ ဂွကျပါဗျန်ထော။ ရှည်လျှားရေ ရခိုင်နိုင်ငံရီးသမိုင်းအရ ရခိုင်ဆိုစော် ကိုယ့်မင်းကိုယ့်ချင်းနင့် နီခ ထိုင်ခ ဟိခလို့ရွှေကျောင်းပြောင်ပြောင် ဟိခစော်ရာ မဟုတ်ပါမနား။ ကံမကောင်း အကြောင်းမလှလို့တချိန်လုံး ရခိုင်နိုင်ငံတော်လွပ်လွပ်ရီးကို ပြန်လို့  ရဖို့ အတွက် တိုက်နီခစော် -၁၉၄၈-ခုနှစ် အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံကို လွပ်လွပ်ရီးပီးလားရေအခါ ငါးပါး ကြီးမှောက်လားစော်ပါဒေ။ ယေဇူးနင့် ယင်းပိုင်မြန်မာနိုင်ငံ လွပ်လွပ်ရီးရလားစော်မှာ ရခိုင်လူမျိုးတိမှာ ပြည်နယ် အဆင့်တောင် မရခပါယေနန်း။ ယင်းချင့်မှာ ရခိုင်လူမျိုးတိ ဘ၀အလှပ ပျက်စီးလားစော်ပါ ရာယေ။ ဒေပိုင်ဖြိုက် လားဖို့အတွက်ပင်လုံညီလာခံမှာ ရခိုင်လူမျိုးတိ တက်လားနီခလို့ဝန်ကြီး ဖြိုက်သူ ဖြိုက်လားခစော်မှာ ရခိုင် နိုင်ငံတော် ဇီဝိန်ချုပ်ငြိမ်းလားခရစော်ပါကာ။ ဗမာလူမျိုးတိက လွပ်လွပ်ရီးရလားစော်ရေ ပင်လုံညီလာ ခံကြောင့်ဖြိုက်ဗြီးကေ ဗမာလူမျိုးဘားမှာ ရခိုင်လူမျိုးတိန့်က တလုံးချေလေး မတိုက်လိုက်ရဘဲနင့် ကိုလိုနီ ကျွန်ဘ၀ကို -၁၉၄၈-ခုနှစ် ဇန္န၀ါရီလ-၄-ရက်နိပင်ဖြိုက်လားပါရေဒေ။ အခုဆိုကေ ရခိုင်လူမျိုးတိမှာ ကျွန်သက် (၆၄) နှစ် ဖြိုက်နီပါဗျန်ထော။

ဒေပိုင် ရခိုင်နိုင်ငံတော် သမိုင်းနင့် တော်လှန်ရီးလုပ်လာကတ်တေ ရခိုင်လက်နက်ကိုင်တော်လှန်ရီးအဖွဲ့ တိန့် မှာ တခြားလူမျိုးတိန့်နင့် မတူင်္ညိရေ အချက်ဆိုစော်က သက်သက်ဟိနီပါရေ၀ါ။ ဒေနီရာမှာ စကားလုံး ကွဲပြား လာစော်က အဓိက ကျလာရေယေ။ ပထမဝေါဟာရမှာ အပစ်အခတ်ရပ်စဲရီးလား ဆိုခြင်း၊ ဒုတိအချက်မှာ ငြိမ်း ချမ်းရီးအတွက် ဆိုခြင်း။ တတိယအချက်မှာ တွိဆုံဆွီးနွီးရီးလားဆိုခြင်း အချက်သုံးချက်ပင်ဖြိုက် ပါရေ။ ဒေပိုင်အချက်သုံးချက်ကို ကြည့်ကတ်တေအခါ အပစ်အခတ်ရပ်စဲရီး ဆိုခြင်းမှာ အဓိပ္ပါယ်များစွာ ဟိပါရေ။ ယင်းချင့်မှာ အပစ်အခတ်ရပ်စဲခြင်းသည် နယ်မြီဒေသသတ်မှတ်ခြင်းနင့် သက်ဆိုင်လားပါရေ။ ဥပမာ နယ်စပ်ဒေသမှ လက်နက်ကိုင်တော်လှန်ရီးအဖွဲ့တိက နယ်မြီဒေသသတ်မှတ်ပနာ ချောင်းနားယောင်လို့  လွပ်မြောက်နယ်အဖြိုက် ကိုယ့်လက်နက်နင့် ကိုယ်လားနိုင်ခြင်းမှာ သဘာဝကျစော် မဟုတ်ပါဒေ။ ရခိုင်လက်နက်ကိုင် တော်လှန်ရီးအဖွဲ့ တိန့်မှာ ရခိုင်တနိုင်ငံလုံးနင့်ရာ သက်ဆိုင်ရေအတွက်နင့် တနိုင်ငံလုံးမှာ လက်နက်တပ်ဆင်လားရဖို့စော် ဟိဖို့လိုပါဖို့ထော။ ယေမှရာ အပစ်အခတ်ရပ်ရဲရီးဆိုစော် အကျုံးဝင် လားစော်ဖြိုက်ပါရေ ဒေ။

ဒုတိယအချက်မှာ ငြိမ်းချမ်းရီးအတွက်ဆိုကေ ငြိမ်းချမ်းရီးသည် နိုင်ငံရီးကို အခြီခံရဖို့ရာ ဖြိုက်ပါရေ။ ဒေနီရာမှာ အဓိကအခြီခံသော နိုင်ငံရီးပြသနာမှာ ယုံကြည်မှုတည်ဆောက်ခြင်းနင့် သံသယ၀င်နီခြင်းများကို ဖယ်ယှား နိုင်ရီးဖြိုက်ပါရေ။ ယုံကြည်မှုတည်ဆောက်ရီးဆိုခြင်းမှာ လူမျိုးတမျိုးကို လူမျိုးတမျိုးက လေးစားခြင်းနှင့် သက်ဆိုင်လားစော်ပါရာ။ ယေဇူးနင့် အဓိကဖြိုက်တေ လေးစားမှုတိန့်ယုံကြည်မှုတိန့်ကို ပထမလုပ်ကတ်တေ အခါ ရခိုင်လူမျိုးတိန့်နင့် အောက်သားလူမျိုး၏ ရန်ငြိုးအကြွီးတိန့်ကို ဖြီရှင်းနိုင်ဖို့စော်သည် ယေဘူယျ အကျ ဆုံး ပြသနာဖြိုက်ပါရေ။ အကြောင်းအရာ တခုမှာ ရခိုင်ဘုရင် မဟာသမတရာဇါလက်ထက် ဘိုးတော်မောင်ဝိုင်း က နယ်ချဲ့သိမ်းပိုက်ပြီးနောက် အသတ်ခံရသော ရခိုင်လူမျိုး၊ မဟာမြတ်မုနိဘုရားကို ယူလားစော်မျိုး။ ရခိုင်နိုင်ငံ ကို သိမ်းပိုက်ခြင်းမျိုးတိန့်မှာ အခုအချိန်ဆိုကေ အောက်သားနိုင်ငံရီးသမားတိန့်နင့် သမ္မတ ဦးသိန်းစိန်အစိုးရက မှားကြောင်း ပြောရဲရေ အခြီအနီကို ဖန်တီးယူရပါဖို့။ ယေမှရာ ယင်းပိုင် အောက်သားအစိုးရတိန့်က တာဝန်ခံပနာ ယင်းအချိန်က ရခိုင်လူမျိုးရို့အား စစ်နိုင်သူအဖြိုက်က ကျူးကျော် သတ်ဖြတ်ခစော် ကို တောင်းပန်ရေဆိုစော်နင့် ရခိုင်လူမျိုးနင့် အောက်သားလူမျိုးတိန့်မှာ အတိတ်က ရန်ငြိုးပြသနာကို တပိုင်းဖြီ ရှင်းနိုင်လိုက်စော်ဖြိုက်တေလို့  ပြောကေ ရနိုင်ဖို့  ထင်ပါရေ ဒေ။

တတိယအချက်မှာ တွိဆုံဆွီးနွီးရီးအပို်င်းဖြိုက်ပါရေ။ ဒေပိုင် နယ်မြီဒေသသတ်မှတ်ပနာ အပစ်အခတ်ရပ်စဲခြင်း ဆိုင်ရာ အချက်ကို ဖြိုက်လာနိုင်ခြင်း၊ ဒုတိယအချက်ဖြိုက်တေ သမ္မတ ဦးသိန်းစိန်အစိုးရက အောက်သားဘုရင် ဘိုးတော်မောင်ဝိုင်းလက်ထက် ကျူးကျော် သတ်ဖြတ်မှုကို တောင်းပန်ခြင်း ဖြိုက်လာကေ တွိဆုံဆွီးနွီးရီး ဆိုစော် ဖြိုက်လာဖို့  ပြသနာပါရာ။ ဒေပိုင်ယုံကြည်မှုတိန့် နင့် လူမျိုးတမျိုးကို လူမျိုးတမျိုးက ယုံကြည်လာကေ တွိဆုံဆွီးနွီးရီးသည် နိုင်ငံရီးအရ ဖြိုက်လာနိုင်စရာ ဟိပါရေယေ။ ယင်းပိုင်မဟုတ်ဘဲနင့် အကြောင်းအရာ အချက်တိန့် ကို အခြီမခံဘဲနင့် ဆွီးနွီးရီးအတွက် တထိုင်ထဲနင့် ပြောဆို တုန့် ပြန်လိုက်လျင် ထိရောက်တေ နိုင်ငံရီးပြသနာကို ရခိုင်လူမျိုးတိန့် က မသိဘဲနင့် ဖြိုက်လားပါဖို့ ရာ။ ယေဇူးနင့် လူထုတရပ်လုံး သိရှိနိုင်ရီးတိန့် ကို တွိဆုံဆွီနွီးရီးအတွက် လုပ်လာဗျန်ဆိုကေ ပထမဆုံး ဦးစားပီးလူထုနင့် တွိဆုံပွဲတိန့်က စလို့  တောင်းဆိုရဖို့  အချက်အလက် တခုဖြိုက်ကြောင်း သိထားဖို့  လိုပါရေ။ ဇါပင်ဖြိုက်ဖြိုက် ရခိုင်နိုင်ငံတော်နင့် ကိုယ့်ကြမ္မာကို ကိုယ်မဖန်တီးရရေ အခြီအနီမှာ ဇါခါလေးသွင့် ငြိမ်းချမ်းရီးနင့် ပါတ်သက်လို့  အပစ်အခတ်နင့် ပတ်သက်လို့  နိုင်ငံရီးအရ ဆွီးနွီးပွဲဖြိုက်ဖို့စော် မဟုတ်တေအတွက် လူထုနင့် တွိဆုံပွဲတိန့်လုပ်ဗြီးနောက် ငါးမရလို့  ရီချိုးပြန်ကေလေးသွင့် အမြတ်ပါရာလို့ရာထင်ပါရေ။ ယေမှရာ ရခိုင်လူမျိုးတိန့်အတွက် ရခိုင်လက်နက် ကိုင်တော်လှန်ရီးအဖွဲ့တိန့်က ကိုယ်ကျိုးစွန့်အနစ်နာ ခံပနာ လှုပ်ရှားဆောင်ရွက်နီကြောင်း သိကတ်ဖို့လို့  ထင်မြင်ယူဆမိပါရေထော။

ခိုင်အောင်ကျော် ( နယူးယောက် )
Blogger Widgets